သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပညာေရးဘတ္ဂ်က္ ျမန္မာအစုိးရ ပုိသုံးသင့္


မွတ္တမ္းဓါတ္ပံု-၂၀၂၀ ဇူလိုင္လတုန္းက ေက်ာင္းေတြျပန္ဖြင့္စဥ္

(Zawgyi/Unicode)

ကုိဗစ္ကပ္ေရာဂါကာလ စာသင္ႏွစ္ ၁ ႏွစ္လုံးနီးပါ ေက်ာင္းေတြ ပိတ္ထားရတာေၾကာင့္ ပညာေရးမွာ ထိခုိက္မယ့္ အေျခအေနေတြကုိ အစုိးရက မၾကာခင္ ဦးစားေပး ေျဖရွင္းရလိမ့္မယ္လုိ႔ ပညာေရးလုပ္ငန္းက ကၽြမ္းက်င္သူေတြ ခန္႔မွန္းေနတဲ့အေၾကာင္း ကိုေဇာ္ထက္ ေျပာျပမွာပါ။

ျမန္မာႏုိင္ငံမွာ အေျခခံပညာေက်ာင္းေတြကုိ ၁ လေနာက္က် ဖြင့္ခဲ့ရၿပီး မၾကာခင္မွာပဲ ျပန္ပိတ္ခဲ့ရတာ ပညာသင္ႏွစ္ တႏွစ္လုံးနီးပါး ရွိလာေနတာေၾကာင့္ ေက်ာင္းသားေတြ ပညာေရး အဆက္ျပတ္မွာ စုိးရိမ္ေနၾကတာပါ။ ဒီအေျခအေနေတြကုိ ကုစားဖုိ႔ အစိုးရ အေနနဲ႔ အေရးေပၚသုံးစြဲရမယ့္ အရန္ေငြေၾကးအသုံးစရိတ္ကို က်န္းမာေရးအတြက္ ပထမဦးစားေပးဖို႔ရမွာ ျဖစ္ေပမဲ့ ဒုတိယ ဦးစားေပး အေနနဲ႔ကေတာ့ ပညာေရးက႑ ျဖစ္လာႏိုင္ေၾကာင္း တကၠသိုလ္ ဆရာ၊ ဆရာမမ်ား ကိုယ္စားျပဳေကာ္မတီ မူဝါဒေရးရာတာဝန္ခံ ေဒါက္တာအာကာမ်ိဳးသူက ဗြီအိုေအကို ေျပာပါတယ္။

“ အသက္အႏၲရာယ္နဲ႔ ရင္ဆိုင္ရတဲ့ ကိစၥဆိုေတာ့ေလ၊ က်န္းမာေရး ရန္ပုံေငြ၊ ပညာေရးနဲ႔ပတ္သက္တဲ့ လူမႈဖူလုံေရးနဲ႔ က်န္းမာေရးဆိုတဲ့ ေခါင္းစဥ္ ေအာက္ကေန ႀကိဳတင္စဥ္းစားရမယ့္အခ်က္လို႔ ျမင္တာေပါ့ေနာ္၊ ဒါလည္း စဥ္းစားေနတယ္လို႔ေတာ့ က်ေနာ္တို႔ေတာ့ သုံးသပ္တယ္၊ ေလာေလာဆယ္ေတာ့ေလ။ ကိုဗစ္က အေရးႀကီးတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ေက်ာင္းဖြင့္ဖို႔ကို မေျပာရဲဘူး ေလာေလာဆယ္က၊ အေျခခံ ေက်ာင္းဖြင့္ဖို႔က အေျခအေန ဘယ္လိုလဲဆိုေတာ့ ေဆးလာမွာက ေဖေဖာ္ဝါရီမွာ ေဆးထိုးႏိုင္မယ္ဆိုေတာ့ မတ္လ၊ ဧၿပီေလာက္ကို သြားမယ့္ပုံစံမ်ိဳး ရွိတယ္ေပါ့ေနာ္။”

တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ကာကြယ္ေဆးမရေသးခင္ ေက်ာင္းမွာ လူခြဲထားတာ၊ လက္သန႔္ေဆးရည္ေတြဝယ္တာ၊ သီးသန႔္ႀကိဳပို႔ယာဥ္ေတြ စီစဥ္ေပးတာ ဒီကိစၥေတြမွာ အစိုးရအေနနဲ႔ ေငြေၾကး ပိုသုံးစြဲရလာႏိုင္ေျခရွိေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္ အတြင္းေရးမႉး ေဒါက္တာေဇာ္မ်ိဳးလႈိင္ကေျပာပါတယ္။

“ ဘာပဲျဖစ္ျဖစ္ ခါတိုင္းႏွစ္ထက္ေတာ့ ပိုသုံးရမွာကေတာ့ က်ေနာ္တို႔ အၾကမ္းဖ်င္းအားျဖင့္ နားလည္ပါတယ္၊ infrastructure အပိုင္း (အေျခခံလိုအပ္ခ်က္) ေတြမွာလည္း အဓိကထားၿပီးေတာ့ ထပ္ၿပီးျဖည့္ဆည္းရမွာေတြ အမ်ားႀကီး ရွိလိမ့္မယ္လို႔ က်ေနာ္တို႔ျမင္တယ္၊ လက္ေဆးေဘစင္မွအစ hand gel ေတြ၊ ေနာက္ ဖယ္ရီနဲ႔သြားတဲ့ အပိုင္းေတြမွာ အရင္တုန္းကေတာ့ ေက်ာင္းဖယ္ရီမွာ ျပည့္က်ပ္ေနေအာင္ ထိုင္ခုံေစ့လိုက္ရတယ္၊ ေက်ာင္းသားမိဘဘက္က အေျခအေနေတြ သိပ္ၿပီး မျဖည့္ဆည္းႏိုင္ဘူးဆိုရင္ အစိုးရဘက္ကေန ဖယ္ရီေတြ ထပ္ၿပီး ျဖည့္ဆည္းဖို႔ လိုလာၿပီ၊ ရွိလာႏိုင္တယ္ေပါ့ေနာ္။ ဒီလိုက႑ေတြ အစုံဆိုရင္ ဘာပဲေျပာေျပာ ဘက္ဂ်က္ကေတာ့ ပုံမွန္ထက္ ပိုသုံးရေတာ့မယ့္ အေနအထားေတာ့ ျမင္ပါတယ္ခင္ဗ်။”

ကမာၻ႔အဆင္းရဲဆုံးႏိုင္ငံေတြမွာေနၾကတဲ့ ကေလးငယ္ ၁၃၆ သန္းေလာက္ဟာ စာသင္ေက်ာင္းေတြကို ကပ္ေရာဂါကာလ အႏၲရာယ္ကင္းကင္းနဲ႔ ျပန္သြားႏိုင္ဖို႔ဆိုရင္ အေမရိကန္ေဒၚလာ ဘီလ်ံ ၅၀ ေလာက္ လိုအပ္ႏိုင္တယ္လို႔ ႏိုင္ငံတကာအဖြဲ႕အစည္းတခုျဖစ္တဲ့ Save the Children အဖြဲ႕ကဇန္နဝါရီ ၁၁ ရက္မွာ ထုတ္ျပန္ထားပါတယ္။

အေျခခံပညာကေလးေတြ လက္လွမ္းမီမယ့္ သင္ၾကားမႈစနစ္ကို လုပ္ေဆာင္ဖို႔လိုၿပီး အစိုးရအေနနဲ႔ ကုန္က်စရိတ္ကေတာ့ ကပ္ေရာဂါရဲ႕ အေျခအေနအေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္ေၾကာင္း Save the Children ရဲ႕ အႀကီးတန္း စီမံကိန္းအႀကံေပး ေဒၚဝင္းပပသန္းက ဗြီအိုေအကို ေျပာပါတယ္။ ေက်ာင္းေနအ႐ြယ္ကေလးေတြအေပၚ ကိုဗစ္ေရာဂါ သက္ေရာက္မႈ ဘယ္ေလာက္ရွိလဲဆိုတဲ့ ပထမအႀကိမ္ေကာက္ယူထားတဲ့ Save the Children ရဲ႕ စစ္တမ္းအေပၚအေျခခံၿပီး သူက အခုလိုေျပာျပတာပါ။

“ ကေလးေတြကို လက္လွမ္းမီဖို႔ အေဝးေရာက္သင္မယ္ဆိုရင္ device ေတြ လိုလာမယ္၊ ေနာက္ နည္းပညာေတြ train ဖို႔လိုလာမယ္၊ ဒီလိုမ်ိဳး က႑မွာလည္း ကုန္က်စရိတ္ေတြက ျပန္တက္သြားႏိုင္တယ္ေပါ့၊ အဲဒီေတာ့ COVID-19 အေျခအေနက ဘယ္လိုအတက္အက် ရွိမလဲဆိုတာကိုလည္း က်မတို႔ သတိထားရမွာ ျဖစ္သလို ရွိေနတဲ့ အေျခအေနေပၚမွာ က်မတို႔ အစိုးရကလည္း ႀကိဳတင္ခန႔္မွန္းၿပီးေတာ့မွ ပညာေရးက႑ကို ကေလးေတြအတြက္ ဘယ္လိုလုပ္ထားမလဲဆိုတဲ့ ျပင္ဆင္မႈေတြအေပၚမွာလည္း ကုန္က်စရိတ္ေတြက စကားေျပာသြားမယ္လို႔ က်မထင္ပါတယ္။”

စစ္တမ္းအရဆိုရင္ က်န္းမာေရးအကာအကြယ္ေတြ ေက်ာင္းမွာလုံအေလာက္ရွိဖို႔၊ ေလ်ာ့ခ်လိုက္တဲ့ စာသင္ခ်ိန္က ပညာေရး အရည္အေသြးကို ထိခိုက္မလား၊ အြန္လိုင္း သင္ၾကားမႈမွာ လက္လွမ္းမီတဲ့သူနဲ႔ မမီတဲ့သူေတြၾကား ကြာဟာလာႏိုင္မႈ ဒီေပၚမွာ ေက်ာင္းသားေတြရဲ႕ စိုးရိမ္မႈကို ေတြ႕ရတယ္လို႔ သူကေျပာပါတယ္။

ကေလးေတြကို စာသင္ခန္းတဲ့ ျပန္ေခၚႏိုင္မယ့္ အေျခအေနဟာ ျမန္မာႏိုင္ငံ ကိုဗစ္ကာကြယ္ေဆးထိုးႏိုင္တဲ့ အခ်ိန္ေပၚ မူတည္ေနလို႔ ၿပီးခဲ့တဲ့ စာသင္ႏွစ္ကေတာ့ တႏွစ္နားလိုက္ရဖို႔ မ်ားေၾကာင္း ပညာေရးသုေတသီေတြက သုံးသပ္ပါတယ္။

ျမန္မာပညာေရးဝန္ႀကီးဌာန ၂၀၁၉- ၂၀၂၀ စာရင္းေတြအရဆိုရင္ ျမန္မာႏိုင္ငံမွာ အေျခခံပညာေက်ာင္းေပါင္း ၄၇၀၀၀ ေက်ာ္ရွိပါတယ္။ အေျခခံပညာ တက္ေရာက္ေနတဲ့ ေက်ာင္းသားကေတာ့ ၉သန္းခြဲေက်ာ္ ( ၉,၆၉၂,၂၄၉) ရွိၿပီး အေျခခံေက်ာင္းဆရာ အေရအတြက္ကေတာ့ ၇၂၀၀၀ ေက်ာ္ (၇၂,၉၇၆) ရွိပါတယ္။

ပညာေရးဘတ္ဂ်က္ ျမန္မာအစုိးရ ပုိသုံးသင့္
please wait

No media source currently available

0:00 0:04:12 0:00
တိုက္႐ိုက္ လင့္ခ္


...............

ပညာရေးဘတ်ဂျက် မြန်မာအစိုးရပိုသုံးသင့်

(Unicode)

ကိုဗစ်ကပ်ရောဂါကာလ စာသင်နှစ် ၁ နှစ်လုံးနီးပါ ကျောင်းတွေ ပိတ်ထားရတာကြောင့် ပညာရေးမှာ ထိခိုက်မယ့် အခြေအနေတွေကို အစိုးရက မကြာခင် ဦးစားပေး ဖြေရှင်းရလိမ့်မယ်လို့ ပညာရေးလုပ်ငန်းက ကျွမ်းကျင်သူတွေ ခန့်မှန်းနေတဲ့အကြောင်း ကိုဇော်ထက် ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ၁ လနောက်ကျ ဖွင့်ခဲ့ရပြီး မကြာခင်မှာပဲ ပြန်ပိတ်ခဲ့ရတာ ပညာသင်နှစ် တနှစ်လုံးနီးပါး ရှိလာနေတာကြောင့် ကျောင်းသားတွေ ပညာရေး အဆက်ပြတ်မှာ စိုးရိမ်နေကြတာပါ။ ဒီအခြေအနေတွေကို ကုစားဖို့ အစိုးရ အနေနဲ့ အရေးပေါ်သုံးစွဲရမယ့် အရန်ငွေကြေးအသုံးစရိတ်ကို ကျန်းမာရေးအတွက် ပထမဦးစားပေးဖို့ရမှာ ဖြစ်ပေမဲ့ ဒုတိယ ဦးစားပေး အနေနဲ့ကတော့ ပညာရေးကဏ္ဍ ဖြစ်လာနိုင်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမများ ကိုယ်စားပြုကော်မတီ မူဝါဒရေးရာတာဝန်ခံ ဒေါက်တာအာကာမျိုးသူက ဗွီအိုအေကို ပြောပါတယ်။

“ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ ကိစ္စဆိုတော့လေ၊ ကျန်းမာရေး ရန်ပုံငွေ၊ ပညာရေးနဲ့ပတ်သက်တဲ့ လူမှုဖူလုံရေးနဲ့ ကျန်းမာရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ကြိုတင်စဉ်းစားရမယ့်အချက်လို့ မြင်တာပေါ့နော်၊ ဒါလည်း စဉ်းစားနေတယ်လို့တော့ ကျနော်တို့တော့ သုံးသပ်တယ်၊ လောလောဆယ်တော့လေ။ ကိုဗစ်က အရေးကြီးတယ် ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဖွင့်ဖို့ကို မပြောရဲဘူး လောလောဆယ်က၊ အခြေခံ ကျောင်းဖွင့်ဖို့က အခြေအနေ ဘယ်လိုလဲဆိုတော့ ဆေးလာမှာက ဖေဖော်ဝါရီမှာ ဆေးထိုးနိုင်မယ်ဆိုတော့ မတ်လ၊ ဧပြီလောက်ကို သွားမယ့်ပုံစံမျိုး ရှိတယ်ပေါ့နော်။”

တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးမရသေးခင် ကျောင်းမှာ လူခွဲထားတာ၊ လက်သန့်ဆေးရည်တွေဝယ်တာ၊ သီးသန့်ကြိုပို့ယာဉ်တွေ စီစဉ်ပေးတာ ဒီကိစ္စတွေမှာ အစိုးရအနေနဲ့ ငွေကြေး ပိုသုံးစွဲရလာနိုင်ခြေရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်ကပြောပါတယ်။

“ ဘာပဲဖြစ်ဖြစ် ခါတိုင်းနှစ်ထက်တော့ ပိုသုံးရမှာကတော့ ကျနော်တို့ အကြမ်းဖျင်းအားဖြင့် နားလည်ပါတယ်၊ infrastructure အပိုင်း (အခြေခံလိုအပ်ချက်) တွေမှာလည်း အဓိကထားပြီးတော့ ထပ်ပြီးဖြည့်ဆည်းရမှာတွေ အများကြီး ရှိလိမ့်မယ်လို့ ကျနော်တို့မြင်တယ်၊ လက်ဆေးဘေစင်မှအစ hand gel တွေ၊ နောက် ဖယ်ရီနဲ့သွားတဲ့ အပိုင်းတွေမှာ အရင်တုန်းကတော့ ကျောင်းဖယ်ရီမှာ ပြည့်ကျပ်နေအောင် ထိုင်ခုံစေ့လိုက်ရတယ်၊ ကျောင်းသားမိဘဘက်က အခြေအနေတွေ သိပ်ပြီး မဖြည့်ဆည်းနိုင်ဘူးဆိုရင် အစိုးရဘက်ကနေ ဖယ်ရီတွေ ထပ်ပြီး ဖြည့်ဆည်းဖို့ လိုလာပြီ၊ ရှိလာနိုင်တယ်ပေါ့နော်။ ဒီလိုကဏ္ဍတွေ အစုံဆိုရင် ဘာပဲပြောပြော ဘက်ဂျက်ကတော့ ပုံမှန်ထက် ပိုသုံးရတော့မယ့် အနေအထားတော့ မြင်ပါတယ်ခင်ဗျ။”

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာနေကြတဲ့ ကလေးငယ် ၁၃၆ သန်းလောက်ဟာ စာသင်ကျောင်းတွေကို ကပ်ရောဂါကာလ အန္တရာယ်ကင်းကင်းနဲ့ ပြန်သွားနိုင်ဖို့ဆိုရင် အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ လောက် လိုအပ်နိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children အဖွဲ့ကဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အခြေခံပညာကလေးတွေ လက်လှမ်းမီမယ့် သင်ကြားမှုစနစ်ကို လုပ်ဆောင်ဖို့လိုပြီး အစိုးရအနေနဲ့ ကုန်ကျစရိတ်ကတော့ ကပ်ရောဂါရဲ့ အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ကြောင်း Save the Children ရဲ့ အကြီးတန်း စီမံကိန်းအကြံပေး ဒေါ်ဝင်းပပသန်းက ဗွီအိုအေကို ပြောပါတယ်။ ကျောင်းနေအရွယ်ကလေးတွေအပေါ် ကိုဗစ်ရောဂါ သက်ရောက်မှု ဘယ်လောက်ရှိလဲဆိုတဲ့ ပထမအကြိမ်ကောက်ယူထားတဲ့ Save the Children ရဲ့ စစ်တမ်းအပေါ်အခြေခံပြီး သူက အခုလိုပြောပြတာပါ။

“ ကလေးတွေကို လက်လှမ်းမီဖို့ အဝေးရောက်သင်မယ်ဆိုရင် device တွေ လိုလာမယ်၊ နောက် နည်းပညာတွေ train ဖို့လိုလာမယ်၊ ဒီလိုမျိုး ကဏ္ဍမှာလည်း ကုန်ကျစရိတ်တွေက ပြန်တက်သွားနိုင်တယ်ပေါ့၊ အဲဒီတော့ COVID-19 အခြေအနေက ဘယ်လိုအတက်အကျ ရှိမလဲဆိုတာကိုလည်း ကျမတို့ သတိထားရမှာ ဖြစ်သလို ရှိနေတဲ့ အခြေအနေပေါ်မှာ ကျမတို့ အစိုးရကလည်း ကြိုတင်ခန့်မှန်းပြီးတော့မှ ပညာရေးကဏ္ဍကို ကလေးတွေအတွက် ဘယ်လိုလုပ်ထားမလဲဆိုတဲ့ ပြင်ဆင်မှုတွေအပေါ်မှာလည်း ကုန်ကျစရိတ်တွေက စကားပြောသွားမယ်လို့ ကျမထင်ပါတယ်။”

စစ်တမ်းအရဆိုရင် ကျန်းမာရေးအကာအကွယ်တွေ ကျောင်းမှာလုံအလောက်ရှိဖို့၊ လျော့ချလိုက်တဲ့ စာသင်ချိန်က ပညာရေး အရည်အသွေးကို ထိခိုက်မလား၊ အွန်လိုင်း သင်ကြားမှုမှာ လက်လှမ်းမီတဲ့သူနဲ့ မမီတဲ့သူတွေကြား ကွာဟာလာနိုင်မှု ဒီပေါ်မှာ ကျောင်းသားတွေရဲ့ စိုးရိမ်မှုကို တွေ့ရတယ်လို့ သူကပြောပါတယ်။

ကလေးတွေကို စာသင်ခန်းတဲ့ ပြန်ခေါ်နိုင်မယ့် အခြေအနေဟာ မြန်မာနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်တဲ့ အချိန်ပေါ် မူတည်နေလို့ ပြီးခဲ့တဲ့ စာသင်နှစ်ကတော့ တနှစ်နားလိုက်ရဖို့ များကြောင်း ပညာရေးသုတေသီတွေက သုံးသပ်ပါတယ်။

မြန်မာပညာရေးဝန်ကြီးဌာန ၂၀၁၉- ၂၀၂၀ စာရင်းတွေအရဆိုရင် မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း ၄၇၀၀၀ ကျော်ရှိပါတယ်။ အခြေခံပညာ တက်ရောက်နေတဲ့ ကျောင်းသားကတော့ ၉သန်းခွဲကျော် ( ၉,၆၉၂,၂၄၉) ရှိပြီး အခြေခံကျောင်းဆရာ အရေအတွက်ကတော့ ၇၂၀၀၀ ကျော် (၇၂,၉၇၆) ရှိပါတယ်။

XS
SM
MD
LG