သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ကုိဗစ္ကာလ စာသင္ၾကားမႈပုံစံ ေျပာင္းလဲဖုိ႔လုိ


မွတ္တမ္းဓါတ္ပံု- ရန္ကုန္ၿမိဳ႕က အထက္တန္းေက်ာင္းတခုမွာ COVID-19 ကပ္ေရာဂါကာလ ပထမဆံုး ေက်ာင္းဖြင့္ရက္ ျမင္ကြင္း။ (ဇူလိုင္ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ကိုဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံမွာ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္ ပညာေရး မထိခုိက္ေအာင္ သင္ၾကားမႈစနစ္ ေျပာင္းလဲလာႏိုင္ဖို႔ လိုအပ္ေနတယ္လို႔ ကြၽမ္းက်င္သူေတြ တုိက္တြန္းေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ အိမ့္သႏၲာထြန္း ေျပာျပပါမယ္။

ကပ္ေရာဂါေၾကာင့္ ျမန္မာႏုိင္ငံမွာ ေက်ာင္းေတြကုိ ပုံမွန္ေက်ာင္းဖြင့္ခ်ိန္ထက္ ေနာက္က်ၿပီး ဇူလုိင္လထဲမွာပဲ ျပန္ဖြင့္ခဲ့ေပမဲ့လည္း ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာရာက ေက်ာင္းေတြ ျပန္ပိတ္ထားရတာ အခုအခ်ိန္အထိပါ။ လူစုလူေ၀းေရွာင္ဖုိ႔ ႏွာေခါင္းစည္း၀တ္ဖုိ႔ အပါအ၀င္ ကပ္ေရာဂါကာကြယ္ေရး စည္းကမ္းခ်က္ေတြနဲ႔အညီ ေက်ာင္းေတြကုိ ျပန္ဖြင့္ခဲ့ေပမဲ့ ေရာဂါကူးစက္မႈ အႏၱရာယ္ေၾကာင့္ ေက်ာင္းဖြင့္ၿပီး ၁ လအၾကာမွာပဲ ျပန္ပိတ္ခဲ့ရပါတယ္။

ပညာေရးဝန္ႀကီးဌာနကေတာ့ တကၠသိုလ္၊ ေကာလိပ္ေတြနဲ႔ အေျခခံပညာ ေက်ာင္းသူေတြ ကပ္ေရာဂါေၾကာင့္ ေက်ာင္းေတြပိတ္ထားရတဲ့ အခ်ိန္မွာ ပညာေရး အဆက္မျပတ္ေစဖို႔ အင္တာနက္ Online ကေန သင္ၾကားပုိ႔ခ်ဖုိ႔ စီစဥ္ေနပါတယ္။

အြန္လုိင္းသင္ၾကားမႈ အပါအ၀င္ ကပ္ေရာဂါေၾကာင့္ ေျပာင္းလဲလာတဲ့ သင္ၾကားေရးပုံစံသစ္ကုိ အမွီလုိက္ႏုိင္ဖုိ႔ လုိတယ္လုိ႔လည္း Crown Education ပညာေရးလုပ္ငန္းရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္ေက်ာ္ဆန္းက သုံးသပ္ပါတယ္။

“ကြၽန္ေတာ္တို႔ ဂ႐ုထားရမယ့္ ရႈေထာင့္က ဒီတစ္ႏွစ္ေနာက္က်တာက သာမာန္ေနာက္က်တာမဟုတ္ဘူး ဆိုတာကို သတိျပဳမိဖို႔ လိုတယ္ေပါ့ေနာ္။ နည္းပညာတိုးတက္တဲ့ႏိုင္ငံေတြက ပညာေရးကို ျမန္ျမန္ဆန္ဆန္တိုးတက္ေအာင္လုပ္ၾကတယ္။ ကြၽန္ေတာ္တို႔လို႔ မျပည့္စုံေသးတဲ့ႏိုင္ငံေတြက ျပဳျပင္ေျပာင္းလဲဖို႔ကို လိုက္တဲ့ေနရာမွာ အရင္လိုမဟုတ္ဘူး နည္းပညာနဲ႔လိုက္ရမယ္ေပါ့။ အဲ့ဒါကို ကြၽန္ေတာ္တို႔က ဖားခုန္သလို အမွီလိုက္တယ္ေပါ့။ ဆိုလိုတာက ခ်င္းေတာင္တန္းမွာရွိတဲ့၊ ကခ်င္ေတာင္တန္းမွာရွိတဲ့ နယ္စပ္က စစ္ေဘးဒဏ္ခံေနရတဲ့ ကေလးေတြရဲ႕ ပညာေရးစနစ္ကို မရပ္ေအာင္ နည္းပညာနဲ႔ လုပ္လို႔ရတယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က နည္းပညာအေျပာင္းအလဲကို ပညာေရးနဲ႔ ဆက္စပ္ၿပီး စဥ္းစားႏိုင္ဖို႔ အေရးႀကီးတယ္။ အဲ့ဒါကို မစဥ္းစားႏိုင္ရင္ အခ်ိန္တစ္ႏွစ္ေနာက္က်တာထက္ ပိုၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ပညာေရးစနစ္ေတြက ေနာက္က်က်န္ရစ္ခဲ့လိမ့္မယ္။”

ပညာေရး ၀န္ႀကီးဌာနကေတာ့ အြန္လုိင္းသင္ၾကားေရး သာမက ဆက္သြယ္ေရး အခက္အခဲရွိတဲ့ ေဒသေတြအတြက္ အခမဲ့႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယုိကေန သင္ၾကားေပးဖုိ႔လည္း ျပင္ဆင္ေနၾကပါတယ္။ ဒါေပမဲ့လည္း ႐ုပ္ျမင္သံၾကားနဲ႔ ေရဒီယိုတို႔ကေန ထုတ္လႊင့္သင္ၾကားမႈေတြက လက္ေတြ႔အက်ဳိးရွိဖုိ႔ လုိတယ္လို႔လည္း ဦးေအာင္ေက်ာ္ဆန္းက ေျပာပါတယ္။

“TV ကေန သင္ခန္းစာေတြထုတ္လြင့္တာက ေကာင္းတယ္၊ အလကားေနရင္ ကေလးေတြအတြက္ တစ္ခုခုရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္စိုးရိမ္တာက အဲ့ဒီ TV က ဘယ္လို အစီအစဥ္ေတြကိုလြင့္မွာလဲ။ အဲ့ဒါက ကေလးေတြနဲ႔ ကိုက္ရဲ႕လား။ သူတို႔ စိတ္ဝင္စားမႈရွိရဲ႕လားဆိုတာ သိပ္အေရးႀကီးတယ္။ အဲ့ေတာ့ Contact ပိုင္းမွာ အဲ့ဒီစီစဥ္တဲ့ အစီအစဥ္က ဒီေခတ္ကေလးေတြအတြက္ အာ႐ုံစူးစိုက္ႏိုင္မႈ စြမ္းအားကို ဆြဲေဆာင္ႏိုင္တဲ့ Contact ေတြျဖစ္ရဲ႕လားေပါ့။ TV ကသင္တဲ့အစီအစဥ္ကို အေကာင္းဆုံး ႀကိဳးစားလုပ္ကိုင္တဲ့အတြက္ အႏုတ္သေဘာေဆာင္တာနဲ႔ မေဝဖန္လိုဘူး၊ ေကာင္းတယ္။ ဒါဘယ္မယ့္ ဘယ္ေလာက္ထိေရာက္သလဲဆိုတာမွာ သိပ္စဥ္းစားဖို႔ေကာင္းတဲ့ အခ်က္ေတြရွိတယ္။ ဟိုတုန္းက လည္း ကြၽန္ေတာ္တို႔ TV ေတြကေန လြင့္တာပဲ ဒါေပမယ့္ ကြၽန္ေတာ္ ခုဏကေျပာသလိုေပါ့၊ အဲ့ဒီအစီအစဥ္ေတြက ဘယ္ေလာက္ထိ စိတ္ဝင္စားမႈ စြမ္းေဆာင္ႏိုင္မလဲ။ ဒီထက္အေရးႀကီးတဲ့ အခ်က္တစ္ခုရွိတယ္၊ ခုေနာက္ပိုင္း သင္ၾကားေရးဘက္မွာ သီအိုရီထဲမွာက Teaching ထက္ Assessment လုပ္တာက ပိုအေရးႀကီးလာတယ္။ TV ေတြကသင္တဲ့ဟာေတြက Assess မလုပ္ႏိုင္ေလာက္ဘူး။ စြမ္းရည္အကဲျဖတ္တာ သင္ၾကားတတ္ေျမာက္မႈကို အဲ့ဒါက အေရးႀကီးတယ္။ ဒါေၾကာင့္မို႔လို႔ Online Teaching လို႔ေျပာရင္ One Way ႀကီးေပါ့၊ ဒါႀကီးကို ဒီေပၚကေန ဆရာေတြက ရွင္းျပေနတာမ်ိဳးက အမွန္ေတာ့ ေနာက္ေခတ္မွာ အလုပ္မျဖစ္ေတာ့ဘူး။”

ကမာၻတ၀န္း ကုိဗစ္ကပ္ေရာဂါေၾကာင့္ ထိေတြ႔ဆက္ဆံမႈေတြ ေရွာင္ရွားၿပီး အြန္လုိင္းက သင္ၾကားမႈေတြ ေရပမ္းစားလာေနေပမဲ့ နည္းပညာ ကြာဟမႈေတြေၾကာင့္ ပညာေရးမွာ ကြာဟခ်က္ေတြ ႀကီးမားႏုိင္တဲ့ အႏၱရာယ္ ရွိေနတာကုိလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ အန္တုိနီယုိ ဂုတာရပ္စ္က သတိေပးထားဘူးပါတယ္။ ရန္ကုန္အေဝးသင္တကၠသိုလ္ ဆရာမ်ားသမဂၢ ဥကၠဌ ေဒါက္တာ အာကာမိုးသူကေတာ့ အြန္လိုင္း သင္ၾကားမႈပုံစံေၾကာင့္ ဆင္းရဲ ခ်မ္းသာ ကြာျခားမႈႀကီးမားသလို ဖြံ႕ၿဖိဳးမႈ အားနည္းတဲ့ ေဒသမွာရွိတဲ့ ေက်ာင္းသားေတြ လက္လွမ္းမမွီႏိုင္တဲ့ ပညာေရးမျဖစ္ေအာင္ ဂ႐ုစိုက္ဖို႔လိုတယ္လို႔ ေျပာပါတယ္။

“လက္လွမ္းမီႏိုင္တဲ့ အရာေတြမျဖစ္ေသးဘူး။ ကြၽန္ေတာ္တို႔မွာ နယ္ေတြမွာဆိုလို႔ရွိရင္ ဖုန္းမသုံးႏိုင္တဲ့ ေနရာေတြအမ်ားႀကီးရွိေသးတယ္ ကြၽန္ေတာ္တို႔ေျပာရမယ္ဆိုလို႔ရွိရင္။ အဲ့ဒါကို Co-operated Learning နဲ႔ ေျဖရွင္းရင္ေတာ့ရတယ္။ ဒါေပမယ့္ အဆင္မေျပႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ျမင္တဲ့အခါမွာ ဒါက ဆင္းရဲ ခ်မ္းသာမႈ ကြာဟတဲ့ အေနအထားမွာ ဆင္းရဲတဲ့သူရဲ႕ ပညာသင္ယူမႈ အခြင့္အလမ္းကို ပိတ္ပင္လိုက္သလို ျဖစ္သြားေစၿပီးေတာ့မွ ပိုက္ဆံရွိတဲ့သူေတြကေတာ့ ပညာသင္ယူမႈ အခြင့္အလမ္းကို ရႏိုင္တယ္ဆိုတဲ့ Contact မ်ိဳးကို ပုံေဖာ္သြားေစႏိုင္တာမ်ိဳးကိုေတာ့ ထင္သြင္းစဥ္းစားရမယ္လို႔ ျမင္တယ္။ Online Education က ဘယ္ေလာက္ထိ ရင္းႏွီးမႈရွိသလဲဆိုတဲ့အခါမွာ ကြၽန္ေတာ္တို႔ရဲ႕ Ideology က အဆင္သင့္မျဖစ္ေသးဘူးလို႔ျမင္တယ္။ ကြၽန္ေတာ္တို႔မွာ Contact ေတြအဆင္သင့္ရေပမယ့္၊ မိုဘိုင္းဖုန္းသည္ ခ်က္ခ်င္း လုပ္ကိုင္ သုံးႏိုင္ေပမယ့္ ၄င္းမွာ Quality Contact ပိုင္းေတြက ျပသနာေပၚႏိုင္တယ္။ ကြၽန္ေတာ္တို႔က အဲ့ဒါကို အဆင္သင့္မျဖစ္ခဲ့ဘူး။”

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ Unicef ကေတာ့ ကပ္ေရာဂါေၾကာင့္ စာသင္ေက်ာင္းေတြ ပိတ္ထားရတဲ့အတြက္ ကမာၻတဝန္း ေက်ာင္းေနအ႐ြယ္ ကေလးငယ္ ၃ ပုံ ၁ ပုံနီးပါး ရွိေနေၾကာင္း မၾကာေသးခင္က ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ စာသင္ေက်ာင္းနဲ႔ ေဝးတဲ့ ေက်ာင္းသား အေရအတြက္ဟာ သန္းေပါင္း ၁ ေသာင္းခြဲ ေလာက္ရွိေနၿပီး ဒီအထဲမွာ ၄၆၃ သန္းေလာက္ဟာလည္း အင္တာနက္၊ ဒါမွမဟုတ္ တီဗြီနဲ႔ ေရဒီယိုေတြကေနတဆင့္ ပညာဆက္လက္ သင္ယူႏိုင္တဲ့ အေျခအေနမွာ မရွိဘူးလို႔လည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အချိန် ပညာရေး မထိခိုက်အောင် သင်ကြားမှုစနစ် ပြောင်းလဲလာနိုင်ဖို့ လိုအပ်နေတယ်လို့ ကျွမ်းကျင်သူတွေ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အိမ့်သန္တာထွန်း ပြောပြပါမယ်။

ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျပြီး ဇူလိုင်လထဲမှာပဲ ပြန်ဖွင့်ခဲ့ပေမဲ့လည်း ရောဂါကူးစက်မှုတွေ တကျော့ပြန် တိုးလာရာက ကျောင်းတွေ ပြန်ပိတ်ထားရတာ အခုအချိန်အထိပါ။ လူစုလူဝေးရှောင်ဖို့ နှာခေါင်းစည်းဝတ်ဖို့ အပါအဝင် ကပ်ရောဂါကာကွယ်ရေး စည်းကမ်းချက်တွေနဲ့အညီ ကျောင်းတွေကို ပြန်ဖွင့်ခဲ့ပေမဲ့ ရောဂါကူးစက်မှု အန္တရာယ်ကြောင့် ကျောင်းဖွင့်ပြီး ၁ လအကြာမှာပဲ ပြန်ပိတ်ခဲ့ရပါတယ်။

ပညာရေးဝန်ကြီးဌာနကတော့ တက္ကသိုလ်၊ ကောလိပ်တွေနဲ့ အခြေခံပညာ ကျောင်းသူတွေ ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်ထားရတဲ့ အချိန်မှာ ပညာရေး အဆက်မပြတ်စေဖို့ အင်တာနက် Online ကနေ သင်ကြားပို့ချဖို့ စီစဉ်နေပါတယ်။

အွန်လိုင်းသင်ကြားမှု အပါအဝင် ကပ်ရောဂါကြောင့် ပြောင်းလဲလာတဲ့ သင်ကြားရေးပုံစံသစ်ကို အမှီလိုက်နိုင်ဖို့ လိုတယ်လို့လည်း Crown Education ပညာရေးလုပ်ငန်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်ကျော်ဆန်းက သုံးသပ်ပါတယ်။

“ကျွန်တော်တို့ ဂရုထားရမယ့် ရှုထောင့်က ဒီတစ်နှစ်နောက်ကျတာက သာမာန်နောက်ကျတာမဟုတ်ဘူး ဆိုတာကို သတိပြုမိဖို့ လိုတယ်ပေါ့နော်။ နည်းပညာတိုးတက်တဲ့နိုင်ငံတွေက ပညာရေးကို မြန်မြန်ဆန်ဆန်တိုးတက်အောင်လုပ်ကြတယ်။ ကျွန်တော်တို့လို့ မပြည့်စုံသေးတဲ့နိုင်ငံတွေက ပြုပြင်ပြောင်းလဲဖို့ကို လိုက်တဲ့နေရာမှာ အရင်လိုမဟုတ်ဘူး နည်းပညာနဲ့လိုက်ရမယ်ပေါ့။ အဲ့ဒါကို ကျွန်တော်တို့က ဖားခုန်သလို အမှီလိုက်တယ်ပေါ့။ ဆိုလိုတာက ချင်းတောင်တန်းမှာရှိတဲ့၊ ကချင်တောင်တန်းမှာရှိတဲ့ နယ်စပ်က စစ်ဘေးဒဏ်ခံနေရတဲ့ ကလေးတွေရဲ့ ပညာရေးစနစ်ကို မရပ်အောင် နည်းပညာနဲ့ လုပ်လို့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နည်းပညာအပြောင်းအလဲကို ပညာရေးနဲ့ ဆက်စပ်ပြီး စဉ်းစားနိုင်ဖို့ အရေးကြီးတယ်။ အဲ့ဒါကို မစဉ်းစားနိုင်ရင် အချိန်တစ်နှစ်နောက်ကျတာထက် ပိုပြီးတော့ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်တွေက နောက်ကျကျန်ရစ်ခဲ့လိမ့်မယ်။”

ပညာရေး ဝန်ကြီးဌာနကတော့ အွန်လိုင်းသင်ကြားရေး သာမက ဆက်သွယ်ရေး အခက်အခဲရှိတဲ့ ဒေသတွေအတွက် အခမဲ့ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ သင်ကြားပေးဖို့လည်း ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့လည်း ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ကနေ ထုတ်လွှင့်သင်ကြားမှုတွေက လက်တွေ့အကျိုးရှိဖို့ လိုတယ်လို့လည်း ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

“TV ကနေ သင်ခန်းစာတွေထုတ်လွင့်တာက ကောင်းတယ်၊ အလကားနေရင် ကလေးတွေအတွက် တစ်ခုခုရတယ်။ ဒါပေမယ့် ကျွန်တော်စိုးရိမ်တာက အဲ့ဒီ TV က ဘယ်လို အစီအစဉ်တွေကိုလွင့်မှာလဲ။ အဲ့ဒါက ကလေးတွေနဲ့ ကိုက်ရဲ့လား။ သူတို့ စိတ်ဝင်စားမှုရှိရဲ့လားဆိုတာ သိပ်အရေးကြီးတယ်။ အဲ့တော့ Contact ပိုင်းမှာ အဲ့ဒီစီစဉ်တဲ့ အစီအစဉ်က ဒီခေတ်ကလေးတွေအတွက် အာရုံစူးစိုက်နိုင်မှု စွမ်းအားကို ဆွဲဆောင်နိုင်တဲ့ Contact တွေဖြစ်ရဲ့လားပေါ့။ TV ကသင်တဲ့အစီအစဉ်ကို အကောင်းဆုံး ကြိုးစားလုပ်ကိုင်တဲ့အတွက် အနုတ်သဘောဆောင်တာနဲ့ မဝေဖန်လိုဘူး၊ ကောင်းတယ်။ ဒါဘယ်မဲ့ ဘယ်လောက်ထိရောက်သလဲဆိုတာမှာ သိပ်စဉ်းစားဖို့ကောင်းတဲ့ အချက်တွေရှိတယ်။ ဟိုတုန်းက လည်း ကျွန်တော်တို့ TV တွေကနေ လွင့်တာပဲ ဒါပေမယ့် ကျွန်တော် ခုဏကပြောသလိုပေါ့၊ အဲ့ဒီအစီအစဉ်တွေက ဘယ်လောက်ထိ စိတ်ဝင်စားမှု စွမ်းဆောင်နိုင်မလဲ။ ဒီထက်အရေးကြီးတဲ့ အချက်တစ်ခုရှိတယ်၊ ခုနောက်ပိုင်း သင်ကြားရေးဖက်မှာ သီအိုရီထဲမှာက Teaching ထက် Assessment လုပ်တာက ပိုအရေးကြီးလာတယ်။ TV တွေကသင်တဲ့ဟာတွေက Assess မလုပ်နိုင်လောက်ဘူး။ စွမ်းရည်အကဲဖြတ်တာ သင်ကြားတတ်မြောက်မှုကို အဲ့ဒါက အရေးကြီးတယ်။ ဒါကြောင့်မို့လို့ Online Teaching လို့ပြောရင် One Way ကြီးပေါ့၊ ဒါကြီးကို ဒီပေါ်ကနေ ဆရာတွေက ရှင်းပြနေတာမျိုးက အမှန်တော့ နောက်ခေတ်မှာ အလုပ်မဖြစ်တော့ဘူး။”

ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကြောင့် ထိတွေ့ဆက်ဆံမှုတွေ ရှောင်ရှားပြီး အွန်လိုင်းက သင်ကြားမှုတွေ ရေပမ်းစားလာနေပေမဲ့ နည်းပညာ ကွာဟမှုတွေကြောင့် ပညာရေးမှာ ကွာဟချက်တွေ ကြီးမားနိုင်တဲ့ အန္တရာယ် ရှိနေတာကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတာရပ်စ်က သတိပေးထားဘူးပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဌ ဒေါက်တာ အာကာမိုးသူကတော့ အွန်လိုင်း သင်ကြားမှုပုံစံကြောင့် ဆင်းရဲ ချမ်းသာ ကွာခြားမှုကြီးမားသလို ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသမှာရှိတဲ့ ကျောင်းသားတွေ လက်လှမ်းမမှီနိုင်တဲ့ ပညာရေးမဖြစ်အောင် ဂရုစိုက်ဖို့လိုတယ်လို့ ပြောပါတယ်။

“လက်လှမ်းမီနိုင်တဲ့ အရာတွေမဖြစ်သေးဘူး။ ကျွန်တော်တို့မှာ နယ်တွေမှာဆိုလို့ရှိရင် ဖုန်းမသုံးနိုင်တဲ့ နေရာတွေအများကြီးရှိသေးတယ် ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်။ အဲ့ဒါကို Co-operated Learning နဲ့ ဖြေရှင်းရင်တော့ရတယ်။ ဒါပေမယ့် အဆင်မပြေနိုင်ဘူး၊ ကျွန်တော်တို့မြင်တဲ့အခါမှာ ဒါက ဆင်းရဲ ချမ်းသာမှု ကွာဟတဲ့ အနေအထားမှာ ဆင်းရဲတဲ့သူရဲ့ ပညာသင်ယူမှု အခွင့်အလမ်းကို ပိတ်ပင်လိုက်သလို ဖြစ်သွားစေပြီးတော့မှ ပိုက်ဆံရှိတဲ့သူတွေကတော့ ပညာသင်ယူမှု အခွင့်အလမ်းကို ရနိုင်တယ်ဆိုတဲ့ Contact မျိုးကို ပုံဖော်သွားစေနိုင်တာမျိုးကိုတော့ ထင်သွင်းစဉ်းစားရမယ်လို့ မြင်တယ်။ Online Education က ဘယ်လောက်ထိ ရင်းနှီးမှုရှိသလဲဆိုတဲ့အခါမှာ ကျွန်တော်တို့ရဲ့ Ideology က အဆင်သင့်မဖြစ်သေးဘူးလို့မြင်တယ်။ ကျွန်တော်တို့မှာ Contact တွေအဆင်သင့်ရပေမယ့်၊ မိုဘိုင်းဖုန်းသည် ချက်ချင်း လုပ်ကိုင် သုံးနိုင်ပေမယ့် ၎င်းမှာ Quality Contact ပိုင်းတွေက ပြသနာပေါ်နိုင်တယ်။ ကျွန်တော်တို့က အဲ့ဒါကို အဆင်သင့်မဖြစ်ခဲ့ဘူး။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စာသင်ကျောင်းနဲ့ ဝေးတဲ့ ကျောင်းသား အရေအတွက်ဟာ သန်းပေါင်း ၁ သောင်းခွဲ လောက်ရှိနေပြီး ဒီအထဲမှာ ၄၆၃ သန်းလောက်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG