သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ႏွစ္သစ္ကူးက်န္းမာေရး သံဓိဌာန္


A man walks past large numbers for the upcoming year 2021, as part of Christmas and New Year decorations at Vorobyovy Hills observation point in Moscow on December 14, 2020. (Photo by Alexander NEMENOV / AFP)
ကိုဗစ္ကာလ ႏွစ္သစ္ကူးက်န္းမာေရး သံဓိဌာန္
please wait

No media source currently available

0:00 0:07:34 0:00
တိုက္႐ိုက္ လင့္ခ္

၂၀၂၁ ခုအတြက္ က်န္းမာေရး သံဓိဌာန္ခ်ရာမွာ၊ ကိုဗစ္ကမာၻ႔ကပ္ေရာဂါႀကီးေၾကာင့္ အရင္ပုံမွန္သံဓိဌာန္ေတြနဲ႔ မလုံေလာက္ေတာ့ဘဲ၊ ပိုမိုအေလးထားစရာေတြ ရွိလာေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳေျပာဆိုပါတယ္။

အရင္ႏွစ္ေတြလို ပုံမွန္ သံဓိဌာန္ေတြနဲ႔ မလုံေလာက္ေတာ့တာကေတာ့၊ ဒီကမာၻ႔ကပ္ရာဂါႀကီးကို ႏွစ္သစ္မွာ လြန္ေျမာက္ဖို႔အျပင္၊ ၿပီးခဲ့တဲ့ တစ္ႏွစ္လုံးနီးပါး ရင္ဆိုင္ခဲ့ရတဲ့ ဒီေရာဂါေၾကာင့္၊ လူပ္ရွားမူေတြနည္း၊ အင္တာနက္ Online ဖန္သားျပင္ၾကည့္ခ်ိန္မ်ားၿပီး၊ စိတ္ဖိစီးမူေတြမ်ားကာ၊ ပုံမွန္ေဆးခန္းျပမူေတြ နည္းလာရတာေၾကာင့္ပါ။ တခ်ိန္ထဲမွာ အျခားသူအမ်ားအျပားကဲ့သို႔ သံဓိဌာန္ခ်ၿပီး ေရရွည္ဆက္မလုပ္ႏိုင္တာမ်ိဳး မျဖစ္ရေအာင္၊ မႏိုင္မယ့္အမ်ားႀကီးကို သံဓိဌာန္ မခ်ဘဲ (ဥပမာ တစ္လအတြင္း ေပါင္ (၃၀) ကိုယ္အေလးခ်ိန္ ဝိတ္ခ်ဖို႔)၊ လုပ္ႏိုင္တာ အနည္းငယ္ကိုသာ သံဓိဌာန္ခ်ၿပီး၊ ျဖည္းျဖည္းခ်င္း တစိုက္မတ္မတ္ လုပ္သြားသင့္ပါတယ္။

အခုလို လုပ္ႏိုင္တာေ႐ြးခ်ယ္ရာမွာ၊ အေသးစိတ္ တိက်မူရွိဖို႔၊ အခ်ိန္ကာလ သတ္မွတ္ခ်က္ရွိဖို႔၊ တိုင္းထြာႏိုင္ဖို႔နဲ႔ ပန္းတိုင္လက္ေတြ႕ေရာက္ႏိုင္ဖို႔ေတြကို ထည့္စဥ္းစားဖို႔ လိုပါတယ္။ ဥပမာ၊ ေလ့က်င့္ခန္း လုပ္မယ္လို႔ ေယဘုယ် သံဓိဌာန္ခ်မယ့္အစား၊ တစ္ပတ္ကို ဘယ္ႏွစ္ရက္ (၃ - ၅ ရက္)၊ တစ္ရက္ကို ဘယ္ႏွစ္မီးနစ္အနည္းဆုံး (မိနစ္ ၃၀) လုပ္မယ္လို႔ သံဓိဌာန္မ်ိဳး ခ်သင့္ပါတယ္။ ဒါ့အျပင္ မိမိ ဒိုင္ယာယီထဲမွာခ်ေရးထားတာ၊ မိမိနဲ႔ခင္မင္ရင္းႏွီးသူေတြကို ထုတ္ေျပာကာ သတိေပး ထိန္းေပးေစတာေတြလည္း ေသခ်ာေအာင္ လုပ္ေဆာင္သင့္ပါတယ္။

ကိုဗစ္ကာလ ဆက္ျဖစ္မယ့္ ႏွစ္သစ္မွာ၊ အခုမွ စေပၚလာတဲ့ ကိုဗစ္ကာကြယ္ေဆး ထိုးေရးက မိမိထိန္းခ်ဳပ္ႏိုင္တာ မဟုတ္ေသးတာမို႔၊ ဒီထက္စာလွ်င္ ကိုယ္ကိုယ္တိုင္ထိန္းခ်ဳပ္ လုပ္ေဆာင္ႏိုင္တာကို သံဓိဌာန္ခ်သင့္ပါတယ္။ ဥပမာ၊ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္း အျပင္ဖက္ကို အရင္လက္နဲ႔ ထိေတြ႔ခဲ့မိလွ်င္၊ ႏွစ္သစ္မွာ မထိေတြ႔ေအာင္ သတိျပဳလုပ္ေဆာာင္တာမ်ိဳးပါ။ ဒါ့အျပင္ ကိုဗစ္ကာလမွာ၊ အိမ္တြင္းေအာင္း အဓိကေနရကာ၊ လူခ်င္းခပ္ခြာခြာ (Social Distancing) ေနရတာေတြေၾကာင့္၊ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြမူနည္လာေပမယ့္ ဆက္သြယ္ေရးကိရိယာေတြ ျဖစ္တဲ့ (အင္တာနက္၊ ဖုန္းနဲ႔ ဗိုင္ဗာ၊ Facebook စတဲ့လူမူကြန္ယက္) ေတြကတစ္ဆင့္၊ စိတ္ခ်င္းဆက္သြယ္မူေတြ လူမူေရးဆက္သြယ္မူေတြ ပိုလုပ္ဖို႔၊ ပို႔စရာရွိေတြ Delivery (လူနဲ႔ပို႔ေဆာင္ေရးလုပ္ငန္းေတြ) ကတစ္ဆင့္ပို႔ဖို႔ သံဓိဌာန္ခ်ႏိုင္ပါတယ္။

ဒါေပမဲ့လဲ အထက္ပါ ဖန္သားျပင္ကတစ္ဆင့္ ၾကည့္ခ်ိန္မ်ားသြားလွ်င္လည္း၊ အထိုင္မ်ားၿပီး လႈပ္ရွားမူနည္းကာ ေသြးလည္ပတ္မူနဲ႔ ႂကြက္သားထိခိုက္တာအျပင္၊ စိတ္ဖိစီးမူ ပိုျဖစ္ေစႏိုင္တာေၾကာင့္၊ ဒီဖန္သားျပင္ခ်ိန္ကို ေလ်ာ့ခ် (ဥပမာ တစ္ေန႔ ဘယ္ႏွစ္နာရီသာ - တစ္နာရီ ႏွစ္နာရီ) ကန႔္သတ္ဖို႔ အေရးႀကီးျပန္ပါတယ္။ ဒါ့အျပင္ ကိုဗစ္ကာလ အိမ္မွာအလုပ္လုပ္ရတာေၾကာင့္၊ အရင္႐ုံးသြားခ်ိန္ရတဲ့၊ လည္ပတ္ခ်ိန္ရတဲ့ ပုံမွန္လႈပ္ရွားမူပါ နည္းသြားခ်ိန္မွာ၊ လႈပ္လႈပ္ရွားရွား ျပန္ရွိေအာင္ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္း အထူးအေလးေပးလုပ္ဖို႔ လိုလာပါတယ္။ ဒါေပမဲ့ ကိုဗစ္ကာလ အျပင္သြားလာ ကန႔္သတ္မူေတြ ရွိေနျပန္တာေၾကာင့္၊ အိမ္တြင္းမွာ ေလ့က်င့္ခန္းလုပ္ႏိုင္ေအာင္လည္း (ဥပမာ ႐ိုဂါက်င့္တာ၊ ပက္လက္အိပ္ထ၊ ဒိုက္ထိုး၊ ဦးေခါင္းေျခလက္ေလ့က်င့္ခန္း၊ လမ္းေလွ်ာက္ စတာေတြ) စီစဥ္ၿပီး ႀကိဳးပမ္းလုပ္ေဆာင္သင့္ပါတယ္။

တခ်ိန္ထဲမွာ ကိုဗစ္ကာလ ေစ်းကေန ကူးစက္မွာစိုးရိမ္ၿပီး၊ ေန႔စဥ္လတ္ဆတ္တာအဝယ္နည္းကာ၊ ေရရွည္အစားခံတဲ့ ဆီေၾကာ္စာအထုတ္ေတြ (ဥပမာ အာလူးေၾကာ္) ေဆာင္ထားၿပီး၊ အစားမ်ားလြန္းလွ်င္လည္း က်န္းမာေရးထိခိုက္ႏိုင္တာမို႔၊ လတ္ဆတ္တဲ့ အသီးအ႐ြက္ေတြ (ဥပမာ တို႔စရာမ်ိဳးစုံ တစ္ပတ္ ဘယ္ႏွစ္ႀကိမ္စားဖို႔) နဲ႔ ငါး၊ အသားေတြကိုပါ စုံေအာင္၊ ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ဖို႔ သံဓိဌာန္ခ်ႏိုင္ပါတယ္။ ဒါ့အျပင္ ကိုဗစ္ကာလ ဖန္သားျပင္ၾကည့္ခ်ိန္လြန္ၿပီး၊ အိပ္ေရးပ်က္တာေတြ ပိုျဖစ္လာႏိုင္တာေၾကာင့္၊ အိပ္ခ်ိန္ကို အနည္းဆုံး တစ္ေန႔ (၇) နာရီ သတ္မွတ္အိပ္သင့္ပါတယ္။ အိပ္ေရးပ်က္ၿပီး ႏုံးလာလွ်င္ သတိထားဖို႔ လိုပါတယ္။ ဒါ့အျပင္ ေရေသာက္နည္းတာေၾကာင့္လည္း ႏုံးႏိုင္တာမို႔၊ ေရကို ပုံမွန္ (တစ္ေန႔ အနည္းဆုံး ၂ လီတာ - ေရသန႔္ဗူးႀကီး ၂ ဗူးစာ) ေသာက္သင့္ပါတယ္။

ဒီေနရာမွာ ကိုဗစ္ကာလ အဓိက ထိခိုက္ႏိုင္တဲ့အဆုပ္ ပိုမထိခိုက္ရေအာင္၊ ေဆးလိပ္ကို လုံးဝ ျဖတ္ႏိုင္လွ်င္ အေကာင္းဆုံးပါ။ ဒါေပမဲ လုံးဝျဖတ္ဖို႔မျဖစ္ႏိုင္ဘဲ သံဓိဌာန္ခ်ၿပီး ျပန္ပ်က္တာ မျဖစ္ရေအာင္လည္း၊ တကယ္လုပ္ႏိုင္မဲ့ နည္းနည္းစီေလ်ာ့ ျဖည္းျဖည္းခ်င္း ျဖတ္သြားႏိုင္ပါတယ္။ ဥပမာ - အရင္က ေဆးလိပ္ တစ္ေန႔ (၁၀) လိပ္ကေန (၇) လိပ္ စေလွ်ာ့ၿပီး၊ တျဖည္းျဖည္းဆက္ေလ်ာ့တာ (သို႔မဟုတ္) အရင္ တစ္ေန႔ အလိပ္ ၂၀ ကေန၊ တစ္ႏွစ္အတြင္း တစ္ေန႔ ၂ လိပ္အထိတျဖည္းျဖည္းေလ်ာ့သြားတာမ်ိဳးပါ။ အလားတူ ကိုယ္အေလးခ်ိန္ ဝိတ္ခ်တာကိုလည္း၊ ျဖည္းျဖည္းခ်င္း ျဖစ္ႏိုင္တာ၊ လုပ္ႏိုင္တာ နည္းနည္းကေန စၿပီး၊ တျဖည္းျဖည္း ခ်သြားသင့္ပါတယ္။ ကြမ္းစားကိုလည္း အလားတူျဖတ္ႏိုင္ပါတယ္။

ေနာက္အေရးႀကီးတာတစ္ခုကေတာ့၊ ကိုဗစ္ကာလမွာ အျပင္မထြက္ရ၊ အဆက္အသြယ္ေတြျပတ္၊ ပိတ္ေလွာင္သလိုခံစားရၿပီး၊ ေရာဂါကူးခံရမွာ အလုပ္ျပႆနာ စတာေတြေၾကာင့္လည္း စိုးရိမ္စိတ္ဖိစီးမူပိုမ်ားႏိုင္တာမို႔၊ တရားထိုင္တာအျပင္ အျခားစိတ္ၾကည္ႏူးစရာ (အရင္ ၾကည္ႏႈးခဲ့တာေတြျပန္ေတြးအပန္းေျဖတာ၊ အင္တာနက္ကေန ခရီးထြက္ တျခားေဒသေတြအေၾကာင္းေလ့လာတာ၊ အိမ္တြင္းသစ္ပင္စိုက္အပန္းေျဖတာ စတာ) ေတြလုပ္ႏိုင္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာလ ေဆးခန္းကေန ကူးစက္ခံရမွာ စိုးရိမ္တာေၾကာင့္ ေဆးခန္းျပတာ နည္းလာခ်ိန္မွာ၊ ေရာဂါေတြမျဖစ္ေအာင္နဲ႔ ပိုမဆိုးေအာင္ ကိုယ္ခံအားနဲ႔ က်န္းမာေရးေကာင္းေစႏိုင္တဲ့ အထက္ပါအခ်က္ေတြကို ပိုမိုအေလးထား လုပ္ေဆာင္သင့္ပါတယ္။ အထူးသျဖင့္ ကိုဗစ္ကာလ ပါးစပ္အေဟာင္းသားဖြင့္ အနီးကပ္ကိုင္တြယ္ရတဲ့ သြားေဆးခန္းေတြက ကူးဖို႔မ်ားတာေၾကာင့္၊ သြားေဆးခန္းမသြားႏိုင္တဲ့ အေျခေအနမ်ိဳးေတြမွာ သြားနဲ႔ခံတြင္းသန႔္စင္မူ ပိုအေလးထား (တစ္ေန႔ ၂ ႀကိမ္ အနည္းဆုံးသြားတိုက္တာ၊ သြားပြတ္ႀကိဳးနဲ႔ သြားၾကားေတြကို အေသအခ်ာသန႔္စင္တာ) လုပ္ေဆာင္ေပးသင့္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွႏုိင္ဖို႔အတြက္ ကိုဝင္းမင္းက ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကု ဆရာဝန္မ်ားအဖြဲ႕က ေဒါက္တာျမင့္ဦးကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

၂၀၂၁ ခုအတွက် ကျန်းမာရေး သံဓိဌာန်ချရာမှာ၊ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် အရင်ပုံမှန်သံဓိဌာန်တွေနဲ့ မလုံလောက်တော့ဘဲ၊ ပိုမိုအလေးထားစရာတွေ ရှိလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။

အရင်နှစ်တွေလို ပုံမှန် သံဓိဌာန်တွေနဲ့ မလုံလောက်တော့တာကတော့၊ ဒီကမ္ဘာ့ကပ်ရာဂါကြီးကို နှစ်သစ်မှာ လွန်မြောက်ဖို့အပြင်၊ ပြီးခဲ့တဲ့ တစ်နှစ်လုံးနီးပါး ရင်ဆိုင်ခဲ့ရတဲ့ ဒီရောဂါကြောင့်၊ လူပ်ရှားမူတွေနည်း၊ အင်တာနက် Online ဖန်သားပြင်ကြည့်ချိန်များပြီး၊ စိတ်ဖိစီးမူတွေများကာ၊ ပုံမှန်ဆေးခန်းပြမူတွေ နည်းလာရတာကြောင့်ပါ။ တချိန်ထဲမှာ အခြားသူအများအပြားကဲ့သို့ သံဓိဌာန်ချပြီး ရေရှည်ဆက်မလုပ်နိုင်တာမျိုး မဖြစ်ရအောင်၊ မနိုင်မယ့်အများကြီးကို သံဓိဌာန် မချဘဲ (ဥပမာ တစ်လအတွင်း ပေါင် (၃၀) ကိုယ်အလေးချိန် ဝိတ်ချဖို့)၊ လုပ်နိုင်တာ အနည်းငယ်ကိုသာ သံဓိဌာန်ချပြီး၊ ဖြည်းဖြည်းချင်း တစိုက်မတ်မတ် လုပ်သွားသင့်ပါတယ်။

အခုလို လုပ်နိုင်တာရွေးချယ်ရာမှာ၊ အသေးစိတ် တိကျမူရှိဖို့၊ အချိန်ကာလ သတ်မှတ်ချက်ရှိဖို့၊ တိုင်းထွာနိုင်ဖို့နဲ့ ပန်းတိုင်လက်တွေ့ရောက်နိုင်ဖို့တွေကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ဥပမာ၊ လေ့ကျင့်ခန်း လုပ်မယ်လို့ ယေဘုယျ သံဓိဌာန်ချမယ့်အစား၊ တစ်ပတ်ကို ဘယ်နှစ်ရက် (၃ - ၅ ရက်)၊ တစ်ရက်ကို ဘယ်နှစ်မီးနစ်အနည်းဆုံး (မိနစ် ၃၀) လုပ်မယ်လို့ သံဓိဌာန်မျိုး ချသင့်ပါတယ်။ ဒါ့အပြင် မိမိ ဒိုင်ယာယီထဲမှာချရေးထားတာ၊ မိမိနဲ့ခင်မင်ရင်းနှီးသူတွေကို ထုတ်ပြောကာ သတိပေး ထိန်းပေးစေတာတွေလည်း သေချာအောင် လုပ်ဆောင်သင့်ပါတယ်။

ကိုဗစ်ကာလ ဆက်ဖြစ်မယ့် နှစ်သစ်မှာ၊ အခုမှ စပေါ်လာတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးရေးက မိမိထိန်းချုပ်နိုင်တာ မဟုတ်သေးတာမို့၊ ဒီထက်စာလျှင် ကိုယ်ကိုယ်တိုင်ထိန်းချုပ် လုပ်ဆောင်နိုင်တာကို သံဓိဌာန်ချသင့်ပါတယ်။ ဥပမာ၊ Mask ပါးစပ်နဲ့နှာခေါင်းစည်း အပြင်ဖက်ကို အရင်လက်နဲ့ ထိတွေ့ခဲ့မိလျှင်၊ နှစ်သစ်မှာ မထိတွေ့အောင် သတိပြုလုပ်ဆောာင်တာမျိုးပါ။ ဒါ့အပြင် ကိုဗစ်ကာလမှာ၊ အိမ်တွင်းအောင်း အဓိကနေရကာ၊ လူချင်းခပ်ခွာခွာ (Social Distancing) နေရတာတွေကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေမူနည်လာပေမယ့် ဆက်သွယ်ရေးကိရိယာတွေ ဖြစ်တဲ့ (အင်တာနက်၊ ဖုန်းနဲ့ ဗိုင်ဗာ၊ Facebook စတဲ့လူမူကွန်ယက်) တွေကတစ်ဆင့်၊ စိတ်ချင်းဆက်သွယ်မူတွေ လူမူရေးဆက်သွယ်မူတွေ ပိုလုပ်ဖို့၊ ပို့စရာရှိတွေ Delivery (လူနဲ့ပို့ဆောင်ရေးလုပ်ငန်းတွေ) ကတစ်ဆင့်ပို့ဖို့ သံဓိဌာန်ချနိုင်ပါတယ်။

ဒါပေမဲ့လဲ အထက်ပါ ဖန်သားပြင်ကတစ်ဆင့် ကြည့်ချိန်များသွားလျှင်လည်း၊ အထိုင်များပြီး လှုပ်ရှားမူနည်းကာ သွေးလည်ပတ်မူနဲ့ ကြွက်သားထိခိုက်တာအပြင်၊ စိတ်ဖိစီးမူ ပိုဖြစ်စေနိုင်တာကြောင့်၊ ဒီဖန်သားပြင်ချိန်ကို လျော့ချ (ဥပမာ တစ်နေ့ ဘယ်နှစ်နာရီသာ - တစ်နာရီ နှစ်နာရီ) ကန့်သတ်ဖို့ အရေးကြီးပြန်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ အိမ်မှာအလုပ်လုပ်ရတာကြောင့်၊ အရင်ရုံးသွားချိန်ရတဲ့၊ လည်ပတ်ချိန်ရတဲ့ ပုံမှန်လှုပ်ရှားမူပါ နည်းသွားချိန်မှာ၊ လှုပ်လှုပ်ရှားရှား ပြန်ရှိအောင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း အထူးအလေးပေးလုပ်ဖို့ လိုလာပါတယ်။ ဒါပေမဲ့ ကိုဗစ်ကာလ အပြင်သွားလာ ကန့်သတ်မူတွေ ရှိနေပြန်တာကြောင့်၊ အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်နိုင်အောင်လည်း (ဥပမာ ရိုဂါကျင့်တာ၊ ပက်လက်အိပ်ထ၊ ဒိုက်ထိုး၊ ဦးခေါင်းခြေလက်လေ့ကျင့်ခန်း၊ လမ်းလျှောက် စတာတွေ) စီစဉ်ပြီး ကြိုးပမ်းလုပ်ဆောင်သင့်ပါတယ်။

တချိန်ထဲမှာ ကိုဗစ်ကာလ ဈေးကနေ ကူးစက်မှာစိုးရိမ်ပြီး၊ နေ့စဉ်လတ်ဆတ်တာအဝယ်နည်းကာ၊ ရေရှည်အစားခံတဲ့ ဆီကြော်စာအထုတ်တွေ (ဥပမာ အာလူးကြော်) ဆောင်ထားပြီး၊ အစားများလွန်းလျှင်လည်း ကျန်းမာရေးထိခိုက်နိုင်တာမို့၊ လတ်ဆတ်တဲ့ အသီးအရွက်တွေ (ဥပမာ တို့စရာမျိုးစုံ တစ်ပတ် ဘယ်နှစ်ကြိမ်စားဖို့) နဲ့ ငါး၊ အသားတွေကိုပါ စုံအောင်၊ ကိုယ်တိုင်ချက်ပြုတ်စားသောက်ဖို့ သံဓိဌာန်ချနိုင်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ ဖန်သားပြင်ကြည့်ချိန်လွန်ပြီး၊ အိပ်ရေးပျက်တာတွေ ပိုဖြစ်လာနိုင်တာကြောင့်၊ အိပ်ချိန်ကို အနည်းဆုံး တစ်နေ့ (၇) နာရီ သတ်မှတ်အိပ်သင့်ပါတယ်။ အိပ်ရေးပျက်ပြီး နုံးလာလျှင် သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ရေသောက်နည်းတာကြောင့်လည်း နုံးနိုင်တာမို့၊ ရေကို ပုံမှန် (တစ်နေ့ အနည်းဆုံး ၂ လီတာ - ရေသန့်ဗူးကြီး ၂ ဗူးစာ) သောက်သင့်ပါတယ်။

ဒီနေရာမှာ ကိုဗစ်ကာလ အဓိက ထိခိုက်နိုင်တဲ့အဆုပ် ပိုမထိခိုက်ရအောင်၊ ဆေးလိပ်ကို လုံးဝ ဖြတ်နိုင်လျှင် အကောင်းဆုံးပါ။ ဒါပေမဲ လုံးဝဖြတ်ဖို့မဖြစ်နိုင်ဘဲ သံဓိဌာန်ချပြီး ပြန်ပျက်တာ မဖြစ်ရအောင်လည်း၊ တကယ်လုပ်နိုင်မဲ့ နည်းနည်းစီလျော့ ဖြည်းဖြည်းချင်း ဖြတ်သွားနိုင်ပါတယ်။ ဥပမာ - အရင်က ဆေးလိပ် တစ်နေ့ (၁၀) လိပ်ကနေ (၇) လိပ် စလျှော့ပြီး၊ တဖြည်းဖြည်းဆက်လျော့တာ (သို့မဟုတ်) အရင် တစ်နေ့ အလိပ် ၂၀ ကနေ၊ တစ်နှစ်အတွင်း တစ်နေ့ ၂ လိပ်အထိတဖြည်းဖြည်းလျော့သွားတာမျိုးပါ။ အလားတူ ကိုယ်အလေးချိန် ဝိတ်ချတာကိုလည်း၊ ဖြည်းဖြည်းချင်း ဖြစ်နိုင်တာ၊ လုပ်နိုင်တာ နည်းနည်းကနေ စပြီး၊ တဖြည်းဖြည်း ချသွားသင့်ပါတယ်။ ကွမ်းစားကိုလည်း အလားတူဖြတ်နိုင်ပါတယ်။

နောက်အရေးကြီးတာတစ်ခုကတော့၊ ကိုဗစ်ကာလမှာ အပြင်မထွက်ရ၊ အဆက်အသွယ်တွေပြတ်၊ ပိတ်လှောင်သလိုခံစားရပြီး၊ ရောဂါကူးခံရမှာ အလုပ်ပြဿနာ စတာတွေကြောင့်လည်း စိုးရိမ်စိတ်ဖိစီးမူပိုများနိုင်တာမို့၊ တရားထိုင်တာအပြင် အခြားစိတ်ကြည်နူးစရာ (အရင် ကြည်နှုးခဲ့တာတွေပြန်တွေးအပန်းဖြေတာ၊ အင်တာနက်ကနေ ခရီးထွက် တခြားဒေသတွေအကြောင်းလေ့လာတာ၊ အိမ်တွင်းသစ်ပင်စိုက်အပန်းဖြေတာ စတာ) တွေလုပ်နိုင်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကာလ ဆေးခန်းကနေ ကူးစက်ခံရမှာ စိုးရိမ်တာကြောင့် ဆေးခန်းပြတာ နည်းလာချိန်မှာ၊ ရောဂါတွေမဖြစ်အောင်နဲ့ ပိုမဆိုးအောင် ကိုယ်ခံအားနဲ့ ကျန်းမာရေးကောင်းစေနိုင်တဲ့ အထက်ပါအချက်တွေကို ပိုမိုအလေးထား လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် ကိုဗစ်ကာလ ပါးစပ်အဟောင်းသားဖွင့် အနီးကပ်ကိုင်တွယ်ရတဲ့ သွားဆေးခန်းတွေက ကူးဖို့များတာကြောင့်၊ သွားဆေးခန်းမသွားနိုင်တဲ့ အခြေအေနမျိုးတွေမှာ သွားနဲ့ခံတွင်းသန့်စင်မူ ပိုအလေးထား (တစ်နေ့ ၂ ကြိမ် အနည်းဆုံးသွားတိုက်တာ၊ သွားပွတ်ကြိုးနဲ့ သွားကြားတွေကို အသေအချာသန့်စင်တာ) လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့အတွက် ကိုဝင်းမင်းက မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG