သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump လုပ္ခဲ႔တာေတြျပန္ျပင္မယ္႔ သမၼတ Joe Biden အမိန္႔ ၃ ရပ္ကို စတင္ လက္မွတ္ထိုးၿပီ 


(Zawgyi/Unicode)

အေမရိကန္ သမၼတအျဖစ္ က်မ္းသစၥာ က်ိန္ဆိုၿပီး မၾကာခင္ကေလးမွာပဲ သမၼတသစ္ Joe Biden က ကြန္ဂရက္ လႊတ္ေတာ္က သမၼတ ႐ုံးခန္းမွာ သမၼတအမိန္႔ ၃ခုကို လက္မွတ္ေရးထိုးလိုက္ပါတယ္။ အေမရိကန္နိုင္ငံရဲ့ ၄၆ေယာက္ေျမာက္ သမၼတအျဖစ္ပထမဦးဆုံး အေရးယူေဆာင္ရြက္ခ်က္လည္း ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာပဲ Joe Biden က က်မ္းသစၥာက်ိန္ဆိုပြဲဆိုင္ရာ ေၾကညာခ်က္နဲ႔ အစိုးရအဖြဲ႕ အဖြဲ႕ဝင္ ဝန္ႀကီးေတြနဲ႔ တစ္ဆင့္နိမ့္ရာထူး လ်ာထား ခ်က္ေတြနဲ႔ဆိုင္တဲ့ အမိန္႔ေတြကို လက္မွတ္ေရးထိုး လိုက္တာပါ။

လြန္ခဲ့တဲ့ ေလးႏွစ္အတြင္း သမၼတေဟာင္း ေဒၚနယ္ ထရမ့္ရဲ့ လုပ္ေဆာင္ခ်က္ေတြကို သူ သမၼတ ရာထူး ရယူမယ့္ ပထမဆုံးေန႔မွာပဲ ေျပာင္းလဲပစ္မယ္လို႔ Joe Biden ကတိေပးထားတဲ့အတိုင္း အခုလို လက္မွတ္ေရးထိုးလိုက္တာ ျဖစ္ပါတယ္။

အဲဒီလို ေျပာင္းလဲပစ္မယ္လို႔ ေျပာၾကားေနတဲ့ ကိစၥေတြအထဲ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ တုန္႔ျပန္ေရး၊ လူဝင္မႈ ႀကီးၾကပ္ေရးနဲ႔ ဥတုရာသီ ေျပာင္းလဲမႈဆိုင္ရာ ကိစၥေတြ ပါရွိတယ္လို႔ Joe Biden ရဲ႕ အသြင္းကူးေျပာင္းေရးအဖြဲ႕က ဗုဒၶဟူးေန႔မွာပဲ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

က်မ္းသစၥာ က်န္ဆိုၿပီးတာနဲ႔တစ္ၿပိဳင္နက္ မူဆလင္ အမ်ားစုရွိရာ နိုင္ငံတစ္ခ်ိဳ႕ကလူေတြကို အေမရိကန္နိုင္ငံကို လာေရာက္ခြင့္ ပိတ္ပင္ထားတာ၊ မကၠဆီကို နယ္ျခားမွာ တံတိုင္းေဆာက္လုပ္ေနတာေတြကို အဆုံးသတ္မွာ ျဖစ္သလို ဥတုရာသီ ဆိုင္ရာ ပါရီ သေဘာတူညီခ်က္နဲ႔ ကမၻာ့ က်မ္းမာေရး အဖြဲ႕ေတြကို ျပန္လည္ ဝင္ေရာက္မယ္လို႔လည္း Joe Biden ရဲ့ လက္ေထာက္ေတြက ေျပာပါတယ္။

ဒါ့အျပင္၊ တိုင္းျပည္အတြင္း လူမ်ိဳးေရးခြဲျခားမႈေတြကို အားေပးအားေျမႇာက္ျပဳေနတဲ့ မူဝါဒေတြကို ျပန္လည္ သုံးသပ္ဖို႔နဲ႔ က်ားမ ကြဲျပားမႈအေပၚ အေျခခံတဲ့ ခြဲျခားဆက္ဆံမႈေတြ မလုပ္ဖို႔နဲ႔ သမၼတ ထရမ့္က နိုင္ငံသားမဟုတ္သူေတြကို အေမရိကန္ လူဦးေရ သန္းေခါင္စာရင္းထဲက ထုတ္ပယ္ ထားတာကို ျပန္႐ုပ္သိမ္းဖို႔ ကိစၥေတြ ပါဝင္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးအရ ထိခိုက္ေနသူေတြကို အကူအညီေပးဖို႔၊ အိမ္လခ မေပးနိုင္လို႔ အိမ္ေတြကေန ဆင္းရမယ့္သူေတြကို အကူ အညီေပးဖို႔ ကိစၥေတြ ပါဝင္မယ္လို႔လည္း Joe Biden ရဲ့ အသြင္ ကူးေျပာင္းေရးအဖြဲ႕က ေျပာပါတယ္။

ေနာက္လာမယ့္ ၁၀ ရက္အတြင္း သမၼတ အာဏာနဲ႔ အမိန္႔ ဒါဇင္နဲ႔ခ်ီ ထုတ္ျပန္ဖို႔ ရွိတယ္လို႔လည္း Joe Biden ရဲ့ အသြင္ ကူးေျပာင္းေရးအဖြဲ႕က ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

Donald Trump လုပ်ခဲ့တာတွေပြန်ပြင်မယ့် သမ္မတ Joe Biden အမိန့် ၃ ရပ်ကို စတင် လက်မှတ်ထိုးပြီ

(Unicode)

အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး မကြာခင်ကလေးမှာပဲ သမ္မတသစ် Joe Biden က ကွန်ဂရက် လွှတ်တော်က သမ္မတ ရုံးခန်းမှာ သမ္မတအမိန့် ၃ခုကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၄၆ယောက်မြောက် သမ္မတအဖြစ်ပထမဦးဆုံး အရေးယူဆောင်ရွက်ချက်လည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ Joe Biden က ကျမ်းသစ္စာကျိန်ဆိုပွဲဆိုင်ရာ ကြေညာချက်နဲ့ အစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တစ်ဆင့်နိမ့်ရာထူး လျာထား ချက်တွေနဲ့ဆိုင်တဲ့ အမိန့်တွေကို လက်မှတ်ရေးထိုး လိုက်တာပါ။

လွန်ခဲ့တဲ့ လေးနှစ်အတွင်း သမ္မတဟောင်း ဒေါ်နယ် ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေကို သူ သမ္မတ ရာထူး ရယူမယ့် ပထမဆုံးနေ့မှာပဲ ပြောင်းလဲပစ်မယ်လို့ Joe Biden ကတိပေးထားတဲ့အတိုင်း အခုလို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

အဲဒီလို ပြောင်းလဲပစ်မယ်လို့ ပြောကြားနေတဲ့ ကိစ္စတွေအထဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုန့်ပြန်ရေး၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေ ပါရှိတယ်လို့ Joe Biden ရဲ့ အသွင်းကူးပြောင်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကျမ်းသစ္စာ ကျန်ဆိုပြီးတာနဲ့တစ်ပြိုင်နက် မူဆလင် အများစုရှိရာ နိုင်ငံတစ်ချို့ကလူတွေကို အမေရိကန်နိုင်ငံကို လာရောက်ခွင့် ပိတ်ပင်ထားတာ၊ မက္ကဆီကို နယ်ခြားမှာ တံတိုင်းဆောက်လုပ်နေတာတွေကို အဆုံးသတ်မှာ ဖြစ်သလို ဥတုရာသီ ဆိုင်ရာ ပါရီ သဘောတူညီချက်နဲ့ ကမ္ဘာ့ ကျမ်းမာရေး အဖွဲ့တွေကို ပြန်လည် ဝင်ရောက်မယ်လို့လည်း Joe Biden ရဲ့ လက်ထောက်တွေက ပြောပါတယ်။

ဒါ့အပြင်၊ တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုတွေကို အားပေးအားမြှောက်ပြုနေတဲ့ မူဝါဒတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ ကျားမ ကွဲပြားမှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ မလုပ်ဖို့နဲ့ သမ္မတ ထရမ့်က နိုင်ငံသားမဟုတ်သူတွေကို အမေရိကန် လူဦးရေ သန်းခေါင်စာရင်းထဲက ထုတ်ပယ် ထားတာကို ပြန်ရုပ်သိမ်းဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအရ ထိခိုက်နေသူတွေကို အကူအညီပေးဖို့၊ အိမ်လခ မပေးနိုင်လို့ အိမ်တွေကနေ ဆင်းရမယ့်သူတွေကို အကူ အညီပေးဖို့ ကိစ္စတွေ ပါဝင်မယ်လို့လည်း Joe Biden ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့က ပြောပါတယ်။

နောက်လာမယ့် ၁၀ ရက်အတွင်း သမ္မတ အာဏာနဲ့ အမိန့် ဒါဇင်နဲ့ချီ ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း Joe Biden ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့က ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG