ျမန္မာႏိုင္ငံမွာ ကိုဗစ္ကူးစက္မူ မထိန္းႏိုင္ေသးေပမယ့္၊ တစ္ပတ္ေက်ာ္အတြင္း တႏိုင္ငံလုံး လူသန္းနဲ ႔ခ်ီ မဲေပးဖို ႔ရွိေနတာမို႔၊ ကူးစက္မူေတြ ထပ္မျမင့္မားလာေအာင္ ကာကြယ္ေရး အစြမ္းကုန္လုပ္ဖို႔ လိုေနပါတယ္။
ကိုဗစ္ကာလအတြင္း ႏိုင္ငံတကာမွာ လုပ္ခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြထဲ ကူးစက္မူ မျမင့္ေစဘဲ ေအာင္ျမင္စြာ လုပ္ႏိုင္ခဲတဲ့၊ ေတာင္ကိုရီးယား၊ စကၤာပူနဲ႔ နယူးဇီလန္တို႔က အတုယူစရာ သင္ခန္းစာေကာင္းေတြ ရွိေနပါတယ္။ ဒီ (၃) ႏိုင္ငံလုံး တူညီတာေတြကေတာ့၊ Social Distancing လို႔ေခၚတဲ့ ခပ္ခြာခြာနည္းနဲ႔ တန္းစီမဲေပးတာ၊ Mask (ပါးစပ္နဲ ႔ႏွာေခါင္းစည္း) တပ္တာနဲ႔ လက္ေဆးတာနဲ႔ ဖ်ားနာေနလွ်င္ မဲရံုကို မလာေစတာေတြပါပဲ။ စကၤာပူမွာဆိုရင္ေတာ့ Mask (ပါးစပ္နဲ ႔ႏွာေခါင္းစည္း) အျပင္၊ Disposable Glove (တစ္ခါသုံးလက္အိပ္) ပါ မျဖစ္မေန (Mandatory) ဝတ္လာရၿပီး၊ ေသခ်ာေအာင္ ႀကီးၾကပ္ကာ၊ မလိုက္နာလွ်င္ မဲ႐ုံထဲ ဝင္ခြင့္မရပါဘူး။ ဒါ့အျပင္ မဲ႐ုံအဝမွာ အဖ်ားတိုင္းၿပီး၊ အဖ်ားရွိေနလွ်င္ျဖစ္ျဖစ္၊ အျခားကိုဗစ္လကၡဏာေတြျဖစ္တဲ့၊ ရင္ၾကပ္တာ၊ ေမာတာ၊ ေခ်ာင္းဆိုးတာေတြ ရွိေနလွ်င္၊ မဲ႐ုံထဲဝင္ခြင့္မရဘဲ၊ အျခားတစ္ေနရာမွာ သီးသန႔္ မဲသြားးေပးရပါတယ္။
ေတာင္ကိုရီးယားမွာလည္း၊ ကိုဗစ္ကာကြယ္ေရး နည္းလမ္းေတြကို၊ မဲဆႏၵရွင္မ်ား မျဖစ္မေနလိုက္နာရမယ့္ Code of Conduct (လုပ္ထုံးလုပ္နည္း) အျဖစ္ သတ္မွတ္ကာ၊ ႀကီးၾကပ္ေပးပါတယ္။ ဒီအထဲမွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း တပ္တာ၊ ခပ္ခြာခြာေနတာအျပင္၊ ကိုယ္ပိုင္ေဘာ္ပင္ ယူလာတာအထိပါပါတယ္။ မွတ္ပုံတင္နဲ႔ လူေသခ်ာေအာင္ တိုက္ၾကည့္ခ်ိန္မွာေတာ့၊ ေခတၱ ပါးစပ္နဲ႔ႏွာေခါင္းစည္း ဖြင့္ေပးရခ်ိန္မွာ၊ စကားမေျပာမိဖို႔နဲ႔ ေခ်ာင္းမဆိုးမိဖို႔ သတိေပးထားပါတယ္။ ဒါ့အျပင္ မဲေပးခ်ိန္အရ လူေတြကို ခြာႏိုင္ဖို႔၊ စကၤာပူမွာ (၂) နာရီတစ္သုတ္ မဲေပးေစၿပီး၊ အသက္ႀကီးသူေတြ (၆၅ ႏွစ္အထက္) ကို ပထမဆုံးအသုတ္မွာ မဲေပးခြင့္ျပဳခဲ့ကာ၊ Home Stay Order (အိမ္မွာေနရတဲ့အမိန႔္) ရွိသူေတြနဲ႔ Facility Quarantine (အသြားအလာ ကန႔္သတ္စခန္း) မွာ ေနရသူေတြအတြက္ ေ႐ြ ႔လွ်ား (Mobile) မဲ႐ုံေတြ စီစဥ္ကာ၊ မဲ လာေကာက္ေပးပါတယ္။ ဒါေတာင္မွ မဲ႐ုံမွာ လက္အိပ္ေတြ ထုတ္ေပးၿပီး၊ လက္အိပ္စြတ္တာ ၾကာခ်ိန္ေၾကာင့္ အခ်ိန္ပိုကုန္ခဲ့ကာ၊ ေနာက္ဆုံးမွာ ျပင္ဆင္ထားတဲ့အခ်ိန္ထက္ ေနာက္ (၂) နာရီ အေရးေပၚအျဖစ္ ထပ္တိုးခဲ့ရပါတယ္။ နယူးဇီလန္မွာေတာ့ ကိုဗစ္ ဒုတိယလႈိင္း ျပင္းျပင္းထန္ထန္ မခံရေပမယ့္၊ သူတို႔ ႀကိဳတင္သတ္မွတ္ထားတဲ့ သတိျပဳအဆင့္ ေရာက္ေနခဲ့တာေၾကာင့္၊ ေနာက္တစ္လေ႐ြ ႔ဆိုင္းၿပီး လုပ္ခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာလည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ ေ႐ြးေကာက္ပြဲတြင္း ကိုဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး စံလုပ္ငန္းလမ္းၫႊန္ အပိုင္း (၁) နဲ႔ (၂) တုိ႔ကို၊ တစ္လႀကိဳၿပီး စက္တင္ဘာလထဲက ထုတ္ျပန္ထားပါတယ္။ ဒီလမ္းၫႊန္ခ်က္ေတြကို မဲ႐ုံဝန္ထမ္းေတြအတြက္ အင္တာနက္ On-line ကေန သင္တန္းေတြ ေပးထားပါတယ္။ ဒီလမ္းၫႊန္ခ်က္ထဲမွာ တစ္ႏိုင္ငံလုံးက ၿမိဳ ႔နယ္က်န္းမာေရးဌာနေတြရဲ႕ ဖုန္းနံပါတ္ေတြ အေသးစိတ္ ထည့္ထားေပးၿပီး၊ သက္ဆိုင္ရာ မဲ႐ုံမူးေတြအေနနဲ႔ ၿမိဳ႔နယ္အလိုက္ ခ်ိတ္ဆက္ဆက္သြယ္ထားႏိုင္ပါတယ္။ ဒါ့အျပင္ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕ (Emergency Operation Center) ေတြပါ ဖြင့္ထားၿပီး၊ မဲ႐ုံထဲမွာ မူးလဲတာ၊ တက္တာ၊ အဖ်ားတက္တာစတဲ့ အေရးေပၚအေျခအေနေတြမွာ ခ်က္ခ်င္းကူညီေပးဖို႔ ျပင္ဆင္ထားပါတယ္။ မဲေပးတဲ့ ပုံစံအတိအက်အတြက္လည္း၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း တပ္လာၿပီးလွ်င္ (မတပ္လာသူကို ထုတ္ေပးရန္ရွိ)၊ ခပ္ခြာခြာ တန္းစီသြားႏိုင္ဖို႔ စက္ဝိုင္းအမွတ္အသားေလးေတြ အတိုင္းသြားကာ၊ ဘယ္လိုစဝင္ရမယ့္ ဝင္ေပါက္၊ ေနာက္ လက္သန႔္ေဆးရည္ (Hand Gel/ Hand Sanitizer) နဲ႔ လက္စေဆးဖို႔ေနရာ၊ ၿပီးလွ်င္ မဲေပးသူမွန္း သိရွိႏိုင္ဖို႔ ယူလာရမယ့္ မွတ္ပုံတင္ မစစ္ခင္၊ ထုတ္ေပးမယ့္ ပလပ္စတစ္ထဲ ထည့္တာ၊ ၿပီးမွ သက္ဆိုင္ရာ ကိုယ္စားလွယ္အသီးသီးအတြက္ မဲေပးေနရာတစ္ေနရာစီဝင္တာ (အႀကိမ္ႀကိမ္ မဲျပားထုတ္ၿပီး၊ မဲထည့္တာ၊ ၿပီးလွ်င္ လက္ျပန္ေဆးတာ) စတာေတြကို တစ္လမ္းသြားပုံစံနဲ႔ သြားဖို႔အျပင္၊ ေနာက္ဆုံးထြက္ေပါက္ေနရာကိုပါ ပုံနဲ႔ အေသးစိတ္ ရွင္းေအာင္ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ တစ္ခါသုံး ေဘာ္ပင္နဲ႔ တံဆိပ္တုံးေတြလည္း ျပင္ဆင္ထားပါတယ္။ လက္သန္းဆြတ္ဖို႔ မွင္ကိုလည္း၊ ပိုးမကူးႏိုင္ေအာင္ အရက္ပ်ံနဲ႔ စိမ္ထားေပးၿပီး၊ မွင္တို႔တဲ့ အဝက်ယ္ခြက္ေဘးကို မထိမိေအာင္လည္း သတိျပဳႏိုင္ဖို႔၊ ႀကိဳရွင္းျပ၊ ေလ့က်င့္ႏိုင္ေအာင္ စီစဥ္ထားပါတယ္။
ဒါေပမဲ့ အထက္ပါ ကာကြယ္ေရးအစီအစဥ္ေတြအတြက္ လူအမ်ားက၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အင္တာနက္စာမ်က္ႏွာေတြကို သြားမၾကည့္ႏိုင္တာေၾကာင့္ အမ်ားသိေအာင္၊ Facebook အပါအဝင္ လူမူမီဒီယာေပါင္းစုံနဲ႔ ႐ုပ္ျမင္သံၾကားအပါအဝင္ သတင္းမီဒီယာေတြအားလုံးကေန အႀကိမ္ႀကိမ္ျဖန႔္ေပးဖို႔ လိုပါတယ္။ အထူးသျဖင့္ ကိုဗစ္ပိုးေတြ႕သူနဲ ႔ေသဆုံးသူ ဆက္မ်ားေနေသးခ်ိန္မို႔ပါ။ ဒါ့အျပင္ ဖ်ားနာသူေတြအေနနဲ႔ေတာ့ မဲ႐ုံလုံးဝမလာဘဲ၊ သက္ဆိုင္ရာ (မဲ႐ုံ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံး) ကို၊ မဲေပးႏိုင္ခြင့္ရဖို႔ ႀကိဳအေၾကာင္းၾကားထားသင့္ပါတယ္။ Quarantine Center (အသြားအလာကန႔္စခန္း) ဝင္ေနရသူေတြနဲ႔၊ ေဆး႐ုံနဲ႔ကုသေရးစင္တာေတြ ေရာက္ေနသူေတြအတြက္လည္း၊ မဲေပးႏိုင္ေရး ႀကိဳတင္စီစဥ္မူေတြ ရွိေနပါတယ္။ အသက္ (၆၀) အထက္ေတြအတြက္လည္း သီးသန႔္ႀကိဳတင္မဲေပးဖို႔ေတြ စီစဥ္ထားပါတယ္။
မဲေပးၿပီးလွ်င္ေတာ့ မဲ႐ုံအထြက္မွာအပါအဝင္၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္းကို စနစ္တက် ႀကိဳးကပဲကိုင္ၿပီး ညင္သာစြာခြၽတ္ကာ၊ အဖုံးပါတဲ့ အမႈိက္ပုံးထဲ စြန႔္ပစ္ရပါမယ္။ မဲ႐ုံေတြမွာ ေျခေထာက္နဲ႔ နင္းၿပီးဖြင့္ႏိုင္တဲ့ အမႈိက္ပုံးေတြ ထားေပးထားပါတယ္။ ဒါ့အျပင္ လက္အိပ္သုံး ျဖစ္ခဲ့လွ်င္လည္း၊ စနစ္တက် (ပထမတစ္ဖက္ကို အျပင္ကိုထိၿပီးခြၽတ္ကာ၊ က်န္တစ္ဖက္အတြက္ အတြင္းသားကိုႏႈိက္ၿပီး) ခြၽတ္ကာ၊ မဲ႐ုံအထြက္အေပါက္ဝမွာ အလားတူ စြန႔္ပစ္ခဲ့ရပါမယ္။ တကယ္လို႔ မဲ႐ုံတြင္းမွာ အစထဲက လက္အိပ္သုံးခဲ့လွ်င္လည္း၊ ဒီလက္အိပ္ေပၚမွာပဲ လက္သန႔္ေဆးရည္ သုတ္ေပးႏိုင္ပါတယ္။ အားလုံးၿပီးစီးလွ်င္လည္း ေနာက္ဆုံးအႀကိမ္ အထြက္မွာ လက္ထပ္ေဆးသင့္ပါတယ္။
ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္းရဲ႕ အေထြေထြေရာဂါကု ဆရာဝန္မ်ားအဖြဲ႕က ေဒါက္တာျမင့္ဦး ကို ဆက္သြယ္ေမးျမန္းထားပါတယ္။
==Unicode==
မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူ မထိန်းနိုင်သေးပေမယ့်၊ တစ်ပတ်ကျော်အတွင်း တနိုင်ငံလုံး လူသန်းနဲ့ချီ မဲပေးဖို့ရှိနေတာမို့၊ ကူးစက်မူတွေ ထပ်မမြင့်မားလာအောင် ကာကွယ်ရေး အစွမ်းကုန်လုပ်ဖို့ လိုနေပါတယ်။
ကိုဗစ်ကာလအတွင်း နိုင်ငံတကာမှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေထဲ ကူးစက်မူ မမြင့်စေဘဲ အောင်မြင်စွာ လုပ်နိုင်ခဲတဲ့၊ တောင်ကိုရီးယား၊ စင်္ကာပူနဲ့ နယူးဇီလန်တို့က အတုယူစရာ သင်ခန်းစာကောင်းတွေ ရှိနေပါတယ်။ ဒီ (၃) နိုင်ငံလုံး တူညီတာတွေကတော့၊ Social Distancing လို့ခေါ်တဲ့ ခပ်ခွာခွာနည်းနဲ့ တန်းစီမဲပေးတာ၊ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) တပ်တာနဲ့ လက်ဆေးတာနဲ့ ဖျားနာနေလျှင် မဲရုံကို မလာစေတာတွေပါပဲ။ စင်္ကာပူမှာဆိုရင်တော့ Mask (ပါးစပ်နဲ့နှာခေါင်းစည်း) အပြင်၊ Disposable Glove (တစ်ခါသုံးလက်အိပ်) ပါ မဖြစ်မနေ (Mandatory) ဝတ်လာရပြီး၊ သေချာအောင် ကြီးကြပ်ကာ၊ မလိုက်နာလျှင် မဲရုံထဲ ဝင်ခွင့်မရပါဘူး။ ဒါ့အပြင် မဲရုံအဝမှာ အဖျားတိုင်းပြီး၊ အဖျားရှိနေလျှင်ဖြစ်ဖြစ်၊ အခြားကိုဗစ်လက္ခဏာတွေဖြစ်တဲ့၊ ရင်ကြပ်တာ၊ မောတာ၊ ချောင်းဆိုးတာတွေ ရှိနေလျှင်၊ မဲရုံထဲဝင်ခွင့်မရဘဲ၊ အခြားတစ်နေရာမှာ သီးသန့် မဲသွားးပေးရပါတယ်။
တောင်ကိုရီးယားမှာလည်း၊ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို၊ မဲဆန္ဒရှင်များ မဖြစ်မနေလိုက်နာရမယ့် Code of Conduct (လုပ်ထုံးလုပ်နည်း) အဖြစ် သတ်မှတ်ကာ၊ ကြီးကြပ်ပေးပါတယ်။ ဒီအထဲမှာ ပါးစပ်နဲ့နှာခေါင်းစည်း တပ်တာ၊ ခပ်ခွာခွာနေတာအပြင်၊ ကိုယ်ပိုင်ဘော်ပင် ယူလာတာအထိပါပါတယ်။ မှတ်ပုံတင်နဲ့ လူသေချာအောင် တိုက်ကြည့်ချိန်မှာတော့၊ ခေတ္တ ပါးစပ်နဲ့နှာခေါင်းစည်း ဖွင့်ပေးရချိန်မှာ၊ စကားမပြောမိဖို့နဲ့ ချောင်းမဆိုးမိဖို့ သတိပေးထားပါတယ်။ ဒါ့အပြင် မဲပေးချိန်အရ လူတွေကို ခွာနိုင်ဖို့၊ စင်္ကာပူမှာ (၂) နာရီတစ်သုတ် မဲပေးစေပြီး၊ အသက်ကြီးသူတွေ (၆၅ နှစ်အထက်) ကို ပထမဆုံးအသုတ်မှာ မဲပေးခွင့်ပြုခဲ့ကာ၊ Home Stay Order (အိမ်မှာနေရတဲ့အမိန့်) ရှိသူတွေနဲ့ Facility Quarantine (အသွားအလာ ကန့်သတ်စခန်း) မှာ နေရသူတွေအတွက် ရွေ့လျှား (Mobile) မဲရုံတွေ စီစဉ်ကာ၊ မဲ လာကောက်ပေးပါတယ်။ ဒါတောင်မှ မဲရုံမှာ လက်အိပ်တွေ ထုတ်ပေးပြီး၊ လက်အိပ်စွတ်တာ ကြာချိန်ကြောင့် အချိန်ပိုကုန်ခဲ့ကာ၊ နောက်ဆုံးမှာ ပြင်ဆင်ထားတဲ့အချိန်ထက် နောက် (၂) နာရီ အရေးပေါ်အဖြစ် ထပ်တိုးခဲ့ရပါတယ်။ နယူးဇီလန်မှာတော့ ကိုဗစ် ဒုတိယလှိုင်း ပြင်းပြင်းထန်ထန် မခံရပေမယ့်၊ သူတို့ ကြိုတင်သတ်မှတ်ထားတဲ့ သတိပြုအဆင့် ရောက်နေခဲ့တာကြောင့်၊ နောက်တစ်လရွေ့ဆိုင်းပြီး လုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ရွေးကောက်ပွဲတွင်း ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စံလုပ်ငန်းလမ်းညွှန် အပိုင်း (၁) နဲ့ (၂) တို့ကို၊ တစ်လကြိုပြီး စက်တင်ဘာလထဲက ထုတ်ပြန်ထားပါတယ်။ ဒီလမ်းညွှန်ချက်တွေကို မဲရုံဝန်ထမ်းတွေအတွက် အင်တာနက် On-line ကနေ သင်တန်းတွေ ပေးထားပါတယ်။ ဒီလမ်းညွှန်ချက်ထဲမှာ တစ်နိုင်ငံလုံးက မြို့နယ်ကျန်းမာရေးဌာနတွေရဲ့ ဖုန်းနံပါတ်တွေ အသေးစိတ် ထည့်ထားပေးပြီး၊ သက်ဆိုင်ရာ မဲရုံမူးတွေအနေနဲ့ မြို့နယ်အလိုက် ချိတ်ဆက်ဆက်သွယ်ထားနိုင်ပါတယ်။ ဒါ့အပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (Emergency Operation Center) တွေပါ ဖွင့်ထားပြီး၊ မဲရုံထဲမှာ မူးလဲတာ၊ တက်တာ၊ အဖျားတက်တာစတဲ့ အရေးပေါ်အခြေအနေတွေမှာ ချက်ချင်းကူညီပေးဖို့ ပြင်ဆင်ထားပါတယ်။ မဲပေးတဲ့ ပုံစံအတိအကျအတွက်လည်း၊ ပါးစပ်နဲ့နှာခေါင်းစည်း တပ်လာပြီးလျှင် (မတပ်လာသူကို ထုတ်ပေးရန်ရှိ)၊ ခပ်ခွာခွာ တန်းစီသွားနိုင်ဖို့ စက်ဝိုင်းအမှတ်အသားလေးတွေ အတိုင်းသွားကာ၊ ဘယ်လိုစဝင်ရမယ့် ဝင်ပေါက်၊ နောက် လက်သန့်ဆေးရည် (Hand Gel/ Hand Sanitizer) နဲ့ လက်စဆေးဖို့နေရာ၊ ပြီးလျှင် မဲပေးသူမှန်း သိရှိနိုင်ဖို့ ယူလာရမယ့် မှတ်ပုံတင် မစစ်ခင်၊ ထုတ်ပေးမယ့် ပလပ်စတစ်ထဲ ထည့်တာ၊ ပြီးမှ သက်ဆိုင်ရာ ကိုယ်စားလှယ်အသီးသီးအတွက် မဲပေးနေရာတစ်နေရာစီဝင်တာ (အကြိမ်ကြိမ် မဲပြားထုတ်ပြီး၊ မဲထည့်တာ၊ ပြီးလျှင် လက်ပြန်ဆေးတာ) စတာတွေကို တစ်လမ်းသွားပုံစံနဲ့ သွားဖို့အပြင်၊ နောက်ဆုံးထွက်ပေါက်နေရာကိုပါ ပုံနဲ့ အသေးစိတ် ရှင်းအောင်ဖော်ပြထားပါတယ်။ ဒါ့အပြင် တစ်ခါသုံး ဘော်ပင်နဲ့ တံဆိပ်တုံးတွေလည်း ပြင်ဆင်ထားပါတယ်။ လက်သန်းဆွတ်ဖို့ မှင်ကိုလည်း၊ ပိုးမကူးနိုင်အောင် အရက်ပျံနဲ့ စိမ်ထားပေးပြီး၊ မှင်တို့တဲ့ အဝကျယ်ခွက်ဘေးကို မထိမိအောင်လည်း သတိပြုနိုင်ဖို့၊ ကြိုရှင်းပြ၊ လေ့ကျင့်နိုင်အောင် စီစဉ်ထားပါတယ်။
ဒါပေမဲ့ အထက်ပါ ကာကွယ်ရေးအစီအစဉ်တွေအတွက် လူအများက၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွေကို သွားမကြည့်နိုင်တာကြောင့် အများသိအောင်၊ Facebook အပါအဝင် လူမူမီဒီယာပေါင်းစုံနဲ့ ရုပ်မြင်သံကြားအပါအဝင် သတင်းမီဒီယာတွေအားလုံးကနေ အကြိမ်ကြိမ်ဖြန့်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ကိုဗစ်ပိုးတွေ့သူနဲ့သေဆုံးသူ ဆက်များနေသေးချိန်မို့ပါ။ ဒါ့အပြင် ဖျားနာသူတွေအနေနဲ့တော့ မဲရုံလုံးဝမလာဘဲ၊ သက်ဆိုင်ရာ (မဲရုံ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး) ကို၊ မဲပေးနိုင်ခွင့်ရဖို့ ကြိုအကြောင်းကြားထားသင့်ပါတယ်။ Quarantine Center (အသွားအလာကန့်စခန်း) ဝင်နေရသူတွေနဲ့၊ ဆေးရုံနဲ့ကုသရေးစင်တာတွေ ရောက်နေသူတွေအတွက်လည်း၊ မဲပေးနိုင်ရေး ကြိုတင်စီစဉ်မူတွေ ရှိနေပါတယ်။ အသက် (၆၀) အထက်တွေအတွက်လည်း သီးသန့်ကြိုတင်မဲပေးဖို့တွေ စီစဉ်ထားပါတယ်။
မဲပေးပြီးလျှင်တော့ မဲရုံအထွက်မှာအပါအဝင်၊ ပါးစပ်နဲ့ နှာခေါင်းစည်းကို စနစ်တကျ ကြိုးကပဲကိုင်ပြီး ညင်သာစွာချွတ်ကာ၊ အဖုံးပါတဲ့ အမှိုက်ပုံးထဲ စွန့်ပစ်ရပါမယ်။ မဲရုံတွေမှာ ခြေထောက်နဲ့ နင်းပြီးဖွင့်နိုင်တဲ့ အမှိုက်ပုံးတွေ ထားပေးထားပါတယ်။ ဒါ့အပြင် လက်အိပ်သုံး ဖြစ်ခဲ့လျှင်လည်း၊ စနစ်တကျ (ပထမတစ်ဖက်ကို အပြင်ကိုထိပြီးချွတ်ကာ၊ ကျန်တစ်ဖက်အတွက် အတွင်းသားကိုနှိုက်ပြီး) ချွတ်ကာ၊ မဲရုံအထွက်အပေါက်ဝမှာ အလားတူ စွန့်ပစ်ခဲ့ရပါမယ်။ တကယ်လို့ မဲရုံတွင်းမှာ အစထဲက လက်အိပ်သုံးခဲ့လျှင်လည်း၊ ဒီလက်အိပ်ပေါ်မှာပဲ လက်သန့်ဆေးရည် သုတ်ပေးနိုင်ပါတယ်။ အားလုံးပြီးစီးလျှင်လည်း နောက်ဆုံးအကြိမ် အထွက်မှာ လက်ထပ်ဆေးသင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။