သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလႏွစ္သစ္ကူးပြဲမွာ ကာကြယ္ေရး အေလးေပးေရး


A medical worker performs a nose swab on a migrant boy at a seafood market, amid the coronavirus disease (COVID-19) outbreak, in Samut Sakhon province, in Thailand, December 19, 2020. REUTERS/Panumas Sa
တိုက္႐ိုက္ လင့္ခ္

၂၀၂၁ ခု၊ ႏွစ္သစ္ကူးပြဲမွာ၊ အရင္တႏွစ္လုံး ကမာၻတဝွမ္းမွာ ျပင္းျပင္းထန္ထန္ ကူးစက္ခဲ့တဲ့၊ ကိုဗစ္ပိုးရဲ႕ ဗီဇေျပာင္း ပိုကူးစက္ျမန္မူပါ ထြက္ေပၚလာတာမို႔၊ အရင္ပုံမွန္လို မဆင္ႏႊဲဘဲ၊ အခုလို ကာကြယ္ေရးေတြဆက္ၿပီး အေလးေပးလုပ္ဖို႔ က်န္းမာေရးပညာရွင္ေတြက တိုက္တြန္းေနပါတယ္။

အခုလို ကာကြယ္ႏိုင္ေရးအတြက္၊ အေမရိကန္ CDC ကူးစက္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာနက၊ ဒီႏွစ္ကူးေဆာင္းတြင္း ပြဲေတာ္ဆိုင္ရာ လမ္းၫႊန္ခ်က္ကို အေသးစိတ္ထုတ္ျပန္ အႀကံျပဳထားပါတယ္။ ဒီအႀကံျပဳခ်က္ထဲမွာ ပထမဆုံးအေနနဲ႔ မိမိနဲ႔ အိမ္တြင္းအတူေနသူမ်ားနဲ႔ပဲ အတူဆင္ႏႊဲတာ (သို႔မဟုတ္) အင္တာနက္ Online ကေနတဆင့္ (ဥပမာ - Zoom နဲ႔ အျခား Web Apps) ဆင္ႏႊဲတာေတြက၊ အလုံၿခဳံဆုံးပါပဲလို႔ အႀကံျပဳထားပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံတြင္းက အထူးအစီအစဥ္ေတြနဲ႔ အင္တာနက္ကတဆင့္ ကမာၻတဝွမ္းမွာ က်င္းပတဲ့ ႏွစ္သစ္ကူးပြဲေတြကို ႐ုပ္ျမင္သံၾကားကတဆင့္လည္း ၾကည့္ႏိုင္ပါတယ္။ ဒါေပမဲ့ မိသားစုဝင္ေတြ အိမ္ခဏျပန္လာတာရွိရင္လဲ၊ အတူဆင္ႏႊဲႏိုင္ေပမယ့္၊ အတတ္ႏိုင္ဆုံး အေရအတြက္အနည္းဆုံးနဲ႔ (ျဖစ္ႏိုင္လွ်င္ ၆ ေယာက္ထက္ မပိုဘဲ)၊ အိမ္ထဲ (Indoor) မွာထက္၊ ပိုအႏၲရာယ္ကင္းတဲ့ အိမ္ျပင္ေလဟာျပင္ (Outdoor) မွာ လုပ္ဖို႔နဲ႔၊ ကိုယ့္အစားအေသာက္ ကိုယ္ျပင္လာၾကဖို႔ (ျဖစ္ႏိုင္လွ်င္ တစ္ခါသုံး ပန္းကန္ခြက္မ်ားျဖင့္)၊ Mask ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္ဖို႔၊ (၆) ေပ အကြာမွာေနေပးၾကဖို႔၊ လက္မၾကာခဏေဆးၾကဖို႔နဲ႔ အရက္ေသစာတတ္ႏိုင္သေ႐ြ.ေရွာင္ၾကဖို႔ (သတိလက္လြတ္မျဖစ္ေစရန္) ဆက္ၿပီး အႀကံျပဳထားပါတယ္။

ေနာက္အထူးအေရးႀကီးတာကေတာ့ ကိုဗစ္ပိုးေတြ႕ထားသူ (၁၄) ရက္မေက်ာ္ခင္ အပါအဝင္)၊ ဖ်ားနာေနသူ၊ ကိုဗစ္သံသယရွိထားသူ (ႏွာေစး၊ လည္ပင္းနာ၊ ေခ်ာင္းဆိုး၊ ကိုယ္လက္ကိုက္၊ အနံေပ်ာက္ စသည္)၊ ဒီပိုးရွိသူနဲ႔ လြန္ခဲ့တဲ့ (၁၄) ရက္အတြင္း အနီးကပ္ေတြ႕ထားသူ၊ အခံေရာဂါရွိထားသူ (ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ စသည္)၊ အဝလြန္သူနဲ႔၊ အသက္ (၅၅) ႏွစ္နဲ႔အထက္ေတြ၊ အမ်ားနဲ႔ အတူ လုံးဝမဆင္ႏြဲသင့္ပါဘူး။ အေၾကာင္းက ျမန္မာႏိုင္ငံမွာေရာ၊ အေမရိကန္မွာပါ ဒီကူးစက္မူ မထိန္းခ်ဳပ္ႏိုင္ေသးတာမို႔၊ အျခားသူေတြကို အလြယ္တကူ ကူးစက္ႏိုင္ၿပီး၊ အျခားလူအမ်ားအျပားလည္း အလားတူဆင္ႏႊဲခဲ့လွ်င္၊ ႏွစ္သစ္ကူးအလြန္မွာ၊ သက္ဆိုင္ရာ ေဒသေတြမွာ၊ ပိုးကူးစက္မူေတြ တဟုန္ထိုးတက္ၿပီး၊ ကုဖို႔ေဆးမရွိေသးတာေၾကာင့္၊ ေသဆုံးမူပါတိုးလာကာ၊ မထိန္းႏိုင္မွာ စိုးရိမ္ရလို႔ပါ။ ဒါ့အျပင္ မိမိနဲ႔ နီးစပ္သူေတြပါ ဒုကၡေရာက္ၿပီး၊ အခုေရာ ေနာင္ပါ ႏွစ္သစ္ကို မဆင္ႏႊဲခ်င္ေတာ့ဘူး ျဖစ္သြားႏိုင္ပါတယ္။ ပိုအေလးထားသင့္တာက၊ မၾကာခင္မွာ ကာကြယ္ေဆးေတြ တျဖည္းျဖည္းရလာၿပီး၊ ဒီေရာဂါကို ထိန္းခ်ဳပ္ႏိုင္ေတာ့မွာမို႔၊ ေနာင္ႏွစ္ကူးေတြအမ်ားႀကီးနဲ႔ (၁၂) လရာသီပြဲေတာ္ေတြ အမ်ားႀကီး ဆက္ဆင္ႏႊဲဖို႔၊ ဒီတစ္ႏွစ္ကို အရင္လို လူစုလူေဝးနဲ႔ မဆင္ႏႊဲဘဲ ေအာင့္ထားၿပီး၊ လက္ရွိကာကြယ္ေရးေတြနဲ႔ ဆက္ေတာင့္ထားျခင္းျဖင္၊့ ဒီႏွစ္ကို က်န္းမာစြာ၊ မိမ္မိသားစုေတြ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔အတူ ျဖတ္သန္းသြားႏိုင္ပါတယ္။ ျဖစ္ႏိုင္လွ်င္ ၿပီးခဲ့တဲ့ သၾကၤန္မွာ အမ်ားနဲ႔ မဆင္ႏႊဲ႕ဘဲ၊ အိမ္မွာပဲေနၿပီး၊ ကာကြယ္ထိန္းသိမ္းခဲ့သလို လုပ္ေဆာင္သင့္ပါတယ္။

ေရွာင္ရန္ေဆာင္ရန္ေတြကို ပိုသိရိွႏိုင္ဖို႔ ကိုဝင္းမင္း က နယူးေယာက္ၿမိဳ.ရွိ Wyckoff Heights ေဆး႐ုံက၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ေမးျမန္းထားပါတယ္။

==Unicode==

၂၀၂၁ ခု၊ နှစ်သစ်ကူးပွဲမှာ၊ အရင်တနှစ်လုံး ကမ္ဘာတဝှမ်းမှာ ပြင်းပြင်းထန်ထန် ကူးစက်ခဲ့တဲ့၊ ကိုဗစ်ပိုးရဲ့ ဗီဇပြောင်း ပိုကူးစက်မြန်မူပါ ထွက်ပေါ်လာတာမို့၊ အရင်ပုံမှန်လို မဆင်နွှဲဘဲ၊ အခုလို ကာကွယ်ရေးတွေဆက်ပြီး အလေးပေးလုပ်ဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းနေပါတယ်။

အခုလို ကာကွယ်နိုင်ရေးအတွက်၊ အမေရိကန် CDC ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနက၊ ဒီနှစ်ကူးဆောင်းတွင်း ပွဲတော်ဆိုင်ရာ လမ်းညွှန်ချက်ကို အသေးစိတ်ထုတ်ပြန် အကြံပြုထားပါတယ်။ ဒီအကြံပြုချက်ထဲမှာ ပထမဆုံးအနေနဲ့ မိမိနဲ့ အိမ်တွင်းအတူနေသူများနဲ့ပဲ အတူဆင်နွှဲတာ (သို့မဟုတ်) အင်တာနက် Online ကနေတဆင့် (ဥပမာ - Zoom နဲ့ အခြား Web Apps) ဆင်နွှဲတာတွေက၊ အလုံခြုံဆုံးပါပဲလို့ အကြံပြုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အထူးအစီအစဉ်တွေနဲ့ အင်တာနက်ကတဆင့် ကမ္ဘာတဝှမ်းမှာ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတွေကို ရုပ်မြင်သံကြားကတဆင့်လည်း ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ အိမ်ခဏပြန်လာတာရှိရင်လဲ၊ အတူဆင်နွှဲနိုင်ပေမယ့်၊ အတတ်နိုင်ဆုံး အရေအတွက်အနည်းဆုံးနဲ့ (ဖြစ်နိုင်လျှင် ၆ ယောက်ထက် မပိုဘဲ)၊ အိမ်ထဲ (Indoor) မှာထက်၊ ပိုအန္တရာယ်ကင်းတဲ့ အိမ်ပြင်လေဟာပြင် (Outdoor) မှာ လုပ်ဖို့နဲ့၊ ကိုယ့်အစားအသောက် ကိုယ်ပြင်လာကြဖို့ (ဖြစ်နိုင်လျှင် တစ်ခါသုံး ပန်းကန်ခွက်များဖြင့်)၊ Mask ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဖို့၊ (၆) ပေ အကွာမှာနေပေးကြဖို့၊ လက်မကြာခဏဆေးကြဖို့နဲ့ အရက်သေစာတတ်နိုင်သရွေ.ရှောင်ကြဖို့ (သတိလက်လွတ်မဖြစ်စေရန်) ဆက်ပြီး အကြံပြုထားပါတယ်။

နောက်အထူးအရေးကြီးတာကတော့ ကိုဗစ်ပိုးတွေ့ထားသူ (၁၄) ရက်မကျော်ခင် အပါအဝင်)၊ ဖျားနာနေသူ၊ ကိုဗစ်သံသယရှိထားသူ (နှာစေး၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ကိုက်၊ အနံပျောက် စသည်)၊ ဒီပိုးရှိသူနဲ့ လွန်ခဲ့တဲ့ (၁၄) ရက်အတွင်း အနီးကပ်တွေ့ထားသူ၊ အခံရောဂါရှိထားသူ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စသည်)၊ အဝလွန်သူနဲ့၊ အသက် (၅၅) နှစ်နဲ့အထက်တွေ၊ အများနဲ့ အတူ လုံးဝမဆင်နွဲသင့်ပါဘူး။ အကြောင်းက မြန်မာနိုင်ငံမှာရော၊ အမေရိကန်မှာပါ ဒီကူးစက်မူ မထိန်းချုပ်နိုင်သေးတာမို့၊ အခြားသူတွေကို အလွယ်တကူ ကူးစက်နိုင်ပြီး၊ အခြားလူအများအပြားလည်း အလားတူဆင်နွှဲခဲ့လျှင်၊ နှစ်သစ်ကူးအလွန်မှာ၊ သက်ဆိုင်ရာ ဒေသတွေမှာ၊ ပိုးကူးစက်မူတွေ တဟုန်ထိုးတက်ပြီး၊ ကုဖို့ဆေးမရှိသေးတာကြောင့်၊ သေဆုံးမူပါတိုးလာကာ၊ မထိန်းနိုင်မှာ စိုးရိမ်ရလို့ပါ။ ဒါ့အပြင် မိမိနဲ့ နီးစပ်သူတွေပါ ဒုက္ခရောက်ပြီး၊ အခုရော နောင်ပါ နှစ်သစ်ကို မဆင်နွှဲချင်တော့ဘူး ဖြစ်သွားနိုင်ပါတယ်။ ပိုအလေးထားသင့်တာက၊ မကြာခင်မှာ ကာကွယ်ဆေးတွေ တဖြည်းဖြည်းရလာပြီး၊ ဒီရောဂါကို ထိန်းချုပ်နိုင်တော့မှာမို့၊ နောင်နှစ်ကူးတွေအများကြီးနဲ့ (၁၂) လရာသီပွဲတော်တွေ အများကြီး ဆက်ဆင်နွှဲဖို့၊ ဒီတစ်နှစ်ကို အရင်လို လူစုလူဝေးနဲ့ မဆင်နွှဲဘဲ အောင့်ထားပြီး၊ လက်ရှိကာကွယ်ရေးတွေနဲ့ ဆက်တောင့်ထားခြင်းဖြင်၊့ ဒီနှစ်ကို ကျန်းမာစွာ၊ မိမ်မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းသွားနိုင်ပါတယ်။ ဖြစ်နိုင်လျှင် ပြီးခဲ့တဲ့ သင်္ကြန်မှာ အများနဲ့ မဆင်နွှဲ့ဘဲ၊ အိမ်မှာပဲနေပြီး၊ ကာကွယ်ထိန်းသိမ်းခဲ့သလို လုပ်ဆောင်သင့်ပါတယ်။

ရှောင်ရန်ဆောင်ရန်တွေကို ပိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို.ရှိ Wyckoff Heights ဆေးရုံက၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို မေးမြန်းထားပါတယ်။

XS
SM
MD
LG