ဒီလကုန်မှာ အနားယူတော့မယ့် အမေရိကန်ဗဟိုဘဏ်ဥက္ကဌ Ben Banarke ရဲ့နေရာမှာ အစားထိုး တာဝန်ယူဖို့ သမ္မတ အိုဘားမား က မနှစ်က အမည်တင်သွင်းခဲ့သူ လက်ရှိ ဗဟိုဘဏ်ဒုဥက္ကဌ Dr. Janet Yellen ကို ဇန်န၀ါရီလ ၆ ရက်နေ့က အထက်လွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
အမေရိကန်ဗဟိုဘဏ်ရဲ့ နှစ် ၁၀၀ သက်တမ်းမှာ ပထမဆုံး အမျိုးသမီးဗဟိုဘဏ် ဥက္ကဌဖြစ်လာမယ့် Dr. Janet Yellen နဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Michael Bowman ပေးပို့ခဲ့တဲ့ ဆောင်းပါးကို အခြေခံပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။