သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၅ သိန်းထိ ရှိလာနိုင်ကြောင်း သမ္မတဘိုင်ဒန်သတိပေး


Pennsylvania ပြည်နယ် Philadelphia မြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၈၊ ၂၀၂၁)
Pennsylvania ပြည်နယ် Philadelphia မြို့မှာ ကိုဗစ်စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၈၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူ ရှေ့လကျရင် ၅၀၀,၀၀၀ လောက်အထိရှိသွားနိုင်တယ်လို့ သမ္မတ Joe Biden က သတိပေးလိုက်ပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေး Biden အစိုးရသစ်ရဲ့ အစီအစဉ်တွေကို ကြာသပတေးနေ့က ရှင်းလင်းပြစဉ်က ခုလို ပြောကြားခဲ့တာပါ။

အခြေအနေတွေ ပြန်ကောင်းမလာခင် ပိုဆိုးလာဦးမယ့်အကြောင်းနဲ့ ရှေ့လမှာ သေဆုံးသူအရေအတွက် ၅၀၀,၀၀၀ လောက်အထိ တိုးလာနိုင်ကြောင်း သမ္မတ Joe Biden ပြောပါတယ်။ ကပ်ရောဂါတိုက်ဖျက်ရေး လိုအပ်တဲ့ကူညီ ထောက်ပံ့မှုတွေကို အစိုးရသစ်က ဆောင်ရွက်နေကြောင်းလည်း စာမျက်နှာ ၁၉၈ မျက်နှာပါတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ သမ္မတက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတအမိန့် ထုတ်ပြန်ချက် ၁၀ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ သမ္မတ Biden ရဲ့ ရည်မှန်းချက်တွေထဲမှာ ရက် ၁၀၀ အတွင်း အမေရိကန်ပြည်သူ သန်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးရေးလည်း ပါဝင်ပါတယ်။

နိုင်ငံတဝန်းမှာ ပြည်ထောင်စုအစိုးရ အထောက်အပံ့နဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ နေရာ ၁၀၀ ကိုလည်း ဖွင့်လှစ်မှာဖြစ်ပါတယ်။ သန်း ၁၀၀ ကို ရက် ၁၀၀ အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးမယ့် ရည်မှန်းချက်ဟာ လက်တေ့ွ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ထိပ်တန်းအကြံပေး Dr. Anthony Fauci ကလည်းပြောကြားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်အတည်ပြုလူနာ ၂၄ သန်းကျော်၊ သေဆုံးသူ ၄၀၁,၀၀၀ ထက် မနည်းရှိနေပါပြီ။ နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူကတော့ လောလောဆယ် ၁၆ သန်းလောက်ရှိပါတယ်။ တချို့ပြည်နယ်တွေမှာ ကာကွယ်ဆေး မလောက်ငှတဲ့ အခြေအနေတွေလည်း ကြုံနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG