သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအြန္လိုင္းပညာသင္ၾကားေရး အခက္အခဲမ်ားစြာ ရွိေန


ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ စာသင္ႏွစ္ တစ္ႏွစ္လုံးနီးပါး ေက်ာင္းေတြပိတ္ထားရတဲ့ အခ်ိန္မွာ အင္တာနက္ အြန္လိုင္းကေန ေက်ာင္းသင္ခန္းစာေတြကို သင္ယူႏိုင္ေအာင္ စီစဥ္ေနေပမဲ့ စိန္ေခၚမႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံမွာ ေက်ာင္းေတြကို ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလိုင္လထဲမွာ ျပန္ဖြင့္ခဲ့ေပမဲ့ ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တိုးလာတဲ့အတြက္ ေက်ာင္းေတြ ျပန္ပိတ္ထားရတာ အခုအခ်ိန္အထိပါ။ ဒီလို ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္မွာ ပညာေရး အဆက္မျပတ္ေအာင္ ပညာေရးဝန္ႀကီးဌာနက အင္တာနက္ အြန္လိုင္းကေန သင္ခန္းစာေတြကို ထုတ္လႊင့္ေပးေနပါတယ္။

ဒါေပမဲ့လည္း အြန္လိုင္းသင္ၾကားမႈ အစီအစဥ္ေတြကို လက္လွမ္းမမီေသးတဲ့သူေတြ အမ်ားအျပား ရွိေနတာက အဓိက စိန္ေခၚမႈတခု ျဖစ္ေနတယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနရဲ႕ အြန္လိုင္းသင္ၾကားေရး အစီအစဥ္ေတြမွာ ပါဝင္ကူညီေနတဲ့ Myanmar Digital Education Platform (Mdep) တာဝန္ခံ ဦးတင္ေမာင္ေမာင္ေအးက ေျပာပါတယ္။

“က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ဒီကိုဗစ္အလြန္မွာ က်ေနာ္တို႔ ပညာေရးစနစ္က ေတာ္ေတာ္ႀကီးကို သြက္သြက္လက္လက္နဲ႔ ဦးျပန္ေမာ့လာမွာေပါ့ေနာ္။ ဒီၾကားထဲမွာကေတာ့ ေက်ာင္းသူေက်ာင္းသားေတြက စာသင္ဖို႔ အခြင့္အေရးေတြ ဆုံးရႈံးသြားတာကေတာ့ အတိုင္းအတာတစ္ခုအထိေတာ့ ရွိေနပါတယ္။ ဒီအြန္လိုင္း အေျချပဳသင္ၾကားနည္းဆိုတဲ့ ဟာက တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ မျဖစ္ႏိုင္ဘူး။ တခ်ိဳ႕ေနရာေတြဆိုလို႔ရွိရင္ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မီးေတာင္မွ မရေသးဘူး။ အင္တာနက္နဲ႔ အြန္လိုင္းနဲ႔ ခ်ိတ္ႏိုင္ဖို႔ဆိုတာက ပိုေဝးတာေပါ့ေႏွာ္။ အဲ့ဒီေတာ့ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ကေတာ့ Education 4.0 နဲ႔ အြန္လိုင္းပညာေရးဆိုတဲ့ဟာက ေက်ာင္းေတြပိတ္ထားတဲ့ အခ်ိန္မွာ သင္ၾကားသင္ယူမႈ မဆုံးရႈံးသြားရေအာင္လို႔ လက္လွမ္းမီတဲ့ မိဘေတြ ေက်ာင္းသားေတြ ဆရာဆရာမေတြအေနနဲ႔ ေလ့လာသင္ယူႏိုင္ေအာင္ဆိုၿပီးေတာ့ပဲ က်ေနာ္တို႔ ဒီ Mdep ကို စတင္ၿပီးေတာ့ လႊင့္တင္ခဲ့တာေပါ့ေနာ္။”

