သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကပ္ေရာဂါေၾကာင့္ စီးပြားမပ်က္ေအာင္ ကြန္ဂရက္လႊတ္ေတာ္ အားစိုက္လုပ္ေဆာင္ဖို႔ ဘ႑ာေရး၀န္ႀကီးေလာင္း တိုက္တြြန္း 


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ က်ဆင္းေနတဲ့ စီးပြါးေရးကို ကုစားဖို႔အေရး ကြန္ဂရက္အေနနဲ႔ ပိုမို အေရးယူ ေဆာင္ရြက္ ေပးဖို႔ ေရြးေကာက္ခံသမၼတ Joe Biden အစိုးရအဖြဲ႕ ဘ႑ာေရးဝန္ႀကီး အျဖစ္လ်ာထားခံထားရတဲ့ Janet Yellen က ေျပာပါတယ္။

“ကပ္ေရာဂါကာလ စီးပြါးေရးအေျခအေနကိုျပန္ၾကည့္ရင္ ကြန္ဂရက္လႊတ္ေတာ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြေၾကာင့္ထိခိုက္မႈေတြ ကိုေရွာင္လႊဲနိုင္ခဲ့ တာရွိေၾကာင္း၊ ဒါေပမဲ့ ဒီထက္ပိုၿပီးလုပ္ေဆာင္ဖို႔လိုအပ္ေၾကာင္း၊ အခုကစၿပီး လုပ္စရာရွိတာေတြကို မလုပ္ရင္ပိုတာရွည္ ဆိုးရြားတဲ့ စီးပြါးေရး ထိခိုက္မႈေတြကို ၾကဳံေတြ႕ရမွာျဖစ္ေၾကာင္းနဲ႔ ေရရွည္မွာ စီးပြါးေရး ရိုက္ခတ္မႈဒဏ္ကို ဆိုးဆိုးရြားရြား ခံရနိုင္ေၾကာင္း” Yellen က အဂၤါေန႔က အထက္လႊတ္ေတာ္ဘ႑ာေရးေကာ္မတီၾကားနာပြဲေရွ႕ေမွာက္ ေျပာၾကားခဲ့တာပါ။

ဒီမိုကရက္ လူမ်ားစုျဖစ္လာမယ့္ အထက္လႊတ္ေတာ္အေနနဲ႔ ဘ႑ာေရးဝန္ႀကီးအျဖစ္လ်ာထားခံရသူ Janet Yellen ကို ဘ႑ာေရးဝန္ႀကီး အျဖစ္ခန္႔အပ္ဖို႔ အခက္အခဲ မရွိဘူးလို႔ ခန္႔မွန္းရပါတယ္။ အထက္လႊတ္ေတာ္က အတည္ျပဳရင္ Yellen အေနနဲ႔ အေမရိကန္ သမိုင္းမွာ ပထမဆုံး အမ်ိဳးသမီး ဘ႑ာေရးဝန္ႀကီး ျဖစ္လာမွာပါ။

အဂၤါေန႔က ျပဳလုပ္တဲ့ သူ႔ကို ရာထူး ခန္႔အပ္ေရးဆိုင္ရာ အထက္လႊတ္ေတာ္ ၾကားနာပြဲမွာ Janet Yellen က အေမရိကန္နိုင္ငံရဲ့ စီးပြားေရးအေပၚ အားနည္း ခ်ိနဲ႔ေအာင္ လုပ္ေဆာင္ေနတဲ့ တ႐ုတ္နိုင္ငံရဲ့ မမၽွတမႈ၊ တရားမဝင္လုပ္ရပ္ ေတြကို ျဖစ္နိုင္သမၽွနည္းလမ္း ေတြအသုံးျပဳတားဆီးသြားမယ္လို႔ လည္း ေျပာပါတယ္။

အေမရိကန္ကုမၸဏီေတြနဲ႔ ၿပိဳင္ဆိုင္နိုင္ဖို႔ တ႐ုတ္ ကုမၸဏီေတြကို တ႐ုတ္ အစိုးရက တရားမဝင္ ေထာက္ပံ့ေၾကးေငြးေတြ ေပးေနတာ၊ ကုန္ပစၥည္းေတြကို ဖ်က္ဆီးပစ္ေနတာ၊ ဉာဏပစၥည္းမူပိုင္ခြင့္ ခိုးယူေနတာနဲ႔ အေမရိကန္ပစၥည္းေတြအေပၚ အတားအဆီးေတြ ခ်မွတ္ တာေတြ လုပ္ေဆာင္ေနေၾကာင္း၊ ဒီလိုမတရားလုပ္ေဆာင္ေနတာေတြကို အေရးယူသြားဖို႔လိုအပ္ေနသလို နည္းလမ္းစုံအသုံးျပဳသြား ဖို႔ ျပင္ဆင္ထားေၾကာင္း JanetYellen က ေျပာပါတယ္။

တ႐ုတ္နိုင္ငံက အေမရိကန္အတြက္ မဟာဗ်ဴဟာ ၿပိဳင္ဖက္ ျဖစ္တယ္ဆိုတာကိုေတာ့ Yellen ကလက္ခံထားသလို ဒီစိန္ေခၚမႈကို မဟာမိတ္ေတြနဲ႔ လက္တြဲရင္ဆိုင္ရမယ္ဆိုတာကိုလည္း သူက အေလးေပးေျပာၾကားခဲ့ပါတယ္။


..............

ကပ်ရောဂါကြောင့် စီးပါွးမပျက်အောင် ကွန်ဂရက်လွှတ်တော် အားစိုက်လုပ်ဆောင်ဖို့ ဘဏ္ဍာရေးဝန်ကြီးလောင်း တိုက်တွန်း

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကျဆင်းနေတဲ့ စီးပွါးရေးကို ကုစားဖို့အရေး ကွန်ဂရက်အနေနဲ့ ပိုမို အရေးယူ ဆောင်ရွက် ပေးဖို့ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး အဖြစ်လျာထားခံထားရတဲ့ Janet Yellen က ပြောပါတယ်။

“ကပ်ရောဂါကာလ စီးပွါးရေးအခြေအနေကိုပြန်ကြည့်ရင် ကွန်ဂရက်လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေကြောင့်ထိခိုက်မှုတွေ ကိုရှောင်လွှဲနိုင်ခဲ့ တာရှိကြောင်း၊ ဒါပေမဲ့ ဒီထက်ပိုပြီးလုပ်ဆောင်ဖို့လိုအပ်ကြောင်း၊ အခုကစပြီး လုပ်စရာရှိတာတွေကို မလုပ်ရင်ပိုတာရှည် ဆိုးရွားတဲ့ စီးပွါးရေး ထိခိုက်မှုတွေကို ကြုံတွေ့ရမှာဖြစ်ကြောင်းနဲ့ ရေရှည်မှာ စီးပွါးရေး ရိုက်ခတ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံရနိုင်ကြောင်း” Yellen က အင်္ဂါနေ့က အထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီကြားနာပွဲရှေ့မှောက် ပြောကြားခဲ့တာပါ။

ဒီမိုကရက် လူများစုဖြစ်လာမယ့် အထက်လွှတ်တော်အနေနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လျာထားခံရသူ Janet Yellen ကို ဘဏ္ဍာရေးဝန်ကြီး အဖြစ်ခန့်အပ်ဖို့ အခက်အခဲ မရှိဘူးလို့ ခန့်မှန်းရပါတယ်။ အထက်လွှတ်တော်က အတည်ပြုရင် Yellen အနေနဲ့ အမေရိကန် သမိုင်းမှာ ပထမဆုံး အမျိုးသမီး ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာမှာပါ။

အင်္ဂါနေ့က ပြုလုပ်တဲ့ သူ့ကို ရာထူး ခန့်အပ်ရေးဆိုင်ရာ အထက်လွှတ်တော် ကြားနာပွဲမှာ Janet Yellen က အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအပေါ် အားနည်း ချိနဲ့အောင် လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ မမျှတမှု၊ တရားမဝင်လုပ်ရပ် တွေကို ဖြစ်နိုင်သမျှနည်းလမ်း တွေအသုံးပြုတားဆီးသွားမယ်လို့ လည်း ပြောပါတယ်။

အမေရိကန်ကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ တရုတ် ကုမ္ပဏီတွေကို တရုတ် အစိုးရက တရားမဝင် ထောက်ပံ့ကြေးငွေးတွေ ပေးနေတာ၊ ကုန်ပစ္စည်းတွေကို ဖျက်ဆီးပစ်နေတာ၊ ဉာဏပစ္စည်းမူပိုင်ခွင့် ခိုးယူနေတာနဲ့ အမေရိကန်ပစ္စည်းတွေအပေါ် အတားအဆီးတွေ ချမှတ် တာတွေ လုပ်ဆောင်နေကြောင်း၊ ဒီလိုမတရားလုပ်ဆောင်နေတာတွေကို အရေးယူသွားဖို့လိုအပ်နေသလို နည်းလမ်းစုံအသုံးပြုသွား ဖို့ ပြင်ဆင်ထားကြောင်း JanetYellen က ပြောပါတယ်။

တရုတ်နိုင်ငံက အမေရိကန်အတွက် မဟာဗျူဟာ ပြိုင်ဖက် ဖြစ်တယ်ဆိုတာကိုတော့ Yellen ကလက်ခံထားသလို ဒီစိန်ခေါ်မှုကို မဟာမိတ်တွေနဲ့ လက်တွဲရင်ဆိုင်ရမယ်ဆိုတာကိုလည်း သူက အလေးပေးပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG