သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးမယ့်ထဲ မြန်မာနိုင်ငံလည်း ပါဝင်

အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)
အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက် ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာကို အိန္ဒိယက လာမယ့်သီတင်းပတ်တွေအတွင်း လှူဒါန်းမယ်လို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်တွေက ဒီကနေ့ပြောပါတယ်။ ဒီအပေါ် အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံတွေက ကြိုဆိုကြပြီး ဒေသတွင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို တန်ပြန်တဲ့သဘော ရှုမြင်ကြပါတယ်။

ကမ္ဘာမှာ ကာကွယ်ဆေးအများဆုံး ထုတ်တဲ့ အိန္ဒိယနိုင်ငံက AstraZeneca ကုမ္ပဏီရဲ့ ကာကွယ်ဆေးသန်းပေါင်းများစွာကို မြန်မာနဲ့ တောင်အာရှနိုင်ငံတွေဆီ လာမယ့်သီတင်းပတ် အနည်းငယ်အတွင်း ပို့ပေးဖို့ ရှိနေပြီး မြန်မာအနေနဲ့လည်း လူပေါင်း ၁၅ သန်းစာ ဒီကာကွယ်ဆေးထပ်မှာထားကာ လာမယ့်ဖေဖော်ဝါရီလအတွင်း ဒီကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်းထားပါတယ်။

လတ်တလောမှာ Oxford တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီပေါင်းပြီး အိန္ဒိယရဲ့ Serum Institute ကနေ ထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးကို ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နဲ့ မော်လဒိုက်နိုင်ငံတွေဆီ အခမဲ့ ပို့ပေးပြီးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနဲ့ Seychelles နိုင်ငံတွေကိုတော့ ဒီအခမဲ့ကူညီပေးတဲ့ ကာကွယ်ဆေးတွေ နောက်တသုတ်အဖြစ် ရောက်ဖို့ရှိနေပါတယ်။ အိန္ဒိယအနေနဲ့ ကမ္ဘာမှာ အများဆုံး ဆေးဝါးထုတ်လုပ်နိုင်တဲ့နိုင်ငံတွေထဲက တစ်ခုဖြစ်လာတဲ့ စွမ်းအားကို သံတမန်ရေး နီးစပ်မှုအတွက် အသုံးပြုလာချိန် ခုလိုပို့ပေးနေတာပါ။

ကာကွယ်ဆေး အခမဲ့ စရပြီးဖြစ်တဲ့ နီပေါနိုင်ငံရဲ့ ကျန်းမာရေးနဲ့ လူဦးရေဆိုင်ရာ ဝန်ကြီး Hridayesh Tripathi က အန္ဒိယအစိုးရအနေနဲ့ အခုလို အခမဲ့ ကာကွယ်ဆေးပေးတာက စေတနာရှိတာကိုပြတယ်။ ဒါက ပြည်သူအဆင့် ဆက်ဆံရေးဖြစ်တယ်။ ကိုဗစ်ရောဂါတကယ်ခံစားနေရတာက ဒီပြည်သူတွေမို့ပါလို့ ဆိုပါတယ်။

တကယ်တော့ နီပေါနိုင်ငံဟာ အင်အားကြီး တရုတ်နဲ့ အိန္ဒိယအကြားမှာ ရှိနေပြီး လက်ရှိ တရုတ်ရဲ့ သြဇာချဲ့ထွင်မှုအောက် ရုန်းကန်နေရသလို အိန္ဒိယနဲ့ နယ်မြေအငြင်းပွားမှုကြောင့် ဆက်ဆံရေး ကျဲနေချိန်လည်းဖြစ်ပါတယ်။

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး အခမဲ့ပေးမယ့်ထဲ မြန်မာနိုင်ငံလည်း ပါဝင်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]




လတျတလောမှာ Oxford တက်ကသိုလျနဲ့ AstraZeneca ကုမ်ပဏီပေါငျးပွီး အိန်ဒိယရဲ့ Serum Institute ကနေ ထုတျလုပျတဲ့ ဒီကာကှယျဆေးကို ဘငျ်ဂလားဒေ့ရျှ၊ နီပေါ၊ ဘူတနျနဲ့ မောျလဒိုကျနိုငျငံတှဆေီ အခမဲ့ ပို့ပေးပွီးခဲ့ပွီးဖွဈပါတယျ။




This item is part of
XS
SM
MD
LG