သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Joe Biden ကို ဥေရာပေခါင္းေဆာင္ေတြ ႀကိဳဆို 


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုရဲ့ ၄၆ ေယာက္ေျမာက္ သမၼတအျဖစ္ Joe Biden ဗုဒၶဟူးေန႔တုန္းက က်မ္းသစၥာ က်ိန္ဆိုခဲ့တဲ့အေပၚမွာကမၻာ့ နိုင္ငံ အသီးသီးက ႀကိဳဆိုခဲ့ၾကပါတယ္။

က်မ္းသစၥာက်ိန္ဆိုပြဲက ခါတိုင္းနဲ႔မတူ လူအမ်ားႀကီးမပါဝင္ဘဲ လႊတ္ေတာ္လုံၿခဳံေရးအဖြဲ႕ဝင္ေတြနဲ႔ လုံၿခဳံေရးအရံတပ္ဖြဲ႕ေတြ အထပ္ထပ္ခ် ၿပီး က်င္းပခဲ့ရတာပါ။ အလားတူပဲ အရင္ကနဲ႔ မတူပဲ ျပည္ပနိုင္ငံအသီးသီးက ေခါင္းေဆာင္ေတြရဲ့ တုံ႔ျပန္မႈေတြက လည္း ကြာျခားမႈ ရွိပါတယ္။ တစ္ခ်ိဳ႕က Joe Biden ကို ႀကိဳဆို႐ုံတင္မက ရာထူးက စြန္႔ခြာသူ သမၼတေဟာင္း ေဒၚနယ္ ထရမ့္ကို ပစ္မွတ္ထား ေျပာၾကားတာေတြလည္း ရွိေနတာပါ။ သမၼတထရမ့္လက္ထက္ တင္းမာတဲ့ ဆက္ဆံေရးရွိခဲ့တဲ့ ဥေရာပနိုင္ငံ ေခါင္းေဆာင္ တခ်ိဳ႕က အခုလို ေျပာပါတယ္။

“အေမရိကန္နိုင္ငံမွာ အာ႐ုဏ္သစ္အခ်ိန္ကို ေရာက္ဖို႔ ကၽြန္မတို႔ အခ်ိန္အၾကာႀကီး ေစာင့္ေမၽွာ္ေနခဲ့ရပါတယ္။ ဥေရာပအေနနဲ႔ သမနိ အရွည္ၾကာဆုံးနဲ႔ အယုံၾကည္ရဆုံး လက္တြဲေဖာ္ မိတ္ေဆြနဲ႔ ဆက္ဆံေရး ျပန္လည္ နိဒါန္းပ်ိဳးစတင္ နိုင္ပါၿပီ၊ ၄ ႏွစ္ အၾကာမွာ အိမ္ျဖဴေတာ္မွာ မိတ္ေဆြတေယာက္ကို ျပန္ရလိုက္ၿပီ” လို႔ဥေရာပေကာ္မရွင္ ဥကၠဌUrsula von der Leyen က ေျပာပါတယ္။

အေမရိကန္နိုင္ငံတြင္း စိတ္ဝမ္းကြဲေနတာေတြကို Biden ကျပန္လည္ ေစ့စပ္ေပးသြားနိုင္ဖို႔ ေမၽွာ္လင့္ေၾကာင္းနဲ႔ ဒီက်မ္းသစၥာက်ိန္ဆိုပြဲ က ကမၻာႀကီးအတြက္ ေမၽွာ္လင့္ခ်က္သတင္းစကားျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

ဂ်ာမနီ သမၼတ Frank Walter Steinmeier ကလည္း Bidenက်မ္းသစၥာက်ိန္ဆိုခဲ့တဲ့ေန႔ဟာ ဒီမိုကေရစီအတြက္ ေန႔ေကာင္း ရက္ျမတ္လို႔ ေျပာပါတယ္။ Joe Biden က်မ္းသစၥာ က်ိန္ဆိုၿပီး သမၼတ ျဖစ္လာလို႔ စိတ္သက္သာရာရမိေၾကာင္းနဲ႔ ဒီ အျမင္မ်ိဳး ဂ်ာမနီ ျပည္သူ ေတာ္ေတာ္မ်ားမ်ားလည္း ရွိလိမ့္မယ္လို႔ သူက ေျပာပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကေတာ့ ၿဗိတိန္အေနနဲ႔ COVID တိုက္ဖ်က္ေရး၊ ဥတုရာသီေျပာင္းလဲမႈ ျပႆနာ၊ ကာကြယ္ေရး၊ လုံျခဳံေရးနဲ႔ ဒီမိုကေရစီ တိုးတက္ေရးနဲ႔ ကာကြယ္ေရးကိစၥေတြမွာ ရည္မွန္းခ်က္တူတဲ့အေမရိကန္နဲ႔အတူ လက္တြဲလုပ္ေဆာင္သြားမယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ကေနဒါ ဝန္ႀကီးခ်ဳပ္ Justin Trudeau ကလည္း ကမၻာလုံးဆိုင္ရာ COVID 19 ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ ေရရွည္တည့္တံ့တဲ့ စီးပြားေရး နာလန္ထူနိုင္ေရး ႏွစ္နိုင္ငံ ဆက္ၿပီး လက္တြဲ အလုပ္လုပ္သြားမယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုခဲ့ပါတယ္။

႐ုရွားနိုင္ငံကေတာ့ Joe Biden ရဲ့ အစိုးရအေနနဲ႔ New START လို႔ ေခၚတဲ့ မဟာဗ်ဴဟာ လက္နက္ထိန္းခ်ဳပ္ေရး ဆိုင္ရာ စာခ်ဳပ္ ေဆြးေႏြးပြဲေတြမွာ ပိုၿပီး အျပဳသေဘာေဆာင္တဲ့ နည္းလမ္းေတြ က်င့္သုံးဖို႔ တိုက္တြန္းေၾကာင္း ႐ုရွားနိုင္ငံျခားေရး ဝန္ႀကီးဌာန ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

သမၼတ Joe Biden ကို ဥေရာပေခါင္းေဆာင္ေတြ ႀကိဳဆို
please wait

No media source currently available

0:00 0:01:43 0:00
တိုက္႐ိုက္ လင့္ခ္


................

သမ္မတ Joe Biden ကို ဥရောပခေါင်းဆောင်တွေ ကြိုဆို

(Unicode)

အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် Joe Biden ဗုဒ္ဓဟူးနေ့တုန်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့အပေါ်မှာကမ္ဘာ့ နိုင်ငံ အသီးသီးက ကြိုဆိုခဲ့ကြပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲက ခါတိုင်းနဲ့မတူ လူအများကြီးမပါဝင်ဘဲ လွှတ်တော်လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ လုံခြုံရေးအရံတပ်ဖွဲ့တွေ အထပ်ထပ်ချ ပြီး ကျင်းပခဲ့ရတာပါ။ အလားတူပဲ အရင်ကနဲ့ မတူပဲ ပြည်ပနိုင်ငံအသီးသီးက ခေါင်းဆောင်တွေရဲ့ တုံ့ပြန်မှုတွေက လည်း ကွာခြားမှု ရှိပါတယ်။ တစ်ချို့က Joe Biden ကို ကြိုဆိုရုံတင်မက ရာထူးက စွန့်ခွာသူ သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို ပစ်မှတ်ထား ပြောကြားတာတွေလည်း ရှိနေတာပါ။ သမ္မတထရမ့်လက်ထက် တင်းမာတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ဥရောပနိုင်ငံ ခေါင်းဆောင် တချို့က အခုလို ပြောပါတယ်။

“အမေရိကန်နိုင်ငံမှာ အာရုဏ်သစ်အချိန်ကို ရောက်ဖို့ ကျွန်မတို့ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရပါတယ်။ ဥရောပအနေနဲ့ သမနိ အရှည်ကြာဆုံးနဲ့ အယုံကြည်ရဆုံး လက်တွဲဖော် မိတ်ဆွေနဲ့ ဆက်ဆံရေး ပြန်လည် နိဒါန်းပျိုးစတင် နိုင်ပါပြီ၊ ၄ နှစ် အကြာမှာ အိမ်ဖြူတော်မှာ မိတ်ဆွေတယောက်ကို ပြန်ရလိုက်ပြီ” လို့ဥရောပကော်မရှင် ဥက္ကဌUrsula von der Leyen က ပြောပါတယ်။

အမေရိကန်နိုင်ငံတွင်း စိတ်ဝမ်းကွဲနေတာတွေကို Biden ကပြန်လည် စေ့စပ်ပေးသွားနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ဒီကျမ်းသစ္စာကျိန်ဆိုပွဲ က ကမ္ဘာကြီးအတွက် မျှော်လင့်ချက်သတင်းစကားဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဂျာမနီ သမ္မတ Frank Walter Steinmeier ကလည်း Bidenကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့နေ့ဟာ ဒီမိုကရေစီအတွက် နေ့ကောင်း ရက်မြတ်လို့ ပြောပါတယ်။ Joe Biden ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတ ဖြစ်လာလို့ စိတ်သက်သာရာရမိကြောင်းနဲ့ ဒီ အမြင်မျိုး ဂျာမနီ ပြည်သူ တော်တော်များများလည်း ရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကတော့ ဗြိတိန်အနေနဲ့ COVID တိုက်ဖျက်ရေး၊ ဥတုရာသီပြောင်းလဲမှု ပြဿနာ၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေမှာ ရည်မှန်းချက်တူတဲ့အမေရိကန်နဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကလည်း ကမ္ဘာလုံးဆိုင်ရာ COVID 19 ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ ရေရှည်တည့်တံ့တဲ့ စီးပွားရေး နာလန်ထူနိုင်ရေး နှစ်နိုင်ငံ ဆက်ပြီး လက်တွဲ အလုပ်လုပ်သွားမယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံကတော့ Joe Biden ရဲ့ အစိုးရအနေနဲ့ New START လို့ ခေါ်တဲ့ မဟာဗျူဟာ လက်နက်ထိန်းချုပ်ရေး ဆိုင်ရာ စာချုပ် ဆွေးနွေးပွဲတွေမှာ ပိုပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေ ကျင့်သုံးဖို့ တိုက်တွန်းကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG