သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ အက်ပ္ဆိုက္ေနတဲ့ ျမန္မာ့ ပုဂၢလိကပညာေရးက႑


ကိုဗစ္ကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါေၾကာင့္ စာသင္ႏွစ္တႏွစ္နီးပါး ေက်ာင္းေတြ ပိတ္ထားရတာေၾကာင့္ ပုဂၢလိက ပညာေရးလုပ္ငန္းေတြ ဆက္လက္ ရပ္တည္ႏုိင္ေရး အခက္ႀကံဳေနရပါတယ္။ ပုဂၢလိက ပညာေရးက႑မွာ ဘယ္လုိ စိန္ေခၚမႈေတြနဲ႔ ရင္ဆုိင္ေနရပါသလဲ၊ ေက်ာ္လႊားႏုိင္ေအာင္ ဘာေတြလုပ္ဖုိ႔ လုိေနသလဲ ဆုိတာေတြကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၲာထြန္းက သတင္းေပးပို႔ထားပါတယ္။

ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလိုင္လထဲမွာ ျပန္ဖြင့္ခဲ့ေပမဲ့ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တိုးလာတဲ့အတြက္ ေက်ာင္းေတြ ျပန္ပိတ္ထားရတာ အခုအခ်ိန္အထိပါ။ ဒီလို ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္မွာ ပညာေရး အဆက္မျပတ္ေစဖို႔အတြက္ ဘာသာရပ္သင္ က်ဴရွင္ေတြနဲ႔ ကိုယ္ပိုင္ေက်ာင္းေတြမွာလည္း အြန္လိုင္းကေန သင္ၾကားတာေတြ ရွိေပမဲ့လည္း ေရရွည္မွာေတာ့ အခက္အခဲေတြ ရွိလာေနတယ္လုိ႔ ပုဂၢလိကပညာေရး အသုိင္းအ၀န္းက ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က ဟံသာဝတီစာသင္ဝိုင္း တည္ေထာင္သူ ေဒၚေစာျမတ္ထက္ကေတာ့ ၂၀၀၅ ခုႏွစ္ကတည္းကစတင္ခဲ့တဲ့ လုပ္ငန္းမွာ စိန္ေခၚမႈေတြ ႀကံဳေနရတယ္လုိ႔ ေျပာပါတယ္။

“အမတို႔က အစကတည္းက က်ဴရွင္မွာ လူအေယာက္ ၇၀ ေလာက္ရွိေတာ့ အြန္လိုင္းနဲ႔ သင္ရင္လည္း ၄၀ ေလာက္ဆိုေတာ့ ဆက္ဖြင့္လို႔ေတာ့ ရတယ္။ ဒါေပမဲ့ တခ်ိဳ႕ က်ဴရွင္ေတြက်ေတာ့ အဆင္မေျပဘူးေပါ့။ အေယာက္ ၃၀ ေလာက္ပဲ ရွိတာမ်ိဳးကက်ေတာ့ အြန္လိုင္းနဲ႔ ဖြင့္မယ္ဆိုရင္ ၅ ေယာက္၊ ၁၀ ေယာက္ေလာက္ပဲ တက္မယ္ဆိုရင္ ဆရာေတြက ဘယ္လိုမွ အဆင္မေျပဘူးေလ။ အဲ့ဒီလိုမ်ိဳး ရွိတယ္။ ေနာက္တစ္ခါ က်ဴရွင္ေတြ ပိတ္တာၾကာတဲ့အခါက်ေတာ့ ရန္ကုန္မွာလာၿပီးေတာ့ အခန္းငွားၿပီးေနရတဲ့ ဆရာေတြက်ေတာ့ အကုန္လုံး ဒီမွာ လခေတြ တိုက္ခန္းငွားခေတြ၊ အိမ္ခန္းငွားခေတြ၊ ေပးေနရတာက လေပါင္းမ်ားစြာက် အဆင္မေျပေတာ့ က်ဴရွင္ပိတ္ၿပီးေတာ့ နယ္ျပန္သြားတဲ့သူေတြလည္း ရွိတာေပါ့ေနာ္။ အဲ့ဒါေတြကေတာ့ အမတို႔ အမ်ားႀကီးေတြ႕ရတာေပါ့။”

စာသင္ႏွစ္ တႏွစ္လုံးနီးပါး ေက်ာင္းေတြ ပိတ္ထားရသလုိ၊ ေက်ာင္းေတြ ဘယ္ေတာ့ျပန္ဖြင့္မလဲ၊ ဘယ္လုိပုံစံ ျပန္ဖြင့္မလဲဆုိတာ မေရရာ မေသခ်ာေ သးတာေၾကာင့္ လုပ္ငန္းေတြ ရပ္တည္ေရး အခက္အခဲေတြလည္း ရွိေနပါတယ္။ ပုဂၢလိကေက်ာင္းေပါင္း ၂၈၀ ေက်ာ္ ရွိတဲ့ ရန္ကုန္တုိင္းမွာ ကပ္ေရာဂါကာလ ထိခုိက္ေနတဲ့ ပညာေရးလုပ္ငန္းေတြအတြက္ အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြအျဖစ္ ေခ်းေငြေပးတာ အပါအ၀င္ အစုိးရက ပံ့ပုိးေပးဖုိ႔ လုိအပ္ေနတယ္လုိ႔လည္း ပညာေရး ၀န္ေဆာင္မႈလုပ္ငန္းတခုျဖစ္တဲ့ ICEC Education ကုမၸဏီ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအးေက်ာ္က ေျပာပါတယ္။

“ဆရာတို႔ Private ေက်ာင္းေတြဆိုတာ တကယ့္တကယ္က ႏိုင္ငံေတာ္ရဲ႕ ပညာေရးစနစ္ကို ႏိုင္ငံေတာ္ မႏိုင္မနင္းျဖစ္ေနတဲ့ ပညာေရးစနစ္ကို ဝိုင္းၿပီးကူညီေနတာ ကူညီေနတာျဖစ္တဲ့ အတြက္ ဒီကူညီေနတဲ့ သူေတြက အခု မကူညီႏိုင္ေတာ့ဘူး ကိုယ္ကိုယ္တိုင္ေတာင္ မရပ္တည္ႏိုင္ေတာ့ဘူးဆိုေတာ့ အဲ့ဒါ အဓိက အခက္အခဲပဲ။ SME ကိစၥ ဆရာကိုယ္တိုင္ အဲ့မွာ UMFCCI ႐ုံးကို ဆရာကိုယ္တိုင္သြားတဲ့အခါမွာ သူက ဘာေျပာလဲဆိုေတာ့ ‘ဆရာ... တင္ခြင့္မျပဳပါဘူးတဲ့၊ ဒီထဲမွာ အခ်က္ထဲမွာကိုက သင္တန္းေက်ာင္းဆိုရင္ ဖြင့္ခြင့္ျပဳပါတယ္။ Private ေက်ာင္းနဲ႔ မူႀကိဳေက်ာင္းမ်ားကို မပါဆိုၿပီးေတာ့’ ဆရာတို႔ကို လုံးဝ ပယ္တာ ဒီမွာ Private ေက်ာင္းေတြက ရပ္တည္ဖို႔ တအားခက္တယ္။ တခ်ိဳ႕ေက်ာင္းေလးေတြက ဆရာစိတ္လည္း မေကာင္းဘူး။ တခ်ိဳ႕ဆို က်မ ဘယ္လိုလုပ္ရမတုန္း၊ က်ေနာ္ ဘယ္လိုလုပ္ရမတုန္း ဆရာဆိုၿပီး က်ေနာ္ကို လာအႀကံအဉာဏ္ေတာင္းတယ္။ ကဲ ဒီအခ်ိန္မွာ ငါ့ကိုယ္ငါေတာင္ ေတာ္ေတာ္ရပ္တည္ေနရတာ။ အဲ့ဒီေတာ့ ေတာ္ေတာ္အခက္အခဲျဖစ္ၾကတယ္။ အဲ့ဒီလိုျဖစ္ၾကတဲ့ခါ ဆရာတစ္ခုေၾကာက္တာ အစိုးရရဲ႕ ကူညီပံ့ပိုးမႈသာ မရွိရင္ Private ေက်ာင္းေတြ ၿပိဳလဲသြားႏိုင္တယ္။”

ကပ္ေရာဂါကာလ အစုိးရရဲ႕ အေရးေပၚ အကူအညီေပးေရး အစီအစဥ္မွာ ပုဂၢလိကပညာေရးလုပ္ငန္းေတြကုိပါ ထည့္သြင္းစဥ္းစားဖုိ႔လည္း ပညာေရးလုပ္ငန္း လုပ္ေနသူေတြက ေမွ်ာ္လင့္ေနၾကပါတယ္။ ေခ်းေငြေပးတာအျပင္၊ အခြန္သက္သာခြင့္၊ ကင္းလြတ္ခြင့္ေတြလုိ အစီအစဥ္မ်ဳိးေတြ လုပ္ေပးေစခ်င္တယ္လုိ႔လည္း မႏၱေလးၿမိဳ႕က KMC ကိုယ္ပိုင္ အထက္တန္းေက်ာင္းပိုင္ရွင္ ဦးခင္ေမာင္ခ်ိဳက ေျပာပါတယ္။

“အျခားလုပ္ငန္းေတြအမ်ားႀကီးမွာ ထိခိုက္နစ္နာ ဆုံးရႈံးမႈေတြရွိသလိုပဲ ဒီႏိုင္ငံေတာ္ရဲ႕ ပညာေရးကို တဘက္တစ္လမ္းက က်ေနာ္က ဝိုင္းဝန္းထမ္း႐ြက္ေပးေနတဲ့ က်ေနာ္တို႔ ကိုယ္ပိုင္ေက်ာင္းေတြမွာလည္း အခက္အခဲေတြ အမ်ားႀကီး ရွိတာေပါ့ေနာ္။ ကိုယ္ပိုင္ေက်ာင္းေတြမွာက သေဘာတရားအရ ငွားရမ္းသုံးစြဲတယ္ဆိုရင္ ငွားရမ္းခေတြေပးရမယ္။ ေက်ာင္းသာ မဖြင့္တာာ သက္ဆိုင္ရာ အခြန္အခေတြလည္း ရွိတယ္။ မျဖစ္မေန က်ေနာ္တို႔ ခန္႔ထားရတဲ့ ဝန္ထမ္းလစာေတြ ရွိတယ္။ ဒါ့အျပင္ ဘဏ္ေခ်းေငြေတြ လုပ္မယ္ဆိုလို႔ရွိရင္လည္း ဘဏ္ေခ်းေငြေတြက သူ႔အခ်ိန္နဲ႔သူ ေပးေနရတာရွိတယ္။ အဲ့ဒီလိုေတြ အခက္အခဲေတြ အမ်ားႀကီးရွိတဲ့ အတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံေတာ္ဘက္ကလည္း က်ေနာ္တို႔ ဒါေတြကို နည္းနည္းေလး တခ်ိဳ႕ဟာေတြကို သက္ညႇာေပးမယ့္ ပံ့ပိုးကူညီေပးမယ္ဆိုလို႔ရွိရင္ က်ေနာ္တို႔ နည္းနည္းသက္သာတာေပါ့ဗ်ာ။”

ကပ္ေရာဂါေၾကာင့္ အြန္လုိင္းပညာေရး ေခတ္စားလာတယ္ ဆုိေပမဲ့လည္း နည္းပညာနဲ႔ သင္ၾကားေရး အေထာက္အကူပစၥည္း လုိအပ္ခ်က္ေတြကလည္း စိန္ေခၚမႈတခု ျဖစ္ေနပါတယ္။ ဒါေပမဲ့လည္း သင္ၾကားေရး ပုံစံသစ္ဟာ ကပ္ေရာဂါကာအလြန္ ေနာက္ပုိင္းမွာလည္း လုိအပ္ခ်က္တခု ျဖစ္လာႏုိင္တာေၾကာင့္ ျပင္ဆင္ထားဖုိ႔လုိအပ္တယ္လုိ႔ ရန္ကုန္ၿမိဳ႕က ဘာသာရပ္သင္ဆရာ ဦးေနထက္ေအာင္က ေျပာပါတယ္။

“လာမယ့္ႏွစ္ေတြမွာ ပညာေရးစနစ္ အေျပာင္းအလဲမွာ က်ေနာ္တို႔က အြန္လိုင္းကို အေျခခံၿပီး ေလ့လာရမယ့္ စနစ္က လိုကိုလိုအပ္လာမွာပါ။ အဲ့ဒီအတြက္ေၾကာင့္ သင္ရတဲ့ ဆရာေတြအေနနဲ႔ေရာ ေလ့လာသင္ယူေနၾကတဲ့ ေက်ာင္းသားေတြအေနနဲ႔ေရာ ဒါမျဖစ္မေနေပါ့ေႏွာ္ ခုဒါကို E-Learning စနစ္ေခၚမွာေပါ့ေနာ္။ ဒီ E-Learning စနစ္ကို သြားဖို႔လိုမွာျဖစ္တဲ့အတြက္ေၾကာင့္ ေရရွည္အတြက္ ဆရာေတြဘက္ကလည္း ႀကိဳတင္ျပင္ဆင္ဖို႔အတြက္လိုတယ္။ က်ေနာ့္ အရင္က အျပင္မွာ စာသင္သလိုမ်ိဳး ပုံစံမဟုတ္ဘဲနဲ႔ Presentation ေကာင္းေကာင္းနဲ႔ က်ေနာ္တို႔က Power Point Slide ေတြကို သုံးၿပီးေတာ့ သင္ေထာက္ကူေတြကို သုံးၿပီးေတာ သင္ဖို႔အတြက္လည္း က်ေနာ္တို႔ဘက္က ျပင္ဆင္ရပါမယ္။”

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ထဲ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေတာ့ ကပ္ေရာဂါေၾကာင့္ ကမာၻတဝန္းမွာ ေက်ာင္းမတက္ႏိုင္တဲ့ ေက်ာင္းသား အေရအတြက္ သန္းေပါင္း ၁,၅၀၀ ေက်ာ္ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာ အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေန ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကြောင့် အကျပ်ဆိုက်နေတဲ့ မြန်မာ့ ပုဂ္ဂလိကပညာရေးကဏ္ဍ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ်တနှစ်နီးပါး ကျောင်းတွေ ပိတ်ထားရတာကြောင့် ပုဂ္ဂလိက ပညာရေးလုပ်ငန်းတွေ ဆက်လက် ရပ်တည်နိုင်ရေး အခက်ကြုံနေရပါတယ်။ ပုဂ္ဂလိက ပညာရေးကဏ္ဍမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ၊ ကျော်လွှားနိုင်အောင် ဘာတွေလုပ်ဖို့ လိုနေသလဲ ဆိုတာတွေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။ ဒီလို ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ပညာရေး အဆက်မပြတ်စေဖို့အတွက် ဘာသာရပ်သင် ကျူရှင်တွေနဲ့ ကိုယ်ပိုင်ကျောင်းတွေမှာလည်း အွန်လိုင်းကနေ သင်ကြားတာတွေ ရှိပေမဲ့လည်း ရေရှည်မှာတော့ အခက်အခဲတွေ ရှိလာနေတယ်လို့ ပုဂ္ဂလိကပညာရေး အသိုင်းအဝန်းက ပြောပါတယ်။

ရန်ကုန်မြို့က ဟံသာဝတီစာသင်ဝိုင်း တည်ထောင်သူ ဒေါ်စောမြတ်ထက်ကတော့ ၂၀၀၅ ခုနှစ်ကတည်းကစတင်ခဲ့တဲ့ လုပ်ငန်းမှာ စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

“အမတို့က အစကတည်းက ကျူရှင်မှာ လူအယောက် ၇၀ လောက်ရှိတော့ အွန်လိုင်းနဲ့ သင်ရင်လည်း ၄၀ လောက်ဆိုတော့ ဆက်ဖွင့်လို့တော့ ရတယ်။ ဒါပေမဲ့ တချို့ ကျူရှင်တွေကျတော့ အဆင်မပြေဘူးပေါ့။ အယောက် ၃၀ လောက်ပဲ ရှိတာမျိုးကကျတော့ အွန်လိုင်းနဲ့ ဖွင့်မယ်ဆိုရင် ၅ ယောက်၊ ၁၀ ယောက်လောက်ပဲ တက်မယ်ဆိုရင် ဆရာတွေက ဘယ်လိုမှ အဆင်မပြေဘူးလေ။ အဲ့ဒီလိုမျိုး ရှိတယ်။ နောက်တစ်ခါ ကျူရှင်တွေ ပိတ်တာကြာတဲ့အခါကျတော့ ရန်ကုန်မှာလာပြီးတော့ အခန်းငှားပြီးနေရတဲ့ ဆရာတွေကျတော့ အကုန်လုံး ဒီမှာ လခတွေ တိုက်ခန်းငှားခတွေ၊ အိမ်ခန်းငှားခတွေ၊ ပေးနေရတာက လပေါင်းများစွာကျ အဆင်မပြေတော့ ကျူရှင်ပိတ်ပြီးတော့ နယ်ပြန်သွားတဲ့သူတွေလည်း ရှိတာပေါ့နော်။ အဲ့ဒါတွေကတော့ အမတို့ အများကြီးတွေ့ရတာပေါ့။”

စာသင်နှစ် တနှစ်လုံးနီးပါး ကျောင်းတွေ ပိတ်ထားရသလို၊ ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မလဲ၊ ဘယ်လိုပုံစံ ပြန်ဖွင့်မလဲဆိုတာ မရေရာ မသေချာသေးတာကြောင့် လုပ်ငန်းတွေ ရပ်တည်ရေး အခက်အခဲတွေလည်း ရှိနေပါတယ်။ ပုဂ္ဂလိကကျောင်းပေါင်း ၂၈၀ ကျော် ရှိတဲ့ ရန်ကုန်တိုင်းမှာ ကပ်ရောဂါကာလ ထိခိုက်နေတဲ့ ပညာရေးလုပ်ငန်းတွေအတွက် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအဖြစ် ချေးငွေပေးတာ အပါအဝင် အစိုးရက ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့လည်း ပညာရေး ဝန်ဆောင်မှုလုပ်ငန်းတခုဖြစ်တဲ့ ICEC Education ကုမ္ပဏီ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။

“ဆရာတို့ Private ကျောင်းတွေဆိုတာ တကယ့်တကယ်က နိုင်ငံတော်ရဲ့ ပညာရေးစနစ်ကို နိုင်ငံတော် မနိုင်မနင်းဖြစ်နေတဲ့ ပညာရေးစနစ်ကို ဝိုင်းပြီးကူညီနေတာ ကူညီနေတာဖြစ်တဲ့ အတွက် ဒီကူညီနေတဲ့ သူတွေက အခု မကူညီနိုင်တော့ဘူး ကိုယ်ကိုယ်တိုင်တောင် မရပ်တည်နိုင်တော့ဘူးဆိုတော့ အဲ့ဒါ အဓိက အခက်အခဲပဲ။ SME ကိစ္စ ဆရာကိုယ်တိုင် အဲ့မှာ UMFCCI ရုံးကို ဆရာကိုယ်တိုင်သွားတဲ့အခါမှာ သူက ဘာပြောလဲဆိုတော့ ‘ဆရာ... တင်ခွင့်မပြုပါဘူးတဲ့၊ ဒီထဲမှာ အချက်ထဲမှာကိုက သင်တန်းကျောင်းဆိုရင် ဖွင့်ခွင့်ပြုပါတယ်။ Private ကျောင်းနဲ့ မူကြိုကျောင်းများကို မပါဆိုပြီးတော့’ ဆရာတို့ကို လုံးဝ ပယ်တာ ဒီမှာ Private ကျောင်းတွေက ရပ်တည်ဖို့ တအားခက်တယ်။ တချို့ကျောင်းလေးတွေက ဆရာစိတ်လည်း မကောင်းဘူး။ တချို့ဆို ကျမ ဘယ်လိုလုပ်ရမတုန်း၊ ကျနော် ဘယ်လိုလုပ်ရမတုန်း ဆရာဆိုပြီး ကျနော်ကို လာအကြံအဉာဏ်တောင်းတယ်။ ကဲ ဒီအချိန်မှာ ငါ့ကိုယ်ငါတောင် တော်တော်ရပ်တည်နေရတာ။ အဲ့ဒီတော့ တော်တော်အခက်အခဲဖြစ်ကြတယ်။ အဲ့ဒီလိုဖြစ်ကြတဲ့ခါ ဆရာတစ်ခုကြောက်တာ အစိုးရရဲ့ ကူညီပံ့ပိုးမှုသာ မရှိရင် Private ကျောင်းတွေ ပြိုလဲသွားနိုင်တယ်။”

ကပ်ရောဂါကာလ အစိုးရရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်မှာ ပုဂ္ဂလိကပညာရေးလုပ်ငန်းတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လည်း ပညာရေးလုပ်ငန်း လုပ်နေသူတွေက မျှော်လင့်နေကြပါတယ်။ ချေးငွေပေးတာအပြင်၊ အခွန်သက်သာခွင့်၊ ကင်းလွတ်ခွင့်တွေလို အစီအစဉ်မျိုးတွေ လုပ်ပေးစေချင်တယ်လို့လည်း မန္တလေးမြို့က KMC ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင် ဦးခင်မောင်ချိုက ပြောပါတယ်။

“အခြားလုပ်ငန်းတွေအများကြီးမှာ ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေရှိသလိုပဲ ဒီနိုင်ငံတော်ရဲ့ ပညာရေးကို တဘက်တစ်လမ်းက ကျနော်က ဝိုင်းဝန်းထမ်းရွက်ပေးနေတဲ့ ကျနော်တို့ ကိုယ်ပိုင်ကျောင်းတွေမှာလည်း အခက်အခဲတွေ အများကြီး ရှိတာပေါ့နော်။ ကိုယ်ပိုင်ကျောင်းတွေမှာက သဘောတရားအရ ငှားရမ်းသုံးစွဲတယ်ဆိုရင် ငှားရမ်းခတွေပေးရမယ်။ ကျောင်းသာ မဖွင့်တာာ သက်ဆိုင်ရာ အခွန်အခတွေလည်း ရှိတယ်။ မဖြစ်မနေ ကျနော်တို့ ခန့်ထားရတဲ့ ဝန်ထမ်းလစာတွေ ရှိတယ်။ ဒါ့အပြင် ဘဏ်ချေးငွေတွေ လုပ်မယ်ဆိုလို့ရှိရင်လည်း ဘဏ်ချေးငွေတွေက သူ့အချိန်နဲ့သူ ပေးနေရတာရှိတယ်။ အဲ့ဒီလိုတွေ အခက်အခဲတွေ အများကြီးရှိတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတော်ဘက်ကလည်း ကျနော်တို့ ဒါတွေကို နည်းနည်းလေး တချို့ဟာတွေကို သက်ညှာပေးမယ့် ပံ့ပိုးကူညီပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ နည်းနည်းသက်သာတာပေါ့ဗျာ။”

ကပ်ရောဂါကြောင့် အွန်လိုင်းပညာရေး ခေတ်စားလာတယ် ဆိုပေမဲ့လည်း နည်းပညာနဲ့ သင်ကြားရေး အထောက်အကူပစ္စည်း လိုအပ်ချက်တွေကလည်း စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း သင်ကြားရေး ပုံစံသစ်ဟာ ကပ်ရောဂါကာအလွန် နောက်ပိုင်းမှာလည်း လိုအပ်ချက်တခု ဖြစ်လာနိုင်တာကြောင့် ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ရန်ကုန်မြို့က ဘာသာရပ်သင်ဆရာ ဦးနေထက်အောင်က ပြောပါတယ်။

“လာမယ့်နှစ်တွေမှာ ပညာရေးစနစ် အပြောင်းအလဲမှာ ကျနော်တို့က အွန်လိုင်းကို အခြေခံပြီး လေ့လာရမယ့် စနစ်က လိုကိုလိုအပ်လာမှာပါ။ အဲ့ဒီအတွက်ကြောင့် သင်ရတဲ့ ဆရာတွေအနေနဲ့ရော လေ့လာသင်ယူနေကြတဲ့ ကျောင်းသားတွေအနေနဲ့ရော ဒါမဖြစ်မနေပေါ့နှော် ခုဒါကို E-Learning စနစ်ခေါ်မှာပေါ့နော်။ ဒီ E-Learning စနစ်ကို သွားဖို့လိုမှာဖြစ်တဲ့အတွက်ကြောင့် ရေရှည်အတွက် ဆရာတွေဘက်ကလည်း ကြိုတင်ပြင်ဆင်ဖို့အတွက်လိုတယ်။ ကျနော့် အရင်က အပြင်မှာ စာသင်သလိုမျိုး ပုံစံမဟုတ်ဘဲနဲ့ Presentation ကောင်းကောင်းနဲ့ ကျနော်တို့က Power Point Slide တွေကို သုံးပြီးတော့ သင်ထောက်ကူတွေကို သုံးပြီးတော သင်ဖို့အတွက်လည်း ကျနော်တို့ဘက်က ပြင်ဆင်ရပါမယ်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသား အရေအတွက် သန်းပေါင်း ၁,၅၀၀ ကျော်လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေ ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG