သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၄,၃၁၈ ဦး၊ ေသဆံုး ၂,၉၅၅ ဦး


ကုိဗစ္လူနာေတြကို ကုသေပးေနတဲ့ ရန္ကုန္ၿမိဳ႕ ဧရာဝတီ ကိုဗစ္စင္တာ အထူးၾကပ္မတ္ကုသေဆာင္။ (ဇန္နဝါရီ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၄၄၉ ေယာက္ ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ အခုထိ ကူးစက္သူ စုစုေပါင္း ၁၃၄,၃၁၈ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူက ၁၃ ဦးရွိတာေၾကာင့္ အခုထိ ေသဆုံးသူစုစုေပါင္း ၂,၉၅၅ ေယာက္ရွိပါတယ္။ ေသဆုံးသူေတြထဲ ေရာဂါအခံရွိတဲ့သူ ၁၂ ေယာက္ပါဝင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဒီကေန႔ည ၈ နာရီအခ်ိန္ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇန္နဝါရီလ ၁၇ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၁၇,၆၅၆ ခု စစ္ေဆးခဲ့တာပါ။

ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၂,၁၃၂,၉၉၃ ခု စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၁၇,၆၆၃ ေယာက္ ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၂၃ ရက္ေန႔ကေန ဇန္နဝါရီလ ၁၆ ရက္ေန႔အထိ ေတြ႔ရတဲ့ အတည္ျပဳလူနာစာရင္းေတြအရ ရန္ကုန္တိုင္းအတြင္း ကူးစက္သူ ၈၅,၉၈၉ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၲေလးတိုင္းအတြင္း ေရာဂါကူးစက္သူ ၁၅,၈၂၇ ေယာက္နဲ႔ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ကူးစက္ျပန္႔ပြါးမႈကို အျမန္ဆုံး ထိန္းခ်ဳပ္ႏိုင္ေရး တျပည္လုံးအတိုင္းအတာနဲ႔ ေဆာင္ရြက္ေနတဲ့ ပါးစပ္နဲ႔ ႏွာေခါင္းစည္း မျဖစ္မေန တပ္ဆင္ေရး လႈပ္ရွားမႈမွာ ျပည္သူအားလုံး ပူးေပါင္းပါဝင္ ေဆာင္ရြက္ၾကဖို႔ကိုလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပး ႏႈိးေဆာ္ထားပါတယ္။

--------------------------

(Unicode)

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၄,၃၁၈ ဦး၊ သေဆုံး ၂,၉၅၅ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄၄၉ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၄,၃၁၈ ယောက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၁၃ ဦးရှိတာကြောင့် အခုထိ သေဆုံးသူစုစုပေါင်း ၂,၉၅၅ ယောက်ရှိပါတယ်။ သေဆုံးသူတွေထဲ ရောဂါအခံရှိတဲ့သူ ၁၂ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒီကနေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁၇,၆၅၆ ခု စစ်ဆေးခဲ့တာပါ။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂,၁၃၂,၉၉၃ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၁၇,၆၆၃ ယောက် ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ တွေ့ရတဲ့ အတည်ပြုလူနာစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၈၅,၉၈၉ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရောဂါကူးစက်သူ ၁၅,၈၂၇ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပြန့်ပွါးမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေး တပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်နေတဲ့ ပါးစပ်နဲ့ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ကိုလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG