သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆူပူမႈလႈံ႔ေဆာ္သူအျဖစ္ Trump ကို ရီပတ္ဘလစ္ အမတ္ Mitch McConnell ေဝဖန္


ရီပတ္ဘလစ္ အမတ္ Mitch McConnell

(Zawgyi/Unicode)

ဇန္နဝါရီလ ၆ ရက္ေန႔က အေမရိကန္ လႊတ္ေတာ္ကို လူေတြ ေထာင္နဲ႔ခ်ီၿပီး ဝင္ေရာက္ စီးနင္းမႈ ျဖစ္ပြားေအာင္ သမၼတ ေဒၚနယ္ ထရမ့္က လႈံ႔ေဆာ္အားေပးခဲ့တယ္လို႔ ဆီးနိတ္ အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ Mitch McConnell က ေျပာပါတယ္။

ဆူပူတဲ့ လူအုပ္စုက လိမ္ညာစကားေတြ ေျပာတာခံခဲ့ရတာလို႔ McConnell က Joe Biden က်မ္းသစၥာ မက်ိန္ဆိုမီတစ္ရက္အလို အဂၤါေန႔မွာ ေျပလိုက္တာပါ။

ဒီလူေတြကို သမၼတနဲ႔ တျခား ဩဇာအာဏာႀကီးတဲ့ လူေတြက လႈံေဆာ္အားေပးခဲ့တာလို႔လည္း Mitch McConnell က ေျပာပါတယ္။ ဒါက သူ႔နဲ႔ ပါတီတူၿပီး ၄ ႏွစ္သက္တမ္း တစ္ခုတည္းတဲ့ ဗုဒၶဟူးေန႔မွာ ရာထူးက စြန္႔ခြာရမယ့္ ရစ္ပတ္ဘလင္ကန္ သမၼတ ထရမ့္အေပၚ လုပ္ရိုးလုပ္စဥ္ ေဝဖန္ေျပာၾကားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

လႊတ္ေတာ္ အေဆာက္အဦးကို လၽွပ္တျပက္ စီးနင္းသူေတြက အေၾကာက္တရားနဲ႔ အၾကမ္းဖက္မႈကို အသုံးခ်ၿပီး ေရြးေကာက္ပြဲ ရလဒ္ကို ေျပာင္းလဲဖို႔ ႀကိးစားေပမယ့္ ဥပေဒျပဳ အမတ္ေတြက တိုင္းျပည္အေပၚဗီတိုအာဏာ သုံးစြဲတဲ့ပုံစံမ်ိဳးကို လက္သင့္ မခံခဲ့ ဘူး လို႔ လည္း McConnell က ေျပာပါတယ္။ဆူပူသူ ၁၀၀ ေက်ာ္ကို ေလာေလာဆယ္ တရားစြဲဆိုထားၿပီး အမႈ ၂၇၅ မႈကို စစ္ေဆးေနဆဲလို႔လည္း သူက ေျပာပါတယ္။

Joe Biden နဲ႔ Kamala Harris တို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ က်မ္းသစၥာ က်ိန္ဆိုၿပီး ျပည္သူေတြက ေရြးခ်ယ္ထားတဲ့ အေမရိကန္ နိုင္ငံရဲ့ ၄၆ ေယာက္ ေျမာက္ သမၼတကို မနက္ျဖန္ ဗုဒၶဟူးေန႔မွာ အတည္ျပဳနိုင္ဖို႔ ေမၽွာ္လင့္ထားတယ္လို႔လည္း အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ ရစ္ပတ္ဘလင္ကန္အမတ္ McConnell က ေျပာပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲ ေအာက္လႊတ္ေတာ္က မၾကဳံစဖူး သမၼတ ထရမ့္ကို ဒုတိယအႀကိမ္ တရားစြဲဆိုထားခဲ့ပါတယ္။ အဲဒီ တရားစြဲဆိုခ်က္ကို ဒီသီတင္းပတ္ထဲ အထက္လႊတ္ေတာ္ကို တင္သြင္းဖို႔ ရွိၿပီး သမၼတ ထရမ့္ကို တရားစြဲဆိုမႈ ေအာင္ျမင္ဖို႔အေရး ဒီမိုကရက္တို႔ရဲ့ မဲ ၅၀ နဲ႔အတူ ရစ္ပတ္ဘလင္ကန္ အမတ္ေတြရဲ့ မဲ အနည္းဆုံး ၁၇ မဲ လိုအပ္မွာ ျဖစ္ပါတယ္။

သမၼတကို တရားစြဲဆိုထားကို အထက္လႊတ္ေတာ္မွာ ၾကားနာမယ့္ ရက္ကို သတ္မွတ္ထားျခင္း မရွိေသးပါဘူး။

..........