ေက်ာင္းေတြျပန္ဖြင့္တဲ့အခါ စာသင္ခန္းေတြမွာ သင္ၾကားမႈေတြ ျမန္ဆန္သြက္လက္ဖို႔ သင္႐ိုးေတြကို ျပင္ဆင္တာ၊ အင္တာနက္ မရတဲ့ေဒသက ေက်ာင္းသားနဲ႔ ဆရာ၊ ဆရာမေတြအတြက္ Tablet ကြန္ျပဴတာ ၂၀၀,၀၀၀ နီးပါး ျဖန႔္ေဝဖို႔ အပါအဝင္ သင္ၾကားေရးမွာ အကူအညီ ေပးႏိုင္ေအာင္ ႀကိဳးပမ္းေနတယ္လို႔လည္း ဦးတင္ေမာင္ေမာင္ေအးက ေျပာပါတယ္။

ဒါေပမဲ့လည္း သင္႐ိုးၫႊန္းတန္းသစ္ေတြ၊ အြန္လိုင္း သင္ၾကားမႈေတြလို အေတြ႕အႀကဳံသစ္ေတြဟာ ေက်ာင္းသားေတြ အတြက္ သာမက သင္ၾကားပို႔ခ်မယ့္ ဆရာေတြအတြက္ပါ စိန္ေခၚမႈေတြ ျဖစ္လာႏိုင္တယ္လို႔လည္း ရန္ကုန္ၿမိဳ႕က နည္းပညာလုပ္ငန္းတခုျဖစ္တဲ့ CC Educare ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ေဒၚခ်စ္အိမ္သူက ေျပာပါတယ္။

“သင္႐ိုးၫႊန္းတန္း ေျပာင္းလို႔ Challenge က တစ္ခု၊ နည္းပညာနဲ႔ သင္ရတာက တစ္ခုဆိုေတာ့ Challenge ကေတာ့ အရမ္းမ်ားတယ္ေပါ့ေနာ္။ ၿပီးေတာ့ ဆရာမေတြက အမ်ားႀကီးေတာ့ ႀကိဳးစားၿပီးေတာ့ လုပ္ေနတယ္ေပါ့ေနာ္။ ဆိုေတာ့ ဘယ္ေလာက္ၾကာမလဲ ဘယ္ေလာက္ထိေရာက္မႈ ရွိမလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမယ္ေပါ့ေနာ္။ ဆရာမဘက္ကၾကည့္ရင္ နည္းပညာက သူ႔အတြက္ အရမ္းခက္ခဲေနတယ္။ ဘာလို႔ဆို နည္းပညာက သင္ကိုသင္ယူရမယ့္ Skill မဟုတ္ခဲ့ဘူး။ တကယ့္ Basic Literacy Skill မရွိဘဲနဲ႔ သြားေနရတာေတြရွိတယ္ေပါ့ေနာ္။ အဲ့ဒီအတြက္ကို ပညာေရးဝန္ႀကီးဌာနဘက္ကလည္း Support ေပးမဲ့လို႔ အမ ထင္ပါတယ္။ အဓိက လိုေနတာကေတာ့ Digital Literacy Skill ေပါ့... အဲ့ဒါလိုတယ္။”

ပညာေရးဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေပါင္း ၄၇,၀၀၀ ေက်ာ္ရွိၿပီး၊ ေက်ာင္းသား ၁၀ သန္းနီးပါးနဲ႔ ေက်ာင္းဆရာ ၇၂,၀၀၀ ေက်ာ္ ရွိပါတယ္။

ကပ္ေရာဂါကာလ ေက်ာင္းေတြ အားလုံးလိုလို ပိတ္ထားရတဲ့အခ်ိန္မွာ အြန္လိုင္းကေန ပညာေရးအဆက္မျပတ္ေအာင္ သင္ၾကားခြင့္ရတဲ့ ေက်ာင္းသားေတြလည္း ရွိပါတယ္။ ပုဂၢလိကပညာေရးက႑က ပို႔ခ်တဲ့ သင္ခန္းစာေတြကို သင္ယူၾကသူ အမ်ားစု အပါအဝင္ အြန္လိုင္းကေန သင္ယူခြင့္ရသူေတြ ရွိေပမဲ့လည္း သင္ၾကားမႈ ပုံစံသစ္မွာ စိန္ေခၚမႈေတြ ရွိေနဆဲျဖစ္တယ္လို႔လည္း မႏၲေလးၿမိဳ႕က KMC ကိုယ္ပိုင္အထက္တန္းေက်ာင္းပိုင္ရွင္ ဦးခင္ေမာင္ခ်ိဳက ေျပာပါတယ္။

“ခုက အေဝးကေနၿပီးေတာ့ ႐ုပ္နဲ႔အသံနဲ႔ပဲ ျမင္ရတယ္ဆိုေတာ့ ကေလးက ဒါကို စိတ္ပါလက္ပါနဲ႔ လိုက္ၿပီးေတာ့ လုပ္ျဖစ္ဖို႔ လုပ္ေနဖို႔ဆိုတာက က်ေနာ္တို႔ ခ်ည္းတတ္ႏိုင္တဲ့ ကိစၥမဟုတ္ဘူးေလ။ ဒါေၾကာင့္ က်ေနာ္တို႔ မိဘေတြကို အကူအညီေတာင္းၿပီးေတာ့ ေဘးကေနၿပီး ကူညီၾကပ္မတ္ခိုင္းတယ္။ ဒါအျပင္ ဆရာတစ္ေယာက္က စာသင္ေနလို႔ရွိရင္ ကေလးဘာလုပ္ေနလဲ၊ ကေလးက သူ႔ ဗီဒီယိုကင္မရာကို ပိတ္ထားသလား၊ ကေလးက ေဆာ့ေနသလား ဖုန္းႏွိပ္ေနသလားေပါ့ေနာ္၊ စသျဖင့္ေပါ့ေနာ္။ အဲ့ဒါေတြကိုလည္း ေဘးကေန ေစာင့္ၾကည့္ေပးတဲ့ ဆရာ၊ ဆရာမေတြေပါ့ေနာ္။ က်ေနာ္တို႔ ေဘးကေန အဲ့ဒီလိုေတြထားၿပီးေတာ့ လုပ္ရတာေပါ့ေနာ္။ အတန္းထဲမွာလိုေတာ့ ကေလးေတြကို ေပ်ာ္႐ႊင္တက္ႂကြစြာနဲ႔ စိတ္ပါလက္ပါ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ အဲ့ဒီလိုမ်ိဳးပုံစံမ်ိဳး အားရပါးရေတာ့ သင္လို႔မရဘူးေပါ့ဗ်ာ။ ရႏိုင္တဲ့ အေနအထားမွာပဲ ကေလးက လိုခ်င္စိတ္ရွိမယ္။ မိဘဘက္ကလည္း ပူးေပါင္းပါဝင္ၿပီးေတာ့ ၾကပ္မတ္ေပးမႈရွိတယ္ဆိုရင္ေတာ့ အေတာ္ေအာင္ျမင္ႏိုင္တာေပါ့ေနာ္။”

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ရဲ႕ ၿပီးခဲ့တဲ့ႏွစ္ထဲ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာေတာ့ ကပ္ေရာဂါေၾကာင့္ ကမာၻတဝန္းမွာ ေက်ာင္းမတက္ႏိုင္တဲ့ ေက်ာင္းသား အေရအတြက္ သန္းေပါင္း ၁,၅၀၀ ေက်ာ္ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာ အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေန ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအွန်လိုင်းပညာသင်ကြားရေး အခက်အခဲများစွာ ရှိနေ

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ စာသင်နှစ် တစ်နှစ်လုံးနီးပါး ကျောင်းတွေပိတ်ထားရတဲ့ အချိန်မှာ အင်တာနက် အွန်လိုင်းကနေ ကျောင်းသင်ခန်းစာတွေကို သင်ယူနိုင်အောင် စီစဉ်နေပေမဲ့ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာ ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာတဲ့အတွက် ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။ ဒီလို ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ပညာရေး အဆက်မပြတ်အောင် ပညာရေးဝန်ကြီးဌာနက အင်တာနက် အွန်လိုင်းကနေ သင်ခန်းစာတွေကို ထုတ်လွှင့်ပေးနေပါတယ်။

ဒါပေမဲ့လည်း အွန်လိုင်းသင်ကြားမှု အစီအစဉ်တွေကို လက်လှမ်းမမီသေးတဲ့သူတွေ အများအပြား ရှိနေတာက အဓိက စိန်ခေါ်မှုတခု ဖြစ်နေတယ်လို့လည်း ပညာရေးဝန်ကြီးဌာနရဲ့ အွန်လိုင်းသင်ကြားရေး အစီအစဉ်တွေမှာ ပါဝင်ကူညီနေတဲ့ Myanmar Digital Education Platform (Mdep) တာဝန်ခံ ဦးတင်မောင်မောင်အေးက ပြောပါတယ်။

“ကျနော် မျှော်လင့်ပါတယ်။ ဒီကိုဗစ်အလွန်မှာ ကျနော်တို့ ပညာရေးစနစ်က တော်တော်ကြီးကို သွက်သွက်လက်လက်နဲ့ ဦးပြန်မော့လာမှာပေါ့နော်။ ဒီကြားထဲမှာကတော့ ကျောင်းသူကျောင်းသားတွေက စာသင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားတာကတော့ အတိုင်းအတာတစ်ခုအထိတော့ ရှိနေပါတယ်။ ဒီအွန်လိုင်း အခြေပြုသင်ကြားနည်းဆိုတဲ့ ဟာက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဖြစ်နိုင်ဘူး။ တချို့နေရာတွေဆိုလို့ရှိရင် နေရာတော်တော်များများမှာ မီးတောင်မှ မရသေးဘူး။ အင်တာနက်နဲ့ အွန်လိုင်းနဲ့ ချိတ်နိုင်ဖို့ဆိုတာက ပိုဝေးတာပေါ့နှော်။ အဲ့ဒီတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ Education 4.0 နဲ့ အွန်လိုင်းပညာရေးဆိုတဲ့ဟာက ကျောင်းတွေပိတ်ထားတဲ့ အချိန်မှာ သင်ကြားသင်ယူမှု မဆုံးရှုံးသွားရအောင်လို့ လက်လှမ်းမီတဲ့ မိဘတွေ ကျောင်းသားတွေ ဆရာဆရာမတွေအနေနဲ့ လေ့လာသင်ယူနိုင်အောင်ဆိုပြီးတော့ပဲ ကျနော်တို့ ဒီ Mdep ကို စတင်ပြီးတော့ လွှင့်တင်ခဲ့တာပေါ့နော်။”

ကျောင်းတွေပြန်ဖွင့်တဲ့အခါ စာသင်ခန်းတွေမှာ သင်ကြားမှုတွေ မြန်ဆန်သွက်လက်ဖို့ သင်ရိုးတွေကို ပြင်ဆင်တာ၊ အင်တာနက် မရတဲ့ဒေသက ကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအတွက် Tablet ကွန်ပြူတာ ၂၀၀,၀၀၀ နီးပါး ဖြန့်ဝေဖို့ အပါအဝင် သင်ကြားရေးမှာ အကူအညီ ပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့လည်း ဦးတင်မောင်မောင်အေးက ပြောပါတယ်။

ဒါပေမဲ့လည်း သင်ရိုးညွှန်းတန်းသစ်တွေ၊ အွန်လိုင်း သင်ကြားမှုတွေလို အတွေ့အကြုံသစ်တွေဟာ ကျောင်းသားတွေ အတွက် သာမက သင်ကြားပို့ချမယ့် ဆရာတွေအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ရန်ကုန်မြို့က နည်းပညာလုပ်ငန်းတခုဖြစ်တဲ့ CC Educare ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ချစ်အိမ်သူက ပြောပါတယ်။

“သင်ရိုးညွှန်းတန်း ပြောင်းလို့ Challenge က တစ်ခု၊ နည်းပညာနဲ့ သင်ရတာက တစ်ခုဆိုတော့ Challenge ကတော့ အရမ်းများတယ်ပေါ့နော်။ ပြီးတော့ ဆရာမတွေက အများကြီးတော့ ကြိုးစားပြီးတော့ လုပ်နေတယ်ပေါ့နော်။ ဆိုတော့ ဘယ်လောက်ကြာမလဲ ဘယ်လောက်ထိရောက်မှု ရှိမလဲဆိုတာကတော့ စောင့်ကြည့်ရမယ်ပေါ့နော်။ ဆရာမဘက်ကကြည့်ရင် နည်းပညာက သူ့အတွက် အရမ်းခက်ခဲနေတယ်။ ဘာလို့ဆို နည်းပညာက သင်ကိုသင်ယူရမယ့် Skill မဟုတ်ခဲ့ဘူး။ တကယ့် Basic Literacy Skill မရှိဘဲနဲ့ သွားနေရတာတွေရှိတယ်ပေါ့နော်။ အဲ့ဒီအတွက်ကို ပညာရေးဝန်ကြီးဌာနဘက်ကလည်း Support ပေးမဲ့လို့ အမ ထင်ပါတယ်။ အဓိက လိုနေတာကတော့ Digital Literacy Skill ပေါ့... အဲ့ဒါလိုတယ်။”

ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း ၄၇,၀၀၀ ကျော်ရှိပြီး၊ ကျောင်းသား ၁၀ သန်းနီးပါးနဲ့ ကျောင်းဆရာ ၇၂,၀၀၀ ကျော် ရှိပါတယ်။

ကပ်ရောဂါကာလ ကျောင်းတွေ အားလုံးလိုလို ပိတ်ထားရတဲ့အချိန်မှာ အွန်လိုင်းကနေ ပညာရေးအဆက်မပြတ်အောင် သင်ကြားခွင့်ရတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ပုဂ္ဂလိကပညာရေးကဏ္ဍက ပို့ချတဲ့ သင်ခန်းစာတွေကို သင်ယူကြသူ အများစု အပါအဝင် အွန်လိုင်းကနေ သင်ယူခွင့်ရသူတွေ ရှိပေမဲ့လည်း သင်ကြားမှု ပုံစံသစ်မှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်တယ်လို့လည်း မန္တလေးမြို့က KMC ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင် ဦးခင်မောင်ချိုက ပြောပါတယ်။

“ခုက အဝေးကနေပြီးတော့ ရုပ်နဲ့အသံနဲ့ပဲ မြင်ရတယ်ဆိုတော့ ကလေးက ဒါကို စိတ်ပါလက်ပါနဲ့ လိုက်ပြီးတော့ လုပ်ဖြစ်ဖို့ လုပ်နေဖို့ဆိုတာက ကျနော်တို့ ချည်းတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူးလေ။ ဒါကြောင့် ကျနော်တို့ မိဘတွေကို အကူအညီတောင်းပြီးတော့ ဘေးကနေပြီး ကူညီကြပ်မတ်ခိုင်းတယ်။ ဒါအပြင် ဆရာတစ်ယောက်က စာသင်နေလို့ရှိရင် ကလေးဘာလုပ်နေလဲ၊ ကလေးက သူ့ ဗီဒီယိုကင်မရာကို ပိတ်ထားသလား၊ ကလေးက ဆော့နေသလား ဖုန်းနှိပ်နေသလားပေါ့နော်၊ စသဖြင့်ပေါ့နော်။ အဲ့ဒါတွေကိုလည်း ဘေးကနေ စောင့်ကြည့်ပေးတဲ့ ဆရာ၊ ဆရာမတွေပေါ့နော်။ ကျနော်တို့ ဘေးကနေ အဲ့ဒီလိုတွေထားပြီးတော့ လုပ်ရတာပေါ့နော်။ အတန်းထဲမှာလိုတော့ ကလေးတွေကို ပျော်ရွှင်တက်ကြွစွာနဲ့ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင်နဲ့ အဲ့ဒီလိုမျိုးပုံစံမျိုး အားရပါးရတော့ သင်လို့မရဘူးပေါ့ဗျာ။ ရနိုင်တဲ့ အနေအထားမှာပဲ ကလေးက လိုချင်စိတ်ရှိမယ်။ မိဘဘက်ကလည်း ပူးပေါင်းပါဝင်ပြီးတော့ ကြပ်မတ်ပေးမှုရှိတယ်ဆိုရင်တော့ အတော်အောင်မြင်နိုင်တာပေါ့နော်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကပ်ရောဂါကြောင့် ကမ္ဘာတဝန်းမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းသား အရေအတွက် သန်းပေါင်း ၁,၅၀၀ ကျော်လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာ အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေ ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG