[Zawgyi/Unicode]
အေရွ႕ေတာင္အာရွေဒသက ႏိုင္ငံအမ်ားစုမွာ COVID-19 ကပ္ေရာဂါကာလအတြင္း လူ႔အခြင့္အေရးအေျခအေနေတြ ပိုၿပီးဆိုးရြားလာတယ္လို႔ ႏုိင္ငံတကာအဖြဲ႔အစည္းေတြက ေထာက္ျပေဝဖန္ေနၾကပါတယ္။
ျမန္မာႏိုင္ငံမွာဆိုရင္ လူဦးေရအမ်ားစု၊ အထူးသျဖင့္ ေက်းလက္ေဒသေတြမွာ က်န္းမာေရးဝန္ေဆာင္မႈ မရခဲ့ၾကဘူးလို႔ အာရွေဖာင္ေဒးရွင္းရဲ႕ ၂၀၂၀ ျပည့္ႏွစ္ ၾသဂုတ္လထုတ္ အစီရင္ခံစာတခုမွာ ေဖာ္ျပခဲ့ပါတယ္။
အကူအညီ မရၾကသူတခ်ဳိ႕ဟာ လက္နက္ကိုင္အဖြဲ႔ေတြဆီက အကူအညီကို အားကိုးေနၾကရတယ္လုိ႔ ဒီေဖာင္ေဒးရွင္းရဲ႕ အစီရင္ခံစာက ဆိုပါတယ္။ ျမန္မာႏုိင္ငံရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ဟာ လူမ်ားစုျဖစ္တဲ့ ဗမာေတြအတြက္ အဓိကျဖစ္ေနၿပီး တျခားလူမ်ဳိးစုေတြ မရၾကတာမ်ားတယ္လို႔လည္း အစီရင္ခံစာမွာ စြပ္စြဲထားပါတယ္။
ဖိလစ္ပိုင္ႏုိင္ငံမွာ အိမ္တြင္းေနအမိန္႔ဟာ မိသားစုဝင္ေငြအတြက္ က်ပန္းအလုပ္လုပ္ၾကရသူ ေအာက္ေျခလူတန္းစားအတြက္ အလုပ္မျဖစ္ခဲ့ပါဘူး။ ၂၀၂၀ ျပည့္ႏွစ္အတြင္း အဲဒီအမိန္႔ထုတ္ထားတဲ့ၾကားမွာပဲ သူတို႔ေတြဟာ အိမ္ျပင္ထြက္ အလုပ္လုပ္ခဲ့ၾကရပါတယ္။ အဆံုးမွာေတာ့ လူေထာင္ေပါင္းမ်ားစြာ ဖမ္းဆီးခံခဲ့ရၿပီး ေရာဂါပိုးကူးစက္ႏိုင္ေျခပိုမ်ားတ့ဲ အေျခအေနေတြေအာက္မွာ အက်ဥ္းခ်ခံခဲ့ၾကရပါတယ္။
ထိုင္းႏုိင္ငံမွာ တိုင္းျပည္ရဲ႕ အဓိကဝင္ေငြျဖစ္တဲ့ ကမာၻလွည့္ခရီးသြားလုပ္ငန္းနဲ႔ ျပည္ပပို႔ကုန္လုပ္ငန္းေတြအေပၚ ကပ္ေရာဂါရဲ႕သက္ေရာက္မႈကို စိုးရိမ္ၾကသူေတြက အစိုးရကိုသာမက ဘုရင္ကိုပါ ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။
မေလးရွားႏိုင္ငံမွာ COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈ ေလ်ာ့ပါးသက္သာေစေရး အကူအညီေပး အစီအစဥ္ေတြမွာ ျပည္ပ ေရႊ႕ေျပာင္းလုပ္သားေတြနဲ႔ ဒုကၡသည္ေတြကို ဖယ္ထုတ္ထားခဲ့ပါတယ္။
စကၤာပူႏိုင္ငံမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ ျပည္ပေရႊ႕ေျပာင္းလုပ္သားေတြကို သီးျခားခြဲထုတ္၊ အသင့္ျပင္ထားၿပီးသား စားစရာေတြေကၽြးၿပီးေတာ့ ေရႊ႕ေျပာင္းဝင္ေရာက္သူ ဆန္႔က်င္ေရးစိတ္ေပၚလာေအာင္ အာဏာပိုင္ေတြက မီးထိုးေပးခဲ့တယ္လုိ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေဝဖန္ပါတယ္။
ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံ၊ လူဦးေရ သန္းေပါင္း ၆၅၀ ေက်ာ္ရွိတဲ့ အေရွ႕ေတာင္အာရွေဒသမွာ ဒီမုိကေရစီႏုနယ္ေသးတဲ့ ႏုိင္ငံေတြပါဝင္ၿပီး COVID-19 ကပ္ေရာဂါေၾကာင့္ ယိုင္နဲ႔လာေနတဲ့ တိုင္းျပည္စီးပြားေရးေတြ ျပန္ထူေထာင္ဖို႔ တင္းတင္းၾကပ္ၾကပ္ လုပ္ေဆာင္ခဲ့ၾကပါတယ္။
[Unicode Version]
ကပ်ရောဂါကာလ မြန်မာအပါအရှေ့တောင်အာရှ လူ့အခွင့်အရေး ဆိုးရွားလာ
အရှေ့တောင်အာရှဒေသက နိုင်ငံအများစုမှာ COVID-19 ကပ်ရောဂါကာလအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုပြီးဆိုးရွားလာတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြဝေဖန်နေကြပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် လူဦးရေအများစု၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှု မရခဲ့ကြဘူးလို့ အာရှဖောင်ဒေးရှင်းရဲ့ ၂၀၂၀ ပြည့်နှစ် သြဂုတ်လထုတ် အစီရင်ခံစာတခုမှာ ဖော်ပြခဲ့ပါတယ်။
အကူအညီ မရကြသူတချို့ဟာ လက်နက်ကိုင်အဖွဲ့တွေဆီက အကူအညီကို အားကိုးနေကြရတယ်လို့ ဒီဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ လူများစုဖြစ်တဲ့ ဗမာတွေအတွက် အဓိကဖြစ်နေပြီး တခြားလူမျိုးစုတွေ မရကြတာများတယ်လို့လည်း အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ အိမ်တွင်းနေအမိန့်ဟာ မိသားစုဝင်ငွေအတွက် ကျပန်းအလုပ်လုပ်ကြရသူ အောက်ခြေလူတန်းစားအတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ်အတွင်း အဲဒီအမိန့်ထုတ်ထားတဲ့ကြားမှာပဲ သူတို့တွေဟာ အိမ်ပြင်ထွက် အလုပ်လုပ်ခဲ့ကြရပါတယ်။ အဆုံးမှာတော့ လူထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရပြီး ရောဂါပိုးကူးစက်နိုင်ခြေပိုများတဲ့ အခြေအနေတွေအောက်မှာ အကျဉ်းချခံခဲ့ကြရပါတယ်။
ထိုင်းနိုင်ငံမှာ တိုင်းပြည်ရဲ့ အဓိကဝင်ငွေဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပြည်ပပို့ကုန်လုပ်ငန်းတွေအပေါ် ကပ်ရောဂါရဲ့သက်ရောက်မှုကို စိုးရိမ်ကြသူတွေက အစိုးရကိုသာမက ဘုရင်ကိုပါ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှု လျော့ပါးသက်သာစေရေး အကူအညီပေး အစီအစဉ်တွေမှာ ပြည်ပ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ဖယ်ထုတ်ထားခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို သီးခြားခွဲထုတ်၊ အသင့်ပြင်ထားပြီးသား စားစရာတွေကျွေးပြီးတော့ ရွှေ့ပြောင်းဝင်ရောက်သူ ဆန့်ကျင်ရေးစိတ်ပေါ်လာအောင် အာဏာပိုင်တွေက မီးထိုးပေးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပါတယ်။
နိုင်ငံပေါင်း ၁၁ နိုင်ငံ၊ လူဦးရေ သန်းပေါင်း ၆၅၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှဒေသမှာ ဒီမိုကရေစီနုနယ်သေးတဲ့ နိုင်ငံတွေပါဝင်ပြီး COVID-19 ကပ်ရောဂါကြောင့် ယိုင်နဲ့လာနေတဲ့ တိုင်းပြည်စီးပွားရေးတွေ ပြန်ထူထောင်ဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့ကြပါတယ်။