ဆူပူမှုလှုံ့ဆော်သူအဖြစ် Trump ကို ရီပတ်ဘလစ် အမတ် Mitch McConnell ဝေဖန်

(Unicode)

ဇန်နဝါရီလ ၆ ရက်နေ့က အမေရိကန် လွှတ်တော်ကို လူတွေ ထောင်နဲ့ချီပြီး ဝင်ရောက် စီးနင်းမှု ဖြစ်ပွားအောင် သမ္မတ ဒေါ်နယ် ထရမ့်က လှုံ့ဆော်အားပေးခဲ့တယ်လို့ ဆီးနိတ် အထက်လွှတ်တော် လူများစု ခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

ဆူပူတဲ့ လူအုပ်စုက လိမ်ညာစကားတွေ ပြောတာခံခဲ့ရတာလို့ McConnell က Joe Biden ကျမ်းသစ္စာ မကျိန်ဆိုမီတစ်ရက်အလို အင်္ဂါနေ့မှာ ပြေလိုက်တာပါ။

ဒီလူတွေကို သမ္မတနဲ့ တခြား ဩဇာအာဏာကြီးတဲ့ လူတွေက လှုံဆော်အားပေးခဲ့တာလို့လည်း Mitch McConnell က ပြောပါတယ်။ ဒါက သူ့နဲ့ ပါတီတူပြီး ၄ နှစ်သက်တမ်း တစ်ခုတည်းတဲ့ ဗုဒ္ဓဟူးနေ့မှာ ရာထူးက စွန့်ခွာရမယ့် ရစ်ပတ်ဘလင်ကန် သမ္မတ ထရမ့်အပေါ် လုပ်ရိုးလုပ်စဉ် ဝေဖန်ပြောကြားတာမျိုးတော့ မဟုတ်ပါဘူး။

လွှတ်တော် အဆောက်အဦးကို လျှပ်တပြက် စီးနင်းသူတွေက အကြောက်တရားနဲ့ အကြမ်းဖက်မှုကို အသုံးချပြီး ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲဖို့ ကြိးစားပေမယ့် ဥပဒေပြု အမတ်တွေက တိုင်းပြည်အပေါ်ဗီတိုအာဏာ သုံးစွဲတဲ့ပုံစံမျိုးကို လက်သင့် မခံခဲ့ ဘူး လို့ လည်း McConnell က ပြောပါတယ်။ဆူပူသူ ၁၀၀ ကျော်ကို လောလောဆယ် တရားစွဲဆိုထားပြီး အမှု ၂၇၅ မှုကို စစ်ဆေးနေဆဲလို့လည်း သူက ပြောပါတယ်။

Joe Biden နဲ့ Kamala Harris တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြည်သူတွေက ရွေးချယ်ထားတဲ့ အမေရိကန် နိုင်ငံရဲ့ ၄၆ ယောက် မြောက် သမ္မတကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ အတည်ပြုနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အထက်လွှတ်တော် လူများစု ခေါင်းဆောင် ရစ်ပတ်ဘလင်ကန်အမတ် McConnell က ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲ အောက်လွှတ်တော်က မကြုံစဖူး သမ္မတ ထရမ့်ကို ဒုတိယအကြိမ် တရားစွဲဆိုထားခဲ့ပါတယ်။ အဲဒီ တရားစွဲဆိုချက်ကို ဒီသီတင်းပတ်ထဲ အထက်လွှတ်တော်ကို တင်သွင်းဖို့ ရှိပြီး သမ္မတ ထရမ့်ကို တရားစွဲဆိုမှု အောင်မြင်ဖို့အရေး ဒီမိုကရက်တို့ရဲ့ မဲ ၅၀ နဲ့အတူ ရစ်ပတ်ဘလင်ကန် အမတ်တွေရဲ့ မဲ အနည်းဆုံး ၁၇ မဲ လိုအပ်မှာ ဖြစ်ပါတယ်။

သမ္မတကို တရားစွဲဆိုထားကို အထက်လွှတ်တော်မှာ ကြားနာမယ့် ရက်ကို သတ်မှတ်ထားခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG