သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွပစိဖိတ္ေဒသ လူဦးေရ သန္း ၃၅၀ အငတ္ေဘးၾကံဳႏိုင္ - FAO


Sudan ႏိုင္ငံရွိ Rakuba ဒုကၡသည္စခန္းက အမ်ိဳးသားတဦး WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က အစားအစာအိတ္ေတြ သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ကုလသမဂၢ စားနပ္ရိကၡာအဖြဲ႔ႀကီး (UNFAO) က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အလုပ္ေတြပ်က္၊ စားကုန္ေတြ ေစ်းတက္ကုန္တာေၾကာင့္ ျမန္မာအပါအဝင္ အာရွပစိဖိတ္ေဒသထဲမွာ လူေပါင္း သန္း ၃၅၀ ေက်ာ္ အငတ္ေဘးႀကံဳ ရႏိုင္တယ္လို႔ သတိေပးလိုက္ပါတယ္။

ဒီေန႔ထုတ္ျပန္တဲ့ FAO အပါအဝင္ ကုလေအဂ်င္စီအဖြဲ႔ ၄ ခု အစီရင္ခံစာထဲမွာ အခုလိုေျပာခဲ့တာက အရင္ခန္႔မွန္းခဲ့တဲ့ အဆိုးဆံုးအေျခအေနမွာ လူေပါင္း ၈၂၈ သန္းအထိ ရုတ္တရက္ အငတ္ေဘးဒဏ္ ျပင္းျပင္းထန္ထန္ခံရႏိုင္တို႔လို႔ ေျပာအၿပီး ဆက္ထြက္လာတာပါ။

ဒီအစီရင္ခံစာအရ ကမာၻ႔လူဦးေရသန္းေပါင္း ၁,၉၀၀ အေနနဲ႔ ဒီ ကိုဗစ္ေရာဂါဒဏ္ေၾကာင့္ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအစာရေရး မတတ္ႏိုင္ေတာ့ခ်ိန္ ေနာက္ဆံုးခန္႔မွန္းခ်က္အရ အဆိုးဆံုးအျဖစ္ လူေပါင္း ၆၈၈ သန္း အငတ္ႀကံဳႏိုင္ၿပီး ဒီထဲကတဝက္က အာရွေဒသမွာရွိေနတယ္လို႔ ဆိုပါတယ္။

ကိုဗစ္မျဖစ္ခင္ ၂၀၁၉ ခုႏွစ္ကာလအထိ ရထားတဲ့ အခ်က္အလက္ေတြအေပၚ အဓိကအေျခခံထားတဲ့ ဒီအစီရင္ခံစာထဲမွာ ကိုဗစ္ေၾကာင့္ ေနာက္ထပ္လူေပါင္း သန္း ၁၄၀ ဆင္းရဲတြင္းထဲျပင္းျပင္းထန္ထန္က်ႏိုင္ေျခ ရွိတယ္ဆိုခါ ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွ၊ ေနာက္ ေတာင္နဲ႔အေရွ႕အာရွက ႏိုင္ငံေပါင္း ၄၅ ခုမွာ ခုလို အငတ္ေဘးႀကံဳႏိုင္တယ္လို႔ ေျပာထားတာပါ။

ဒီအာရွေဒသထဲမွာမွ လူဦးေရအမ်ားဆံုး ထိခိုက္ႏိုင္တဲ့ ႏိုင္ငံေတြကေတာ့ အာဖဂန္နစၥတန္ႏိုင္ငံလို လူ ၁၀ ဦးမွာ ၄ ဦး အာဟာရခ်ိဳ႕တဲ့ေနတဲ့ ေတာင္အာရွႏိုင္ငံေတြျဖစ္တယ္လိို႔ ဆိုပါတယ္။

မႏွစ္ကအဆံုးထိေတာ့ လူေပါင္း ၂၆၅ သန္း ရုတ္တရက္ ျပင္းထန္တဲ့ အငတ္ေဘးဒဏ္ခံခဲ့ရပါတယ္။ ဒီအစီရင္ခံစာကို ကုလသမဂၢရဲ့ FAO စားနပ္ရိကၡာအဖြဲ႔အျပင္၊ UNICEF ကေလးမ်ားရန္ပံုေငြအဖြဲ႔၊ WFP ကမာၻ႔စားနပ္ရိကၡာအဖြဲ႔နဲ႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔တို႔က ပူးတြဲထုတ္ျပန္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာရှပစိဖိတ်ဒေသ လူဦးရေ သန်း ၃၅၀ အငတ်ဘေးကြုံနိုင် - FAO

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကြီး (UNFAO) က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေပျက်၊ စားကုန်တွေ ဈေးတက်ကုန်တာကြောင့် မြန်မာအပါအဝင် အာရှပစိဖိတ်ဒေသထဲမှာ လူပေါင်း သန်း ၃၅၀ ကျော် အငတ်ဘေးကြုံ ရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ FAO အပါအဝင် ကုလအေဂျင်စီအဖွဲ့ ၄ ခု အစီရင်ခံစာထဲမှာ အခုလိုပြောခဲ့တာက အရင်ခန့်မှန်းခဲ့တဲ့ အဆိုးဆုံးအခြေအနေမှာ လူပေါင်း ၈၂၈ သန်းအထိ ရုတ်တရက် အငတ်ဘေးဒဏ် ပြင်းပြင်းထန်ထန်ခံရနိုင်တို့လို့ ပြောအပြီး ဆက်ထွက်လာတာပါ။

ဒီအစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်းပေါင်း ၁,၉၀၀ အနေနဲ့ ဒီ ကိုဗစ်ရောဂါဒဏ်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာရရေး မတတ်နိုင်တော့ချိန် နောက်ဆုံးခန့်မှန်းချက်အရ အဆိုးဆုံးအဖြစ် လူပေါင်း ၆၈၈ သန်း အငတ်ကြုံနိုင်ပြီး ဒီထဲကတဝက်က အာရှဒေသမှာရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်မဖြစ်ခင် ၂၀၁၉ ခုနှစ်ကာလအထိ ရထားတဲ့ အချက်အလက်တွေအပေါ် အဓိကအခြေခံထားတဲ့ ဒီအစီရင်ခံစာထဲမှာ ကိုဗစ်ကြောင့် နောက်ထပ်လူပေါင်း သန်း ၁၄၀ ဆင်းရဲတွင်းထဲပြင်းပြင်းထန်ထန်ကျနိုင်ခြေ ရှိတယ်ဆိုခါ မြန်မာအပါအဝင် အရှေ့တောင်အာရှ၊ နောက် တောင်နဲ့အရှေ့အာရှက နိုင်ငံပေါင်း ၄၅ ခုမှာ ခုလို အငတ်ဘေးကြုံနိုင်တယ်လို့ ပြောထားတာပါ။

ဒီအာရှဒေသထဲမှာမှ လူဦးရေအများဆုံး ထိခိုက်နိုင်တဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်နိုင်ငံလို လူ ၁၀ ဦးမှာ ၄ ဦး အာဟာရချို့တဲ့နေတဲ့ တောင်အာရှနိုင်ငံတွေဖြစ်တယ်လို့ ဆိုပါတယ်။

မနှစ်ကအဆုံးထိတော့ လူပေါင်း ၂၆၅ သန်း ရုတ်တရက် ပြင်းထန်တဲ့ အငတ်ဘေးဒဏ်ခံခဲ့ရပါတယ်။ ဒီအစီရင်ခံစာကို ကုလသမဂ္ဂရဲ့ FAO စားနပ်ရိက္ခာအဖွဲ့အပြင်၊ UNICEF ကလေးများရန်ပုံငွေအဖွဲ့၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့က ပူးတွဲထုတ်ပြန်ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG