သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုသမ္မတ Kamala Harris ကြောင့် အထက်လွှတ်တော်မှာ ဒီမိုကရက်တို့ အားသာသွားပြီ 


ဒုသမ္မတ Kamala Harris 
ဒုသမ္မတ Kamala Harris 

(Zawgyi/Unicode)

ဒုတိယ သမ္မတ Kamala Harris က အထက်လွှတ်တော် အမတ်အသစ် ၃ ဦးကို ကျမ်းသစ္စာ ကျိန်ဆိုပေးအပြီးမှာ ဒီမိုကရက်တွေ အမေရိကန် အထက်လွှတ်တော် ဆီးနိတ်ကို ထိန်းချုပ်ခွင့် ရရှိသွားပါပြီ။

အောက်လွှတ်တော်မှာ လူများစု ရရှိထားပြီးဖြစ်တဲ့ ဒီမိုကရက်တွေ အနေနဲ့ အထက်လွှတ်တော်ကိုလည်း အခုလိုထိန်းချုပ်လိုက်နိုင်တာကြောင့် လွှတ်တော် နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်လိုက်တာပါ။ အိမ်ဖြူတော်မှာလည်း ဒီမိုကရက် သမ္မတ စတင် တာဝန်ယူ ထမ်းဆောင်နေပြီ ဖြစ်တာကြောင့် ဆယ်စုနှစ် တခုအတွင်း ပါတီ တစ်ခုတည်းက အထက်အောက်လွှတ်တော် နှစ်ရပ်လုံးနဲ့ အိမ်ဖြူတော်ကို ထိန်းချုပ်ခွင့် ပထမဆုံး ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။

Joe Biden သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး နာရီပိုင်း အကြာမှာပဲ Georgia ပြည်နယ်က ဒီမိုကရက် အမတ် နှစ်ဦး ဖြစ်တဲ့ Raphael Warnock နဲ့ Jon Ossoff နဲ့ အခု ဒုတိယသမ္မတ Kamala Harris ရဲ့ နေရာကို ဆက်ခံသူ California ပြည်နယ်က Alex Padilla တို့ ၃ ဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

Warnock နဲ့ Ossoff တို့က ဇန်နဝါရီလ ၅ ရက်နေ့က Georgia ပြည်နယ်မှာ နောက်တစ်ကျော့ပြန်လုပ်တဲ့ ရွေးကောက်ပွဲမှာ နှစ်ယောက် စလုံး အနိုင်ရတာကြောင့် ဆီးနိတ် အထက်လွှတ်တော်မှာ ရစ်ပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တွေ အကြား အမတ်နေရာ ၅၀ စီ အရေအတွက် တူညီသွား တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်ပါတီ မဲတူရင် အဆုံးအဖြတ် ပေးနိုင်တဲ့ ဒီမိုကရက် ဒုတိယ သမ္မတ Harris ရဲ့ မဲက နောက်ပိုင်းမှာ အရေးပါ လာမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ ဒီမိုကရက် အထက်လွှတ်တော် အမတ် ၃ ဦးက လွှတ်တော်မှာ အဆုံးအဖြတ် ယူရမယ့် သမ္မတ သစ် Joe Biden ရဲ့ မူဝါဒရေးရာ ကိစ္စတွေအပေါ်မှာ ပွက်ကာသီကာ အသာစီး ရစေမှာ ဖြစ်ပါတယ်။ အဲဒီ မူဝါဒတွေထဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင် အထိနာ နေတဲ့ နိုင်ငံအတွင်း အကူအညီပေးရေး အစီအစဉ် သစ်တွေလည်း ပါဝင်ပါတယ်။

အခု အထက် လွှတ်တော်အသစ်မှာ ဒီမိုကရက် အထက်လွှတ်တော် အမတ် Chuck Schumer က လူများစု ခေါင်းဆောင် ဖြစ်လာပြီး အရင် လူများစု ခေါင်းဆောင် ရစ်ပတ်ဘလင်ကန် အမတ် Mitch McConnell က လူနည်းစု ခေါင်းဆောင် ဖြစ်လာမှာပါ။

Schumer နဲ့ McConnell တို့ နှစ်ယောက်က အထက်လွှတ်တော်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာ တွေနဲ့ပတ်သက်ပြီး အာဏာ ခွဲဝေရေး ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ နှစ်ဖက်ပါတီအကြား အဲဒီလို သဘောတူညီချက်မျိုး လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကလည်း ရရှိခဲ့ဖူးပါတယ်။

အထက်လွှတ်တော် အသစ်မှာ အောက်လွှတ်တော်က သမ္မတ ထရမ့်ကို တရားစွဲဆိုထားတဲ့ကိစ္စကို မကြာခင် ဆွေးနွေးဖို့လည်း ရှိနေပါတယ်။အောက်လွှတ်တော်မှာက ဒီမိုကရက်အမတ် ၂၂၁ ဦးနဲ့ Republican အမတ် ၂၁၁ ဦး ရှိပါတယ်။

...............

ဒုသမ်မတ Kamala Harris ကွောင့ျ အထကျလှှတျတောျမှာ ဒီမိုကရကျတို့ အားသာသှားပွီ

(Unicode)









XS
SM
MD
LG