သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

COVAX အစီအစဥ္နဲ႔ ဆင္းရဲတဲ့ႏုိင္ငံေတြအတြက္ ကုိဗစ္ကာကြယ္ေဆး သန္း ၄၀ WHO ၀ယ္ယူ 


Pfizer-BioNTech ကုိဗစ္ကာကြယ္ေဆး

(Zawgyi/Unicode)

WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးဟာ Pfizer/BioNTech ကုမၸဏီဆီက COVID-19 ကာကြယ္ေဆး အလံုးေပါင္း သန္း ၄၀ ရဖို႔ သေဘာတူညီခ်က္ရၿပီျဖစ္ေၾကာင္းနဲ႔ ဒါဟာ COVAX အစီစဥ္နဲ႔ ဆင္းရဲတဲ့ ႏုိင္ငံေတြ၊ ဝင္ေငြအလယ္လတ္ရွိတဲ့ ႏိုင္ငံေတြမွာ ေရွ႕လထဲ ကာကြယ္ေဆးထိုးေရးကို စတင္ဖို႔ လုပ္ႏုိင္ေတာ့မွာ ျဖစ္ေၾကာင္း WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေသာၾကာေန႔ ဂ်နီဗာ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Pfizer-BioNTech နဲ႔ ကာကြယ္ေဆး သန္း ၄၀ အထိရဖို႔ COVAX က လက္မွတ္ေရးထိုးခဲ့တယ္ ဆိုတာကို ဝမ္းသာစြာနဲ႔ ေၾကညာေၾကာင္း ေျပာသြားတာပါ။ ဒါ့အျပင္ AstraZeneca-Oxford ကာကြယ္ေဆး အလံုးေပါင္း သန္း ၁၅၀ ေလာက္ကိုလည္း COVAX က ဒီႏွစ္ အစပိုင္း ၄ လထဲမွာ ျဖန္႔ေဝေပးႏိုင္မယ္လို႔ ေမ ွ်ာ္လင့္ေၾကာင္းလည္း ေျပာပါတယ္။ ဒါဟာ ကာကြယ္ေဆးေတြကို COVAX က ေဖေဖၚဝါရီလမွာ စတင္ျဖန္႔ေဝ ႏိုင္မယ့္ သေဘာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ဆင္းရဲတဲ့ႏိုင္ငံေတြမွာထုိးေပးဖို႔ ကာကြယ္ေဆး သန္းေပါင္း ရာနဲ႔ခ်ီၿပီး ရဖို႔ COVAX အစီစဥ္က လက္မွတ္ေရးထုိးထားေပမယ့္ အခုထိ ကာကြယ္ေဆး စမထိုးေပးႏိုင္ေသးပဲ ျဖစ္ေနတာပါ။

WHO က အေရးေပၚအသံုးျပဳဖို႔ အတည္ျပဳေပးထားတဲ့ ကာကြယ္ေဆးက အခုအခ်ိန္အထိဆို Pfizer ကာကြယ္ေဆး တမ်ိဳးပဲ ရွိပါေသးတယ္။

အခု Pfizer နဲ႔ သေဘာတူညီခ်က္ရလိုက္တာကေန ေဖေဖၚဝါရီလမွာ စၿပီး က်န္းမာေရး လုပ္သားေတြကို ကာကြယ္ေဆးထိုးေပး ႏိုင္ေတာ့မွာ ျဖစ္သလို အတည္ျပဳဖို႔ဆိုင္းင့ံထားတဲ့ Oxford-AstraZeneca ေဆးေတြကိုလည္း ျဖန္႔ေဝဖုိ႔ ရွိေၾကာင္း WHO အႀကီးအကဲက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

Pfizer ကုမၸဏီရဲ့ CEO ျဖစ္တဲ့ Albert Bourla ကေတာ့ ဒီကာကြယ္ေဆး သန္း ၄၀ ကို အျမတ္အစြန္းမယူပဲ ေရာင္းခ်ေပးတာ ျဖစ္ေၾကာင္းနဲ႔ ဒီအေရအတြက္ဟာ ကနဦးသေဘာတူခ်က္ အတြက္ ျဖစ္ၿပီး ေနာင္မွာလည္း COVAX အစီစဥ္ အတြက္္ ဒီလိုပဲ ေနာက္ထပ္ကာကြယ္ေဆးေတြ ေရာင္းခ်ေပးဖို႔ ရွိေၾကာင္း ေသာၾကာေန႔မွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........

COVAX အစီအစဉ်နဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၄၀ WHO ဝယ်ယူ

(Unicode)

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ Pfizer/BioNTech ကုမ္ပဏီဆီက COVID-19 ကာကွယ်ဆေး အလုံးပေါင်း သန်း ၄၀ ရဖို့ သဘောတူညီချက်ရပြီဖြစ်ကြောင်းနဲ့ ဒါဟာ COVAX အစီစဉ်နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေ၊ ဝင်ငွေအလယ်လတ်ရှိတဲ့ နိုင်ငံတွေမှာ ရှေ့လထဲ ကာကွယ်ဆေးထိုးရေးကို စတင်ဖို့ လုပ်နိုင်တော့မှာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Pfizer-BioNTech နဲ့ ကာကွယ်ဆေး သန်း ၄၀ အထိရဖို့ COVAX က လက်မှတ်ရေးထိုးခဲ့တယ် ဆိုတာကို ဝမ်းသာစွာနဲ့ ကြေညာကြောင်း ပြောသွားတာပါ။ ဒါ့အပြင် AstraZeneca-Oxford ကာကွယ်ဆေး အလုံးပေါင်း သန်း ၁၅၀ လောက်ကိုလည်း COVAX က ဒီနှစ် အစပိုင်း ၄ လထဲမှာ ဖြန့်ဝေပေးနိုင်မယ်လို့ မေ ျှာ်လင့်ကြောင်းလည်း ပြောပါတယ်။ ဒါဟာ ကာကွယ်ဆေးတွေကို COVAX က ဖေဖေါ်ဝါရီလမှာ စတင်ဖြန့်ဝေ နိုင်မယ့် သဘောဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာထိုးပေးဖို့ ကာကွယ်ဆေး သန်းပေါင်း ရာနဲ့ချီပြီး ရဖို့ COVAX အစီစဉ်က လက်မှတ်ရေးထိုးထားပေမယ့် အခုထိ ကာကွယ်ဆေး စမထိုးပေးနိုင်သေးပဲ ဖြစ်နေတာပါ။

WHO က အရေးပေါ်အသုံးပြုဖို့ အတည်ပြုပေးထားတဲ့ ကာကွယ်ဆေးက အခုအချိန်အထိဆို Pfizer ကာကွယ်ဆေး တမျိုးပဲ ရှိပါသေးတယ်။

အခု Pfizer နဲ့ သဘောတူညီချက်ရလိုက်တာကနေ ဖေဖေါ်ဝါရီလမှာ စပြီး ကျန်းမာရေး လုပ်သားတွေကို ကာကွယ်ဆေးထိုးပေး နိုင်တော့မှာ ဖြစ်သလို အတည်ပြုဖို့ဆိုင်းငံ့ထားတဲ့ Oxford-AstraZeneca ဆေးတွေကိုလည်း ဖြန့်ဝေဖို့ ရှိကြောင်း WHO အကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Pfizer ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Albert Bourla ကတော့ ဒီကာကွယ်ဆေး သန်း ၄၀ ကို အမြတ်အစွန်းမယူပဲ ရောင်းချပေးတာ ဖြစ်ကြောင်းနဲ့ ဒီအရေအတွက်ဟာ ကနဦးသဘောတူချက် အတွက် ဖြစ်ပြီး နောင်မှာလည်း COVAX အစီစဉ် အတွက် ဒီလိုပဲ နောက်ထပ်ကာကွယ်ဆေးတွေ ရောင်းချပေးဖို့ ရှိကြောင်း သောကြာနေ့မှာ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG