သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏိၵယက အခမဲ့ေပးတဲ့ ကိုဗစ္ကာကြယ္ေဆး ျမန္မာႏုိင္ငံေရာက္လာၿပီ


ကိုဗစ္ကာကြယ္ေဆး Covidshield ျမန္မာႏိုင္ငံသို႔ လဲႊေျပာင္း ေပးအပ္တဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏၵိယႏိုင္ငံထုတ္ ကိုဗစ္ေရာဂါကာကြယ္ေဆး ၁,၅၀၀,၀၀၀ ဒီကေန႔ပဲ ျမန္မာႏိုင္ငံကို ေရာက္ရွိလာတာေၾကာင့္ ေရွ႕တပတ္မွာ စတင္ထိုးႏွံဖို႔ စီစဥ္ထားတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

အိႏၵိယသံအမတ္ႀကီး Mr. Saurabh Kumar ။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)
အိႏၵိယသံအမတ္ႀကီး Mr. Saurabh Kumar ။ (ဇန္နဝါရီ ၂၂၊ ၂၀၂၁)

ၿဗိတိန္ေအာက္စ္ဖို႔တကၠသိုလ္နဲ႔ ျဗိတိန္-ဆြီဒင္ AstraZeneca ကုမၸဏီတို႔ ပူးတြဲသုေတသနလုပ္ျပီး အိႏိၵယနိုင္ငံ Serum Institute ကထုတ္လုပ္တဲ့ ကာကြယ္ေဆး၊ ထိုးေဆး ၁,၅၀၀,၀၀၀ ဟာ ဒီကေန႔မြန္းလြဲပိုင္းမွာပဲ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ေရာက္ရွိလာတာပါ။ ျမန္မာႏိုင္ငံကို ပထမဆုံးေရာက္ရွိလာတဲ့ ကာကြယ္ေဆးေတြကိုေတာ့ အိႏၵိယျပည္သူေတြနဲ႔ အိႏၵိယအစိုးရက ျမန္မာႏိုင္ငံအတြက္ လက္ေဆာင္အျဖစ္လႉဒါန္းတာျဖစ္ေၾကာင္းလည္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ႀကီး Mr. Saurabh Kumar က ေလဆိပ္မွာပဲ သတင္းမီဒီယာေတြကို ေျပာခဲ့ပါတယ္။

"ေအာက္စ္ဖို႔တကၠသိုလ္ Astrazeneca နဲ႔ Serum Institute of India တို႔ ပူးေပါင္းထုတ္လုပ္တဲ့ Covishield ကာကြယ္ေဆးေတြ က်ေနာ္တို႔ မွ်ေဝတာပါ။ ဒီကာကြယ္ေဆးေတြကို က်ေနာ္တို႔ရဲ႕ အဓိကမိတ္ဖက္ အိမ္နီးခ်င္းႏိုင္ငံေတြဆီ မွ်ေဝတာျဖစ္ၿပီး ျမန္မာႏိုင္ငံအတြက္ ပထမဆုံးကာကြယ္ေဆးအလုံးေရ ၁.၅ သန္း ဒီေန႔ပဲ ရန္ကုန္ကိုေလယာဥ္နဲ႔ ေရာက္တာပါ။ ျမန္မာက အိႏၵိယႏိုင္ငံနဲ႔ သိပ္နီးကပ္တဲ့ အိမ္နီးခ်င္းႏိုင္ငံလို႔ ေျပာပါရေစ။ က်ေနာ္တို႔ႏွစ္ႏိုင္ငံရဲ႕ အျမင့္မားဆုံးဆက္ဆံေရးပါပဲ။ ကူးစက္ေရာဂါျဖစ္ၿပီးတၿပိဳင္နက္ က်ေနာ္တို႔ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြၾကားမွာ အနီးကပ္ေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။ ၿပီးေတာ့ ခင္ဗ်ားတို႔ေတြ႕ရတဲ့ ဒီေန႔ေရာက္လာတဲ့ ကာကြယ္ေဆးေတြက က်ေနာ္တို႔အစိုးရၾကား ေဆြးေႏြးမႈေတြရဲ႕ အက်ိဳးဆက္ပါ။"

ျမန္မာအစိုးရကေတာ့ အိႏၵိယႏိုင္ငံက လက္ေဆာင္အျဖစ္ အခမဲ့ေပးအပ္တဲ့ ထိုးေဆးေတြအျပင္ ေနာက္ထပ္ လူ ၁,၅၀၀,၀၀၀ စာ အတြက္လည္း ဝယ္ယူထားပါတယ္။

အခုေရာက္ရွိလာတဲ့ ကာကြယ္ေဆးေတြကိုေတာ့ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဗဟိုကာကြယ္ေဆးသိုေလွာင္ေရးဌာနမွာ ထားရွိၿပီး ျပည္နယ္နဲ႔တိုင္း အသီးသီးကို မနက္ျဖန္ကေနစၿပီး ျဖန႔္ေဝေပးသြားမယ္လို႔လည္း ဒီကေန႔ ကာကြယ္ေဆးေတြ ေရာက္ရွိလာတဲ့ ေလဆိပ္မွာပဲ ရန္ကုန္တိုင္း က်န္းမာေရး၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ ကာကြယ္ေဆးထိုးေပးမယ့္ က်န္းမာေရးဝန္ထမ္းေတြကိုလည္း မနက္ျဖန္ ေနာက္ထပ္သင္တန္းေပးဖို႔ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။

"သင္တန္းေပးၿပီးရင္ ဦးစားေပးအလိုက္ က်ေနာ္တို႔ ထိုးသြားမွာပါ။ အားလုံးလည္း သိၿပီးတဲ့အတိုင္းပဲ ဦးစားေပးအစီအစဥ္ထဲမွာေတာ့ နံပါတ္ ၁ ဦးစားေပးကေတာ့ က်ေနာ္တို႔ရဲ႕ COVID- 19 ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး၊ ကုသေရးလုပ္ငန္းေတြမွာ ေရွ႕တန္းေတြမွာပါဝင္ခဲ့တဲ့ က်ေနာ္တို႔ရဲ႕ က်န္းမာေရးဝန္ထမ္းေတြေပါ့။ ၿပီးတဲ့အခါက်ရင္ေတာ့ က်ေနာ္တို႔ ျပည္ေထာင္စု အစိုးရအဖြဲ႕ဝင္ပုဂၢိဳလ္ေတြ၊ ေနာက္ ျပည္ေထာင္စုလႊတ္ေတာ္ကို တက္ေရာက္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ႀကီးေတြ၊ ဒါေတြကိုလည္း က်ေနာ္တို႔ ထိုးေပးသြားမွာပါပဲ။ ေနာက္တခုကေတာ့ က်ေနာ္တို႔ COVID- 19 ကူးစက္လြယ္တဲ့အုပ္စုေတြ၊ ေနာက္ သူတို႔က ကူးစက္ရင္လည္း အေသအေပ်ာက္မ်ားမယ့္အုပ္စုေတြေပါ့ေလ။ ဒါေတြကိုေတာ့ က်ေနာ္တို႔က ဦးစားေပးအစီအစဥ္နဲ႔ ဒီလမကုန္ခင္မွာပဲ စထိုးသြားဖို႔ က်ေနာ္တို႔ျပင္ဆင္ေနပါတယ္၊ စလည္း ထိုးႏိုင္ေတာ့မွာ ျဖစ္ပါတယ္ခင္ဗ်။"

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၀၀၀ ေက်ာ္နဲ႔ ကူးစက္ခံရသူ အတည္ျပဳလူနာ ၁၃၆,၀၀၀ ေက်ာ္ ရွိေနတဲ့ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ထဲ ကိုဗစ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ ႀကဳံခဲ့ရၿပီးေနာက္ ကာကြယ္ေဆးေတြ ဝယ္ယူႏိုင္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္ ႏိုင္ငံေတာ္ ေကာင္စီဝင္လည္းျဖစ္တဲ့ ဝမ္ယီရဲ႕ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ခရီးစဥ္မွာလည္း ျမန္မာႏိုင္ငံအတြက္ ယြမ္ေငြ ၃,၀၀၀,၀၀၀ တန္ဖိုးရွိ ကိုဗစ္တိုက္ဖ်က္ေရးေဆးပစၥည္းေတြနဲ႔ ကာကြယ္ေဆးအလုံးေရ ၃၀၀,၀၀၀ ကူညီေပးဖို႔ ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယက အခမဲ့ပေးတဲ့ ကိုဗစ်ကာကွယ်ဆေး မြန်မာနိုင်ငံရောက်လာပြီ

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး ၁,၅၀၀,၀၀၀ ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် ရှေ့တပတ်မှာ စတင်ထိုးနှံဖို့ စီစဉ်ထားတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

ဗြိတိန်အောက်စ်ဖို့တက္ကသိုလ်နဲ့ ဗြိတိန်-ဆွီဒင် AstraZeneca ကုမ္ပဏီတို့ ပူးတွဲသုတေသနလုပ်ပြီး အိန္ဒိယနိုင်ငံ Serum Institute ကထုတ်လုပ်တဲ့ ကာကွယ်ဆေး၊ ထိုးဆေး ၁,၅၀၀,၀၀၀ ဟာ ဒီကနေ့မွန်းလွဲပိုင်းမှာပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာတာပါ။ မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကိုတော့ အိန္ဒိယပြည်သူတွေနဲ့ အိန္ဒိယအစိုးရက မြန်မာနိုင်ငံအတွက် လက်ဆောင်အဖြစ်လှူဒါန်းတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Saurabh Kumar က လေဆိပ်မှာပဲ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

"အောက်စ်ဖို့တက္ကသိုလ် Astrazeneca နဲ့ Serum Institute of India တို့ ပူးပေါင်းထုတ်လုပ်တဲ့ Covishield ကာကွယ်ဆေးတွေ ကျနော်တို့ မျှဝေတာပါ။ ဒီကာကွယ်ဆေးတွေကို ကျနော်တို့ရဲ့ အဓိကမိတ်ဖက် အိမ်နီးချင်းနိုင်ငံတွေဆီ မျှဝေတာဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဆုံးကာကွယ်ဆေးအလုံးရေ ၁.၅ သန်း ဒီနေ့ပဲ ရန်ကုန်ကိုလေယာဉ်နဲ့ ရောက်တာပါ။ မြန်မာက အိန္ဒိယနိုင်ငံနဲ့ သိပ်နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံလို့ ပြောပါရစေ။ ကျနော်တို့နှစ်နိုင်ငံရဲ့ အမြင့်မားဆုံးဆက်ဆံရေးပါပဲ။ ကူးစက်ရောဂါဖြစ်ပြီးတပြိုင်နက် ကျနော်တို့ နှစ်နိုင်ငံခေါင်းဆောင်တွေကြားမှာ အနီးကပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ ခင်ဗျားတို့တွေ့ရတဲ့ ဒီနေ့ရောက်လာတဲ့ ကာကွယ်ဆေးတွေက ကျနော်တို့အစိုးရကြား ဆွေးနွေးမှုတွေရဲ့ အကျိုးဆက်ပါ။"

မြန်မာအစိုးရကတော့ အိန္ဒိယနိုင်ငံက လက်ဆောင်အဖြစ် အခမဲ့ပေးအပ်တဲ့ ထိုးဆေးတွေအပြင် နောက်ထပ် လူ ၁,၅၀၀,၀၀၀ စာ အတွက်လည်း ဝယ်ယူထားပါတယ်။

အခုရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ ဗဟိုကာကွယ်ဆေးသိုလှောင်ရေးဌာနမှာ ထားရှိပြီး ပြည်နယ်နဲ့တိုင်း အသီးသီးကို မနက်ဖြန်ကနေစပြီး ဖြန့်ဝေပေးသွားမယ်လို့လည်း ဒီကနေ့ ကာကွယ်ဆေးတွေ ရောက်ရှိလာတဲ့ လေဆိပ်မှာပဲ ရန်ကုန်တိုင်း ကျန်းမာရေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ကာကွယ်ဆေးထိုးပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း မနက်ဖြန် နောက်ထပ်သင်တန်းပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

"သင်တန်းပေးပြီးရင် ဦးစားပေးအလိုက် ကျနော်တို့ ထိုးသွားမှာပါ။ အားလုံးလည်း သိပြီးတဲ့အတိုင်းပဲ ဦးစားပေးအစီအစဉ်ထဲမှာတော့ နံပါတ် ၁ ဦးစားပေးကတော့ ကျနော်တို့ရဲ့ COVID- 19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းတွေမှာ ရှေ့တန်းတွေမှာပါဝင်ခဲ့တဲ့ ကျနော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ ပြီးတဲ့အခါကျရင်တော့ ကျနော်တို့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ်တွေ၊ နောက် ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်မယ့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ကြီးတွေ၊ ဒါတွေကိုလည်း ကျနော်တို့ ထိုးပေးသွားမှာပါပဲ။ နောက်တခုကတော့ ကျနော်တို့ COVID- 19 ကူးစက်လွယ်တဲ့အုပ်စုတွေ၊ နောက် သူတို့က ကူးစက်ရင်လည်း အသေအပျောက်များမယ့်အုပ်စုတွေပေါ့လေ။ ဒါတွေကိုတော့ ကျနော်တို့က ဦးစားပေးအစီအစဉ်နဲ့ ဒီလမကုန်ခင်မှာပဲ စထိုးသွားဖို့ ကျနော်တို့ပြင်ဆင်နေပါတယ်၊ စလည်း ထိုးနိုင်တော့မှာ ဖြစ်ပါတယ်ခင်ဗျ။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ အတည်ပြုလူနာ ၁၃၆,၀၀၀ ကျော် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ထဲ ကိုဗစ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြုံခဲ့ရပြီးနောက် ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် နိုင်ငံတော် ကောင်စီဝင်လည်းဖြစ်တဲ့ ဝမ်ယီရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ခရီးစဉ်မှာလည်း မြန်မာနိုင်ငံအတွက် ယွမ်ငွေ ၃,၀၀၀,၀၀၀ တန်ဖိုးရှိ ကိုဗစ်တိုက်ဖျက်ရေးဆေးပစ္စည်းတွေနဲ့ ကာကွယ်ဆေးအလုံးရေ ၃၀၀,၀၀၀ ကူညီပေးဖို့ ကတိပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG