သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အစိုးရအဖွဲ့သစ် ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲလုပ်


အမေရိကန်သမ္မတသစ် Joe Biden ရဲ့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၀၊ ၂၀၂၁)
အမေရိကန်သမ္မတသစ် Joe Biden ရဲ့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်သမ္မတသစ် Joe Biden ရဲ့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲက သမ္မတဟောင်း Donald Trump လက်ထက် သတင်းစာ ရှင်းလင်းပွဲတွေနဲ့ သိသိသာသာ ကွာခြားမှု ရှိတယ်လို့ သတင်းသမားတွေက ပြောဆိုပါတယ်။

Jen Psaki ရဲ့ သတင်းစာ ရှင်းလင်းပွဲက တည်တည်ငြိမ်ငြိမ်ရှိလွန်းတာကြောင့် တချို့အချိန်တွေမှာ ပျင်းဖို့တောင် ကောင်းတယ်လို့ AP သတင်းဌာနက ပြောပါတယ်။ အိမ်ဖြူတော်ပြောခွင်ရပုဂ္ဂိုလ် Jen Psaki ရဲ့ အလုပ်က Joe Bidenရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖို့လား ဒါမှမဟုတ် အမေရိကန် ပြည်သူတွေကို မှန်ကန်တဲ့ သတင်းတွေ ပေးဖို့လားဆိုတဲ့ မေးခွန်းကို Jen Psaki က အခုလို ဖြေကြားခဲ့ ပါတယ်။

"သူ့ရဲ့ရည်ရွယ်ချက်နဲ့ ကတိကဝတ်က အမေရိကန် အစိုးရထဲ ပွင့်လင်း မြင်သာမှုနဲ့ မှန်ကန်တဲ့ အချက်အလက်တွေ ပြန်ပြီး ရရှိစေဖို့နဲ့ အစိုးရဘက်က ပြောဖို့ ခက်တဲ့ သတင်းဆိုရင်တောင်မှ ဒီ သတင်းကို အားလုံးသိအောင် အသိ ပေးသွားဖို့က သူ လုပ်ရမယ့် အလုပ်အဖြစ် မျှော်လင့်ထားပါတယ်။" လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Jen Psakiက ပြောပါတယ်။

သမ္မတ Joe Biden က အမေရိကန် ပြည်သူတွေ ညီညွှတ်ကြဖို့ ပြောထားတာနဲ့ ရီပတ်ဘလီကန် သမ္မတဟောင်း ထရမ့်ပ်အပေါ် ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က တရားစွဲဆိုထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ လက်ရှိ တိုင်းပြည် ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ တိုင်းပြည်ကို တစုတစည်းတည်း ရှိရမယ်ဆိုတဲ့ အမြင် Joe Bide မှာ ရှိတယ်လို့ပဲ Jen Psaki က ဖြေကြားသွားခဲ့ပါတယ်။

သမ္မတဟောင်း ထရမ့်ပ်လက်ထက်က ပထမဆုံးလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီအချိန် အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer က အချက်အလက် မှားမှားယွင်းယွင်း ပြောဆိုမှုတွေနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတဟောင်း ထရမ့်ပ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်သူ အရေအတွက်က အမေရိကန် သမိုင်းမှာ အများဆုံးဆိုပြီး Sean Spicer က လိမ်ညာပြောဆိုခဲ့ပါတယ်။ အဲဒီလို ပြောဆိုခဲ့တဲ့အတွက် နောင်တရမိတယ်လို့ နောက်ပိုင်းမှာ သူက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG