သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြျပန္ဖြင့္ဖို႔ ျပင္ဆင္ေနၿပီ


ရန္ကုန္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း တေက်ာင္းရဲ႕ ကိုဗစ္ကာလ ပထမဆံုးေက်ာင္းဖြင့္ရက္ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စာသင္ႏွစ္ တစ္ ႏွစ္လုံးနီးပါး ရပ္နားထားရတဲ့ ေက်ာင္းေတြကုိ ျပန္ဖြင့္ႏုိင္ေအာင္ တာ၀န္ရွိသူေတြ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ကတည္းက ပိတ္ထားရတဲ့ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္ေအာင္ က်န္းမာေရးဆုိင္ရာ ညႊန္ၾကားခ်က္ေတြနဲ႔အညီ ျပင္ဆင္ထားဖုိ႔ အေျခခံပညာဦးစီးဌာနက စီစဥ္ေနတာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ တေက်ာ့ျပန္ ကူးစက္မႈေတြ စတင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာလည္း အေျခခံပညာဦးစီးဌာနရဲ႕ ညႊန္ၾကားခ်က္အရ က်န္းမာေရး စံသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ေဆာင္႐ြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ ရခိုင္ျပည္နယ္ ပညာေရးမွဴး ဦးတင္သိန္းက ဗီြအိုေအကို ေျပာပါတယ္။

“မနက္ျဖန္အစည္းအေဝး ေခၚထားတယ္။ အားလုံးကို (ၿမိဳ႕နယ္၊ ခ႐ိုင္ ပညာေရးမွဴးေတြနဲ႔ ေက်ာင္းအုပ္ေတြကို) Zoom Meeting လုပ္ၿပီး အားလုံးကို အေသးစိတ္စီစဥ္ၿပီး ေနာက္တစ္ပတ္က စလုပ္မယ္။ ခု လာမယ္ပုံစံကို မေျပာတတ္ေသးဘူး။ အရင္တစ္ေခါက္ကေတာ့ အထက္တန္းကေန စတယ္။ ခုကေတာ့ ဘယ္လိုလာမလဲ မသိေသးဘူး။ ေက်ာင္းေတြကိုပဲ ဖြင့္ႏိုင္ေအာင္ အဆင္သင့္လုပ္ထားဆိုေတာ့ ေက်ာင္းေတြကိုပဲ အရင္ျပင္ဆင္ထားတာ။”

ကပ္ေရာဂါေၾကာင့္ အေျခခံပညာေက်ာင္းေတြကုိ ၿပီးခဲ့တဲ့ႏွစ္ထဲ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ဖြင့္ခဲ့ရၿပီး ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ေပၚေပါက္ခဲ့တာေၾကာင့္ ေက်ာင္းေတြဖြင့္ၿပီး ၁ လအၾကာ ၾသဂုတ္လထဲမွာပဲ ျပန္ပိတ္ခဲ့ရတာပါ။ စာသင္ႏွစ္တႏွစ္လုံးနီးပါး ပိတ္ထားခဲ့ရတဲ့ ေက်ာင္းေတြကုိေတာ့ တဆင့္ခ်င္း ျပန္ဖြင့္ေပးဖုိ႔ စီစဥ္ထားတယ္လုိ႔လည္း မြန္ျပည္နယ္ ပညာေရးမွဴး ေဒါက္တာခ်ိဳခ်ိဳျမတ္ေအာင္က ေျပာပါတယ္။

“ကိုဗစ္ဗဟိုေကာ္မတီရဲ႕ လက္ရွိျဖစ္ပြားေနတဲ့ အေျခအေနေပၚမွာ ထည့္သြင္းသုံးသပ္ၿပီးေတာ့ အေၾကာင္းခ်င္းရာ မ်ိဳးစုံေပါ့ေနာ္။ ဒီအေပၚမွာသုံးသပ္ၿပီးေတာ့ သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာမူတည္တာ ျဖစ္တယ္။ ဖြင့္တဲ့ အခါက်လို႔ရွိရင္လည္း အထက္တန္း၊ အလယ္တန္း၊ မူလတန္းကို တစ္ၿပိဳင္နက္တည္း၊ တစ္ခါတည္း မဖြင့္ႏိုင္သည့္တိုင္ေအာင္ေတာင္မွ အထက္တန္းၿပီးရင္ အလယ္တန္း ၿပီးရင္ မူလတန္းေပါ့ အဲ့ဒါကို အခ်ိန္အမ်ားႀကီး အကြာျခားႀကီး မျဖစ္ေစဘဲေပါ့ေနာ္။ ဖြင့္လွစ္ခြင့္ရရင္ေတာ့ အဲ့ဒီလိုပုံစံမ်ိဳးနဲ႔ ဖြင့္လွစ္သြားႏိုင္ဖို႔ ေဆြးေႏြးထားတာကိုေတာ့ သိရပါတယ္ရွင့္။”

ပုဂၢလိကေက်ာင္းေတြမွာလည္း ေက်ာင္းျပန္ဖြင့္ဖို႔အတြက္ က်န္းမာေရးသတ္အတြက္ စံသတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ေနၾကပါတယ္။ ပုဂၢလိကေက်ာင္းေတြမွာ သင္ၾကားမႈအတြက္ ျပင္ဆင္ေဆာင္႐ြက္ေနတာနဲ႔ ပတ္သက္လို႔လည္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာဆရာမမ်ားအဖြဲ႕ခ်ဳပ္ ပုဂၢလိက ပညာေရးက႑အတြင္းေရးမွဴး ဦးေက်ာ္မင္းခန္႔က ခုလိုေျပာပါတယ္။

“အခုေတာ့ စၿပီးေတာ့ ျပင္ဆင္ေနပါၿပီ။ ျပင္ဆင္တယ္ဆိုတာ သန္႔ရွင္းေရးေတြ လုပ္ေနၿပီ။ ေနာက္ၿပီးေတာ့ အရင္တုန္းက အခ်က္ ၈၀ ျပဌာန္းထားတဲ့ ေက်ာင္းေတြက အခ်က္ ၈၀ ကို ျပန္စစ္ေဆးေနၿပီ။ ဒါေပမဲ့ တိတိက်က် အစိုးရက ေက်ာင္းဖြင့္မယ့္ရက္ကို မထုတ္ျပန္ေသးတဲ့အတြက္ေၾကာင့္ ျပင္ေတာ့ျပင္ေနရတယ္။ ဒါေပမဲ့ တိတိက်က်ႀကီးေတာ့ ျပင္းျပင္းထန္ထန္ အားတက္သေရာေတာ့ ျပင္ဆင္မႈအတြက္ကေတာ့ နည္းနည္း ေဆာ္ၾသရအုံးမယ္ထင္တယ္။ တိက်တဲ့ ေက်ာင္းဖြင့္ရက္ေတြဘာေတြ စာထြက္လာၿပီဆိုရင္ေတာ့ သူတို႔ ေသခ်ာေအာင္ျပင္ဆင္လိမ့္မယ့္လို က်ေနာ္တို႔ ယူဆပါတယ္။ အခုရက္ပိုင္းကေတာ့ ႀကိဳတင္ၿပီးေတာ့ ေက်ာင္းသားေတြကို ျပန္စည္း႐ုံးတဲ့ အေနနဲ႔ ေက်ာင္းတည္ေထာင္တဲ့ သူေတြက အြန္လိုင္းနဲ႔ ဆက္ၿပီးေတာ့ စာေလးေတြ ေႏြးထားရေအာင္ သင္ထားရေအာင္ဆိုၿပီးေတာ့ စည္း႐ုံးၿပီးေတာ့ သူတို႔ေက်ာင္းသားကို သူတို႔ ျပန္ၿပီးေတာ့ Remind လုပ္ေနတာမ်ိဳးေတြကိုလည္း က်ေနာ္တို႔ ေတြ႕ေနရတယ္ေပါ့ေနာ္။”

ကပ္ေရာဂါကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ စာသင္ေက်ာင္းေတြကုိပါ ပိတ္ထားရတာေၾကာင့္ ပညာေရး ထိခုိက္မွာကုိ ႏုိင္ငံတကာ အသုိင္းအ၀န္းကလည္း စုိးရိမ္ေနတာပါ။ ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ကေတာ့ ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတဝန္း ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ သတိေပးခဲ့တာပါ။ ကမာၻတ၀န္း စာသင္ခန္းနဲ႔ ေဝးတဲ့ ေက်ာင္းသား သန္းေပါင္း ၁၅,၀၀၀ ေလာက္မွာ သန္း ၄၆၀ ေက်ာ္ဟာလည္း အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔လည္း Unicef က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ် တစ် နှစ်လုံးနီးပါး ရပ်နားထားရတဲ့ ကျောင်းတွေကို ပြန်ဖွင့်နိုင်အောင် တာဝန်ရှိသူတွေ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ပြင်ဆင်ထားဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ ကျန်းမာရေး စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“မနက်ဖြန်အစည်းအဝေး ခေါ်ထားတယ်။ အားလုံးကို (မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်တွေကို) Zoom Meeting လုပ်ပြီး အားလုံးကို အသေးစိတ်စီစဉ်ပြီး နောက်တစ်ပတ်က စလုပ်မယ်။ ခု လာမယ်ပုံစံကို မပြောတတ်သေးဘူး။ အရင်တစ်ခေါက်ကတော့ အထက်တန်းကနေ စတယ်။ ခုကတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ ကျောင်းတွေကိုပဲ ဖွင့်နိုင်အောင် အဆင်သင့်လုပ်ထားဆိုတော့ ကျောင်းတွေကိုပဲ အရင်ပြင်ဆင်ထားတာ။”

ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ပြီးခဲ့တဲ့နှစ်ထဲ ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျဖွင့်ခဲ့ရပြီး ရောဂါကူးစက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာကြောင့် ကျောင်းတွေဖွင့်ပြီး ၁ လအကြာ သြဂုတ်လထဲမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။ စာသင်နှစ်တနှစ်လုံးနီးပါး ပိတ်ထားခဲ့ရတဲ့ ကျောင်းတွေကိုတော့ တဆင့်ချင်း ပြန်ဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့လည်း မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။

“ကိုဗစ်ဗဟိုကော်မတီရဲ့ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ထည့်သွင်းသုံးသပ်ပြီးတော့ အကြောင်းချင်းရာ မျိုးစုံပေါ့နော်။ ဒီအပေါ်မှာသုံးသပ်ပြီးတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်တာ ဖြစ်တယ်။ ဖွင့်တဲ့ အခါကျလို့ရှိရင်လည်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကို တစ်ပြိုင်နက်တည်း၊ တစ်ခါတည်း မဖွင့်နိုင်သည့်တိုင်အောင်တောင်မှ အထက်တန်းပြီးရင် အလယ်တန်း ပြီးရင် မူလတန်းပေါ့ အဲ့ဒါကို အချိန်အများကြီး အကွာခြားကြီး မဖြစ်စေဘဲပေါ့နော်။ ဖွင့်လှစ်ခွင့်ရရင်တော့ အဲ့ဒီလိုပုံစံမျိုးနဲ့ ဖွင့်လှစ်သွားနိုင်ဖို့ ဆွေးနွေးထားတာကိုတော့ သိရပါတယ်ရှင့်။”

ပုဂ္ဂလိကကျောင်းတွေမှာလည်း ကျောင်းပြန်ဖွင့်ဖို့အတွက် ကျန်းမာရေးသတ်အတွက် စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်နေကြပါတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားမှုအတွက် ပြင်ဆင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ပုဂ္ဂလိက ပညာရေးကဏ္ဍအတွင်းရေးမှူး ဦးကျော်မင်းခန့်က ခုလိုပြောပါတယ်။

“အခုတော့ စပြီးတော့ ပြင်ဆင်နေပါပြီ။ ပြင်ဆင်တယ်ဆိုတာ သန့်ရှင်းရေးတွေ လုပ်နေပြီ။ နောက်ပြီးတော့ အရင်တုန်းက အချက် ၈၀ ပြဌာန်းထားတဲ့ ကျောင်းတွေက အချက် ၈၀ ကို ပြန်စစ်ဆေးနေပြီ။ ဒါပေမဲ့ တိတိကျကျ အစိုးရက ကျောင်းဖွင့်မယ့်ရက်ကို မထုတ်ပြန်သေးတဲ့အတွက်ကြောင့် ပြင်တော့ပြင်နေရတယ်။ ဒါပေမဲ့ တိတိကျကျကြီးတော့ ပြင်းပြင်းထန်ထန် အားတက်သရောတော့ ပြင်ဆင်မှုအတွက်ကတော့ နည်းနည်း ဆော်သြရအုံးမယ်ထင်တယ်။ တိကျတဲ့ ကျောင်းဖွင့်ရက်တွေဘာတွေ စာထွက်လာပြီဆိုရင်တော့ သူတို့ သေချာအောင်ပြင်ဆင်လိမ့်မယ့်လို ကျနော်တို့ ယူဆပါတယ်။ အခုရက်ပိုင်းကတော့ ကြိုတင်ပြီးတော့ ကျောင်းသားတွေကို ပြန်စည်းရုံးတဲ့ အနေနဲ့ ကျောင်းတည်ထောင်တဲ့ သူတွေက အွန်လိုင်းနဲ့ ဆက်ပြီးတော့ စာလေးတွေ နွေးထားရအောင် သင်ထားရအောင်ဆိုပြီးတော့ စည်းရုံးပြီးတော့ သူတို့ကျောင်းသားကို သူတို့ ပြန်ပြီးတော့ Remind လုပ်နေတာမျိုးတွေကိုလည်း ကျနော်တို့ တွေ့နေရတယ်ပေါ့နော်။”

ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ စာသင်ကျောင်းတွေကိုပါ ပိတ်ထားရတာကြောင့် ပညာရေး ထိခိုက်မှာကို နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်နေတာပါ။ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ သတိပေးခဲ့တာပါ။ ကမ္ဘာတဝန်း စာသင်ခန်းနဲ့ ဝေးတဲ့ ကျောင်းသား သန်းပေါင်း ၁၅,၀၀၀ လောက်မှာ သန်း ၄၆၀ ကျော်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း Unicef က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG