သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်နဲ့ဆေးရုံ အရောက်နောက်ကျခြင်း


This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
ကိုဗစ်နဲ့ဆေးရုံ အရောက်နောက်ကျခြင်း
please wait

No media source currently available

0:00 0:07:31 0:00
တိုက်ရိုက် လင့်ခ်

ရန်ကုန်မြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူများလာတာမှာ၊ သက်ကြီးနဲ့ရောဂါအခံရှိသူတွေ အကူးခံရတာအပြင်၊ ဆေးရုံအရောက်နောက်ကျတာတွေ များလာတာလည်း အဓိကဖြစ်နေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ရန်ကုန်တိုင်းကို ကိုဗစ်ဗိုင်းရပ်စ် ဒုတိယလှိုင်း ဝင်လာချိန်မှာ သေနှုန်းက ရာပေါင်းများစွာ တဖြည်းဖြည်း များလာရခြင်းက၊ လူနာတွေဆေးရုံရောက်ချိန်မှာ အသက်အန္တရာယ် ရှိလောက်အောင် ကုသနိုင်ရေးအတွက် အရောက်နောက်ကျသွားတာနဲ့၊ အခုလို ရောက်လာသူများလာတာကို တပြိုင်နက် အသက်လုရတဲ့ အခြေအနေမျိုး ရောက်လာတာတွေကြောင့် အဓိကြ ဖြစ်လာနေပါတယ်။ ဒါ့အပြင် အိမ်ကခေါ်လာတဲ့ လူနာတွေထဲမှာ ဆေးရုံသို့ ရောက်ရှိသေဆုံးတာ၊ လမ်းမှာသေဆုံးတာနဲ့ အိမ်မှာထဲကသေဆုံးတာတွေလည်း ရှိလာနေရာမှာ၊ သူတို့ကို ဓာတ်ခွဲစစ်ဆေးကြည့်ရာမှာလည်း၊ အများအားဖြင့် ကိုဗစ်ပိုးရှိနေပါတယ်။ ဒီအခြေအနေက ဘာကိုပြနေသလဲဆိုတော့၊ လူတွေမှာ ကိုဗစ် ပိုးကူးစက်ခံနေရပေမယ့် မသိတာ (သို့မဟုတ်) သိလျှင်လည်း ဆေးရုံဆေးခန်းသွားဖို့ ခက်ခဲချိန်မှာ၊ သွားဖို့ ကြောက်တာတွေလည်းပါပြီး၊ အိမ်မှာ အချိန်လွန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ တချိန်ထဲမှာ လူမူမီဒီယာတွေမှာ မျိုးစုံပေါ်လာတဲ့ ကုထုံးတွေ၊ မိရိုးဖလာနည်းတွေ (ဥပမာ ကြက်သွန်နီစားတာ)၊ ဆေးမီးတိုတွေ စမ်းသုံးပြီး၊ အိမ်မှာ အချိန်ကုန်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက နောက်ဆုံးပေါ် ကိုဗစ်ရောဂါကို၊ အခုလို နည်းဟောင်းတွေနဲ့ ကုလို့မရဘဲ၊ ပိုဆိုး၊ အချိန်နှောင်းသွားနိုင်တာပါ။

အကြောင်းက ကိုဗစ်ရောဂါပိုးကို အဆုပ်ထဲ ရှုသွင်းမိလိုက်တာနဲ့၊ အသက်ရှုလမ်းကြောင်းထဲ အောက်ဆီဂျင်သယ်ဆောင်မူကို ဖျက်ဆီးလိုက်နိုင်ကာ၊ သွေးထဲမှာ အောက်ဆီဂျင် ကျသွားပြီး၊ ရုတ်တရက် အမောဖောက်ကာ၊ အောက်ဆီဂျင် Level (ပမာဏ) က ချက်ချင်း၊ အသက်အန္တရာယ်ရှိအောင် ထိုးကျသွားနိုင်လို့ပါ။ ဒါကြောင့် အခုလိုသေဆုံးမူ မဖြစ်ရအောင် ကိုဗစ်လက္ခဏာတွေဖြစ်တဲ့၊ အနံ့မရတာကစပြီး၊ ဖျားတာ၊ ချောင်းဆိုးတာ၊ တုတ်ကွေးလို ဖြစ်လာတာတွေ ကြုံလာလျှင်၊ အထူးသဖြင့် သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ ဖြစ်ပါက၊ ချက်ချင်းတပြိုင်နက် ဆေးရုံသွားဖို့ အထူးအရေးကြီးပါတယ်။

အခုလို ဆေးရုံမှာ စနစ်တကျ စောင့်ကြည့်ကုသမူမရနိုင်လျှင်၊ ဆေးရုံအရောက်နောက်ကျလျှင်တော့၊ အောက်ဆီဂျင်ပမာဏ အချိန်မရွေးကျသွားပြီး၊ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း အများကြီး နည်းသွားနိုင်ပါတယ်။ တချိန်ထဲမှာ ကိုဗစ်ကြောင့်သေဆုံးသူထဲ၊ ရောဂါအခံမရှိဘဲ ငယ်ရွယ်တဲ့သူတွေလည်း ရာခိုင်နှုန်းအနည်းငယ် စရှိလာပြီမို့၊ ကျန်းမာရေးကောင်းတဲ့ လူငယ်တွေပါ ကိုဗစ်လက္ခဏာပေါ်လာလျှင်၊ အချိန်မရွေး ရုတ်တရက်ကျသွားနိုင်တဲ့ အောက်ဆီဂျင်ပမာဏအတွက် အန္တရာယ်ကြီးတာမို့၊ စောစောဆေးရုံသွားသင့်ပါတယ်။

ပိုအရေးကြီးလာတာက ကူးစက်မူ မြန်နိုင်တဲ့နေရာတွေမှာရှိတဲ့ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေမှာ ကိုဗစ်လက္ခဏာပေါ်လာလျှင်၊ ချက်ချင်းသိနိုင်ဖို့ စောင့်ကြည့်ပေးဖို့ပါ။ လက်ရှိပိုးကူးစက်နှုန်းကလည်း မြင့်မားနေတာကြောင်၊့ အိမ်မှာရှိတဲ့ သက်ကြီးနဲ့ရောဂါအခံရှိသူတွေလည်း ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ သက်ကြီးတွေအနေနဲ့ ကိုဗစ်လက္ခဏာတွေ ကိုယ်တိုင်မသိနိုင်တာမျိုးလည်း ဖြစ်နိုင်တာမို့ အိမ်သူအိမ်သားတွေအနေနဲ့ ဝိုင်းကြည့်ရူ၊ မေးမြန်း ကူညီပေးသင့်ပါတယ်။ အထူးသဖြင့်တော့ သက်ကြီးတွေစုနေတဲ့ ဘိုဘွားရိပ်သာမှာ ကျန်းမာရေးတာဝန်ရှိသူ (သို့မဟုတ်) ကြီးကြပ်ရသူတွေအနေနဲ့ နေ့စဉ် သက်ကြီးတွေရဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကို အမြဲမပြတ် စောင့်ကြည့်၊ စစ်ဆေးနေဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် အများနဲ့စုနေရတဲ့ ဘုန်းကြီးကျောင်းနဲ့ မယ်သီလရှင်ကျောင်းတွေမှာပါ၊ ကူးစက်မူတွေ ရုတ်တရက်များလာတာကြောင့်၊ ဒီနေရာမျိုးတွေမှာရှိတဲ့ သက်ကြီးနဲ့ရောဂါအခံရှိသူတွေကို၊ အရင်ပုံမှန် စောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆက်လက်ကူညီနိုင်လျှှင် ပိုကောင်းပါတယ်။ ဒါ့အပြင် ဆရာတော်၊ သီလရှင်ကြီးတွေဖက်က အကူအညီတောင်းလာလျှင်လည်း၊ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့၊ သူတို့ရဲ့ရောဂါအခံအခြေအနေကို ပုံမှန်စစ်ဆေးပေးတာ၊ ကိုဗစ်လက္ခဏာတွေကို ရှင်းပြတာ၊ စာရွက်စာတန်းနဲ့ ပုံတွေချိတ်ဆွဲထားပေးတာအပြင်၊ အနားက နားလည်လွယ်သူတွေအနေနဲ့လည်း အခြားသက်ကြီးတွေကို စောင့်ကြည့်ပေးတာတွေရှိလာအောင် ကူညီပေးသင့်ပါတယ်။ လူမူကူညီရေးအဖွဲ့တွေအနေနဲ့လည်း၊ အခုလို အန္တရာယ်ရှိသူတွေ ဆေးရုံအလျှင်အမြန် ရောက်နိုင်အောင်၊ အရေးပေါ်လူနာတင်ယာဉ်တွေ ဆက်သွယ်တာအပါအဝင်၊ အရေးပါ်ဖုန်းနံပါတ်တွေကို၊ အခုလို အများစုနေတဲ့နေရာတွေမှာ အသင့်ရှိနေအောင် ကူညီချိတ်ဆက်ထားပေးသင့်ပါတယ်။

အခုလို ဆေးရုံစောစောရောက်လာလျှင်တော့၊ ကိုဗစ်ကုသမူမှာ အရေးကြီးတဲ့ အောက်ဆီဂျင်ပမာဏ စောင့်ကြည့်၊ စစ်ဆေးတာနဲ့ အောက်ဆီဂျင်ပေးတာတွေ အလုံအလောက် ဖြစ်နိုင်အောင် အလျှင်အမြန် တပ်ဆင်စီမံထားတာမို့၊ မလိုအပ်ဘဲ အောက်ဆီဂျင်ကျတာကနေ သေဆုံးမူကို ကာကွယ်ပေးနိုင်တာအပြင်၊ ကိုဗစ် သက်သာအောင်နဲ့ ရောဂါအခံတွေ မဆိုးအောင်လည်း ပေါင်းစပ်ကုသပေးနိုင်တာကြောင့်၊ ဆေးရုံနောက်ကျရောက်တဲ့ သေနှုန်းတွေ ဆက်မများရအောင် ကာကွယ်ပေးနိုင်မှာပါ။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ရန် ကိုဝင်းမင်း က ရန်ကုန် ဆေးရုံကြီးအရေးပေါ်ဌာနရဲ့ ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode===









XS
SM
MD
LG