သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္နဲ႔ ေရာဂါအခံ ဆီးခ်ိဳ


FILE - A person receives a test for diabetes at a free medical clinic in Los Angeles, California, Sept. 11, 2014. According to a new study, the drugs that can help treat autoimmune diseases like diabetes can also help treat depression.
ကိုဗစ္နဲ႔ ေရာဂါအခံ ဆီးခ်ိဳ
please wait

No media source currently available

0:00 0:07:42 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ္ ေရာဂါျဖစ္ပြားေနခ်ိန္ကာလမွာ ဆီးခ်ိဳရွိထားသူေတြ ကိုဗစ္ျဖစ္တာကို ပိုမေတြ႕ရေပမယ့္၊ ျဖစ္လာခဲ့လွ်င္ေတာ့ ပိုၿပီးျပင္းထန္စြာခံရၿပီး၊ ေသဆုံးမႈေတြ ပိုရိွတာကို ေတြ႕ေနရတာမို႔ ႀကိဳတင္ျပင္ဆင္ကာကြယ္ဖို႔ လိုပါတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူေတြဟာ ကိုယ္ခံအားက်ေလ့ရွိတာမို႔၊ ေယဘုယ်အားျဖင့္ ဗိုင္းရပ္စ္ေရာဂါပိုးေတြ အလြယ္ဝင္လြယ္ေလ့ ရွိပါတယ္။ ဒါေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္တဲ့ ကိုဗစ္ေရာဂါမွာေတာ့၊ ဆီးခ်ိဳရွိသူေတြ ထူးထူးျခားျခား ပိုမျဖစ္တာကို၊ ကိုဗစ္ေရာဂါ စျဖစ္ခဲ့တဲ့ တ႐ုတ္၊ လက္ရွိ ကိုဗစ္အျဖစ္အမ်ားဆုံး အေမရိကန္ နဲ႔ တစုံတရာ ျဖစ္ပြားႏႈန္းရိွေနတဲ့ ၿဗိတိန္ႏိုင္ငံအျပင္၊ အေစာပိုင္း အျဖစ္မ်ား၊ အေသမ်ားခဲ့တဲ့ အီတလီႏိုင္ငံေတြရဲ ႔ အေျခအေနကို ေလ့လာထားတဲ့ အေထာက္အထားစာတမ္းေတြမွာ ေတြ႕ရွိခဲ့ပါတယ္။

ဒါေပမဲ့ ဆီးခ်ိဳရွိထားသူမွာ ကိုဗစ္ ျဖစ္လာခဲ့လွ်င္ေတာ့၊ ပိုျပင္းထန္တဲ့အဆင့္ကိုေရာက္ၿပီး၊ ပိုၿပီးေသဆုံးတာကို တကမာၻလုံးမွာ ေတြ႕ရွိထားၿပီး ျဖစ္ပါတယ္။ ဆီးခ်ိဳအမ်ိဳးအစား (၁) အျဖစ္နည္းတဲ့ ငယ္စဥ္ထဲက ေသြးခ်ိဳဓာတ္ထိန္းတဲ့ အင္ဆူလင္ အထြက္နည္းတာေၾကာင့္ ျဖစ္တာ) မွာေရာ၊ ဆီးခ်ိဳအမ်ိဳးအစား (၂) အျဖစ္မ်ားၿပီး အသက္ႀကီးခ်ိန္ ျဖစ္ေလ့ရွိတဲ့ အင္ဆူလင္ အာနိသင္နည္းတာေၾကာင့္ ျဖစ္တာ) မွာပါ၊ ကိုဗစ္ ျဖစ္လာၿပီးလွ်င္ေတာ့၊ ပိုျပင္းထန္ကာ၊ အထူးၾကပ္မတ္ကုသေဆာင္ (ICU) ပိုေရာက္ၿပီး၊ ေသဆုံးႏႈန္း ပိုမ်ားလာေနပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူအားလုံးထဲက၊ အမ်ားစုျဖစ္တဲ့ (၉၂)% ဟာ ဆီးခ်ိဳအပါအဝင္ အခံေရာဂါေတြေၾကာင့္ ေသဆုံးရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကလည္း ေတြ႕ရွိထုတ္ျပန္ထားပါတယ္။ တကယ္ေတာ့ ဒီေရာဂါအခံေတြထဲမွာ၊ ကိုဗစ္နဲ ႔ေသဆုံးမူအမ်ားဆုံး (၄၃.၇)% က၊ ေသြးတိုးနဲ႔ႏွလုံးေရာဂါ (ႏွလုံေသြးေၾကာက်ဥ္းေရာဂါ အပါအဝင္) ေတြေၾကာင့္ ျဖစ္ရၿပီး၊ ဒုတိယအမ်ားဆုံး (၃၈.၃)% ကေတာ့ ဆီးခ်ိဳေသြးခ်ိဳေရာဂါေၾကာင့္ ျဖစ္ကာ၊ တတိယအျဖစ္ (၃.၇)% ကသာ ကင္ဆာေရာဂါအခံေၾကာင့္ပါ။ ႏိုင္ငံတကာမွာလည္း ကိုဗစ္ျဖစ္လာခ်ိန္ ဆီးခ်ိဳအခံေၾကာင့္ ေသဆုံးႏႈန္းက၊ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ အနည္းငယ္ကြာေပမယ့္ အမ်ားအားျဖင့္ (၃၀)% နဲ႔ (၃၅)% ဝန္းက်င္မွာရွိေနပါတယ္။

ဒါေပမဲ့လဲ ဆီးခ်ိဳရွိတာသက္သက္နဲ႔၊ ကိုဗစ္ျဖစ္လာလွ်င္ ပိုေသဆုံးႏိုင္တာေတာ့ မဟုတ္ပါဘူး။ အဓိက ဆီးခ်ိဳေသြးခ်ိဳ မထိန္းထားႏိုင္ဘဲ၊ ဆီးခ်ိဳေသြးခ်ိဳ တက္ေနလြန္းသူေတြမွာသာ၊ ကိုဗစ္ေရာဂါပိုး ဝင္လာခ်ိန္ ေသဆုံးမူအျဖစ္မ်ားရတာပါ။ ဒါေၾကာင့္ ဆီးခ်ိဳမတက္ေအာင္ ထိန္းထားျခင္းျဖင့္ ဒီကိုဗစ္ဝင္လာခ်ိန္ျဖစ္တဲ့ ေသဆုံးမူကေန ကာကြယ္ႏိုင္ပါတယ္။ ဒါေပမဲ့ အခုကိုဗစ္ကာလမွာ ေနာက္ထူးျခားလာတာတစ္ခုကေတာ့ ဆီးခ်ိဳရွိထားၿပီးသူေတြမွာ ေကာင္းေကာင္းမထိန္းထားႏိုင္ဘဲ၊ ပိုဆိုးလာေနတာ (အရင္ေသာက္ေဆးနဲ႔ ထိန္းႏိုင္သူေတြ အခုထိုးေဆး စသုံးဖို႔လိုလာတာ၊ အရင္ထိုးေဆး သုံးေနရသူေတြလည္း ထိုးဖို႔လိုတဲ့ ပမာဏျမင့္လာတာ) အျပင္၊ အရင္ဆီးခ်ိဳ မရွိသူေတြလည္း ဆီးခ်ိဳပိုျဖစ္လာေနတာ (ေဆးခန္းေတြမွာ အရင္ ေန႔စဥ္ (၅)% ဝန္းက်င္ကေန၊ အခု (၁၀)% ကေန (၂၀)% အထိျဖစ္လာတာ) ကို ေတြ႕ရွိေနရတာပါ။ အေၾကာင္းက ကိုဗစ္ကာလအတြင္း ကန႔္သတ္ပိတ္ဆို႔မူေတြေၾကာင့္ စိတ္ဖိစီးမူမ်ားတာအျပင္၊ ေျဖေဖ်ာက္ႏိုင္ဖို႔ ကိုယ္လက္လႈပ္ရွားအားကစား လုပ္ႏိုင္တာ နည္းသြားတာနဲ႔၊ တခ်ိန္ထဲမွာ ဆီးခ်ိဳအတြက္ အႏၲရာယ္ရွိတဲ့ ေဆးေတြနဲ႔ အစားအစာေတြ ပိုစားလာေနမိၾကတာပါ။ ဒါေၾကာင့္ အခုကာလမွာ ကိုဗစ္ မျဖစ္ခင္ကတည္းက အေသအခ်ာ ျပင္ဆင္ထားဖို႔လိုၿပီး၊ ဒီဆီးခ်ိဳေသြးခ်ိဳကို မတက္ေအာင္ လုံးဝထိန္းထားႏိုင္ဖို႔ အထူးအေရးႀကီးေနပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံ ဆီးခ်ိဳေသြးခ်ိဳေရာဂါအသင္း ဥကၠဌ၊ ဆီးခ်ိဳအထူးကုဆရာဝန္ႀကီးနဲ႔၊ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာတင့္ေဆြလတ္အား ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

====Unicode====


ကိုဗစ် ရောဂါဖြစ်ပွားနေချိန်ကာလမှာ ဆီးချိုရှိထားသူတွေ ကိုဗစ်ဖြစ်တာကို ပိုမတွေ့ရပေမယ့်၊ ဖြစ်လာခဲ့လျှင်တော့ ပိုပြီးပြင်းထန်စွာခံရပြီး၊ သေဆုံးမှုတွေ ပိုရှိတာကို တွေ့နေရတာမို့ ကြိုတင်ပြင်ဆင်ကာကွယ်ဖို့ လိုပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ ကိုယ်ခံအားကျလေ့ရှိတာမို့၊ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးတွေ အလွယ်ဝင်လွယ်လေ့ ရှိပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါမှာတော့၊ ဆီးချိုရှိသူတွေ ထူးထူးခြားခြား ပိုမဖြစ်တာကို၊ ကိုဗစ်ရောဂါ စဖြစ်ခဲ့တဲ့ တရုတ်၊ လက်ရှိ ကိုဗစ်အဖြစ်အများဆုံး အမေရိကန် နဲ့ တစုံတရာ ဖြစ်ပွားနှုန်းရှိနေတဲ့ ဗြိတိန်နိုင်ငံအပြင်၊ အစောပိုင်း အဖြစ်များ၊ အသေများခဲ့တဲ့ အီတလီနိုင်ငံတွေရဲ့ အခြေအနေကို လေ့လာထားတဲ့ အထောက်အထားစာတမ်းတွေမှာ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဆီးချိုရှိထားသူမှာ ကိုဗစ် ဖြစ်လာခဲ့လျှင်တော့၊ ပိုပြင်းထန်တဲ့အဆင့်ကိုရောက်ပြီး၊ ပိုပြီးသေဆုံးတာကို တကမ္ဘာလုံးမှာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ ဆီးချိုအမျိုးအစား (၁) အဖြစ်နည်းတဲ့ ငယ်စဉ်ထဲက သွေးချိုဓာတ်ထိန်းတဲ့ အင်ဆူလင် အထွက်နည်းတာကြောင့် ဖြစ်တာ) မှာရော၊ ဆီးချိုအမျိုးအစား (၂) အဖြစ်များပြီး အသက်ကြီးချိန် ဖြစ်လေ့ရှိတဲ့ အင်ဆူလင် အာနိသင်နည်းတာကြောင့် ဖြစ်တာ) မှာပါ၊ ကိုဗစ် ဖြစ်လာပြီးလျှင်တော့၊ ပိုပြင်းထန်ကာ၊ အထူးကြပ်မတ်ကုသဆောင် (ICU) ပိုရောက်ပြီး၊ သေဆုံးနှုန်း ပိုများလာနေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူအားလုံးထဲက၊ အများစုဖြစ်တဲ့ (၉၂)% ဟာ ဆီးချိုအပါအဝင် အခံရောဂါတွေကြောင့် သေဆုံးရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း တွေ့ရှိထုတ်ပြန်ထားပါတယ်။ တကယ်တော့ ဒီရောဂါအခံတွေထဲမှာ၊ ကိုဗစ်နဲ့သေဆုံးမူအများဆုံး (၄၃.၇)% က၊ သွေးတိုးနဲ့နှလုံးရောဂါ (နှလုံသွေးကြောကျဉ်းရောဂါ အပါအဝင်) တွေကြောင့် ဖြစ်ရပြီး၊ ဒုတိယအများဆုံး (၃၈.၃)% ကတော့ ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်ကာ၊ တတိယအဖြစ် (၃.၇)% ကသာ ကင်ဆာရောဂါအခံကြောင့်ပါ။ နိုင်ငံတကာမှာလည်း ကိုဗစ်ဖြစ်လာချိန် ဆီးချိုအခံကြောင့် သေဆုံးနှုန်းက၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အနည်းငယ်ကွာပေမယ့် အများအားဖြင့် (၃၀)% နဲ့ (၃၅)% ဝန်းကျင်မှာရှိနေပါတယ်။

ဒါပေမဲ့လဲ ဆီးချိုရှိတာသက်သက်နဲ့၊ ကိုဗစ်ဖြစ်လာလျှင် ပိုသေဆုံးနိုင်တာတော့ မဟုတ်ပါဘူး။ အဓိက ဆီးချိုသွေးချို မထိန်းထားနိုင်ဘဲ၊ ဆီးချိုသွေးချို တက်နေလွန်းသူတွေမှာသာ၊ ကိုဗစ်ရောဂါပိုး ဝင်လာချိန် သေဆုံးမူအဖြစ်များရတာပါ။ ဒါကြောင့် ဆီးချိုမတက်အောင် ထိန်းထားခြင်းဖြင့် ဒီကိုဗစ်ဝင်လာချိန်ဖြစ်တဲ့ သေဆုံးမူကနေ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အခုကိုဗစ်ကာလမှာ နောက်ထူးခြားလာတာတစ်ခုကတော့ ဆီးချိုရှိထားပြီးသူတွေမှာ ကောင်းကောင်းမထိန်းထားနိုင်ဘဲ၊ ပိုဆိုးလာနေတာ (အရင်သောက်ဆေးနဲ့ ထိန်းနိုင်သူတွေ အခုထိုးဆေး စသုံးဖို့လိုလာတာ၊ အရင်ထိုးဆေး သုံးနေရသူတွေလည်း ထိုးဖို့လိုတဲ့ ပမာဏမြင့်လာတာ) အပြင်၊ အရင်ဆီးချို မရှိသူတွေလည်း ဆီးချိုပိုဖြစ်လာနေတာ (ဆေးခန်းတွေမှာ အရင် နေ့စဉ် (၅)% ဝန်းကျင်ကနေ၊ အခု (၁၀)% ကနေ (၂၀)% အထိဖြစ်လာတာ) ကို တွေ့ရှိနေရတာပါ။ အကြောင်းက ကိုဗစ်ကာလအတွင်း ကန့်သတ်ပိတ်ဆို့မူတွေကြောင့် စိတ်ဖိစီးမူများတာအပြင်၊ ဖြေဖျောက်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားအားကစား လုပ်နိုင်တာ နည်းသွားတာနဲ့၊ တချိန်ထဲမှာ ဆီးချိုအတွက် အန္တရာယ်ရှိတဲ့ ဆေးတွေနဲ့ အစားအစာတွေ ပိုစားလာနေမိကြတာပါ။ ဒါကြောင့် အခုကာလမှာ ကိုဗစ် မဖြစ်ခင်ကတည်းက အသေအချာ ပြင်ဆင်ထားဖို့လိုပြီး၊ ဒီဆီးချိုသွေးချိုကို မတက်အောင် လုံးဝထိန်းထားနိုင်ဖို့ အထူးအရေးကြီးနေပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်အား ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG