သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ဆီးခ်ိဳရွိသူ ပိုေသရျခင္းအေၾကာင္းရင္းနဲ႔ ႀကိဳျပင္သင့္ပုံ


ရန္ကုန္ၿမိဳ႕တြင္ ကိုဗစ္ေၾကာင့္ ေသဆံုးသူတစ္ဦးကို သၿဂိဳၤဟ္ၿပီး ေတြ႔ရသည့္ PPE ဝတ္စံုဝတ္ ပရဟိတလုပ္သားမ်ား။
တိုက္႐ိုက္ လင့္ခ္

ဆီးခ်ိဳရွိထားသူေတြမွာ ကိုဗစ္ျဖစ္လွ်င္ ပိုျပင္းထန္၊ ပိုေသဆုံးေစတဲ့ အေၾကာင္းရင္း (၇) ခု ရွိေနၿပီး၊ အခုလိုမျဖစ္ေအာင္ ကိုဗစ္ မျဖစ္ခင္ကတည္းက ႀကိဳျပင္သင့္တာေတြကို က်န္းမာေရးပညာရွင္ေတြက အႀကံျပဳလိုက္ပါတယ္။

အခုလို ဆီးခ်ိဳေရာဂါ အခံရွိထားသူေတြမွာ ကိုဗစ္ေရာဂါျဖစ္လာလွ်င္ ေသဆုံးမူပိုမ်ားေစႏိုင္တဲ့ အေၾကာင္းရင္း အနည္းဆုံး (၇) ခုရွိရာမွာ၊ ပထမ အဓိက အေၾကာင္းရင္းကေတာ့ ဆီးခ်ိဳ (အျဖစ္မ်ားတဲ့ အမ်ိဳးအစား ၂) နဲ႔တြဲျဖစ္ေလ့ရွိတဲ့ အဝလြန္မူ (Obesity) ပါ။ အေၾကာင္းက အဝလြန္သူေတြမွာ နဂိုတည္းက အသက္ရႈရ ပိုခက္ေလ့ရွိတာမို႔၊ ကိုဗစ္ျဖစ္လာခ်ိန္မွာ ဒီအဆုပ္ကို ပြရခက္တဲ့အထိ အမ်ားအားျဖင့္ ထိခိုက္ေစကာ၊ ေအာက္ဆီဂ်င္ ေကာင္းေကာင္းမရေတာ့တာေၾကာင့္ပါ။ ေနာက္တစ္ခုကေတာ့ ဒီ အမ်ိဳးအစား (၂) ဆီးခ်ိဳျဖစ္သူေတြက အသက္ရလာခ်ိန္ လူလတ္ပိုင္းနဲ႔ အသက္ႀကီးပိုင္းမွာ ျဖစ္ေလ့ရွိတာမို႔၊ ဒီအ႐ြယ္ေတြက နဂိုတည္းက ေရာဂါျဖစ္လွ်င္ ျပင္းျပင္းထန္ထန္ခံရၿပီး၊ အေသအေပ်ာက္မ်ားႏိုင္ကာ၊ ကိုဗစ္ ျဖစ္လာခ်ိန္မွာလည္း အလားတူ ျပင္းထန္၊ ေသဆုံးတာ မ်ားသြားရတာပါ။ ဒါ့အျပင္ ဆီးခ်ိဳရွိထားသူေတြမွာ နဂိုတည္းက ေရာင္ရမ္းးမူ (Inflammation) ဓာတ္ေတြ (ဥပမာ-CRP) ပိုထြက္ၿပီး၊ ေသြးေၾကာေတြကို ေရာင္ေစႏိုင္၊ က်ဥ္းေစႏိုင္တာမို႔၊ ကိုဗစ္ကလည္း ဒီေရာင္ရမ္းးမူမ်ိဳး အလားတူ ပိုျဖစ္ေစႏိုင္ကာ၊ ပိုေရာင္ရမ္းၿပီး ပိုျပင္းထန္သြားရတာပါ။

ေနာက္တစ္ခုက ေသြးခ်ိဳရွိထားသူမွာ ကိုယ္ခံအားက က်ေနေလ့ရွိခ်ိန္မွာ၊ ကိုဗစ္ေၾကာင့္လည္း Cytokine ဓာတ္ေတြပိုထြက္လာၿပီး၊ ကိုယ္ခံအားထိန္းရခက္ကာ ကိုယ္တြင္းအဂၤါေတြကို ပိုပ်က္စီးေစႏိုင္တာေၾကာင့္ပါ။ ဒါ့အျပင္ ကိုဗစ္ေၾကာင့္ ဆီးခ်ိဳကိုထိန္းေပးတဲ့ ပန္ကရိယက ဘီတာဆဲလ္ေတြ ပိုပ်က္စီးေစႏိုင္ကာ၊ ဆီးခ်ိဳေသြးခ်ိဳကို ထိန္းရခက္ သြားတာေၾကာင့္၊ အရင္ဆီးခ်ိဳမရွိသူေတြမွာ အခုကိုဗစ္ေၾကာင့္ ဆီးခ်ိဳစျဖစ္လာတာနဲ႔၊ ဆီးခ်ိဳရွိၿပီးသားသူေတြမွာလည္း ထိန္းရခက္ ပိုျပင္းထန္လာႏိုင္တာေၾကာင့္ပါ။ ေနာက္တစ္ခုက ဆီးခ်ိဳနဂိုတည္းကရွိထားသူမွာ ေသြးေၾကာပိတ္ေစတာေတြ ပိုမ်ားေစတတ္တာမို႔၊ ကိုဗစ္ျဖစ္လာခ်ိန္မွာလည္း ေသြးခဲႏႈန္းက ျမင့္တက္သြားေစကာ၊ ႏွလုံးေသြးေၾကာက်ဥ္းတာ၊ ပိတ္တာနဲ႔ ေလျဖတ္တာေတြျဖစ္ဖို႔ မ်ားသြားေစတာပါ။ တခ်ိန္တည္းမွာ ကိုဗစ္ျဖစ္လာလွ်င္ ပိုေသဆုံးေစႏိုင္တဲ့ ေနာက္ထပ္ အခံေရာဂါေတြျဖစ္တဲ့၊ ေသြးတိုး၊ ႏွလုံးနဲ႔ ေက်ာက္ကပ္ေရာဂါေတြကလည္း ဆီးခ်ိဳေနာက္ဆက္တြဲအျဖစ္ တြဲၿပီးျဖစ္ေနတတ္တာေၾကာင့္၊ ဒါေတြအားလုံးေပါင္းၿပီး ျပင္းထန္မူနဲ႔ ေသဆုံးမူေတြ ပိုမ်ားသြားရတာပါ။

ဒါေပမဲ့ အခုလို မျဖစ္ေအာင္ ဆီးခ်ိဳရွိထားသူေတြ လုပ္ေဆာင္ႏိုင္မယ့္ အဓိက အခ်က္ႀကီး (၃) ခုရွိပါတယ္။ ပထမအခ်က္က ကိုဗစ္ မျဖစ္လာခင္ကတည္းက ႀကိဳတင္ျပင္ဆင္ထားတာျဖစ္ၿပီး၊ ေနာက္အခ်က္ေတြကေတာ့ သာမန္လူထက္ ကိုဗစ္ ကာကြယ္ေရး ပိုလုပ္တာနဲ႔၊ ေသြးခ်ိဳကို မတက္အာင္ ထိန္းထားတာပါ။ ပထမအခ်က္အတြက္ေတာ့ မျဖစ္မေနလိုတဲ့ ဆီးခ်ိဳေဆးေတြကို၊ ပုံမွန္ျပေနတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး စာရင္းလုပ္ကာ၊ တစ္လစာ၊ ႏွစ္လစာျပင္ထားတာနဲ႔ ကိုဗစ္ ျဖစ္လာလွ်င္ (သို႔မဟုတ္) အေရးေပၚလိုလာလွ်င္ ဆရာဝန္ကို On-line (ဖုန္း၊ အင္တာနက္၊ Viber ဗိုင္ဘာ၊ စတာ) ေတြနဲ႔ ခ်က္ခ်င္းဆက္သြယ္ႏိုင္ေအာင္၊ နံပါတ္နဲ႔ လိပ္စာ (Account) ေတြ ႀကိဳယူထားတာပါ။ ဒါ့အျပင္ ကိုဗစ္ကာလ အစားအေသာက္ပ်က္တာ၊ အစားအေသာက္ နည္းသြားတာေတြေၾကာင့္၊ ေဆးေသာက္ေနခ်ိန္ ေသြးခ်ိဳပုံမွန္ေအာက္ကိုက်သြားတာ (Hypoglycemia) ျဖစ္လာႏိုင္တာကို ထည့္တြက္ၿပီး၊ အျမန္ျပန္တင္ႏိုင္ေအာင္ သၾကား၊ သၾကားလုံး၊ အခ်ိဳရည္ (သို႔မဟုတ္) ပ်ားရည္ေတြ ေဆာင္ထားသင့္ပါတယ္။ ေနာက္တစ္ခုကလည္း ေသြးခ်ိဳကို ပုံမွန္တိုင္းတဲ့ စက္နဲ႔ ပစၥည္း (Test Strip လက္ထိပ္ေဖာက္ ေသြးခ်ိဳစစ္တဲ့နဲ႔ (Spirit - အရက္ပ်ံ) ေတြကိုလည္း ႀကိဳတင္လုံေလာက္ေအာင္ ေဆာင္ထားသင့္ပါတယ္။ ဒါ့အျပင္ ပုံမွန္အစားအေသာက္အတြက္လည္း သတင္းပတ္ (၂) ပတ္စာ၊ ျဖစ္ႏိုင္လွ်င္ တစ္လစာ ဆန္၊ ဆီ၊ ဆား စတာေတြ ႀကိဳျပင္ထားသင့္ပါတယ္။

ဒီေရာဂါအေၾကာင္း ကိုဝင္းမင္း က ပိုမိုသိရိွႏိုင္ဖို႔ ျမန္မာႏိုင္ငံ ဆီးခ်ိဳေသြးခ်ိဳေရာဂါအသင္း ဥကၠဌ၊ ဆီးခ်ိဳအထူးကု ဆရာဝန္ႀကီးနဲ႔၊ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာတင့္ေဆြလတ္ကို က ေမးျမန္းတင္ျပထားပါတယ္။

==Unicode==

ဆီးချိုရှိထားသူတွေမှာ ကိုဗစ်ဖြစ်လျှင် ပိုပြင်းထန်၊ ပိုသေဆုံးစေတဲ့ အကြောင်းရင်း (၇) ခု ရှိနေပြီး၊ အခုလိုမဖြစ်အောင် ကိုဗစ် မဖြစ်ခင်ကတည်းက ကြိုပြင်သင့်တာတွေကို ကျန်းမာရေးပညာရှင်တွေက အကြံပြုလိုက်ပါတယ်။

အခုလို ဆီးချိုရောဂါ အခံရှိထားသူတွေမှာ ကိုဗစ်ရောဂါဖြစ်လာလျှင် သေဆုံးမူပိုများစေနိုင်တဲ့ အကြောင်းရင်း အနည်းဆုံး (၇) ခုရှိရာမှာ၊ ပထမ အဓိက အကြောင်းရင်းကတော့ ဆီးချို (အဖြစ်များတဲ့ အမျိုးအစား ၂) နဲ့တွဲဖြစ်လေ့ရှိတဲ့ အဝလွန်မူ (Obesity) ပါ။ အကြောင်းက အဝလွန်သူတွေမှာ နဂိုတည်းက အသက်ရှုရ ပိုခက်လေ့ရှိတာမို့၊ ကိုဗစ်ဖြစ်လာချိန်မှာ ဒီအဆုပ်ကို ပွရခက်တဲ့အထိ အများအားဖြင့် ထိခိုက်စေကာ၊ အောက်ဆီဂျင် ကောင်းကောင်းမရတော့တာကြောင့်ပါ။ နောက်တစ်ခုကတော့ ဒီ အမျိုးအစား (၂) ဆီးချိုဖြစ်သူတွေက အသက်ရလာချိန် လူလတ်ပိုင်းနဲ့ အသက်ကြီးပိုင်းမှာ ဖြစ်လေ့ရှိတာမို့၊ ဒီအရွယ်တွေက နဂိုတည်းက ရောဂါဖြစ်လျှင် ပြင်းပြင်းထန်ထန်ခံရပြီး၊ အသေအပျောက်များနိုင်ကာ၊ ကိုဗစ် ဖြစ်လာချိန်မှာလည်း အလားတူ ပြင်းထန်၊ သေဆုံးတာ များသွားရတာပါ။ ဒါ့အပြင် ဆီးချိုရှိထားသူတွေမှာ နဂိုတည်းက ရောင်ရမ်းးမူ (Inflammation) ဓာတ်တွေ (ဥပမာ-CRP) ပိုထွက်ပြီး၊ သွေးကြောတွေကို ရောင်စေနိုင်၊ ကျဉ်းစေနိုင်တာမို့၊ ကိုဗစ်ကလည်း ဒီရောင်ရမ်းးမူမျိုး အလားတူ ပိုဖြစ်စေနိုင်ကာ၊ ပိုရောင်ရမ်းပြီး ပိုပြင်းထန်သွားရတာပါ။

နောက်တစ်ခုက သွေးချိုရှိထားသူမှာ ကိုယ်ခံအားက ကျနေလေ့ရှိချိန်မှာ၊ ကိုဗစ်ကြောင့်လည်း Cytokine ဓာတ်တွေပိုထွက်လာပြီး၊ ကိုယ်ခံအားထိန်းရခက်ကာ ကိုယ်တွင်းအင်္ဂါတွေကို ပိုပျက်စီးစေနိုင်တာကြောင့်ပါ။ ဒါ့အပြင် ကိုဗစ်ကြောင့် ဆီးချိုကိုထိန်းပေးတဲ့ ပန်ကရိယက ဘီတာဆဲလ်တွေ ပိုပျက်စီးစေနိုင်ကာ၊ ဆီးချိုသွေးချိုကို ထိန်းရခက် သွားတာကြောင့်၊ အရင်ဆီးချိုမရှိသူတွေမှာ အခုကိုဗစ်ကြောင့် ဆီးချိုစဖြစ်လာတာနဲ့၊ ဆီးချိုရှိပြီးသားသူတွေမှာလည်း ထိန်းရခက် ပိုပြင်းထန်လာနိုင်တာကြောင့်ပါ။ နောက်တစ်ခုက ဆီးချိုနဂိုတည်းကရှိထားသူမှာ သွေးကြောပိတ်စေတာတွေ ပိုများစေတတ်တာမို့၊ ကိုဗစ်ဖြစ်လာချိန်မှာလည်း သွေးခဲနှုန်းက မြင့်တက်သွားစေကာ၊ နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာနဲ့ လေဖြတ်တာတွေဖြစ်ဖို့ များသွားစေတာပါ။ တချိန်တည်းမှာ ကိုဗစ်ဖြစ်လာလျှင် ပိုသေဆုံးစေနိုင်တဲ့ နောက်ထပ် အခံရောဂါတွေဖြစ်တဲ့၊ သွေးတိုး၊ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေကလည်း ဆီးချိုနောက်ဆက်တွဲအဖြစ် တွဲပြီးဖြစ်နေတတ်တာကြောင့်၊ ဒါတွေအားလုံးပေါင်းပြီး ပြင်းထန်မူနဲ့ သေဆုံးမူတွေ ပိုများသွားရတာပါ။

ဒါပေမဲ့ အခုလို မဖြစ်အောင် ဆီးချိုရှိထားသူတွေ လုပ်ဆောင်နိုင်မယ့် အဓိက အချက်ကြီး (၃) ခုရှိပါတယ်။ ပထမအချက်က ကိုဗစ် မဖြစ်လာခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး၊ နောက်အချက်တွေကတော့ သာမန်လူထက် ကိုဗစ် ကာကွယ်ရေး ပိုလုပ်တာနဲ့၊ သွေးချိုကို မတက်အာင် ထိန်းထားတာပါ။ ပထမအချက်အတွက်တော့ မဖြစ်မနေလိုတဲ့ ဆီးချိုဆေးတွေကို၊ ပုံမှန်ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး စာရင်းလုပ်ကာ၊ တစ်လစာ၊ နှစ်လစာပြင်ထားတာနဲ့ ကိုဗစ် ဖြစ်လာလျှင် (သို့မဟုတ်) အရေးပေါ်လိုလာလျှင် ဆရာဝန်ကို On-line (ဖုန်း၊ အင်တာနက်၊ Viber ဗိုင်ဘာ၊ စတာ) တွေနဲ့ ချက်ချင်းဆက်သွယ်နိုင်အောင်၊ နံပါတ်နဲ့ လိပ်စာ (Account) တွေ ကြိုယူထားတာပါ။ ဒါ့အပြင် ကိုဗစ်ကာလ အစားအသောက်ပျက်တာ၊ အစားအသောက် နည်းသွားတာတွေကြောင့်၊ ဆေးသောက်နေချိန် သွေးချိုပုံမှန်အောက်ကိုကျသွားတာ (Hypoglycemia) ဖြစ်လာနိုင်တာကို ထည့်တွက်ပြီး၊ အမြန်ပြန်တင်နိုင်အောင် သကြား၊ သကြားလုံး၊ အချိုရည် (သို့မဟုတ်) ပျားရည်တွေ ဆောင်ထားသင့်ပါတယ်။ နောက်တစ်ခုကလည်း သွေးချိုကို ပုံမှန်တိုင်းတဲ့ စက်နဲ့ ပစ္စည်း (Test Strip လက်ထိပ်ဖောက် သွေးချိုစစ်တဲ့နဲ့ (Spirit - အရက်ပျံ) တွေကိုလည်း ကြိုတင်လုံလောက်အောင် ဆောင်ထားသင့်ပါတယ်။ ဒါ့အပြင် ပုံမှန်အစားအသောက်အတွက်လည်း သတင်းပတ် (၂) ပတ်စာ၊ ဖြစ်နိုင်လျှင် တစ်လစာ ဆန်၊ ဆီ၊ ဆား စတာတွေ ကြိုပြင်ထားသင့်ပါတယ်။

ဒီရောဂါအကြောင်း ကိုဝင်းမင်း က ပိုမိုသိရှိနိုင်ဖို့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကု ဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်ကို က မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG