သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလအတြင္း ေမြးၿပီးမိခင္ေစာင့္ေရွာက္ပုံ


တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ကာလအတြင္းမွာ ကေလးေမြးၿပီး မိခင္ေတြအေနနဲ႔ ကိုဗစ္ေရာဂါသံသယရွိတာ၊ ပိုးတကယ္ရွိတာေတြ ျဖစ္ေကာင္းျဖစ္လာႏိုင္တာမို႔၊ ကေလးနဲ႔မိခင္အတြက္ ေစာင့္ေရွာက္တတ္ဖို႔ အေရးႀကီးတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကိုဗစ္ကာလမွာ ေမြးၿပီးမိခင္ေတြအေနနဲ႔ ခင္ပြန္းမွာ ကိုဗစ္ျဖစ္ရာကေနတဆင့္၊ ကိုဗစ္သံသယနဲ႔ Quarantine အသြားအလာကန႔္သတ္၊ စခန္းဝင္ရႏိုင္သလို၊ ကိုယ္ကိုယ္တိုင္လည္း ကိုဗစ္ျဖစ္လာတာ ႀကဳံေကာင္းႀကံဳရႏိုင္ပါတယ္။ ဒီေနရာမွာ ေမြးကင္းစ ကေလးေလးနဲ႔ အတူေနမေန၊ ႏို႔ဘယ္လိုတိုက္ေကၽြးမလဲ ဆုံးျဖတ္ဖို႔ ႀကဳံလာပါတယ္။ မိခင္ႏို႔ကေနတဆင့္ ကေလးကို ကိုဗစ္ပိုးကူးစက္ႏိုင္တာ မေတြ႕ရေသးေပမယ့္၊ ကိုယ္တိုင္ႏို႔တိုက္ေကၽြးခ်ိန္ အေနနီးၿပီး (၆) ေပ မခြာႏိုင္ဘဲ မိခင္ရင္ခြင္ထဲမွာပဲ ထားရတာေၾကာင့္နဲ႔၊ ကိုင္တြယ္ထိေတြ႔ရတာေတြေၾကာင့္ ကူးစက္ႏိုင္ပါတယ္။ ဒါေပမဲ့ မိခင္ႏို႔မတိုက္ျပန္လွ်င္လဲ မိခင္ႏို႔ကရတဲ့ ကိုယ္ခံအားဓာတ္ (ဝမ္းတြင္းမွ ထြက္လာခ်ိန္စရမယ့္ ေရာဂါကာကြယ္ဓာတ္)၊ အာဟာရျပည့္စုံမူေတြ ဆုံးရႈံးတာအျပင္၊ မိခင္ႏွင့္ကေလး ခ်စ္ခ်င္းေမတၱာ သံေယာဇဥ္တြယ္မူနဲ႔ မိခင္ေရာကေလးပါ ရႏိုင္တဲ့ အျခားေကာင္းက်ိဳးေတြ ဆုံးရႈံးကာ၊ ဆိုးက်ိဳးေတြအျဖစ္ အာဟာရခ်ိဳ ႔တဲ့တာ၊ ကိုယ္ခံအားနည္းတာ ေတြ႔ႀကဳံရႏိုင္ျပန္ပါတယ္။

အခုလိုအေျခအေနမွာ၊ တစ္နည္းကေတာ့ အေမႏို႔ရည္ကို ကိုယ္တိုင္မတိုက္ဘဲ၊ ညစ္ထုတ္ၿပီး အျခားေနေကာင္းေနသူတစ္ဦးက ဇြန္းနဲ႔တိုက္ျခင္းျဖင့္၊ အေနနီးၿပီး ကိုင္တြယ္ထိေတြ႕တာကတဆင့္ ကူးႏိုင္တာကို ကာကြယ္ႏိုင္ပါတယ္။ ဒါေပမဲ့ ဗူးထဲထည့္တိုက္လွ်င္ေတာ့ သန႔္ရွင္းေရးအတြက္ (ေရ၊ ခြက္၊ ႏို႔ဗူး၊ ေဖ်ာ္ပုံ မသန႔္တာ) ပိုစိုးရိမ္ရတာအျပင္၊ ကိုဗစ္သဘာဝအရ၊ အေမ ခဏေနျပန္ေကာင္းလာၿပီး မိခင္ႏို႔ျပန္တိုက္ခ်ိန္မွာ၊ ကေလးအတြက္ ႏို႔ဗူးေခါင္းနဲ႔ မိခင္ႏို႔သီးေခါင္းမွားၿပီး ရႈပ္ေထြးသြားတဲ့ အခက္အခဲမ်ဳိး ႀကဳံရႏိုင္ျပန္ပါတယ္။ အျပင္က ႏို႔ဗူးတိုက္ျပန္လွ်င္လည္း၊ ေကာင္းက်ိဳးမ်ားတဲ့ မိခင္ႏို႔ကို လုံးဝ ဆက္ဆုံးရႈံးသြားရေတာ့မွာပါ။ ဒါေၾကာင့္ Quarantine စခန္းေတြမွာ၊ အခုလို အေကာင္း-အဆိုး အေျခအေနအတြက္၊ သားဖြားမိခင္ေတြကို အေသအခ်ာရွင္းျပ တိုင္ပင္ေဆြးေႏြးဖို႔ အေရးႀကီးလာပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကေတာ့၊ ျမန္မာႏိုင္ငံလို ဖြံ႕ၿဖိဳးဆဲ ႏိုင္ငံအေျခအေနမွာ အျပင္ကႏို႔ဝယ္တိုက္လွ်င္ မသန႔္ရွင္းတဲ့ဒဏ္ ပိုခံရဖို႔မ်ားတာေၾကာင့္၊ မိခင္တစ္ေယာက္ ကိုဗစ္ျဖစ္လာလွ်င္ တိုင္ပင္ေဆြးေႏြးေပးၿပီး၊ မိခင္ကိုယ္တိုင္ ႏို႔တိုက္ဖို႔ဆႏၵရွိလွ်င္ ႏို႔တိုက္ႏိုင္ေၾကာင္း အႀကံျပဳထားပါတယ္။

အခုလို မိခင္တစ္ေယာက္မွာ ကိုဗစ္ျဖစ္လာခဲ့လွ်င္၊ ကေလးကို ႏို႔တိုက္ေကၽြးရာမွာ အတတ္ႏိုင္ဆုံး ကာကြယ္ေရးနည္းလမ္းေတြ ရွိပါတယ္။ တစ္ခုက Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္းကို အေသအခ်ာ အေပၚေအာက္ မလြတ္ေအာင္တပ္ထားၿပီး၊ ျဖစ္ႏိုင္လွ်င္ အၿမဲနီးပါး (သို႔မဟုတ္)၊ အတတ္ႏိုင္ဆုံး ကေလးနဲ႔အတူ နီးနီးကပ္ကပ္ရိွေနခ်ိန္နဲ႔၊ အထူးသျဖင့္ ရင္ခြင္ထဲထား ႏို႔တိုက္ခ်ိန္မွာ မျဖစ္မေန တပ္ထားသင့္ပါတယ္။ ေနာက္တစ္ခုကေတာ့ ႏို႔တိုက္ခ်ိန္ကလြဲၿပီး၊ ကေလးနဲ႔ အထိအေတြ႔၊ အကိုင္အတြယ္ တတ္ႏိုင္သမွ် နည္းေအာင္ ေနဖို႔ပါ။ ကေလးကို ထိေတြ႔ကိုင္တြယ္လိုပါက၊ မကိုင္တြယ္မီနဲ႔ ကိုင္တြယ္ၿပီးခ်ိန္တိုင္းမွာ၊ လက္ကို အေသအခ်ာေဆးဖို႔ အေရးႀကီးပါတယ္။ ဒါ့အျပင္ ႏို႔တိုက္ေကၽြး ထိေတြ႔ကိုင္တြယ္ေနခ်ိန္မွာ၊ မိခင္အေနနဲ႔ ေခ်ာင္းဆိုးတာ၊ ႏွာေခ်တာေတြ မေတာ္တဆ မလုပ္မိေအာင္လည္း အထူးသတိထားသင့္ပါတယ္။

ေနာက္ဆုံးအေရးႀကီးတဲ့အခ်က္ကေတာ့ ကေလးေမြးၿပီးခ်ိန္ေရာ၊ ကေလးမေမြးခင္မွာပါ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ သဘာဝအရ ေဟာ္မုန္းအေျပာင္းအလဲျဖစ္ၿပီး ပံုမွန္အားျဖင့္ စိတ္ဖိစီးမူ ျဖစ္တတ္ရာ၊ အခုလို ကိုဗစ္ကာလအတြင္း မိမိအတြက္နဲ႔ ကေလးအတြက္ စိုးရိမ္ရတာေၾကာင့္ (ပုံမွန္ေဆးခန္းျပလွ်င္ ကိုဗစ္ကူးခံရမွာ၊ မျပျပန္လွ်င္လည္း ကေလးနဲ႔မိခင္ က်န္းမာရဲ႕လား၊ မိခင္ကေန ကေလးကို ကူးသြားမလား၊ ကိုယ္ဝန္ဓာတ္မွန္႐ိုက္မယ့္အခ်ိန္ မသြားႏိုင္ခဲ့တာ စသည္ျဖင့္) အျပင္၊ Quarantine စခန္းဝင္ရသူေတြမွာ ေနရထိုင္ရ အခက္အခဲ (အမ်ားသုံး ေရခ်ိဳးခန္း အိမ္သာခဏခဏ ဝင္ရတာ၊ အိမ္မွာလို လြတ္လြတ္လပ္လပ္ လဲေလ်ာင္း၊ ေနထိုင္၊ သြားလာလႈပ္ရွားရ အဆင္မေျပတာ) နဲ႔ အိမ္မွာ က်န္ခဲ့သူေတြအတြက္ (ေနေကာင္းအဆင္ေျပပါ့မလား) စိုးရိမ္ေသာကေတြေၾကာင့္၊ စိတ္ဖိစီးမူနဲ႔ စိတ္ဓာတ္က်မူေတြ ဆတိုးပိုမ်ားသြားတတ္ပါတယ္။ ဒါကို မိခင္ကိုယ္တိုင္ ဂ႐ုစိုက္ေပးၿပီး၊ အိမ္သားေတြ၊ Qurantine စခန္းဝင္ေနသူေတြအေနနဲ႔ပါ နားလည္ေပးကာ၊ ေဖးမကူညီေပးဖို႔ အထူးအေရးႀကီးလာပါတယ္။ အခုလိုလုပ္ျခင္းျဖင့္ မသက္သာေသးဘဲ၊ စိတ္ဖိစီးမူနဲ႔ စိတ္ဓာတ္က်မူ ပိုဆိုးတာ (မအိပ္၊ မစားႏိုင္အထိ) ျဖစ္လာလွ်င္ေတာ့၊ က်န္းမာေရးဌာနကိုအေၾကာင္းၾကားၿပီး၊ လိုအပ္လွ်င္ အစိုးရရဲ႕ စိတ္ပိုင္း၊ လူမူေရးပိုင္း ပံ့ပိုးေပးမူ (Psycho-Social Support) အစီအစဥ္ကေန ေဆြးေႏြးႏွစ္သိမ့္ေပးႏိုင္ဖို႔ အကူအညီ ေတာင္းခံႏိုင္ပါတယ္ (လူမူဝန္ထမ္းဌာန၏ ေနျပည္ေတာ္အပါအဝင္ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအလိုက္နဲ႔ က်န္းမာေရးဌာန၏ ေဆး႐ုံအထူးကုအခ်ိန္အလိုက္ ဆက္သြယ္ရန္ဖုန္းမ်ားကို ေအာက္တြင္ေဖာ္ျပထားပါသၫ္)။

ဒီအေၾကာင္းပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္း က သားဖြားမီးယပ္အထူးကု အၿငိမ္းစား ပါေမာကၡ ေဒါက္တာျမသီတာ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

ကိုဗစ်ကာလအတွင်းမှာ ကလေးမွေးပြီး မိခင်တွေအနေနဲ့ ကိုဗစ်ရောဂါသံသယရှိတာ၊ ပိုးတကယ်ရှိတာတွေ ဖြစ်ကောင်းဖြစ်လာနိုင်တာမို့၊ ကလေးနဲ့မိခင်အတွက် စောင့်ရှောက်တတ်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ်ကာလမှာ မွေးပြီးမိခင်တွေအနေနဲ့ ခင်ပွန်းမှာ ကိုဗစ်ဖြစ်ရာကနေတဆင့်၊ ကိုဗစ်သံသယနဲ့ Quarantine အသွားအလာကန့်သတ်၊ စခန်းဝင်ရနိုင်သလို၊ ကိုယ်ကိုယ်တိုင်လည်း ကိုဗစ်ဖြစ်လာတာ ကြုံကောင်းကြုံရနိုင်ပါတယ်။ ဒီနေရာမှာ မွေးကင်းစ ကလေးလေးနဲ့ အတူနေမနေ၊ နို့ဘယ်လိုတိုက်ကျွေးမလဲ ဆုံးဖြတ်ဖို့ ကြုံလာပါတယ်။ မိခင်နို့ကနေတဆင့် ကလေးကို ကိုဗစ်ပိုးကူးစက်နိုင်တာ မတွေ့ရသေးပေမယ့်၊ ကိုယ်တိုင်နို့တိုက်ကျွေးချိန် အနေနီးပြီး (၆) ပေ မခွာနိုင်ဘဲ မိခင်ရင်ခွင်ထဲမှာပဲ ထားရတာကြောင့်နဲ့၊ ကိုင်တွယ်ထိတွေ့ရတာတွေကြောင့် ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့ မိခင်နို့မတိုက်ပြန်လျှင်လဲ မိခင်နို့ကရတဲ့ ကိုယ်ခံအားဓာတ် (ဝမ်းတွင်းမှ ထွက်လာချိန်စရမယ့် ရောဂါကာကွယ်ဓာတ်)၊ အာဟာရပြည့်စုံမူတွေ ဆုံးရှုံးတာအပြင်၊ မိခင်နှင့်ကလေး ချစ်ချင်းမေတ္တာ သံယောဇဉ်တွယ်မူနဲ့ မိခင်ရောကလေးပါ ရနိုင်တဲ့ အခြားကောင်းကျိုးတွေ ဆုံးရှုံးကာ၊ ဆိုးကျိုးတွေအဖြစ် အာဟာရချို့တဲ့တာ၊ ကိုယ်ခံအားနည်းတာ တွေ့ကြုံရနိုင်ပြန်ပါတယ်။

အခုလိုအခြေအနေမှာ၊ တစ်နည်းကတော့ အမေနို့ရည်ကို ကိုယ်တိုင်မတိုက်ဘဲ၊ ညစ်ထုတ်ပြီး အခြားနေကောင်းနေသူတစ်ဦးက ဇွန်းနဲ့တိုက်ခြင်းဖြင့်၊ အနေနီးပြီး ကိုင်တွယ်ထိတွေ့တာကတဆင့် ကူးနိုင်တာကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဗူးထဲထည့်တိုက်လျှင်တော့ သန့်ရှင်းရေးအတွက် (ရေ၊ ခွက်၊ နို့ဗူး၊ ဖျော်ပုံ မသန့်တာ) ပိုစိုးရိမ်ရတာအပြင်၊ ကိုဗစ်သဘာဝအရ၊ အမေ ခဏနေပြန်ကောင်းလာပြီး မိခင်နို့ပြန်တိုက်ချိန်မှာ၊ ကလေးအတွက် နို့ဗူးခေါင်းနဲ့ မိခင်နို့သီးခေါင်းမှားပြီး ရှုပ်ထွေးသွားတဲ့ အခက်အခဲမျိုး ကြုံရနိုင်ပြန်ပါတယ်။ အပြင်က နို့ဗူးတိုက်ပြန်လျှင်လည်း၊ ကောင်းကျိုးများတဲ့ မိခင်နို့ကို လုံးဝ ဆက်ဆုံးရှုံးသွားရတော့မှာပါ။ ဒါကြောင့် Quarantine စခန်းတွေမှာ၊ အခုလို အကောင်း-အဆိုး အခြေအနေအတွက်၊ သားဖွားမိခင်တွေကို အသေအချာရှင်းပြ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးလာပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံအခြေအနေမှာ အပြင်ကနို့ဝယ်တိုက်လျှင် မသန့်ရှင်းတဲ့ဒဏ် ပိုခံရဖို့များတာကြောင့်၊ မိခင်တစ်ယောက် ကိုဗစ်ဖြစ်လာလျှင် တိုင်ပင်ဆွေးနွေးပေးပြီး၊ မိခင်ကိုယ်တိုင် နို့တိုက်ဖို့ဆန္ဒရှိလျှင် နို့တိုက်နိုင်ကြောင်း အကြံပြုထားပါတယ်။

အခုလို မိခင်တစ်ယောက်မှာ ကိုဗစ်ဖြစ်လာခဲ့လျှင်၊ ကလေးကို နို့တိုက်ကျွေးရာမှာ အတတ်နိုင်ဆုံး ကာကွယ်ရေးနည်းလမ်းတွေ ရှိပါတယ်။ တစ်ခုက Mask ပါးစပ်နဲ့ နှာခေါင်းစည်းကို အသေအချာ အပေါ်အောက် မလွတ်အောင်တပ်ထားပြီး၊ ဖြစ်နိုင်လျှင် အမြဲနီးပါး (သို့မဟုတ်)၊ အတတ်နိုင်ဆုံး ကလေးနဲ့အတူ နီးနီးကပ်ကပ်ရှိနေချိန်နဲ့၊ အထူးသဖြင့် ရင်ခွင်ထဲထား နို့တိုက်ချိန်မှာ မဖြစ်မနေ တပ်ထားသင့်ပါတယ်။ နောက်တစ်ခုကတော့ နို့တိုက်ချိန်ကလွဲပြီး၊ ကလေးနဲ့ အထိအတွေ့၊ အကိုင်အတွယ် တတ်နိုင်သမျှ နည်းအောင် နေဖို့ပါ။ ကလေးကို ထိတွေ့ကိုင်တွယ်လိုပါက၊ မကိုင်တွယ်မီနဲ့ ကိုင်တွယ်ပြီးချိန်တိုင်းမှာ၊ လက်ကို အသေအချာဆေးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် နို့တိုက်ကျွေး ထိတွေ့ကိုင်တွယ်နေချိန်မှာ၊ မိခင်အနေနဲ့ ချောင်းဆိုးတာ၊ နှာချေတာတွေ မတော်တဆ မလုပ်မိအောင်လည်း အထူးသတိထားသင့်ပါတယ်။

နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ ကလေးမွေးပြီးချိန်ရော၊ ကလေးမမွေးခင်မှာပါ၊ ကိုယ်ဝန်ဆောင်မိခင်တွေ သဘာဝအရ ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး ပုံမှန်အားဖြင့် စိတ်ဖိစီးမူ ဖြစ်တတ်ရာ၊ အခုလို ကိုဗစ်ကာလအတွင်း မိမိအတွက်နဲ့ ကလေးအတွက် စိုးရိမ်ရတာကြောင့် (ပုံမှန်ဆေးခန်းပြလျှင် ကိုဗစ်ကူးခံရမှာ၊ မပြပြန်လျှင်လည်း ကလေးနဲ့မိခင် ကျန်းမာရဲ့လား၊ မိခင်ကနေ ကလေးကို ကူးသွားမလား၊ ကိုယ်ဝန်ဓာတ်မှန်ရိုက်မယ့်အချိန် မသွားနိုင်ခဲ့တာ စသည်ဖြင့်) အပြင်၊ Quarantine စခန်းဝင်ရသူတွေမှာ နေရထိုင်ရ အခက်အခဲ (အများသုံး ရေချိုးခန်း အိမ်သာခဏခဏ ဝင်ရတာ၊ အိမ်မှာလို လွတ်လွတ်လပ်လပ် လဲလျောင်း၊ နေထိုင်၊ သွားလာလှုပ်ရှားရ အဆင်မပြေတာ) နဲ့ အိမ်မှာ ကျန်ခဲ့သူတွေအတွက် (နေကောင်းအဆင်ပြေပါ့မလား) စိုးရိမ်သောကတွေကြောင့်၊ စိတ်ဖိစီးမူနဲ့ စိတ်ဓာတ်ကျမူတွေ ဆတိုးပိုများသွားတတ်ပါတယ်။ ဒါကို မိခင်ကိုယ်တိုင် ဂရုစိုက်ပေးပြီး၊ အိမ်သားတွေ၊ Qurantine စခန်းဝင်နေသူတွေအနေနဲ့ပါ နားလည်ပေးကာ၊ ဖေးမကူညီပေးဖို့ အထူးအရေးကြီးလာပါတယ်။ အခုလိုလုပ်ခြင်းဖြင့် မသက်သာသေးဘဲ၊ စိတ်ဖိစီးမူနဲ့ စိတ်ဓာတ်ကျမူ ပိုဆိုးတာ (မအိပ်၊ မစားနိုင်အထိ) ဖြစ်လာလျှင်တော့၊ ကျန်းမာရေးဌာနကိုအကြောင်းကြားပြီး၊ လိုအပ်လျှင် အစိုးရရဲ့ စိတ်ပိုင်း၊ လူမူရေးပိုင်း ပံ့ပိုးပေးမူ (Psycho-Social Support) အစီအစဉ်ကနေ ဆွေးနွေးနှစ်သိမ့်ပေးနိုင်ဖို့ အကူအညီ တောင်းခံနိုင်ပါတယ် (လူမူဝန်ထမ်းဌာန၏ နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်နဲ့ ကျန်းမာရေးဌာန၏ ဆေးရုံအထူးကုအချိန်အလိုက် ဆက်သွယ်ရန်ဖုန်းများကို အောက်တွင်ဖော်ပြထားပါသည်)။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က သားဖွားမီးယပ်အထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာမြသီတာ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

healthcare hotline numbers in Myanmar
အေရးေပၚ ေခၚဆိုႏိုင္သည့္ ေဆးရံု၊ ေဆးခန္း၊ ကူညီေစာင့္ေရွာက္ေရး ဖုန္းနံပါတ္မ်ား
healthcare hotline numbers in Myanmar
အေရးေပၚ ေခၚဆိုႏိုင္သည့္ ေဆးရံု၊ ေဆးခန္း၊ ကူညီေစာင့္ေရွာက္ေရး ဖုန္းနံပါတ္မ်ား
healthcare hotline numbers in Myanmar
အေရးေပၚ ေခၚဆိုႏိုင္သည့္ ေဆးရံု၊ ေဆးခန္း၊ ကူညီေစာင့္ေရွာက္ေရး ဖုန္းနံပါတ္မ်ား

XS
SM
MD
LG