သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ အဆုပ္ေရာဂါအခံရွိသူ ႀကိဳတင္ျပင္ဆင္ကာကြယ္ေရး


In this Tuesday, Oct. 15, 2013 photo, Carter Howard sits and watches a cartoon during his asthma treatment at his home in Northbrook, Ill.

ကိုဗစ္ကာလမွာ COPD (ေခၚ) နာတာရွည္အဆုပ္ပြ ေလႁပြန္က်ဥ္းေရာဂါအခံရွိသူေတြမွာ၊ ပိုၿပီးႀကိဳတင္သတိျပဳ ျပင္ဆင္ကာကြယ္သင့္တာေတြ ရွိတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ေျပာဆိုပါတယ္။

Chronic Obstructive Pulmonary Disease (COPD) ေခၚ နာတာရွည္ အဆုပ္ပြေလႁပြန္က်ဥ္း (သို႔မဟုတ္) နာတာရွည္အဆုပ္ပြ ပန္းနာေရာဂါအခံ ရွိသူေတြမွာ ႀကိဳတင္သတိျပဳသင့္တာက ကိုဗစ္ကာလတြင္း အိမ္မွာအဓိက ေနၾကရတာေၾကာင့္၊ လိုအပ္တဲ့ ကိုယ္လက္လႈပ္ရွား အားကစားလုပ္ႏိုင္မူေတြ နည္းသြားႏိုင္တာနဲ႔၊ ဒီအျပင္ မထြက္ရတာေၾကာင့္ပဲ ေနေရာင္ျခည္အရနည္းၿပီး၊ ဗီတာမင္ (ဒီ) ေလ်ာ့ကာ၊ ကိုယ္ခံအားပါ က်ဆင္းလာႏိုင္တာပါ။ ဒါေၾကာင့္ TB အဆုပ္နာေရာဂါ အျဖစ္မ်ားေနေသးတဲ့ ျမန္မာႏိုင္ငံမွာ၊ အိမ္ထဲမွာေနခ်ိန္ ကိုယ္ခံအားက် တီဘီေရာ ကိုဗစ္ပါ ကူးစက္မလြယ္ရေအာင္၊ အိမ္တြင္းမွာပဲ လုပ္ႏိုင္တဲ့ ကိုယ္လက္လႈပ္ရွားအားကစားမ်ား လုပ္ဖို႔ ျပင္ဆင္ႀကိဳးပမ္းလုပ္တာေတြအျပင္၊ အိမ္တြင္းနဲ႔ အိမ္နားတဝိုက္မွာ ေနေရာင္ျခည္ခံႏိုင္ေရး ႀကိဳတင္ျပင္ဆင္ လုပ္ေဆာင္သင့္ပါတယ္။

ဒါ့အျပင္ သတိျပဳသင့္တာကက ေဆးလိပ္ေၾကာင့္ ကိုဗစ္ျဖစ္လာလွ်င္ ပိုျပင္းထန္ေစႏိုင္တာနဲ႔၊ အဆုပ္ေရာဂါအခံေတြ အဓိကျဖစ္ေစတာအျပင္၊ ေဆးလိပ္ေသာက္ခ်ိန္ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္း ခြၽတ္ထားရတာေၾကာင့္လည္း ကိုဗစ္ပိုး ကူးစက္ဖို႔ ပိုလြယ္သြားႏိုင္ျပန္ပါတယ္။ ဒါေၾကာင့္ ေဆးလိပ္မေသာက္သူေတြလည္း လုံးဝစမ္းမေသာက္ဖို႔နဲ႔၊ ေသာက္ထားၿပီးသူ ျဖစ္လွ်င္လည္း ျဖတ္ႏိုင္ဖို႔ တျဖည္းျဖည္း ႀကိဳးစားယူသင့္ပါတယ္။ အခုလို ကိုဗစ္ကာလ ဒီအဆုပ္အခံေရာဂါ ရွိထားသူေတြ ပိုမဆိုးလာေစဖို႔နဲ႔၊ မျဖစ္ေသးသူေတြမွာလည္း စမျဖစ္ေစဖို႔၊ ေဆးလိပ္အျပင္ ေနာက္သတိျပဳသင့္တာကေတာ့၊ ပတ္ဝန္းက်င္က အနံ႔နဲ႔အမႈန္ေတြပါ။ ဥပမာအားျဖင့္ ထမင္းဟင္းခ်က္ရာမွာ အသုံးျပဳေနရေသးတဲ့ ထင္းမီးေသြး၊ ေနာက္ေခ်းေျခာက္မီးရႈိ ႔တဲ့ မီးခိုးအနံ႔ေတြနဲ႔၊ ေနာက္ေဆာက္လုပ္ေရးနဲ႔ သတၱဳတြင္းမိုင္းလုပ္ငန္းေတြက ထြက္လာတဲ့ ဖုန္နဲ႔အမႈန္ေတြ ႐ူမိတာၾကာင့္လည္း၊ ဒီ COPD အဆုပ္ေရာဂါအခံကို ျဖစ္ေစႏိုင္တာကို သတိျပဳမိၿပီး၊ ဒီမီးခိုးနံနဲ႔အမူန္ေတြကို ေလွ်ာ့ခ်၊ ေရွာင္က်ဥ္သင့္ပါတယ္။

ဒါ့အျပင္ ငယ္႐ြယ္စဥ္မွာ အဆုပ္ပြတာနဲ႔ အဆုပ္ပိုးဝင္ခဲ့ဖူးတာ၊ တီဘီအဆုပ္နာ ျဖစ္ခဲ့ဖူးတာေတြေၾကာင့္၊ ဒီ COPD နာတာရွည္အဆုပ္ပန္းနာရာဂါ ျဖစ္ေစႏိုင္တာအျပင္၊ ႏို႔တိုက္မိခင္မွာလည္း အာဟာရခ်ဳိ ႔တဲ့ၿပီး ကေလးမွာ အာဟာရခ်ိဳ ႔တဲ့ေစကာ အဆုပ္ဖြံ႕ၿဖိဳးမူ ထိခိုက္ေစတာေၾကာင့္လည္း၊ အဆုပ္ေရာဂါအခံကို ပိုျဖစ္ေစႏိုင္တာေၾကာင့္ သတိျပဳၿပီး၊ ငယ္႐ြယ္စဥ္ အဆုပ္မထိခိုက္ေရးကို ကာကြယ္ဖို႔နဲ႔ မိခင္ေရာကေလးပါ အာဟာရျပည့္ဝေအာင္ စားတတ္ဖို႔ အေရးႀကီးပါတယ္။ တခ်ိန္တည္းမွာ အရင္ေျပာခဲ့တဲ့ ပုံမွန္ ကိုဗစ္ကာကြယ္ေရးနည္းလမ္းေတြကို အသိနဲ႔သတိနဲ႔၊ ဥပမာ ႏွာေခါင္းစည္းကို ထိေရာက္ေအာင္တပ္တာနဲ႔၊ ဒီ COPD ေရာဂါအခံ မဆိုးလာေအာင္လည္း ဒီအသိ၊သတိနဲ႔ပဲ၊ ပုံမွန္ေဆးေတြေသာက္တာ၊ ႐ူေပးတာနဲ႔ ထိန္းထားႏိုင္လွ်င္၊ ေမာၾကပ္ေခ်ာင္ဆိုးတာမ်ိဳး ပုံမွန္လကၡဏာေတြရွိႏိုင္ေပမယ့္၊ အထူးတလည္ ေဆ႐ုံေဆးခန္းသြားျပစရာလည္း မလိုေတာ့ဘဲ၊ ကိုဗစ္ကူးစက္ႏိုင္မူ အမ်ားႀကီးနည္းသြားႏိုင္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္းႏိုင္ဖို႔ ကိုဝင္းမင္း က အဆုပ္နဲ႔ ရင္ေခါင္း အထူးကုဆရာဝန္ႀကီးနဲ႔ ေဆးတကၠသိုလ္ (၁) အဆုပ္နဲ႔ အသက္႐ူလမ္းေၾကာင္းဆိုင္ရာ ေဆးပညာဌာန အၿငိမ္းစားဌာနမွဴး ပါေမာကၡ ေဒါက္တာဝင္းႏိုင္ ကို ဆက္သြယ္ေမးထားပါတယ္။

== Unicode ==

ကိုဗစ်ကာလမှာ COPD (ခေါ်) နာတာရှည်အဆုပ်ပွ လေပြွန်ကျဉ်းရောဂါအခံရှိသူတွေမှာ၊ ပိုပြီးကြိုတင်သတိပြု ပြင်ဆင်ကာကွယ်သင့်တာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

Chronic Obstructive Pulmonary Disease (COPD) ခေါ် နာတာရှည် အဆုပ်ပွလေပြွန်ကျဉ်း (သို့မဟုတ်) နာတာရှည်အဆုပ်ပွ ပန်းနာရောဂါအခံ ရှိသူတွေမှာ ကြိုတင်သတိပြုသင့်တာက ကိုဗစ်ကာလတွင်း အိမ်မှာအဓိက နေကြရတာကြောင့်၊ လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်နိုင်မူတွေ နည်းသွားနိုင်တာနဲ့၊ ဒီအပြင် မထွက်ရတာကြောင့်ပဲ နေရောင်ခြည်အရနည်းပြီး၊ ဗီတာမင် (ဒီ) လျော့ကာ၊ ကိုယ်ခံအားပါ ကျဆင်းလာနိုင်တာပါ။ ဒါကြောင့် TB အဆုပ်နာရောဂါ အဖြစ်များနေသေးတဲ့ မြန်မာနိုင်ငံမှာ၊ အိမ်ထဲမှာနေချိန် ကိုယ်ခံအားကျ တီဘီရော ကိုဗစ်ပါ ကူးစက်မလွယ်ရအောင်၊ အိမ်တွင်းမှာပဲ လုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ဖို့ ပြင်ဆင်ကြိုးပမ်းလုပ်တာတွေအပြင်၊ အိမ်တွင်းနဲ့ အိမ်နားတဝိုက်မှာ နေရောင်ခြည်ခံနိုင်ရေး ကြိုတင်ပြင်ဆင် လုပ်ဆောင်သင့်ပါတယ်။

ဒါ့အပြင် သတိပြုသင့်တာကက ဆေးလိပ်ကြောင့် ကိုဗစ်ဖြစ်လာလျှင် ပိုပြင်းထန်စေနိုင်တာနဲ့၊ အဆုပ်ရောဂါအခံတွေ အဓိကဖြစ်စေတာအပြင်၊ ဆေးလိပ်သောက်ချိန် Mask ပါးစပ်နဲ့နှာခေါင်းစည်း ချွတ်ထားရတာကြောင့်လည်း ကိုဗစ်ပိုး ကူးစက်ဖို့ ပိုလွယ်သွားနိုင်ပြန်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်သူတွေလည်း လုံးဝစမ်းမသောက်ဖို့နဲ့၊ သောက်ထားပြီးသူဖြစ်လျှင်လည်း ဖြတ်နိုင်ဖို့ တဖြည်းဖြည်း ကြိုးစားယူသင့်ပါတယ်။ အခုလို ကိုဗစ်ကာလ ဒီအဆုပ်အခံရောဂါ ရှိထားသူတွေ ပိုမဆိုးလာစေဖို့နဲ့၊ မဖြစ်သေးသူတွေမှာလည်း စမဖြစ်စေဖို့၊ ဆေးလိပ်အပြင် နောက်သတိပြုသင့်တာကတော့၊ ပတ်ဝန်းကျင်က အနံ့နဲ့အမှုန်တွေပါ။ ဥပမာအားဖြင့် ထမင်းဟင်းချက်ရာမှာ အသုံးပြုနေရသေးတဲ့ ထင်းမီးသွေး၊ နောက်ချေးခြောက်မီးရှို့တဲ့ မီးခိုးအနံ့တွေနဲ့၊ နောက်ဆောက်လုပ်ရေးနဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေက ထွက်လာတဲ့ ဖုန်နဲ့အမှုန်တွေ ရူမိတာကြာင့်လည်း၊ ဒီ COPD အဆုပ်ရောဂါအခံကို ဖြစ်စေနိုင်တာကို သတိပြုမိပြီး၊ ဒီမီးခိုးနံနဲ့အမူန်တွေကို လျှော့ချ၊ ရှောင်ကျဉ်သင့်ပါတယ်။

ဒါ့အပြင် ငယ်ရွယ်စဉ်မှာ အဆုပ်ပွတာနဲ့ အဆုပ်ပိုးဝင်ခဲ့ဖူးတာ၊ တီဘီအဆုပ်နာ ဖြစ်ခဲ့ဖူးတာတွေကြောင့်၊ ဒီ COPD နာတာရှည်အဆုပ်ပန်းနာရာဂါ ဖြစ်စေနိုင်တာအပြင်၊ နို့တိုက်မိခင်မှာလည်း အာဟာရချို့တဲ့ပြီး ကလေးမှာ အာဟာရချို့တဲ့စေကာ အဆုပ်ဖွံ့ဖြိုးမူ ထိခိုက်စေတာကြောင့်လည်း၊ အဆုပ်ရောဂါအခံကို ပိုဖြစ်စေနိုင်တာကြောင့် သတိပြုပြီး၊ ငယ်ရွယ်စဉ် အဆုပ်မထိခိုက်ရေးကို ကာကွယ်ဖို့နဲ့ မိခင်ရောကလေးပါ အာဟာရပြည့်ဝအောင် စားတတ်ဖို့ အရေးကြီးပါတယ်။ တချိန်တည်းမှာ အရင်ပြောခဲ့တဲ့ ပုံမှန် ကိုဗစ်ကာကွယ်ရေးနည်းလမ်းတွေကို အသိနဲ့သတိနဲ့၊ ဥပမာ နှာခေါင်းစည်းကို ထိရောက်အောင်တပ်တာနဲ့၊ ဒီ COPD ရောဂါအခံ မဆိုးလာအောင်လည်း ဒီအသိ၊သတိနဲ့ပဲ၊ ပုံမှန်ဆေးတွေသောက်တာ၊ ရူပေးတာနဲ့ ထိန်းထားနိုင်လျှင်၊ မောကြပ်ချောင်ဆိုးတာမျိုး ပုံမှန်လက္ခဏာတွေရှိနိုင်ပေမယ့်၊ အထူးတလည် ဆေရုံဆေးခန်းသွားပြစရာလည်း မလိုတော့ဘဲ၊ ကိုဗစ်ကူးစက်နိုင်မူ အများကြီးနည်းသွားနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ကိုဝင်းမင်း က အဆုပ်နဲ့ ရင်ခေါင်း အထူးကုဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) အဆုပ်နဲ့ အသက်ရူလမ်းကြောင်းဆိုင်ရာ ဆေးပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာဝင်းနိုင် ကို ဆက်သွယ်မေးထားပါတယ်။

XS
SM
MD
LG