သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ေသြးခ်ိဳဓာတ္ထိန္းႏိုင္ေရး


ကိုဗစ္ကာလ ေသြးခ်ိဳဓာတ္ထိန္းႏိုင္ေရး
please wait

No media source currently available

0:00 0:07:35 0:00
တိုက္႐ိုက္ လင့္ခ္

ဆီးခ်ိဳရွိထားသူေတြမွာ ကိုဗစ္ျဖစ္လာလွ်င္ ပိုျပင္းထန္ႏိုင္ေပမယ့္၊ ေသြးခ်ိဳဓာတ္ အမ်ားႀကီး မတက္ေအာင္နဲ႔ အမ်ားႀကီးမက်ေအာင္ ထိန္းထားႏိုင္လွ်င္ ဒီျပင္းထန္မူကို ေလွ်ာ့ခ်ႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကိုဗစ္ကာလမွာ ဆီးခ်ိဳရွိသူေတြအေနနဲ႔ ပုံမွန္ ေသြးခ်ိဳဓာတ္ပမာဏကို အတိအက်သိထားဖို႔ ပိုအေရးႀကီးလာပါတယ္။ အေၾကာင္းက ဆီးခ်ိဳရွိထားသူေတြကိုယ္တိုင္ ဒီပမာဏကို မွားယြင္းယူဆ လုပ္ေတာင္တတ္ၾကလို႔ပါ။ ဒီေသြးခ်ိဳဓာတ္ ပုံမွန္အတိအက်ၾကေတာ့ မနက္ေစာေစာ အစာမစားခင္တိုင္းလွ်င္၊ ေသြးထဲဆီးခ်ိဳပမာဏက (၈၀-၁၃၀) mg/dl ( ေသြး တစ္ ဒက္ဆီလီတာမွာ သၾကားပမာဏ (၈၀) ကေန (၁၃၀) မီလီဂရမ္ အတြင္:) ပဲ ရွိရၿပီး၊ အစာစားၿပီး ႏွစ္နာရီအတြင္း (သို႔မဟုတ္) ေနာက္ပိုင္း ေန႔လည္နဲ႔ ညေနမွာ တိုင္းလွ်င္လည္း ေသြးထဲဆီးခ်ိဳပမာဏ ၁၈၀ mg/dl ထက္ မေက်ာ္ရပါဘူး။ ကိုဗစ္ကာလထဲ ဒီေသြးခ်ိဳဓာတ္ အမ်ားႀကီးတက္တာေၾကာင့္ ေသြးထဲ Ketone Body မ်ားၿပီး အေမာေဖာက္တာ (Diabetic Ketoacidosis) နဲ႔ အစားအေသာက္ပ်က္ၿပီး ေသြးခ်ိဳဓာတ္ အမ်ားႀကီးက်သြားတာ (Hypoglycemia) ျဖစ္မယ့္ အႏၲရာယ္ႀကီး ႏွစ္ခုရွိေနပါတယ္။ ဒါကို အခ်ိန္မီသိႏိုင္ေအာင္၊ ဆီးခ်ိဳဓာတ္ကို မၾကာခဏ စစ္ေဆးသင့္ရာမွာ၊ အရင္ ဆီးခ်ိဳဓာတ္ကို ပုံမွန္ တစ္ေန႔ တစ္ႀကိမ္ ကိုယ္တိုင္ေဖာက္စစ္သူေတြအေနနဲ႔၊ ကိုဗစ္ကာလမွာ အနည္းဆုံး တစ္ေန႔ ႏွစ္ႀကိမ္ (မနက္နဲ႔ည) စစ္ေဆးသင့္ပါတယ္။ အကယ္၍ ဆီးခ်ိဳပမာဏ (၂၄၀-၂၅၀) အထိ မ်ားေနတာကို၊ အနည္းဆုံး ႏွစ္ႀကိမ္ေသခ်ာေအာင္ စစ္ေဆးမိလွ်င္ေတာ့၊ ျပေနက် ဆရာဝန္ (သို႔မဟုတ္) ေဆးခန္းကို ခ်က္ခ်င္းဆက္သြယ္ၿပီး၊ ဘယ္လို ေဆးဆက္ေသာက္သင့္တာကို ေမးဖို႔အေရးႀကီးလာပါတယ္။

လိုအပ္လွ်င္ ေဆးခန္းသြား ရႏိုင္ပါတယ္။ ေနာက္ေသြးခ်ိဳ အမ်ားႀကီးက်တာကိုေတာ့ (၇၀) ေအာက္စေရာက္ခ်ိန္ကို သတ္မွတ္ေပမယ့္ (၈၀၊ ၇၀) ကို စက်လာလွ်င္၊ သၾကား (၁၅) ဂရမ္ (လက္ဖက္ဇြန္းေသး ၃-၄ ဇြန္းစာ) ကို ေရတစ္ဖန္ခြက္စာမွာ ေဖ်ာ္ၿပီး အျမန္ေသာက္ကာ၊ (၁၅) မိနစ္အၾကာမွာ ေသြးခ်ိဳဓာတ္ ျပန္တိုင္းသင့္ပါတယ္။ ေသြးခ်ိဳဓာတ္ (၈၀-၁၀၀) အထက္ျပန္တက္လာလွ်င္ေတာ့၊ ဒီသၾကားအခ်ိဳရည္ဆက္ေသာက္စရာ မလိုေတာ့ဘဲ၊ ပိုၾကာၾကာ ထိန္းထားႏိုင္မယ့္ ထမင္း (သို႔မဟုတ္) ေပါင္မုန႔္စားသင့္ပါတယ္။ အကယ္၍ အခုလို ေသြးခ်ိဳဓာတ္ ျပန္မတက္ေသးလွ်င္ေတာ့၊ ေနာက္ထပ္ ဒီသၾကားရည္တစ္ခြက္ ျပန္တက္တဲ့အထိ ဆက္ေသာက္သြားဖို႔ လိုပါတယ္။ ဒါေပမဲ့ အခုလို (၈၀) နဲ႔ (၇၀) ေအာက္မက်ဘဲနဲ႔ က်ၿပီလို႔ မွားယြင္းယူဆကာ၊ ဒီအခ်ိဳရည္ လုံးဝမေသာက္သင့္ပါဘူး။

ေနာက္တစ္ခု အေရးႀကီးတာက ဆီးခ်ိဳနဲ႔အတူ တြဲျဖစ္တတ္ၿပီး၊ ကိုဗစ္ျဖစ္လာလွ်င္ ပိုျပင္းထန္၊ ပိုေသဆုံးေစႏိုင္တဲ့ ႏွလုံးနဲ႔ ေသြးတိုးလို ေနာက္ခံေရာဂါေတြအတြက္ပါ ႀကိဳတင္ထိန္းထားႏိုင္ဖို႔ အထူးအေရးႀကီးပါတယ္။ ဒါေၾကာင့္ ႏွလုံးအတြက္ပါေပးထားတဲ့ေဆးေတြရွိလွ်င္ (ဥပမာ ေသြးက်ဲေဆး Asprin နဲ႔ အဆီက်ေဆး Atorvastatin) ေတြမ်ိဳးကို၊ ကိုယ့္သေဘာနဲ႔ကိုယ္ မျဖတ္ပစ္လိုက္ဘဲ ပုံမွန္ဆက္ေသာက္ဖို႔ လိုပါတယ္။ ေနာက္ ေသြးတိုးအတြက္ ေပးထားႏိုင္တဲ့ ေသြးက်ေဆး ACEI အုပ္စုဝင္ (ဥပမာ Coversyl) နဲ႔ ARBs အုပ္စုဝင္ (ဥပမာ Losartan) တို႔ကိုလည္း ဆရာဝန္ခြင့္ျပဳခ်က္မရွိဘဲ အလားတူ မျဖတ္ပစ္သင့္ပါဘူး။ ကိုဗစ္ကာလမွာ ေနေကာင္းေနခ်ိန္ အခုလိုဆရာဝန္ေပးထားတဲ့ေဆးေတြ ပုံမွန္ဆက္ေသာက္သင့္ေပမယ့္၊ ေနမေကာင္းျဖစ္လာလွ်င္ေတာ့ ဆက္မေသာက္သင့္တဲ့ ေဆး ႏွစ္မ်ိးရွိရာမွာ၊ တစ္ခုကေတာ့ Metformin ျဖစ္ၿပီး၊ ေနာက္တစ္ခုကေတာ့ ေနာက္ဆုံးေပၚအစြမ္းထက္တဲ့ SGLT2 အုပ္စုဝင္ေတြ (ဥပမာ Empagliflozin, Canagliflozin, Dapagliflozin) ပါ။

အကယ္၍ ကိုဗစ္ေရာဂါ သံသယျဖစ္လာလွ်င္ (သို႔မဟုတ္) ျဖစ္တာေသခ်ာလာလွ်င္ေတာ့၊ ဆီးခ်ိဳအခံရွိထားသူေတြအေနနဲ႔၊ တစ္ေန႔ကို ေသြးခ်ိဳဓာတ္ အနည္းဆုံး ၄ ႀကိမ္အထိ စစ္ေဆးသင့္ပါတယ္။ ဒါ့အျပင္ အရင္ေျပာခဲ့သလို ေရမ်ားမ်ားေသာက္သင့္ပါတယ္ (တစ္ေန႔လွ်င္ အမ်ိဳးသား (၄) လီတာနဲ႔၊ အမ်ိဳးသမီး (၃) လီတာ။ တစ္လီတာ - ေရသန႔္ဗူးႀကီးတစ္ဗူး)။ ဒါ့အျပင္ လိုအပ္ၿပီး ျဖစ္ႏိုင္လွ်င္ေတာ့ ေသြးထဲက Ketone Body ကိုပါ စစ္ေဆးသင့္ပါတယ္။

အခ်ဳပ္အေနနဲ႔ေတာ့ ကိုဗစ္ကာလမွာ ဆီးခ်ိဳေသြးခ်ိဳ ထိန္းထားႏိုင္ဖို႔ အရင္ေျပာခဲ့သလို အစားအေသာက္ အေနအထိုင္မွန္ဖို႔နဲ႔ လႈပ္ရွားမူရွိဖို ႔လိုအပ္တာအျပင္၊ ေဆးေတြကိုပါ ပုံမွန္ေသာက္ကာ၊ ပုံမွန္ေသြးခ်ိဳစစ္တာနဲ႔ အေရးေပၚလာလွ်င္ ဆရာဝန္ကို ဆက္သြယ္ႏိုင္ဖို႔ ဖုန္းနံပါတ္ရွိထားဖို႔ လိုပါတယ္။ ေဆး႐ုံေရာက္သြားလွ်င္ေတာ့၊ ဆရာဝန္ေတြက လိုအပ္သလို Insulin (ေသြးခ်ိဳထိန္းေဆး) ထိုးေပးႏိုင္တာမို႔၊ စိတ္ပူရတာက အိမ္မွာရွိေနခ်ိန္ေဆးေတြျပတ္ ေသြးခ်ိဳ တက္တာ၊ အရမ္းက်တာ ျဖစ္သြားမွာကိုပါ။ ေနာက္အေရးႀကီးတာကေတာ့၊ အရင္ေျပာခဲ့တဲ့ မလိုအပ္ဘဲ၊ အားရွိမယ္ အထင္မွားၿပီး၊ ျဖည့္စြက္စာဆီးခ်ိဳႏို႔မႈန႔္ေတြ မေသာက္မိဖို႔ပါ။ ဒီျဖည့္စြက္စာက ထမင္းအစားသာ ေပးရတာမို႔၊ ထမင္းစားၿပီး ဒီျဖည့္စြက္စာပါ ထပ္ေသာက္လိုက္လွ်င္ေတာ့၊ ဆီးခ်ိဳပိုတက္ကုန္ၿပီး၊ ကိုဗစ္ျဖစ္လာခ်ိန္ေသဆုံးမူေတြ ႀကဳံခဲ့ရလို႔ပါ။ တကယ္တမ္းေတာ့၊ အားမရွိေစတာက ေသြးခ်ိဳတက္ေနလို႔သာ ျဖစ္တာေၾကာင့္၊ ဒီေသြးခ်ိဳဓာတ္ကို ထိန္းလိုက္လွ်င္ အားလုံးအဆင္ေျပမွာ ျဖစ္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမုိသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံ ဆီးခ်ိဳေသြးခ်ိဳေရာဂါအသင္း ဥကၠဌ၊ ဆီးခ်ိဳအထူးကုဆရာဝန္ႀကီးနဲ႔၊ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာတင့္ေဆြလတ္ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။


==Unicode==

ဆီးချိုရှိထားသူတွေမှာ ကိုဗစ်ဖြစ်လာလျှင် ပိုပြင်းထန်နိုင်ပေမယ့်၊ သွေးချိုဓာတ် အများကြီး မတက်အောင်နဲ့ အများကြီးမကျအောင် ထိန်းထားနိုင်လျှင် ဒီပြင်းထန်မူကို လျှော့ချနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ်ကာလမှာ ဆီးချိုရှိသူတွေအနေနဲ့ ပုံမှန် သွေးချိုဓာတ်ပမာဏကို အတိအကျသိထားဖို့ ပိုအရေးကြီးလာပါတယ်။ အကြောင်းက ဆီးချိုရှိထားသူတွေကိုယ်တိုင် ဒီပမာဏကို မှားယွင်းယူဆ လုပ်တောင်တတ်ကြလို့ပါ။ ဒီသွေးချိုဓာတ် ပုံမှန်အတိအကျကြတော့ မနက်စောစော အစာမစားခင်တိုင်းလျှင်၊ သွေးထဲဆီးချိုပမာဏက (၈၀-၁၃၀) mg/dl ( သွေး တစ် ဒက်ဆီလီတာမှာ သကြားပမာဏ (၈၀) ကနေ (၁၃၀) မီလီဂရမ် အတွင်:) ပဲ ရှိရပြီး၊ အစာစားပြီး နှစ်နာရီအတွင်း (သို့မဟုတ်) နောက်ပိုင်း နေ့လည်နဲ့ ညနေမှာ တိုင်းလျှင်လည်း သွေးထဲဆီးချိုပမာဏ ၁၈၀ mg/dl ထက် မကျော်ရပါဘူး။ ကိုဗစ်ကာလထဲ ဒီသွေးချိုဓာတ် အများကြီးတက်တာကြောင့် သွေးထဲ Ketone Body များပြီး အမောဖောက်တာ (Diabetic Ketoacidosis) နဲ့ အစားအသောက်ပျက်ပြီး သွေးချိုဓာတ် အများကြီးကျသွားတာ (Hypoglycemia) ဖြစ်မယ့် အန္တရာယ်ကြီး နှစ်ခုရှိနေပါတယ်။ ဒါကို အချိန်မီသိနိုင်အောင်၊ ဆီးချိုဓာတ်ကို မကြာခဏ စစ်ဆေးသင့်ရာမှာ၊ အရင် ဆီးချိုဓာတ်ကို ပုံမှန် တစ်နေ့ တစ်ကြိမ် ကိုယ်တိုင်ဖောက်စစ်သူတွေအနေနဲ့၊ ကိုဗစ်ကာလမှာ အနည်းဆုံး တစ်နေ့ နှစ်ကြိမ် (မနက်နဲ့ည) စစ်ဆေးသင့်ပါတယ်။ အကယ်၍ ဆီးချိုပမာဏ (၂၄၀-၂၅၀) အထိ များနေတာကို၊ အနည်းဆုံး နှစ်ကြိမ်သေချာအောင် စစ်ဆေးမိလျှင်တော့၊ ပြနေကျ ဆရာဝန် (သို့မဟုတ်) ဆေးခန်းကို ချက်ချင်းဆက်သွယ်ပြီး၊ ဘယ်လို ဆေးဆက်သောက်သင့်တာကို မေးဖို့အရေးကြီးလာပါတယ်။

လိုအပ်လျှင် ဆေးခန်းသွား ရနိုင်ပါတယ်။ နောက်သွေးချို အများကြီးကျတာကိုတော့ (၇၀) အောက်စရောက်ချိန်ကို သတ်မှတ်ပေမယ့် (၈၀၊ ၇၀) ကို စကျလာလျှင်၊ သကြား (၁၅) ဂရမ် (လက်ဖက်ဇွန်းသေး ၃-၄ ဇွန်းစာ) ကို ရေတစ်ဖန်ခွက်စာမှာ ဖျော်ပြီး အမြန်သောက်ကာ၊ (၁၅) မိနစ်အကြာမှာ သွေးချိုဓာတ် ပြန်တိုင်းသင့်ပါတယ်။ သွေးချိုဓာတ် (၈၀-၁၀၀) အထက်ပြန်တက်လာလျှင်တော့၊ ဒီသကြားအချိုရည်ဆက်သောက်စရာ မလိုတော့ဘဲ၊ ပိုကြာကြာ ထိန်းထားနိုင်မယ့် ထမင်း (သို့မဟုတ်) ပေါင်မုန့်စားသင့်ပါတယ်။ အကယ်၍ အခုလို သွေးချိုဓာတ် ပြန်မတက်သေးလျှင်တော့၊ နောက်ထပ် ဒီသကြားရည်တစ်ခွက် ပြန်တက်တဲ့အထိ ဆက်သောက်သွားဖို့ လိုပါတယ်။ ဒါပေမဲ့ အခုလို (၈၀) နဲ့ (၇၀) အောက်မကျဘဲနဲ့ ကျပြီလို့ မှားယွင်းယူဆကာ၊ ဒီအချိုရည် လုံးဝမသောက်သင့်ပါဘူး။

နောက်တစ်ခု အရေးကြီးတာက ဆီးချိုနဲ့အတူ တွဲဖြစ်တတ်ပြီး၊ ကိုဗစ်ဖြစ်လာလျှင် ပိုပြင်းထန်၊ ပိုသေဆုံးစေနိုင်တဲ့ နှလုံးနဲ့ သွေးတိုးလို နောက်ခံရောဂါတွေအတွက်ပါ ကြိုတင်ထိန်းထားနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ဒါကြောင့် နှလုံးအတွက်ပါပေးထားတဲ့ဆေးတွေရှိလျှင် (ဥပမာ သွေးကျဲဆေး Asprin နဲ့ အဆီကျဆေး Atorvastatin) တွေမျိုးကို၊ ကိုယ့်သဘောနဲ့ကိုယ် မဖြတ်ပစ်လိုက်ဘဲ ပုံမှန်ဆက်သောက်ဖို့ လိုပါတယ်။ နောက် သွေးတိုးအတွက် ပေးထားနိုင်တဲ့ သွေးကျဆေး ACEI အုပ်စုဝင် (ဥပမာ Coversyl) နဲ့ ARBs အုပ်စုဝင် (ဥပမာ Losartan) တို့ကိုလည်း ဆရာဝန်ခွင့်ပြုချက်မရှိဘဲ အလားတူ မဖြတ်ပစ်သင့်ပါဘူး။ ကိုဗစ်ကာလမှာ နေကောင်းနေချိန် အခုလိုဆရာဝန်ပေးထားတဲ့ဆေးတွေ ပုံမှန်ဆက်သောက်သင့်ပေမယ့်၊ နေမကောင်းဖြစ်လာလျှင်တော့ ဆက်မသောက်သင့်တဲ့ ဆေး နှစ်မျိးရှိရာမှာ၊ တစ်ခုကတော့ Metformin ဖြစ်ပြီး၊ နောက်တစ်ခုကတော့ နောက်ဆုံးပေါ်အစွမ်းထက်တဲ့ SGLT2 အုပ်စုဝင်တွေ (ဥပမာ Empagliflozin, Canagliflozin, Dapagliflozin) ပါ။

အကယ်၍ ကိုဗစ်ရောဂါ သံသယဖြစ်လာလျှင် (သို့မဟုတ်) ဖြစ်တာသေချာလာလျှင်တော့၊ ဆီးချိုအခံရှိထားသူတွေအနေနဲ့၊ တစ်နေ့ကို သွေးချိုဓာတ် အနည်းဆုံး ၄ ကြိမ်အထိ စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် အရင်ပြောခဲ့သလို ရေများများသောက်သင့်ပါတယ် (တစ်နေ့လျှင် အမျိုးသား (၄) လီတာနဲ့၊ အမျိုးသမီး (၃) လီတာ။ တစ်လီတာ - ရေသန့်ဗူးကြီးတစ်ဗူး)။ ဒါ့အပြင် လိုအပ်ပြီး ဖြစ်နိုင်လျှင်တော့ သွေးထဲက Ketone Body ကိုပါ စစ်ဆေးသင့်ပါတယ်။

အချုပ်အနေနဲ့တော့ ကိုဗစ်ကာလမှာ ဆီးချိုသွေးချို ထိန်းထားနိုင်ဖို့ အရင်ပြောခဲ့သလို အစားအသောက် အနေအထိုင်မှန်ဖို့နဲ့ လှုပ်ရှားမူရှိဖို့လိုအပ်တာအပြင်၊ ဆေးတွေကိုပါ ပုံမှန်သောက်ကာ၊ ပုံမှန်သွေးချိုစစ်တာနဲ့ အရေးပေါ်လာလျှင် ဆရာဝန်ကို ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်ရှိထားဖို့ လိုပါတယ်။ ဆေးရုံရောက်သွားလျှင်တော့၊ ဆရာဝန်တွေက လိုအပ်သလို Insulin (သွေးချိုထိန်းဆေး) ထိုးပေးနိုင်တာမို့၊ စိတ်ပူရတာက အိမ်မှာရှိနေချိန်ဆေးတွေပြတ် သွေးချို တက်တာ၊ အရမ်းကျတာ ဖြစ်သွားမှာကိုပါ။ နောက်အရေးကြီးတာကတော့၊ အရင်ပြောခဲ့တဲ့ မလိုအပ်ဘဲ၊ အားရှိမယ် အထင်မှားပြီး၊ ဖြည့်စွက်စာဆီးချိုနို့မှုန့်တွေ မသောက်မိဖို့ပါ။ ဒီဖြည့်စွက်စာက ထမင်းအစားသာ ပေးရတာမို့၊ ထမင်းစားပြီး ဒီဖြည့်စွက်စာပါ ထပ်သောက်လိုက်လျှင်တော့၊ ဆီးချိုပိုတက်ကုန်ပြီး၊ ကိုဗစ်ဖြစ်လာချိန်သေဆုံးမူတွေ ကြုံခဲ့ရလို့ပါ။ တကယ်တမ်းတော့၊ အားမရှိစေတာက သွေးချိုတက်နေလို့သာ ဖြစ်တာကြောင့်၊ ဒီသွေးချိုဓာတ်ကို ထိန်းလိုက်လျှင် အားလုံးအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG