သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ျပႆနာကိုင္တြယ္ဖို႔ အေမရိကန္ WHO ႏွင္႔ ျပန္လည္ပူးေပါင္းေဆာင္ရြက္မည္


(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံဟာ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးရဲ့ ႏိုင္ငံတကာ COVID 19 ကာကြယ္ေဆးဆိုင္ရာ COVAX အဖြဲ႔နဲ႔ ပူးေပါင္းေဆာင္ရြက္မွာ ျဖစ္ေၾကာင္း ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ထိပ္တန္းပညာရွင္ ေဒါက္တာ Anthony Fauci က ၾကာသပေတးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ COVID- 19 ကပ္ေရာဂါ ဆိုင္ရာတုန္႔ျပန္ေရးနဲ႔ ျပန္လည္နလံထူေရး အတြက္ ႏိုင္ငံတကာနဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ စီစဥ္ေနတယ္ဆိုတာကို ဝမ္းေျမာက္ဝမ္းသာ ေၾကညာေၾကာင္း ေျပာသြားတာပါ။ သမၼတဂ်ိဳးဘိုင္ဒန္က က ဒီကေန႔ပဲ ညႊန္ၾကားလႊာထုတ္ျပန္မွာ ျဖစ္ၿပီး အဲဒီထဲမွာ အေမရိကန္ႏိုင္ငံ COVAX မွာ ပါဝင္ဖို႔နဲ႔ ဒီေရာဂါဆိုင္ရာ ကာကြယ္ေဆး၊ ကုသမႈနဲ႔ အညီအမွ် ရရွိေရး အျပင္ သုေတသနနဲ႔ ဖြံ႔ၿဖိဳးေရးအတြက္ပါ ႏိုင္ငံတကာ လက္တြဲလုပ္ေဆာင္ေနတဲ့ ACT ကို ကူညီပံ့ပို္းဖို႔ ေတြပါပါဝင္ေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးအတြက္ ေငြေၾကးေထာက္ပံ့မႈအျပင္ အရင္အဖြဲ႔ဝင္ အျဖစ္ ရွိစဥ္က ေပးထားတဲ့ ကတိကဝတ္ေတြအတိုင္း ေဆာင္ရြက္ဖို႔ ရွိေၾကာင္းလည္းေျပာပါတယ္။

WHO နဲ႔ ျပန္ၿပီး ပူးေပါင္းေဆာင္ရြက္မယ္လို႔ ကတိေပးထားတဲ့ ဂ်ိဳးဘိုင္ဒန္က သူသမၼတတာဝန္ယူၿပီး ပထမေန႔မွာ ဒီအမိန္႔ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ေဒါက္တာ Fauci ကေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

မႏွစ္က ႏွစ္ကုန္ပိုင္းမွာ တရုတ္ႏိုင္ငံ ဝူဟန္မွာ စေတြ႔ခဲ့တဲ့ ကိုရိုနာဗို္င္းရပ္စ္ပိုးနဲ႔ ပတ္သက္ၿပီး တရုတ္ရဲ့ဖံုးကြယ္ထားမႈေတြကို WHO က အကူညီေပးေနတယ္လို႔စြပ္စြဲၿပီး အရင္သမၼတ ေဒၚနယ္ထရမ့္က WHO အဖြဲ႔ဝင္အျဖစ္ကေန အေမရိကန္ႏႈတ္ထြက္ေၾကာင္း ေမလထဲမွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ေဒါက္တာ Fauci ရဲ့ ေျပာၾကားခ်က္အတြက္ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ႀကိဳဆိုလိုက္ ၿပီး ဒါဟာ WHO အတြက္ေရာ ကမာၻ႔က်န္းမာေရးအတြက္ပါ သတင္းေကာင္းရတဲ့ ေန႔ျဖစ္ေၾကာင္း ေျပာပါတယ္။ ၾကာသပေတးေန႔မွာပဲ COVAX အဖြဲ႔ႀကီးက ေၾကညာခ်က္ ထုတ္ျပန္ရာမွာ ဒီႏွစ္ထဲမွာ ကမာၻ႔ဆင္းရဲတဲ့ႏိုင္ငံေတြကို COVID-19 ကာကြယ္ေဆး ၁.၈ ဘီလီယံကို ျဖန္႔ေဝေပးဖို႔ရွိေၾကာင္း ေျပာပါတယ္။

ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရသူ ၉ ၇ သန္းနီးပါးျဖစ္လာေနၿပီး ဒီေရာဂါေၾကာင့္ ေသဆံုးရသူ ၂ သန္းေက်ာ္လာေနၿပီလို႔ Johns Hopkins စစ္တမ္းမွာ ေဖၚျပပါတယ္။

ကမာၻ႔ႏိုင္ငံေတြကေတာ့ ဒီေရာဂါအတြက္ ထြက္ေနၿပီျဖစ္တဲ့ ကာကြယ္ေဆးကို အလ်င္မီေအာင္ ထုတ္ႏိုင္ဖုိ႔ ႀကိဳးစားေနၾကတာပါ။

................................................

တိုက္႐ိုက္ လင့္ခ္


(Unicode)

ကိုဗစ်ပြဿနာကိုင်တွယ်ဖို့ အမေရိကန် WHO နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်မည်
အမေရိကန်နိုင်ငံဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ Covid 19 ကာကွယ်ဆေးဆိုင်ရာ COVAX အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ Covid 19 ကပ်ရောဂါ ဆိုင်ရာတုန့်ပြန်ရေးနဲ့ ပြန်လည်နလံထူရေး အတွက် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ ကြေညာကြောင်း ပြောသွားတာပါ။ သမ္မတဂျိုးဘိုင်ဒန်က က ဒီကနေ့ပဲ ညွှန်ကြားလွှာထုတ်ပြန်မှာ ဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်နိုင်ငံ COVAX မှာ ပါဝင်ဖို့နဲ့ ဒီရောဂါဆိုင်ရာ ကာကွယ်ဆေး၊ ကုသမှုနဲ့ အညီအမျှ ရရှိရေး အပြင် သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက်ပါ နိုင်ငံတကာ လက်တွဲလုပ်ဆောင်နေတဲ့ ACT ကို ကူညီပံ့ပိုးဖို့ တွေပါပါဝင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးအတွက် ငွေကြေးထောက်ပံ့မှုအပြင် အရင်အဖွဲ့ဝင် အဖြစ် ရှိစဉ်က ပေးထားတဲ့ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်ဖို့ ရှိကြောင်းလည်းပြောပါတယ်။

WHO နဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ ဂျိုးဘိုင်ဒန်က သူသမ္မတတာဝန်ယူပြီး ပထမနေ့မှာ ဒီအမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒေါက်တာ Fauci ကပြောကြားလိုက်တာ ဖြစ်ပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတွေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ဖုံးကွယ်ထားမှုတွေကို WHO က အကူညီပေးနေတယ်လို့စွပ်စွဲပြီး အရင်သမ္မတ ဒေါ်နယ်ထရမ့်က WHO အဖွဲ့ဝင်အဖြစ်ကနေ အမေရိကန်နှုတ်ထွက်ကြောင်း မေလထဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ Fauci ရဲ့ ပြောကြားချက်အတွက် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကြိုဆိုလိုက် ပြီး ဒါဟာ WHO အတွက်ရော ကမ္ဘာ့ကျန်းမာရေးအတွက်ပါ သတင်းကောင်းရတဲ့ နေ့ဖြစ်ကြောင်း ပြောပါတယ်။ ကြာသပတေးနေ့မှာပဲ COVAX အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ရာမှာ ဒီနှစ်ထဲမှာ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေကို Covid 19 ကာကွယ်ဆေး ၁.၈ ဘီလီယံကို ဖြန့်ဝေပေးဖို့ရှိကြောင်း ပြောပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၉ ၇ သန်းနီးပါးဖြစ်လာနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ ၂ သန်းကျော်လာနေပြီလို့ Johns Hopkins စစ်တမ်းမှာ ဖေါ်ပြပါတယ်။
ကမ္ဘာ့နိုင်ငံတွေကတော့ ဒီရောဂါအတွက် ထွက်နေပြီဖြစ်တဲ့ ကာကွယ်ဆေးကို အလျင်မီအောင် ထုတ်နိုင်ဖို့ ကြိုးစားနေကြတာပါ။

XS
SM
MD
LG