သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္မႈ ဟန္႔တားေရးအတြက္ နယ္စပ္မွာ Quarantine စင္တာေတြ တရုတ္ တည္ေဆာက္


မွတ္တမ္းဓါတ္ပံု- ၂၀၂၀ စက္တင္ဘာတုန္းက တရုတ္ျမန္မာနယ္စပ္ၿမိဳ႕ျဖစ္တဲ့ Ruili မွာ COVID စမ္းသပ္မႈျပဳလုပ္ေန။

(Zawgyi/Unicode)

ျမန္မာဘက္က COVID-19 ကူးစက္မႈ ၀င္လာႏုိင္တဲ႔ အေျခအေနကို တားဆီး ဟန္႔တားႏုိင္ေရး အတြက္ ျမန္မာနဲ႔ နယ္စပ္မွာ တရုတ္ဘက္က ကုတင္ ၂၀၀၀ ေက်ာ္ဆန္႔ သီးျခားခြဲထားမယ့္ စင္တာ တခုကို တည္ေဆာက္ေနပါတယ္။

အိမ္နီးခ်င္း ျမန္မာနဲ႔ လာအို ႏွစ္ႏုိင္ငံမွာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္မႈက ဆက္ၿပီး ရွိေနၿပီး တရုတ္ဘက္ကို ၀င္လာႏုိင္တဲ႔ အႏၱရာယ္ေၾကာင့္ ဒီႏွစ္ႏုိင္ငံနဲ႔ ထိစပ္ေနတဲ႔ တရုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ ျပည္နယ္ထဲက Meng La ခရိုင္တြင္းမွာ သီးသန္႔ခြဲထားမယ့္ စင္တာ တခုကို တည္ေဆာက္ေနေၾကာင္း တရုတ္ အစိုးရ အာေဘာ္ Global Times က ဇန္န၀ါရီလ ၁၇ ရက္ေန႔က ေဖာ္ျပပါတယ္။

Quarantine ထားရွိႏုိင္ေရး လိုအပ္ခ်က္ ျပည့္မီေစဖို႔ အတြက္ Meng La ခရိုင္တြင္းမွာ တည္ေဆာက္ေနတဲ႔ စင္တာမွာေတာ့ အခန္း ၂၀၀၀ နဲ႔ ကုတင္က ၂၀၀၁ ခု ထားရွိႏုိင္မွာ ျဖစ္ပါတယ္။ ဒီစင္တာကို စီမံခန္႔ခြဲမယ့္ ၀န္ထမ္း ၁၁၂ ေယာက္ဆန္႔မယ့္ အခန္း ၅၁ ခန္းကိုလည္း တည္ေဆာက္ဖို႔ စီစဥ္ထားေၾကာင္း သတင္းက ေဖာ္ျပပါတယ္။ တည္ေဆာက္ေရး စီမံကိန္းကို တလ အတြင္း ၿပီးစီးဖို႔လည္း ခန္႔မွန္းထားပါတယ္။

ၿပီးခဲ႔တဲ႔ စေနေန႔ထိ ယူနန္ ျပည္နယ္မွာ ျပည္ပက ကူးစက္တဲ႔ COVID-19 လူနာ ၅ ဦးရွိၿပီး ဒီထဲက သံုးဦးက ေရာဂါ လကၡဏာမျပဘူးလို႔ သတင္းက ေဖာ္ျပေပမယ့္ ဘယ္ႏုိင္ငံက ကူးစက္သလဲဆိုတာကိုေတာ့ ေဖာ္ျပမထားပါဘူး။ ၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္း တရုတ္ႏုိင္ငံ ၀ူဟန္မွာ စၿပီး ေတြ႔ရတဲ႔ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႕မႈကို တရုတ္ႏုိင္ငံတြင္းမွာ က်ယ္က်ယ္ျပန္႔ျပန္႔ ထိန္းခ်ဳပ္ ထားႏုိင္ေပမယ့္ ျမန္မာ အပါအ၀င္ ကမၻာတလႊားမွာေတာ့ ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးပမ္းေနရဆဲ ျဖစ္ပါတယ္။ တရုတ္ က်န္းမာေရး ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ အရေတာ့ တရုတ္ႏုိင္ငံတြင္း ျပည္ပကေန COVID-19 ကူးစက္မႈ စုစုေပါင္း၂၇၈ ဦး ရွိတယ္လို႔ ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကူးစက်မှု ဟန့်တားရေးအတွက် နယ်စပ်မှာ Quarantine စင်တာတွေ တရုတ်တည်ဆောက်

(Unicode)

မြန်မာဘက်က COVID-19 ကူးစက်မှု ဝင်လာနိုင်တဲ့ အခြေအနေကို တားဆီး ဟန့်တားနိုင်ရေး အတွက် မြန်မာနဲ့ နယ်စပ်မှာ တရုတ်ဘက်က ကုတင် ၂၀၀၀ ကျော်ဆန့် သီးခြားခွဲထားမယ့် စင်တာ တခုကို တည်ဆောက်နေပါတယ်။

အိမ်နီးချင်း မြန်မာနဲ့ လာအို နှစ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုက ဆက်ပြီး ရှိနေပြီး တရုတ်ဘက်ကို ဝင်လာနိုင်တဲ့ အန္တရာယ်ကြောင့် ဒီနှစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ထဲက Meng La ခရိုင်တွင်းမှာ သီးသန့်ခွဲထားမယ့် စင်တာ တခုကို တည်ဆောက်နေကြောင်း တရုတ် အစိုးရ အာဘော် Global Times က ဇန်နဝါရီလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။

Quarantine ထားရှိနိုင်ရေး လိုအပ်ချက် ပြည့်မီစေဖို့ အတွက် Meng La ခရိုင်တွင်းမှာ တည်ဆောက်နေတဲ့ စင်တာမှာတော့ အခန်း ၂၀၀၀ နဲ့ ကုတင်က ၂၀၀၁ ခု ထားရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီစင်တာကို စီမံခန့်ခွဲမယ့် ဝန်ထမ်း ၁၁၂ ယောက်ဆန့်မယ့် အခန်း ၅၁ ခန်းကိုလည်း တည်ဆောက်ဖို့ စီစဉ်ထားကြောင်း သတင်းက ဖော်ပြပါတယ်။ တည်ဆောက်ရေး စီမံကိန်းကို တလ အတွင်း ပြီးစီးဖို့လည်း ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ထိ ယူနန် ပြည်နယ်မှာ ပြည်ပက ကူးစက်တဲ့ COVID-19 လူနာ ၅ ဦးရှိပြီး ဒီထဲက သုံးဦးက ရောဂါ လက္ခဏာမပြဘူးလို့ သတင်းက ဖော်ပြပေမယ့် ဘယ်နိုင်ငံက ကူးစက်သလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း တရုတ်နိုင်ငံ ဝူဟန်မှာ စပြီး တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တရုတ်နိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ် ထားနိုင်ပေမယ့် မြန်မာ အပါအဝင် ကမ္ဘာတလွှားမှာတော့ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။ တရုတ် ကျန်းမာရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက် အရတော့ တရုတ်နိုင်ငံတွင်း ပြည်ပကနေ COVID-19 ကူးစက်မှု စုစုပေါင်း၂၇၈ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG