သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အေမရိကန္သမၼတသစ္ Joe Biden ရဲ႕ မိန္းခြန္းအက်ဥ္းခ်ဳပ္ 


အေမရိကန္သမၼတသစ္ မိန္႔ခြန္းေျပာတဲ့ ျမင္ကြင္း။

(Zawgyi/Unicode)

ဒီေန႔ဟာ ဒီမိုကေရစီအတြက္ အေရးပါတဲ့ေန႔၊ ေမ်ာ္လင့္ခ်က္ေဆာင္ၾကဥ္းမယ့္ေန႔၊ စိန္ေခၚမႈေတြကို ရင္ဆိုင္မယ့္ေန႔ ၊ ဒီေန႔ဟာ အႏိုင္ရတဲ့သူေတြအတြက္ ပြဲေန႔မဟုတ္ပါဘူး၊ အားလံုးအက်ိဳးနဲ႔ ဒီမိုကေရစီအတြက္ အခမ္းအနားေန႔ျဖစ္တယ္။

ဒီမိုကေရစီစနစ္နဲ႔ အားလံုးကို ေက်ာ္လႊားႏိုင္ရမယ္။

သမၼတသစ္ Joe Biden ရဲ႕ ေက်းဇူးတင္စကား -

က်မ္းသစၥာက်ိန္ပြဲ အခမ္းအနားကုိ တက္လာၾကတဲ့ ပါတီ၂ ရပ္လံုးက သမၼတေဟာင္းေတြကို ေက်းဇူူတင္ေၾကာင္း ေျပာၾကားခဲ့ေပမယ့္ သူ႔ေရွ႕မွာ တာ၀န္ထမ္းေဆာင္သြားတဲ့ သမၼတ Donald Trump ရဲ႕ နာမည္ကုိေတာ့ ထည့္သြင္း ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ Jimmy Carter ကေတာ့ အသက္အရြယ္ ႀကီးလြန္းေနၿပီး က်န္းမာေရးမေကာင္းတဲ့အတြက္ အခမ္းအနားကုိ တက္ေရာက္ႏုိင္ျခင္း မရွိပါဘူး။

သမၼတသစ္ Biden ရဲ႕ မိန္႔ခြန္းထဲက အေရးႀကီးတဲ့ ေကာက္ႏုတ္ခ်က္တခ်ဳိ႕က -

ျပည္တြင္းအၾကမ္းဖက္မႈ၊ လူျဖဴႀကီစိုးေရးဝါဒ၊ စတာေတြကိုအၿပီးျပတ္ႏွိမ္နင္းရမယ္ဆုိတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ညီၫြတ္ေရးဟာအေရးႀကီးေၾကာင္း၊ အေမရိကန္ႏုိင္ငံသားတုိင္းက ညီၫြတ္ေရးအတြက္ ပူးေပါင္းၾကပါ၀င္ၾကဖုိ႔ လုိအပ္ေၾကာင္း သမၼတသစ္က တုိက္တြန္းထားပါတယ္။ ဒါ့အျပင္ ကမ႓ာႏိုင္ငံေတြအတြက္ အေမရိကန္ဟာ စံျပျဖစ္ရမယ္၊ ညီၫြတ္ရင္ ျပသနာေတြကို ေက်ာ္လႊားႏိုင္မယ္ဆုိတာေတြကုိလည္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ အလုပ္လက္မဲ့ေတြမ်ားျပားေနတဲ့ကိစၥ၊ တုိင္းျပည္စီးပြားက်ေနတဲ့အေျခအေန၊ ကုိရုိနာဗုိင္းရပ္စ္ ကပ္ေရာဂါေဘးက ေက်ာ္လႊားႏုိင္ေအာင္ လုပ္ေဆာင္တာေတြဟာ အေမရိကန္ျပည္ေထာင္စု ျပန္လည္ႀကီးျမတ္လာေစမယ့္ အေၾကာင္းအခ်က္ေတြ ျဖစ္တယ္ဆုိတာကုိလည္း သမၼတသစ္ Joe Biden က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

အခုခ်ိန္မွာ တေယာက္နဲ႔တေယာက္ ဂုဏ္သိကၡာအရ တန္ဖိုးထားၿပီး ေလးစားမႈေတြျပသရမယ့္၊ အခုအခ်ိန္ဟာ အေရးႀကီးတဲ့အခ်ိန္ျဖစ္ေၾကာင္း၊ တေယာက္နဲ႔တေယာက္ နားေထာင္ႏိုင္ရမယ့္၊ ခြင့္လႊတ္ႏိုင္ရမယ့္၊ ေလးစားမႈေတြျပႏိုင္ရမယ့္ အခ်ိန္ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

"ေျပာင္းလဲလို႔မရႏိုင္တဲ့အရာဘာမွမရွိဘူး" ၊ တေယာက္နဲ႔တေယာက္အၾကား သေဘာထားကြဲလြဲခြင့္ရွိတယ္၊ ဒါဟာလည္း ၿငိမ္းခ်မ္းစြာ သေဘာထားကြဲလြဲမႈျဖစ္ရမယ္၊ ဒါဟာ အေမရိကန္ေတြအားလံုးအတြက္ စံနမူျဖစ္ရမယ္လုိ႔လည္း သူက ေျပာပါတယ္။

COVID ေၾကာင့္ေသသူ ၄ သိန္းေက်ာ္အတြက ္ဝမ္းနည္းေၾကာင္းျပသတဲ့ အေနနဲ႔ ၿငိမ္သက္ဆုေတာင္းခဲ့ပါတယ္။

သမၼတသစ္ Joe Biden ရဲ႕ ကတိျပဳခ်က္

က်ေနာ္ဟာ အေမရိကန္ႏိုင္ငံသားအားလံုးရဲ႕သမၼတျဖစ္ေစရမယ္၊ အေမရိကန္ျပည္ေထာင္စုကိုကာကြယ္မယ္၊ ဒီမိုကေရစီကိုကာကြယ္မယ္၊

အေမ႐ိကန္ႏိုင္ငံသား အားလံုးကိုကာကြယ္မယ္။

God Bless America!

............

အမေရိကန်သမ္မတသစ် Joe Biden ရဲ့ မိန်းခွန်းအကျဉ်းချုပ်

(Unicode)

ဒီနေ့ဟာ ဒီမိုကရေစီအတွက် အရေးပါတဲ့နေ့၊ မျော်လင့်ချက်ဆောင်ကြဉ်းမယ့်နေ့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ့်နေ့ ၊ ဒီနေ့ဟာ အနိုင်ရတဲ့သူတွေအတွက် ပွဲနေ့မဟုတ်ပါဘူး၊ အားလုံးအကျိုးနဲ့ ဒီမိုကရေစီအတွက် အခမ်းအနားနေ့ဖြစ်တယ်။

ဒီမိုကရေစီစနစ်နဲ့ အားလုံးကို ကျော်လွှားနိုင်ရမယ်။

သမ္မတသစ် Joe Biden ရဲ့ ကျေးဇူးတင်စကား -

ကျမ်းသစ္စာကျိန်ပွဲ အခမ်းအနားကို တက်လာကြတဲ့ ပါတီ၂ ရပ်လုံးက သမ္မတဟောင်းတွေကို ကျေးဇူူတင်ကြောင်း ပြောကြားခဲ့ပေမယ့် သူ့ရှေ့မှာ တာဝန်ထမ်းဆောင်သွားတဲ့ သမ္မတ Donald Trump ရဲ့ နာမည်ကိုတော့ ထည့်သွင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။ Jimmy Carter ကတော့ အသက်အရွယ် ကြီးလွန်းနေပြီး ကျန်းမာရေးမကောင်းတဲ့အတွက် အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိပါဘူး။

သမ္မတသစ် Biden ရဲ့ မိန့်ခွန်းထဲက အရေးကြီးတဲ့ ကောက်နုတ်ချက်တချို့က -

ပြည်တွင်းအကြမ်းဖက်မှု၊ လူဖြူကြီစိုးရေးဝါဒ၊ စတာတွေကိုအပြီးပြတ်နှိမ်နင်းရမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ညီညွတ်ရေးဟာအရေးကြီးကြောင်း၊ အမေရိကန်နိုင်ငံသားတိုင်းက ညီညွတ်ရေးအတွက် ပူးပေါင်းကြပါဝင်ကြဖို့ လိုအပ်ကြောင်း သမ္မတသစ်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာနိုင်ငံတွေအတွက် အမေရိကန်ဟာ စံပြဖြစ်ရမယ်၊ ညီညွတ်ရင် ပြသနာတွေကို ကျော်လွှားနိုင်မယ်ဆိုတာတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အလုပ်လက်မဲ့တွေများပြားနေတဲ့ကိစ္စ၊ တိုင်းပြည်စီးပွားကျနေတဲ့အခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးက ကျော်လွှားနိုင်အောင် လုပ်ဆောင်တာတွေဟာ အမေရိကန်ပြည်ထောင်စု ပြန်လည်ကြီးမြတ်လာစေမယ့် အကြောင်းအချက်တွေ ဖြစ်တယ်ဆိုတာကိုလည်း သမ္မတသစ် Joe Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ တယောက်နဲ့တယောက် ဂုဏ်သိက္ခာအရ တန်ဖိုးထားပြီး လေးစားမှုတွေပြသရမယ့်၊ အခုအချိန်ဟာ အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း၊ တယောက်နဲ့တယောက် နားထောင်နိုင်ရမယ့်၊ ခွင့်လွှတ်နိုင်ရမယ့်၊ လေးစားမှုတွေပြနိုင်ရမယ့် အချိန်ဖြစ်ကြောင်းလည်း ပြောပါတယ်။

"ပြောင်းလဲလို့မရနိုင်တဲ့အရာဘာမှမရှိဘူး" ၊ တယောက်နဲ့တယောက်အကြား သဘောထားကွဲလွဲခွင့်ရှိတယ်၊ ဒါဟာလည်း ငြိမ်းချမ်းစွာ သဘောထားကွဲလွဲမှုဖြစ်ရမယ်၊ ဒါဟာ အမေရိကန်တွေအားလုံးအတွက် စံနမူဖြစ်ရမယ်လို့လည်း သူက ပြောပါတယ်။

COVID ကြောင့်သေသူ ၄ သိန်းကျော်အတွက ်ဝမ်းနည်းကြောင်းပြသတဲ့ အနေနဲ့ ငြိမ်သက်ဆုတောင်းခဲ့ပါတယ်။

သမ္မတသစ် Joe Biden ရဲ့ ကတိပြုချက်

ကျနော်ဟာ အမေရိကန်နိုင်ငံသားအားလုံးရဲ့သမ္မတဖြစ်စေရမယ်၊ အမေရိကန်ပြည်ထောင်စုကိုကာကွယ်မယ်၊ ဒီမိုကရေစီကိုကာကွယ်မယ်၊

အမေရိကန်နိုင်ငံသား အားလုံးကိုကာကွယ်မယ်။

God Bless America!

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG