သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးချိန်အတွက် ကိုဗစ်သတိပြုပြင်ဆင်ကာကွယ်ရေး


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူ သိသိသာသာ မကျသေးချိန်မှာ၊ နိုင်ငံတော်ရှေ့ရေးအတွက် မဲပေးရေတာ့မှာမို့၊ ကူးစက်မူလျှော့ချနိုင်အောင် ဘာတွေကြိုတင် ပြင်ဆင်သတိထားကာကွယ် မဲပေးသင့်ပါလဲ။

ကိုဗစ်ကာလ မဲပေးရချိန်၊ ကူးစက်မူအနည်းနဲ့အများ ဖြစ်လာနိုင်တဲ့ စိန်ခေါ်မူကြီးအတွက်၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားတာအပြင်၊ ကြုံလာနိုင်တဲ့ အခြေအနေမျိုးစုံးအတွက် ကြိုတင်ပြင်ဆင်ထားပြီး၊ ရောဂါကာကွယ်ရေးကို လုံးဝ သတိမလွတ်ဖို့ လိုပါတယ်။ အဓိကတော့ မဲရုံမသွားခင်ကတည်းက၊ မဲရုံအနေအထားတွေဖြစ်တဲ့ တန်းစီရမဲ့နေရာ၊ မဲစာရင်းသွင်းရမဲ့နေရာတွေ ကြိုတင်သိထားဖို့လိုတာအပြင်၊ ရုပ်မြင်သံကြားမှာ မဲဘယ်လိုပေးရမှာအတွက် သင်ကြားပြသနေတာတွေကိုပါ ကြည့်ပြီး၊ မဲစာရင်းစာရွယ်ဘယ်လိုယူ၊ ဘယ်လိုကြည့်ရွေး၊ ဘယ်လို တံဆိပ်တုံး ထုရမယ်ဆိုတာတွေကို အိမ်မှာထဲက ကြိုပြင်ထားသင့်ပါတယ်။ နောက် ကိုယ်နဲ့အတူယူသွားမယ့် အထောက်အထား (အနည်းဆုံးမှတ်ပုံတင်) ကို အသင့်ပြင်ထားပြီး၊ သွားတဲ့အခါမှာလည်း တစ်ဦးချင်း ကိုယ့်မှတ်ပုံတင် ကိုယ်ကိုင်သွားသင့်ပါတယ်။ မိသားစုထဲ တစ်ဦးဦးက အားလုံးအတွက် စုကိုင်ပြီး၊ မဲရုံကျမှ ပြန်ဝေပေးတာ၊ နောက် ပြန်လိုက်စုတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။

အိမ်ကမထွက်ခင်မှာလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ တစ်ဦးစီအတွက် အပြည့်အစုံ (အပိုတစ်စုံ နှစ်စုံပါ) ရှိဖို့နဲ့၊ သုံးပုံသုံးနည်းတွေကို မိသားစုအကြား သေချာအောင် ကြိုတင် ရှင်းပြပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ ဒီကာကွယ်ရေးပစ္စည်းတွေကို တစ်ယောက်တစ်လှည့် သုံးတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ အနည်းဆုံးယူသွားသင့်တာတွေကတော့ ပါးစပ်နဲ့နှာခေါင်းစီး (Mask)၊ လက်အိပ် (Glove)၊ မျက်နှာအကာ (Face Shield)၊ လက်သန့်ဆေးရည်ဗူးငယ် (Hand Gel)၊ ကိုယ်ပိုင်ဘော်ပင်၊ ကိုယ်ပိုင် တစ်ရူးစက္ကူ စတာတွေပါ။ တကယ်တော့ ပုံမှန်အပြင်ထွက်တာထက်၊ အခု မဲရုံသွားမှာက လူစုလူဝေးနဲ့ ပိုတွေ့ဖို့များတာ၊ ဥပမာ မဲစာရင်းမှတ်ပုံတင်လုပ်ချိန်မှာ အခြားသူတွေနဲ့ ထိတွေ့ကောင်းထိတွေ့တာ ဖြစ်လာနိုင်တာမျိုးမို့၊ ဒီကာကွယ်ရေးပစ္စည်းတွေ ပိုစုဆောင်းပြင်ဆင်ထားသင့်ပါတယ်။

မဲရုံရောက်ရှိချိန်မှာလည်း မဲရုံဖက်က စနစ်တကျ ပြင်ဆင်ထားတာတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ မလိုက်နာဖြစ်ပါက စနစ်တကျပြင်ထားတာတွေ အကုန်ပျက်သွားနိုင်လို့ပါ။ မဲရုံ ရဲဝန်ထမ်းနဲ့ ကြီးကြပ်သူတွေ ပြောတာကိုလည်း လိုက်နာသင့်ပါတယ်။ အထူးသဖြင့် တန်းစီချိန်မှာ လူအုပ်စုမဖြစ်သွားဖို့၊ တစ်ဦးနဲ့တစ်ဦး (၆) ပေခွာနိုင်ဖို့ စီစဉ်ပေးထားချိန်မှာ၊ တစ်ယောက်နဲ့တစ်ယောက် ကပ်လာပြီး တိုင်ပင်တာမလုပ်ဖို့၊ မဲဘယ်လိုပေးရမှာ သွားမမေးမိဖို့၊ နောက် ပါးစပ်နဲ့နှာခေါင်းဖြုတ်ပြီး ကွမ်းစားတာ၊ ဆေးလိပ်သောက်တာနဲ့ တချိန်ထဲမှာ စကားလှမ်းပြောတာတွေ မလုပ်မိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မဲရုံကို ကလေးငယ်တွေ ခေါ်သွားတာ မလုပ်သင့်ပါဘူး။ သက်ကြီးတွေအတွက် ကူညီဖေးမပေးဖို့ လိုလာလျှင်လည်း၊ မဲရုံကိုကြိုတင် အကြောင်းကြားပြီး မဲရုံဝန်ထမ်းကို အကူအညီတောင်း လိုက်ပို့ပေးဖို့ စီစဉ်သင့်ပါတယ်။ တချိန်ထဲမှာ တန်းစီနေရင်း၊ မတော်တဆ ပါးစပ်နဲ့နှာခေါင်းစည်း ကြိုးပြတ်သွားတာ (နှာစေးချောင်းဆိုးပြီး စိုစွတ်သွားတာ) ဖြစ်နိုင်တာအတွက်လည်း၊ စနစ်တကျ (လက်သန့်ဆေးရည်သုတ်ပြီး၊ ခပ်ခွာခွာကနေ၊ ကြိုးကိုပဲကိုင်) အပိုယူလာတဲ့ အသစ်နဲ့လဲဖို့ လိုပါတယ်။ ဒါ့အပြင် ဒီကာကွယ်ရေးပစ္စည်းတွေတပ်ထားချိန်မှာ ဟိုကိုင်ဒီကိုင်၊ ပါးစပ်နဲ့နှာခေါင်းစည်းအပြင်ဖက်ကို ပြန်ကိုင်တာ ချွတ်တာ၊ ပြန်တပ်တာ၊ မျက်နှာကိုပြန်ကိုင်တာ၊ ပွတ်တာတွေ လုံးဝ မလုပ်မိဖို့ သတိကြီးကြီးထားသင့်ပါတယ်။ မဲပေးမဲ့အချိန်ခဏအတွင်း အောင့်ထား၊ ထိန်းထား သင့်ပါတယ်။

မဲရုံတွေဖက်ကလည်း အချိန်မကြန့်ကြာနိုင်အောင်၊ မဲရုံတွင်း တစ်ဦးပြီးတစ်ဦး မြန်မြန်ပြီးနိုင်အောင် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားတာအပြင်၊ ကြုံလာနိုင်တဲ့ ကြန့်ကြာစေနိုင်မူတွေကိုလည်း ထည့်တွက်ပြင်ဆင် သီးသန့်အစီအစဉ် ရှိထားသင့်ပါတယ်။ ဥပမာ မှတ်ပုံတင်စစ်တာ အခက်အခဲဖြစ်သွားတာ၊ တစ်ဦးဦး အနံပျောက်တာအပါအဝင် သံသယလက္ခဏာ ပေါ်လာတာ၊ အဖျားတက်လာတာစတဲ့ အခြေအနေတစ်ခုခုကြောင့် မကြန့်ကြာစေအောင်၊ ဘယ်လိုလုပ်မှာကို ကြိုတင်ပြင်ဆင် စီစဉ်ထားသင့်ပါတယ်။ ဒီနေရာမှာ အနံ့ပျောက်တာအပါအဝင် ကိုဗစ်လက္ခဏာ စရှိနေသူ၊ စဖျားလာသူအနေနဲ့လည်း၊ အိမ်မှာပဲ နေပြီး၊ မဲရုံကို အကြောင်းကြားသင့်ပါတယ်။

တကယ်လို့ အခုလို လက္ခဏာတွေရှိလျှက် မဲပေးချင်စိတ် ပြင်းပြပြီး၊ အများမသိနိုင်ဘူး ယူဆကာ၊ မဲရုံသွားတာ လုံးဝမလုပ်သင့်ပါဘူး။ အခြားသူများစွာအတွက် အန္တရာယ်ကြီးလွန်းလို့ပါ။ တကယ်တော့၊ မဲရုံမှာ လူများလွန်းနေချိန်ကို ရှောင်နိုင်လျှင် ပိုကောင်းပါတယ်။ မဲရုံတွေဖက်က လမ်းအလိုက် တစ်သုတ်စီ လူကျဲအောင် စီစဉ်ပေးတာလဲ ရှိနိုင်ပါတယ်။ မဲရုံဝန်ထမ်းဖုန်းရထားလျှင်တော့၊ လူနည်းချိန်ကိုမေးပြီး သွားနိုင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်သွားချိန် လူများလွန်းနေလျှင်လည်း၊ ခဏစောင့်ပြီးမှ သွားသင့်ပါတယ်။ မဲရုံဖက်ကလည်း လူနည်းချိန်ကို အကြောင်းကြားပေးနိုင်တဲ့ စနစ်တစ်ခု (ဖုန်းနံပါတ်ကြေညာထားတာ၊ လော်စပီကာနဲ့အော်ပေးတာ) ကြိုပြင်ထားရင် ပိုကောင်းပါတယ်။

မဲရုံထဲစဝင်ချိန်အပေါက်ဝမှာတော့ ကိုယ်ပူချိန်တိုင်းတာနဲ့ လက်ဆေးရည်ဖြန်းပေးတာ လုပ်ပေးဖို့ စီစဉ်ထားပါတယ်။ လက်ချောင်းကြားတွေပါ ဆေးရောက်နိုင်အောင် လက်ချောင်းတွေကို အပြည့်ဆန့်ကားပေးထားဖို့ လိုပါမယ်။ ဒါ့အပြင် လက်ဖမိုး၊ လက်ဖဝါး လက်ချောင်းကြား လက်ကောက်ဝတ်အထိ နှံစပ်အောင် ထပ်ပွတ်ပြီး ခြောက်အောင် ခဏစောင့်ပေးဖို့ လိုပါတယ်။ နောက် မှတ်ပုံတင်စစ်ဖို့၊ မှတ်ပုံတင်ကို ပလပ်စတစ်အိပ်ထဲ အရင်ထည့်ဖို့ ပလပ်စတစ်ယူထည့်ကာ၊ မှတ်ပုံတင်ကို ပြရပါမယ်။ မဲပေးရာမှာသုံးမဲ့ ကိုယ်ပိုင်ဘော့ပင်၊ မဲရုံကပေးမဲ့ တံဆိပ်တုံး၊ ထိတွေ့နိုင်တဲ့ စားပွဲမျက်နှာပြင်တွေကိုလည်း အနည်းဆုံးကိုင်တွယ်ထိတွေ့တဲ့နည်းနဲ့ မဲပေးသင့်ပါတယ်။ အခြားတစ်ခုခုကိုင်ပြီးတိုင်းလည်း လက်ပြန်ဆေးသင့်ပါတယ်။ တစ်ဦးချင်းမဲပေးရတဲ့ မဲရုံအခန်းကိုလည်း၊ လေဝင်လေထွက်ကောင်းအောင်၊ ကျယ်ကျယ်သဘော ပြင်ထားဖို့လိုပါတယ်။ မဲတစ်ခါပေးပြီးတိုင်းလဲ လက်ပြန်ဆေးဖို့ အရေးကြီးပါတယ်။

မဲရုံကပြန်ထွက်လျှင်တော့၊ မှတ်ပုံတင်ထည့်တဲ့ ပလပ်စတစ်အပါအဝင် သုံးထားတဲ့ ကာကွယ်ရေးပစ္စည်းတွေအားလုံး (စစချင်း လက်အိပ်) ကို စနစ်တကျ အဖုံးပါတဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ဖို့ လိုပါတယ်။ ဒါတွေကို တွေ့ကရာ လုံးဝမပစ်သင့်ပါဘူး၊ အခြားသူတွေအတွက် အန္တရာယ်ကြီးလို့ပါ။ ပြီးလျှင် အပိုပါလာတဲ့ ပါးစပ်နဲ့နှာခေါင်းစည်းအသစ်နဲ့ ခပ်ခွာခွာနေရာမှာ တန်းစီချိန်နဲ့ မဲရုံထဲသုံးထားတဲ့အဟောင်းကို စနစ်တကျ ပြန်လဲတပ်သင့်ပြီး အိမ်ပြန်သင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==










XS
SM
MD
LG