သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Mike Pompeo အပါအဝင္ Trump လက္ထက္အရာ႐ွိတခ်ိဳ႕ကို တ႐ုတ္ ဒဏ္ခတ္အေရးယူ


(Zawgyi/Unicode)
၄၆ ေယာက္ေျမာက္ အေမရိကန္ သမၼတအျဖစ္ Joe Biden က်မ္းသစၥာ က်ိန္ဆိုအၿပီး မိနစ္ပိုင္းအတြင္းမွာပဲ တ႐ုတ္နိုင္ငံက ထရမ့္ အစိုးရ လက္ထက္က အေမရိကန္တာဝန္ရွိသူေတြကို ပိတ္ဆို႔ ဒဏ္ခတ္ အေရးယူ လိုက္ပါတယ္။ နိုင္ငံျခားေရး ဝန္ႀကီးေဟာင္း Mike Pompeo အပါအဝင္ လူ ပုဂၢိဳလ္ ၂၈ ဦးကို တ႐ုတ္နိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တဲ့ လုပ္ေဆာင္ခ်က္ေတြ ႀကိဳတင္ ျပင္ဆင္၊ တိုးျမႇင့္ ေဆာင္ရြက္ခဲ့လို႔ အခုလို ဒဏ္ခတ္ အေရးယူရတာလို႔ တ႐ုတ္နိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။

အဲဒီ ပုဂၢိဳလ္ေတြက တ႐ုတ္တို႔ရဲ႕ အက်ိဳးစီးပြားကို ေလ်ာ့က်ေအာင္လုပ္သလို၊ တ႐ုတ္ျပည္သူေတြကို ေစာ္ကားၿပီး တ႐ုတ္-အေမရိကန္ ဆက္ဆံေရးကို ထိခိုက္ေအာင္ လုပ္တယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

ဒဏ္ခတ္ အေရးယူခံရတဲ့ ပုဂၢိဳလ္ေတြထဲ ထရမ့္ရဲ့ ကုန္သြယ္ေရး အႀကံေပးေဟာင္း Peter Navarro ၊ အမ်ိဳးသား လုံျခဳံေရး အႀကံေပးေဟာင္း Robert O’Brien နဲ႔ သူ႔မတိုင္ခင္က အႀကံေပး John Bolton တို႔ ပါဝင္ပါတယ္။

ဒဏ္ခတ္ အေရးယူခံရတဲ့ ပုဂၢိဳလ္ေတြနဲ႔ သူတို႔ရဲ႕ မိသားစုဝင္ေတြကို တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုကို လာေရာက္ခြင့္ မေပးသလို တ႐ုတ္ နိုင္ငံနဲ႔ စီးပြားေရး လုပ္ကိုင္ခြင့္ကို ပိတ္ပင္လိုက္တယ္လို႔လည္း တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

တာဝန္ယူသိပ္ၿပီး မၾကာမီမွာပဲ သမၼတေဟာင္း ေဒၚနယ္ထရမ့္က ကုန္သြယ္ေရးစစ္ပြဲကို စတင္လိုက္ခ်ိန္ကစၿပီး တ႐ုတ္နဲ႔ အေမရိကန္ ႏွစ္နိုင္ငံ ဆက္ဆံေရး ဆိုးဆိုးရြားရြား ယိုယြင္းလာခဲ့တာျဖစ္ပါတယ္။

..................................................

Mike Pompeo အပါအဝင် Trump လက်ထက်အရာရှိတချို့ကို တရုတ် ဒဏ်ခတ်အရေးယူ

(Unicode)
၄၆ ယောက်မြောက် အမေရိကန် သမ္မတအဖြစ် Joe Biden ကျမ်းသစ္စာ ကျိန်ဆိုအပြီး မိနစ်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံက ထရမ့် အစိုးရ လက်ထက်က အမေရိကန်တာဝန်ရှိသူတွေကို ပိတ်ဆို့ ဒဏ်ခတ် အရေးယူ လိုက်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mike Pompeo အပါအဝင် လူ ပုဂ္ဂိုလ် ၂၈ ဦးကို တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ လုပ်ဆောင်ချက်တွေ ကြိုတင် ပြင်ဆင်၊ တိုးမြှင့် ဆောင်ရွက်ခဲ့လို့ အခုလို ဒဏ်ခတ် အရေးယူရတာလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

အဲဒီ ပုဂ္ဂိုလ်တွေက တရုတ်တို့ရဲ့ အကျိုးစီးပွားကို လျော့ကျအောင်လုပ်သလို၊ တရုတ်ပြည်သူတွေကို စော်ကားပြီး တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်အောင် လုပ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

ဒဏ်ခတ် အရေးယူခံရတဲ့ ပုဂ္ဂိုလ်တွေထဲ ထရမ့်ရဲ့ ကုန်သွယ်ရေး အကြံပေးဟောင်း Peter Navarro ၊ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Robert O’Brien နဲ့ သူ့မတိုင်ခင်က အကြံပေး John Bolton တို့ ပါဝင်ပါတယ်။

ဒဏ်ခတ် အရေးယူခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုကို လာရောက်ခွင့် မပေးသလို တရုတ် နိုင်ငံနဲ့ စီးပွားရေး လုပ်ကိုင်ခွင့်ကို ပိတ်ပင်လိုက်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တာဝန်ယူသိပ်ပြီး မကြာမီမှာပဲ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးစစ်ပွဲကို စတင်လိုက်ချိန်ကစပြီး တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးဆိုးရွားရွား ယိုယွင်းလာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG