[Zawgyi/Unicode]
၂၀၂၀ ခုႏွစ္စကတည္းက က်ေရာက္လာတဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါေဘးေၾကာင့္ ကမၻာတဝန္းနည္းတူ ျမန္မာႏိုင္ငံမွာလည္း ေက်ာင္းေတြ ပိတ္ထားခ်ိန္မွာ မူႀကိဳေက်ာင္းေတြအတြက္ မြမ္းမံသင္တန္းတခုကို လူမႈကြန္ယက္ကေန ပို႔ခ်ေပးေနပါတယ္။ ပုံမွန္အျဖစ္ အသစ္ေျပာင္းလဲလာတဲ့ ပညာသင္ၾကားေရးစနစ္နဲ႔ သင္ၾကားမႈစြမ္းရည္ ျမင့္မားလာေစဖို႔ ေက်ာင္းပိတ္ရက္ကာလေတြမွာ အားထုတ္ႀကိဳးပမ္းမႈေတြအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မခြာညိဳက ေျပာျပေပးပါမယ္။
ကိုဗစ္-၁၉ ကပ္ေရာဂါေဘးက်ခဲ့တဲ့ ကမၻာ့ႏိုင္ငံအေတာ္မ်ားမ်ားမွာ မူႀကိဳကစၿပီး တကၠသိုလ္ေတြအထိ ေက်ာင္းေတြ ပိတ္ထားရတဲ့အခ်ိန္မွာ ကမၻာအႏွံ႔ ပညာသင္ၾကားေရးစနစ္ ပံုစံ ေျပာင္းလဲလာေနသလို ျမန္မာႏုိင္ငံမွာလည္း အြန္လိုင္းပညာသင္ၾကားေရးစနစ္ေတြ တစတစ ေနရာယူလာၾကပါတယ္။ ဒီလို ေျပာင္းလဲမႈေတြထဲမွာ လူမႈကြန္ယက္ကိုအသံုးျပဳၿပီး မူႀကိဳေက်ာင္း ဆရာ၊ ဆရာမေတြအတြက္ ေပးေနတဲ့ မြမ္းမံသင္တန္းေတြ ေအာင္ျမင္ေနတာကိုလည္း ေတြ႔ရပါတယ္။ အခုလို ေဖ့စ္ဘုတ္ လူမႈကြန္ယက္ကေန သင္တန္းစဖြင့့္ျဖစ္ခဲ့တဲ့အေၾကာင္းကို Bright Future ECCD Training Centre သင္တန္း ေက်ာင္းတည္ေထာင္သူ လူမႈဝန္ထမ္းမူႀကိဳေက်ာင္းအုပ္ ဆရာမေဟာင္း ေဒၚသက္ျဖဴစင္လိႈင္ က အခုလို ရွင္းျပပါတယ္။
“အရင္ကေတာ့ ပံုမွန္သင္တန္းေတြ ဖြင့္ပါတယ္။ ရန္ကုန္မွာ ပင္မထားၿပီး သင္တန္းေတြ ဖြင့္ပါတယ္။ ဖိတ္ေခၚတဲ့နယ္ၿမိဳ႕ေပါင္းစံုကိုလည္း က်မကိုယ္တုိင္သြားေရာက္ၿပီးေတာ့လည္း ပို႔ခ်ခဲ့ပါတယ္။ အခု ကိုဗစ္ကာလျဖစ္လာတဲ့အခါမ်ဳိးမွာ အြန္လိုင္းကေနၿပီးေတာ့မွ သင္တန္းေတြပို႔ခ်ေပးဖို႔ ေတာင္းဆိုၾကပါတယ္ရွင့္။ အဲဒီအတြက္ေၾကာင့္မို႔လို႔ သြားေရးလာေရးေတြလည္း အဆင္မေျပတဲ့အတြက္ေၾကာင့္ က်မ အြန္လုိင္သင္တန္းပို႔ခ်ဖို႔ စီစဥ္ခဲ့တာျဖစ္ပါတယ္။”
ျမန္မာႏိုင္ငံဟာ ပညာေရးပိုင္းမွာ အစိုးရရဲ႕ အေထာက္အကူျပဳမႈအရေရာ၊ ဝင္ေငြနည္းမိသားစုေတြရဲ႕ အိမ္ေထာင္စု စီးပြါးေရးအေျခအေနအရပါ ကြန္ျပဴတာနဲ႔ အင္တာနက္ကို တြင္တြင္က်ယ္က်ယ္ သံုးသင့္ သေလာက္ မသံုးႏိုင္ေသးပါဘူး။
“တႏိုင္ငံလံုးအတိုင္းအတာနဲ႔ တက္ေရာက္ၾကတာျဖစ္တဲ့အတြက္ေၾကာင့္ ေဝးတဲ့တီခ်ယ္ေတြအေနနဲ႔ Zoom ေတြ၊ applicationေတြ သံုးတတ္တာ အားနည္းပါတယ္ရွင့္။ အဲဒါေၾကာင့္ အားလံုးလည္း အဆင္ေျပေအာင္၊ ျပန္ၿပီးေတာ့လည္း သူတို႔ၾကည့္ႏိုင္ေအာင္ ေဖ့စ္ဘုတ္ကေန live လႊင့္ၿပီး သင္ေပးေနတာျဖစ္ပါတယ္ရွင့္။”
တိုက္႐ိုက္ လက္ေတြ႔သင္တန္းမဟုတ္တဲ့အတြက္ သင္ခန္းစာေတြကို အျပန္အလွန္ေဆြးေႏြးမႈပိုင္းအတြက္ကိုေတာ့ တိုက္႐ိုက္သင္ၾကားထုတ္လႊင့္မႈေအာက္မွာ ကြန္မဲန္႔ေတြကေန ေမးျမန္းေဆြးေႏြးႏိုင္တယ္လို႔ ဆိုပါတယ္။
“လက္ေတြ႔ပိုင္းေတြ မပါတဲ့အတြက္ေၾကာင့္မို႔လို႔ ဒီတခ်က္ကေလးေတာ့ က်မတို႔ အားနည္းပါတယ္။ သူတို႔နားမလည္တဲ့ဟာေတြကို ျပန္ေမးလို႔ရႏုိင္ေအာင္ မက္ဆင္ဂ်ာမွာလည္း group သပ္သပ္ ထပ္ဖြဲ႔ပါတယ္ရွင့္။ သူတို႔က စာ႐ိုက္ၿပီးေတာ့ေမးတယ္။ ဗီြဒီယိုေကာလ္ေတြကေနတဆင့္ ေမးပါတယ္ရွင့္။ ေနာက္ live ကေနလည္း တုိက္႐ိုက္ေမးတဲ့ေနရာမ်ဳိးေတြမွာ ျပန္ေျဖေပးတယ္ေပါ့။ အဲလိုမ်ဳိးေလးေတြ ေတာ့ က်မတို႔ ေဆာင္ရြက္ေပးရပါတယ္ရွင့္။ တကယ့္အုပ္စုေလာက္ ေဆြးေႏြးတဲ့အပိုင္းနဲ႔ လက္ေတြ႔ေဆာင္ရြက္ရမယ့္အပိုင္းေတြကေတာ့ အားနည္းသြားပါတယ္ရွင့္။”
ဒီေဖ့စ္ဘုတ္ကေန တိုက္႐ိုက္ထုတ္လႊင့္တဲ့ အြန္လိုင္း သင္တန္းေက်ာင္းမွာ ကေလးစိတ္ပညာ၊ ဂီတ၊ သင္႐ိုးညႊန္းတမ္းေရးဆြဲနည္းနဲ႔ စီမံခန္႔ခြဲမႈအပါအဝင္ ဘာသာရပ္ (၈) မ်ဳိးကို ပို႔ခ်ေပးေနတာျဖစ္ပါတယ္။
မူလတန္းႀကိဳကေလးမ်ား ဘက္စံုဖြံ႔ၿဖိဳးေရးသင္တန္းေက်ာင္း Bright Future ECCD Training Centre မွာ မူႀကိဳေက်ာင္းဖြင့္ထားသူေတြ၊ ဆရာ ဆရာမေတြအျပင္ မိဘေတြကိုယ္တိုင္လည္း တက္ေရာက္ေလ့လာေနၾကတာပါ။ သင္ၾကားမႈမွာ လူတုိင္းေပးႏုိင္တဲ့ ေစ်းႏႈန္းသက္သက္သာသာနဲ႔ သင္တန္းေတြအျပင္ ပညာဒါနအျဖစ္ အခမဲ့တက္ေရာက္ေလ့လာႏိုင္တဲ့ သင္တန္းမ်ဳိးေတြလည္း ရွိေၾကာင္း ေက်ာင္းတည္ေထာင္သူ ေဒၚသက္ျဖဴစင္လိႈင္က ေျပာပါတယ္။
“က်မတို႔ အြန္လိုင္းသင္တန္းကို တက္ေရာက္တဲ့သူေပါင္းကေတာ့ ၁၅,၀၀၀ ေလာက္ရွိေနပါၿပီရွင့္။ ကိုဗစ္ကာလအတြင္းမွာေတာ့ အြန္လိုင္းကေနၿပီးေတာ့မွ က်မ မသြားႏိုင္တဲ့နယ္ဘက္ေတြက တီခ်ယ္ေတြ ပါလာတယ္။ ကေလးမိဘေတြ ပါလာတယ္။ ရန္ကုန္ကိုလာမတက္ႏိုင္တဲ့တီခ်ယ္ေတြ ပါလာတယ္။ အြန္လိုင္းမွာ တက္ေရာက္သူေတြ ေတာ္ေတာ္မ်ားလာပါတယ္ရွင့္္။”
Bright Future ECCD Training Centre က သင္တန္းေတြမွာ ႏိုင္ငံျခားသားတခ်ဳိ႕နဲ႔ တျခား ျမန္မာျပည္ကေလးငယ္ေတြရဲ႕ ဘက္စံု ဖြံ႔ၿဖိဳးတိုးတက္မႈကို စိတ္ပါဝင္စားသူေတြကလည္း ဧည့္သည္သင္တန္းနည္းျပေတြအျဖစ္ လာေရာက္ပို႔ခ်ေပးတဲ့ သင္တန္းမ်ဳိးေတြလည္း ရွိေၾကာင္း ေဒၚသက္ျဖဴစင္လိႈင္က ေျပာပါတယ္။
လူမႈကြန္ယက္က ထုတ္လႊင့္သင္ၾကားေပးေနတဲ့ Bright Future ECCD Training Centre က အခမဲ့သင္ၾကားေပးေနတဲ့ ပညာဒါနသင္တန္းမွာေတာ့ ျမန္မာ့ျပည္အႏွံ႔က သင္တန္းသား ၆,၀၀၀ အထိ ရွိပါတယ္။
[Unicode Version]
မူကြိုကျောင်းတွေအတွက် အွန်လိုင်းမွန်းမံသင်တန်း
၂၀၂၀ ခုနှစ်စကတည်းက ကျရောက်လာတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဘေးကြောင့် ကမ္ဘာတဝန်းနည်းတူ မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ပိတ်ထားချိန်မှာ မူကြိုကျောင်းတွေအတွက် မွမ်းမံသင်တန်းတခုကို လူမှုကွန်ယက်ကနေ ပို့ချပေးနေပါတယ်။ ပုံမှန်အဖြစ် အသစ်ပြောင်းလဲလာတဲ့ ပညာသင်ကြားရေးစနစ်နဲ့ သင်ကြားမှုစွမ်းရည် မြင့်မားလာစေဖို့ ကျောင်းပိတ်ရက်ကာလတွေမှာ အားထုတ်ကြိုးပမ်းမှုတွေအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မခွာညိုက ပြောပြပေးပါမယ်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေးကျခဲ့တဲ့ ကမ္ဘာ့နိုင်ငံအတော်များများမှာ မူကြိုကစပြီး တက္ကသိုလ်တွေအထိ ကျောင်းတွေ ပိတ်ထားရတဲ့အချိန်မှာ ကမ္ဘာအနှံ့ ပညာသင်ကြားရေးစနစ် ပုံစံ ပြောင်းလဲလာနေသလို မြန်မာနိုင်ငံမှာလည်း အွန်လိုင်းပညာသင်ကြားရေးစနစ်တွေ တစတစ နေရာယူလာကြပါတယ်။ ဒီလို ပြောင်းလဲမှုတွေထဲမှာ လူမှုကွန်ယက်ကိုအသုံးပြုပြီး မူကြိုကျောင်း ဆရာ၊ ဆရာမတွေအတွက် ပေးနေတဲ့ မွမ်းမံသင်တန်းတွေ အောင်မြင်နေတာကိုလည်း တွေ့ရပါတယ်။ အခုလို ဖေ့စ်ဘုတ် လူမှုကွန်ယက် ကနေ သင်တန်းစဖွင့်ဖြစ်ခဲ့တဲ့အကြောင်းကို Bright Future ECCD Training Centre သင်တန်း ကျောင်းတည်ထောင်သူ လူမှုဝန်ထမ်းမူကြိုကျောင်းအုပ် ဆရာမဟောင်း ဒေါ်သက်ဖြူစင်လှိုင် က အခုလို ရှင်းပြပါတယ်။
“အရင်ကတော့ ပုံမှန်သင်တန်းတွေ ဖွင့်ပါတယ်။ ရန်ကုန်မှာ ပင်မထားပြီး သင်တန်းတွေ ဖွင့်ပါတယ်။ ဖိတ်ခေါ်တဲ့နယ်မြို့ပေါင်းစုံကိုလည်း ကျမကိုယ်တိုင်သွားရောက်ပြီးတော့လည်း ပို့ချခဲ့ပါတယ်။ အခု ကိုဗစ်ကာလဖြစ်လာတဲ့အခါမျိုးမှာ အွန်လိုင်းကနေပြီးတော့မှ သင်တန်းတွေပို့ချပေးဖို့ တောင်းဆိုကြပါတယ်ရှင့်။ အဲဒီအတွက်ကြောင့်မို့လို့ သွားရေးလာရေးတွေလည်း အဆင်မပြေတဲ့အတွက်ကြောင့် ကျမ အွန်လိုင်သင်တန်းပို့ချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ ပညာရေးပိုင်းမှာ အစိုးရရဲ့ အထောက်အကူပြုမှုအရရော၊ ဝင်ငွေနည်းမိသားစုတွေရဲ့ အိမ်ထောင်စု စီးပွါးရေးအခြေအနေအရပါ ကွန်ပြူတာနဲ့ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် သုံးသင့် သလောက် မသုံးနိုင်သေးပါဘူး။
“တနိုင်ငံလုံးအတိုင်းအတာနဲ့ တက်ရောက်ကြတာဖြစ်တဲ့အတွက်ကြောင့် ဝေးတဲ့တီချယ်တွေအနေနဲ့ Zoom တွေ၊ applicationတွေ သုံးတတ်တာ အားနည်းပါတယ်ရှင့်။ အဲဒါကြောင့် အားလုံးလည်း အဆင်ပြေအောင်၊ ပြန်ပြီးတော့လည်း သူတို့ကြည့်နိုင်အောင် ဖေ့စ်ဘုတ်ကနေ live လွှင့်ပြီး သင်ပေးနေတာဖြစ်ပါတယ်ရှင့်။”
တိုက်ရိုက် လက်တွေ့သင်တန်းမဟုတ်တဲ့အတွက် သင်ခန်းစာတွေကို အပြန်အလှန်ဆွေးနွေးမှုပိုင်းအတွက်ကိုတော့ တိုက်ရိုက်သင်ကြားထုတ်လွှင့်မှုအောက်မှာ ကွန်မဲန့်တွေကနေ မေးမြန်းဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။
“လက်တွေ့ပိုင်းတွေ မပါတဲ့အတွက်ကြောင့်မို့လို့ ဒီတချက်ကလေးတော့ ကျမတို့ အားနည်းပါတယ်။ သူတို့နားမလည်တဲ့ဟာတွေကို ပြန်မေးလို့ရနိုင်အောင် မက်ဆင်ဂျာမှာလည်း group သပ်သပ် ထပ်ဖွဲ့ပါတယ်ရှင့်။ သူတို့က စာရိုက်ပြီးတော့မေးတယ်။ ဗွီဒီယိုကောလ်တွေကနေတဆင့် မေးပါတယ်ရှင့်။ နောက် live ကနေလည်း တိုက်ရိုက်မေးတဲ့နေရာမျိုးတွေမှာ ပြန်ဖြေပေးတယ်ပေါ့။ အဲလိုမျိုးလေးတွေ တော့ ကျမတို့ ဆောင်ရွက်ပေးရပါတယ်ရှင့်။ တကယ့်အုပ်စုလောက် ဆွေးနွေးတဲ့အပိုင်းနဲ့ လက်တွေ့ဆောင်ရွက်ရမယ့်အပိုင်းတွေကတော့ အားနည်းသွားပါတယ်ရှင့်။”
ဒီဖေ့စ်ဘုတ်ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ အွန်လိုင်း သင်တန်းကျောင်းမှာ ကလေးစိတ်ပညာ၊ ဂီတ၊ သင်ရိုးညွှန်းတမ်းရေးဆွဲနည်းနဲ့ စီမံခန့်ခွဲမှုအပါအဝင် ဘာသာရပ် (၈) မျိုးကို ပို့ချပေးနေတာဖြစ်ပါတယ်။
မူလတန်းကြိုကလေးများ ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း Bright Future ECCD Training Centre မှာ မူကြိုကျောင်းဖွင့်ထားသူတွေ၊ ဆရာ ဆရာမတွေအပြင် မိဘတွေကိုယ်တိုင်လည်း တက်ရောက်လေ့လာနေကြတာပါ။ သင်ကြားမှုမှာ လူတိုင်းပေးနိုင်တဲ့ ဈေးနှုန်းသက်သက်သာသာနဲ့ သင်တန်းတွေအပြင် ပညာဒါနအဖြစ် အခမဲ့တက်ရောက်လေ့လာနိုင်တဲ့ သင်တန်းမျိုးတွေလည်း ရှိကြောင်း ကျောင်းတည်ထောင်သူ ဒေါ်သက်ဖြူစင်လှိုင်က ပြောပါတယ်။
“ကျမတို့ အွန်လိုင်းသင်တန်းကို တက်ရောက်တဲ့သူပေါင်းကတော့ ၁၅,၀၀၀ လောက်ရှိနေပါပြီရှင့်။ ကိုဗစ်ကာလအတွင်းမှာတော့ အွန်လိုင်းကနေပြီးတော့မှ ကျမ မသွားနိုင်တဲ့နယ်ဘက်တွေက တီချယ်တွေ ပါလာတယ်။ ကလေးမိဘတွေ ပါလာတယ်။ ရန်ကုန်ကိုလာမတက်နိုင်တဲ့တီချယ်တွေ ပါလာတယ်။ အွန်လိုင်းမှာ တက်ရောက်သူတွေ တော်တော်များလာပါတယ်ရှင့်။”
Bright Future ECCD Training Centre က သင်တန်းတွေမှာ နိုင်ငံခြားသားတချို့နဲ့ တခြား မြန်မာပြည်ကလေးငယ်တွေရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို စိတ်ပါဝင်စားသူတွေကလည်း ဧည့်သည်သင်တန်းနည်းပြတွေအဖြစ် လာရောက်ပို့ချပေးတဲ့ သင်တန်းမျိုးတွေလည်း ရှိကြောင်း ဒေါ်သက်ဖြူစင်လှိုင်က ပြောပါတယ်။
လူမှုကွန်ယက်က ထုတ်လွှင့်သင်ကြားပေးနေတဲ့ Bright Future ECCD Training Centre က အခမဲ့သင်ကြားပေးနေတဲ့ ပညာဒါနသင်တန်းမှာတော့ မြန်မာ့ပြည်အနှံ့က သင်တန်းသား ၆,၀၀၀ အထိ ရှိပါတယ်။