သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အိႏၵိယႏိုင္ငံ ကိုဗစ္ကာကြယ္ေဆး ျမန္မာနဲ႔ အိမ္နီးခ်င္းေတြကို ေပးပို႔


အိႏၵိယႏုိင္ငံမွာ ထုတ္လုပ္တဲ့ AstraZeneca ကုိဗစ္ကာကြယ္ေဆး။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏၵိယႏိုင္ငံက ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္း ႏိုင္ငံေတြကို ဒီကေန႔ပဲ ေပးပို႔လိုက္တာေၾကာင့္ မၾကာခင္ ေရာက္လာေတာ့မယ့္အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

အိႏၵိယႏိုင္ငံက ကိုဗစ္ေရာဂါ ကာကြယ္ေဆးေတြကို ျမန္မာ၊ ဘူတန္၊ ဘဂၤလားေဒ့ရွ္၊ နီေပါ၊ ေမာ္လ္ဒိုက္နဲ႔ ေဆရွဲတို႔ကို ဒီကေန႔ပဲ စတင္ပို႔ေဆာင္လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ေနာက္ထပ္လည္း သီရိလကၤာ၊ အာဖဂန္နစၥတန္နဲ႔ ေမာ္ေရးရွပ္စ္ ႏိုင္ငံတို႔ကို တင္ပို႔သြားမွာပါ။ ျမန္မာႏိုင္ငံကေတာ့ လူဦးေရ ၁၅ သန္းစာအတြက္ မွာယူထားၿပီး၊ ဒီအထဲက ပထမအသုတ္အျဖစ္ ေရာက္လာတဲ့ အခါမွာေတာ့ က်န္းမာေရး ဝန္ထမ္းေတြ အပါအဝင္၊ ၆၅ ႏွစ္အထက္ အ႐ြယ္ရွိသူေတြကို ဦးစားေပး အစီအစဥ္နဲ႔ ထိုးႏွံေပးမွာ ျဖစ္ေၾကာင္းလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရ၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"အိႏၵိယကေန ေပးပို႔မယ့္ကာကြယ္ေဆးေတြက ဒီေန႔ကစၿပီး ေပးပို႔တာျဖစ္တဲ့အတြက္ေၾကာင့္ ေရွ႕အပတ္အနည္းငယ္အတြင္းမွာပဲ က်မတို႔ဆီေရာက္ရွိလာႏိုင္ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဝမ္ယီ လာတုန္းကလည္း ကာကြယ္ေဆးအလုံးေရ ၃၀၀,၀၀၀ ကို ျမန္မာႏိုင္ငံကိုေပးပို႔ လႉဒါန္းမယ္ဆိုၿပီးေတာ့ ေျပာထားတာလည္းရွိပါတယ္။ ကာကြယ္ေဆးေတြကေတာ့ တဖြဲဖြဲနဲ႔ေတာ့ ေရာက္ရွိဖို႔ရွိပါတယ္။ ေရာက္ရွိတဲ့ကာကြယ္ေဆးေတြအေပၚ မူတည္ၿပီးေတာ့ ကာကြယ္ေဆးေတြကို အဆင့္လိုက္သက္ဆိုင္ရာ ကာကြယ္ေဆး ထိုးသင့္တဲ့ လူအုပ္စုေပၚ မူတည္ၿပီးေတာ့ ထိုးႏွံေပးမွာျဖစ္ပါတယ္။"

အိႏၵိယႏိုင္ငံက ကမာၻ႔အႀကီးဆုံး ေဆးထုတ္လုပ္ေရး ကုမၸဏီျဖစ္တဲ့ Serum Institute of India နဲ႔ ၿဗိတိန္ေအာက္စ္ဖို႔ တကၠသိုလ္တို႔ ပူးတြဲသုေတသနလုပ္ ထုတ္လုပ္မယ့္ ကာကြယ္ေဆးကိုေတာ့ Covishield လို႔ အမည္ေပးထားၿပီး ေရာဂါကာကြယ္ႏိုင္စြမ္း ၉၀ ရာခိုင္ႏႈန္းအထိ ရွိတယ္လို႔လည္း တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံကို ကာကြယ္ေဆး ေရာက္လာတဲ့အခါမွာ လိုအပ္တဲ့သူေတြကို အျမန္ဆုံး ထိုးႏွံေပးဖို႔ ျပင္ဆင္ထားေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

"ကာကြယ္ေဆးေတြ ရရွိၿပီဆိုတာနဲ႔ ကာကြယ္ေဆးထိုးႏွံမယ့္လူအုပ္စုေတြ အျမန္ဆုံးေရာက္ရွိၿပီးတဲ့အခါက်ရင္ ကာကြယ္ေဆးထိုးစုရပ္ေတြမွာ ကာကြယ္ေဆးထိုးႏွံဖို႔။ ကာကြယ္ေဆးထိုးႏွံၿပီးတဲ့အခါမွာလည္း ေနာက္ဆက္တြဲျဖစ္ရပ္ေတြ ျဖစ္ပြားမႈမရွိေစဖို႔အတြက္ လိုအပ္တဲ့ အေရးေပၚေဆးေတြကအစ အဆင္သင့္ထားရွိၿပီးမွ ကာကြယ္ေဆးထိုးဖို႔။ ကာကြယ္ေဆးထိုးၿပီးတဲ့အခါမွာလည္း ထိုးတဲ့သူေတြကို Electronic Registration နဲ႔ မွတ္တမ္းတင္ဖို႔။ ဒါမ်ိဳးကိစၥရပ္ေတြကို ဇာတ္တိုက္ေလ့က်င့္ခန္းေတြ ေဆာင္႐ြက္တာလည္း အႀကိမ္ေပါင္းမ်ားစြာရွိၿပီ ျဖစ္ပါတယ္။"

ကမာၻမွာ ကိုဗစ္ေရာဂါပိုး ကူးစက္မႈ အေမရိကန္ၿပီးရင္ ဒုတိယအမ်ားဆုံးအျဖစ္ ေသဆုံးသူ ၁၅၀,၀၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၀ သန္းေက်ာ္ ရွိေနတဲ့ အိႏၵိယႏိုင္ငံမွာေတာ့ ေရာဂါတိုက္ဖ်က္ေရး ေရွ႕တန္းက ေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္း ၆၃၀,၀၀၀ ေက်ာ္ကို ကာကြယ္ေဆး ထိုးႏွံေပးထားၿပီးၿပီလို႔လည္း တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီလ ၁၉ ရက္ေန႔အထိ ထုတ္ျပန္ထားတဲ့စာရင္းအရ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၂,၉၀၀ ေက်ာ္ရွိေနၿပီး ေရာဂါကူးစက္ခံရသူကေတာ့ ၁၃၅,၀၀၀ ေက်ာ္ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေး မြန်မာနဲ့ အိမ်နီးချင်းတွေကို ပေးပို့

အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို ဒီကနေ့ပဲ ပေးပို့လိုက်တာကြောင့် မကြာခင် ရောက်လာတော့မယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မော်လ်ဒိုက်နဲ့ ဆေရှဲတို့ကို ဒီကနေ့ပဲ စတင်ပို့ဆောင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နဲ့ မော်ရေးရှပ်စ် နိုင်ငံတို့ကို တင်ပို့သွားမှာပါ။ မြန်မာနိုင်ငံကတော့ လူဦးရေ ၁၅ သန်းစာအတွက် မှာယူထားပြီး၊ ဒီအထဲက ပထမအသုတ်အဖြစ် ရောက်လာတဲ့ အခါမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင်၊ ၆၅ နှစ်အထက် အရွယ်ရှိသူတွေကို ဦးစားပေး အစီအစဉ်နဲ့ ထိုးနှံပေးမှာ ဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"အိန္ဒိယကနေ ပေးပို့မယ့်ကာကွယ်ဆေးတွေက ဒီနေ့ကစပြီး ပေးပို့တာဖြစ်တဲ့အတွက်ကြောင့် ရှေ့အပတ်အနည်းငယ်အတွင်းမှာပဲ ကျမတို့ဆီရောက်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ လာတုန်းကလည်း ကာကွယ်ဆေးအလုံးရေ ၃၀၀,၀၀၀ ကို မြန်မာနိုင်ငံကိုပေးပို့ လှူဒါန်းမယ်ဆိုပြီးတော့ ပြောထားတာလည်းရှိပါတယ်။ ကာကွယ်ဆေးတွေကတော့ တဖွဲဖွဲနဲ့တော့ ရောက်ရှိဖို့ရှိပါတယ်။ ရောက်ရှိတဲ့ကာကွယ်ဆေးတွေအပေါ် မူတည်ပြီးတော့ ကာကွယ်ဆေးတွေကို အဆင့်လိုက်သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးသင့်တဲ့ လူအုပ်စုပေါ် မူတည်ပြီးတော့ ထိုးနှံပေးမှာဖြစ်ပါတယ်။"

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဆေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India နဲ့ ဗြိတိန်အောက်စ်ဖို့ တက္ကသိုလ်တို့ ပူးတွဲသုတေသနလုပ် ထုတ်လုပ်မယ့် ကာကွယ်ဆေးကိုတော့ Covishield လို့ အမည်ပေးထားပြီး ရောဂါကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ဆေး ရောက်လာတဲ့အခါမှာ လိုအပ်တဲ့သူတွေကို အမြန်ဆုံး ထိုးနှံပေးဖို့ ပြင်ဆင်ထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကာကွယ်ဆေးတွေ ရရှိပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးနှံမယ့်လူအုပ်စုတွေ အမြန်ဆုံးရောက်ရှိပြီးတဲ့အခါကျရင် ကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့။ ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါမှာလည်း နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်ပွားမှုမရှိစေဖို့အတွက် လိုအပ်တဲ့ အရေးပေါ်ဆေးတွေကအစ အဆင်သင့်ထားရှိပြီးမှ ကာကွယ်ဆေးထိုးဖို့။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ထိုးတဲ့သူတွေကို Electronic Registration နဲ့ မှတ်တမ်းတင်ဖို့။ ဒါမျိုးကိစ္စရပ်တွေကို ဇာတ်တိုက်လေ့ကျင့်ခန်းတွေ ဆောင်ရွက်တာလည်း အကြိမ်ပေါင်းများစွာရှိပြီ ဖြစ်ပါတယ်။"

ကမ္ဘာမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု အမေရိကန်ပြီးရင် ဒုတိယအများဆုံးအဖြစ် သေဆုံးသူ ၁၅၀,၀၀၀ ကျော်နဲ့ ကူးစက်သူ ၁၀ သန်းကျော် ရှိနေတဲ့ အိန္ဒိယနိုင်ငံမှာတော့ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၆၃၀,၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီးပြီလို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၉၀၀ ကျော်ရှိနေပြီး ရောဂါကူးစက်ခံရသူကတော့ ၁၃၅,၀၀၀ ကျော် ရှိနေပါတယ်။

XS
SM
MD
LG