သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံတွေမှာ ကိုဗစ်ကာကွယ်ရေး


This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
This photo taken on May 8, 2020 shows workers wearing face masks sewing disposable surgical gowns for health workers as protection from the COVID-19 coronavirus at a garment factory in Yangon. - The factory which has switched from making clothes for expor
စက်ရုံတွေမှာ ကိုဗစ်ကာကွယ်ရေး
please wait

No media source currently available

0:00 0:07:34 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ်-19 ရောဂါကူးစက်မူ မြင့်မားနေတဲ့ ရန်ကုန်မှာမှ၊ စက်ရုံတွေများတဲ့ မြို့နယ်တွေမှာ ကူးစက်မူထိပ်ဆုံးရောက်နေချိန်၊ ဒီစက်ရုံတွေ ပြန်ဖွင့်လိုက်တာကနေ ကူးစက်မူထပ်တက်မလာရေး ကာကွယ်ဖို့အရေးကြီးနေပါတယ်။ ကျန်းမာရေးအရ ကူးစက်မူထိန်းနိုင်ရေး အရင်ပိတ်ထားခဲ့ရတဲ့ စက်ရုံတွေကို၊ အခု စီးပွားရေးနဲ့ စားဝတ်နေရေးအတွက် ပြန်ဖွင့်ရချိန်ဟာ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာနဲ့ မင်္ဂလာဒုံလို စက်ရုံတွေများတဲ့ မြို့နယ်တွေမှာ ကူးစက်မူထိပ်ဆုံးရောက်နေချိန်မို့၊ ကျန်းမာရေးပညာရှင်တွေက ကာကွယ်ရေးတွေပိုလုပ်ဖို့ တိုက်တွန်းနေပါတယ်။

အခုလို ကိုဗစ်လှိုင်း မငြိမ်သေးတာကြောင့် ကူးစက်၊ သေဆုံးမူတွေများနေချိန်မှာ၊ ဒီစက်ရုံတွေ ပြန်ဖွင့်ရတာမို့၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အရင် ကိုဗစ် စဖြစ်ချိန်ကထဲက ထုတ်ပြန်ထားတဲ့၊ စက်ရုံအလုပ်ရုံဆိုင်ရာ ကာကွယ်ရေးစည်းကမ်းတွေကို လိုက်နာဖို့ အရေးကြီးနေပါတယ်။

(၁) ပထမဆုံးကတော့ စက်ရုံကိုလာဖို့အတွက် ဖယ်ရီ အကြိုအပို့ကားတွေကို စက်ရုံဘက်က စီမံပေးဖို့လိုပြီး၊ အလုပ်သမားတွေဘက်ကလည်း အများသုံး ဘတ်စကားတွေ မသုံးဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ဒီ ဖယ်ရီကားကို စောင့်ချိန်မှာလည်း၊ လူစုလူဝေး မလုပ်မိအောင် ခပ်ခွာခွာ နေသင့်ပါတယ်။ ကားပေါ်မှာလည်း အိမ်အထွက်ကတည်းက တပ်လာတဲ့ Mask ကို ဆက်တပ်ထားဖို့ လိုပါတယ်။ စက်ရုံဘက်ကလည်း လိုအပ်လျှင် Mask တွေဝေပေးပြီး၊ ကားပေါ်မှာလည်း ပိုးသန့်ဆေးဖြန်းပေးထားကာ၊ လူတွေကို ခပ်ခွာခွာထိုင်နိုင်ဖို့ ပြင်ဆင်ထားပေးပြီး၊ အသုတ်လိုက်သာ လူချဲပြီး ပို့ဆောင်သင့်ပါတယ်။

(၂) ဒါ့အပြင် ကြိုတင်ဆက်သွယ်ပြီး၊ ဖျားနာနေသူနဲ့ ကိုဗစ် သံသယရှိသူ/ ဖြစ်နေသူတွေနဲ့ ထိတွေ့ထားသူတွေကိုလည်း အလုပ်မဆင်းကြဖို့ ကြိုတင်တားမြစ်ထားဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်တွေကိုလည်း ဖြစ်နိုင်လျှင် အလုပ်ပေးမဆင်းသင့်ပါဘူး။

(၃) စက်ရုံအဝမှာလည်း လူတွေကို ၃ ပေ ၆ ပေ ခွာ ချဲပြီး ဝင်နိုင်အောင် စီစဉ်ပေးကာ၊ အဖျားလည်းစစ်ဆေးပြီး၊ အဖျားရှိသူတွေကို ဖယ်ထုတ်ဖို့ နေရာစီစဉ်ထားကာ၊ ပေးမဝင်သင့်ပါဘူး။

(၄) ဒါ့အပြင် လက္ခဏာမပြဘဲ ပိုးသယ်ဆောင်နိုင်သူတွေ ရှိနေတာမို့၊ စက်ရုံအဝင်မှာစပြီး လက်ဆေးဖို့ အသင့်ပြင်ထားပေးသင့်ပါတယ်။ စက်ရုံထဲမှာလည်း မကြာခဏလက်ဆေးဖို့ ဆပ်ပြာနဲ့ရေရနိုင်တဲ့ နေရာအများအပြား စီစဉ်ထားဖို့ လိုတာအပြင်၊ လက်သန့်ဆေးရည် (Hand Gel) တွေ အများအပြားကိုလည်း အသင့်ထားပေးသင့်ပါတယ်။ အလုပ်သမားတွေအနေနဲ့လည်း အခြားတစ်ခုခုကိုင်ပြီးတိုင်း၊ ရေဆပ်ပြာနဲ့ စက္ကန့် နှစ်ဆယ် (သို့မဟုတ်) လက်သန့်ဆေးရည်နဲ့ ဆေးသင့်ပါတယ်။

(၅) စက်ရုံ အဝင်အထွက်အတွက် လက်မှတ်ထိုးတာ၊ လက်ဗွေနှိပ်တာတွေ မလုပ်သင့်ပါဘူး။ လူတွေစုသွားစေနိုင်လို့ပါ။ လိုအပ်လျှင် ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ပါတယ်။


(၆) လုပ်ငန်းခွင်ထဲမှာလည်း ခြောက်ပေအကွာကနေ အလုပ်လုပ်နိုင်အောင် စီမံထားပြီး၊ လေဝင်လေထွက်ကောင်းအောင်လည်း လုပ်ဆောင်ပေးသင့်ပါတယ်။ လူချင်းပူးကပ်သွားတာမျိုး မဖြစ်အောင် စက်ရုံက ကြီးကြပ်ပေးတာ၊ အသံချဲ့စက်နဲ့ မကြာခဏ သတိပေးတာ၊ ဗီဒီယိုနဲ့ပြပေးတာတွေ လုပ်ပေးသင့်ပါတယ်။

(၇) ဖြစ်နိုင်လျှင်၊ အလုံပိတ်လှောင်နေတာကြောင့် ပိုးကူးစက်လွယ်တဲ့ ဓာတ်လှေခါးမသုံးဘဲ၊ မဖြစ်မနေ သုံးဖို့လိုလျှင်လည်း လူ လေးဦးထက် မပိုသင့်ကာ၊ အထဲမှာ မျက်နှာချင်းဆိုင်မနေဘဲ၊ ကျောခိုင်းနေသင့်ပါတယ်။

(၈) အလုံပိတ်ထားတဲ့ အခန်းတွေက ပိုးကူးစက်လွယ်တာမို့ ဖြစ်နိုင်လျှင်၊ အခန်းတံခါးတွေ မကြာခဏ ဖွင့်ပေးသင့်ပါတယ်။ အထူးသဖြင့် လူအများနဲ့ ကြပ်လှောင်နေနိုင်တဲ့ အခန်းမျိုး၊ ခြောက်ပေ မခွာနိုင်ဘဲ ကပ်သွားနိုင်တဲ့အခန်းမျိုးတွေမှာ၊ (၁၅)မိနစ် စကားပြောရုံနဲ့ ကူးစက်စေနိုင်လို့ပါ။ ဒီအခန်းမျိုးမှာ ချောင်းဆိုး၊ နှာချေလျှင်တော့ ပိုကူးစက်ဖို့ များသွားပါပြီ။ အနားယူခန်းတွေမှာလည်း လေဝင်လေထွက်ကောင်းအောင်အပြင်၊ လူချင်း မပူးကပ်မိအောင် စီစဉ်ထားသင့်ပါတယ်။

(၉) ဒါ့အပြင် ထမင်းစားသောက်ချိန်မှာလည်း ပါးစပ်နဲ့နှာခေါင်းစည်းကို ဖြုတ်ထားရတာကြောင့် ကူးစက်ဖို့ အန္တရာယ်များလာချိန်မှာ၊ လူချင်း ခြောက်ပေခွာပြီး စားနိုင်ဖို့ ပိုအရေးကြီးလာပါတယ်။ ဖြစ်နိုင်လျှင် ထမင်းစားဆောင်တွေကိုလည်း လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားပေးသင့်ပါတယ်။ တချို့ကလည်း အခန်းအပြင်ဘက် လေဟာပြင်မှာ၊ အရိပ်ကောင်းတဲ့နေရာရှာ လူချင်းခွာပြီး စားသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတချို့တောင် အကာအကွယ် အပြည့်လုပ်တဲ့ကြားက၊ အချင်းချင်း ထမင်းစားသောက်ချိန်၊ ပါးစပ်နဲ့နှာခေါင်းစည်းဖြုတ် အတူတူစားမိ၊ ခေတ္တနား စကားပြောမိရာကနေ ကူးစက်ခံခဲ့ရတာမို့၊ အလုပ်သမားတွေလည်း အထူးသတိထား ခပ်ခွာခွာသာ စားသောက်သင့်ပါတယ်။

(၁၀) ရေသောက်ဖို့အတွက်လည်း တစ်ဦးချင်း ကိုယ့်ရေဗူးနဲ့ကိုယ်ယူလာကာ၊ စက်ရုံကလည်း လူချင်း ခြောက်ပေခွာအနေအထားနဲ့ သောက်ရေ ဖြန့်ဖြူးပေးသင့်ပါတယ်။ သောက်ရေဖြည့်စဉ် အခြားအများသုံးတာတွေ ကိုင်မိနိုင်တာကြောင့်၊ ချက်ချင်း လက်ပြန်ဆေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အများနဲ့ရှိချိန်မှာ လက်နဲ့ မျက်နှာတဝိုက်ကို မကိုင်တဲ့ အကျင့်ကိုမွေးဖို့ လိုလာပါပြီ။

(၁၁) စက်ရုံမှာ ကုန်တင်ကုန်ချကားတွေ လာလျှင်လည်း၊ ကားမောင်းသူကို ပေးမဆင်းဘဲ၊ အောက်က ကုန်တင်ကုန်ချလုပ်မယ့်သူတွေနဲ့ အနီးကပ် မထိတွေ့မိအောင် ကြီးကြပ်ပေးသင့်ပါတယ်။

(၁၂) သန့်စင်ခန်းသွားရာမှာလည်း လူတွေပြုံမတိုးမိအောင် စီစဉ်၊ ကြီးကြပ်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် အိမ်သာခန်း လက်ကိုင်ဘုတွေနဲ့ ရေဆွဲခလုပ်တွေကို မကြာခဏ ပိုးသန့်စင်ပေးတာ၊ အဖုံးပါတဲ့ အမှိုက်ပုံးထားပေးတာ (ဖြစ်နိုင်လျှင် ခြေထောက်နဲ့ နင်းဖွင့်တာမျိုး)၊ ဆပ်ပြာနဲ့လက်ဆေးဖို့ရေနဲ့၊ ဆေးပြီးသုတ်ဖို့ တစ်ရူးစက္ကူအသင့်ထားပေးတာတွေ ပြင်ဆင်ထားသင့်ပါတယ်။

(၁၃) စက်ရုံရုံးအတွင်း အများကိုင်တွယ်တဲ့ နေရာတွေနဲ့ ကွန်ပြူတာခလုပ်တွေကိုလည်း ပိုးသတ်ဆေးနဲ့ မကြာခဏ သန့်စင်ပေးသင့်ပါတယ်။

(၁၄) တချို့စက်ရုံတွေမှာ ဝတ်စုံတွေပေးတာမို့၊ တစ်ခါသုံးဖြစ်လျှင် ချွတ်ပြီးထားခဲ့ဖို့နေရာများများ ခပ်ခွာခွာ စီစဉ်ပေးထားသင့်ပါတယ်။

(၁၅) သန့်ရှင်းရေးလုပ်သားတွေအနေနဲ့တော့၊ အညစ်အကြေးတွေ ထိတွေ့ သန့်ရှင်းပေးရတာကြောင့်၊ ဖြစ်နိုင်လျှင် PPE အကာအကွယ်ဝတ်စုံ အဆင့် (၂) ကို ဝတ်ဆင်ပြီး၊ အနည်းဆုံးတော့ လက်အိပ်သုံးသင့်ပါတယ်။ လက်အိပ်ကိုလည်း စနစ်တကျ အတွင်းကနေ အပြင်ကို၊ လက်တစ်ဖက်စီနဲ့ ပြန်လှန်ချွတ်ပြီး၊ အဖုံးပါ အမှိုက်ပုံးထဲ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။

(၁၆) စက်ရုံဆင်းချိန်မှာလည်း စက်ရုံအလာတုန်းကလိုပဲ၊ လူစုလူဝေး မဖြစ်မိအောင် စီစဉ်ထားပြီး၊ လုပ်သားတွေကလည်း ခပ်ခွာခွာ အလုပ်ဆင်းပြီး၊ အပြင်မှာ ဆက်ခပ်ခွာခွာ နေကျင့်ရအောင်နေဖို့၊ လိုအပ်လျှင် စက်ရုံက ကြီးကြပ်ပေးဖို့ လိုပါတယ်။

(၁၇) အိမ်ပြန်ရောက်လျှင်လည်း လက်ဆေး၊ အဝတ်အစားလဲ၊ ရေချိုးတာ အမြန်ဆုံးလုပ်ပြီးမှ၊ အိမ်သူအိမ်သားတွေနဲ့ စကားပြော ထိတွေ့သင့်ပါတယ်။ အထူးသဖြင့် လက်မဆေးဘဲ၊ ကလေးတွေကို ချီမိတာမျိုး မလုပ်မိဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းအပြည့်အစုံ သိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦးအား ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==






















XS
SM
MD
LG