သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဒဏ်၊ ဥတုပြောင်းလဲမှုနဲ့ ကိုဗစ်ကြောင့် လူသန်းပေါင်းများစွာ အငတ်ဘေးကြုံဖွယ်ရှိ


ယီမင်နိုင်ငံ Hajjah မြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကူညီထောက်ပံ့ပေးတဲ့ ရိက္ခာထုပ်တွေကို သယ်နေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)
ယီမင်နိုင်ငံ Hajjah မြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကူညီထောက်ပံ့ပေးတဲ့ ရိက္ခာထုပ်တွေကို သယ်နေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)

[Zawgyi/Unicode]

အသက်အန္တရာယ်တွေ ထိခိုက်နေရတဲ့ စစ်ရေးပဋိပက္ခတွေ၊ ဥတုရာသီပြောင်းလဲမှှုနဲ့ COVID-19 ကပ်ရောဂါကြောင့် သန်းနဲ့ချီတဲ့လူတွေ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရမယ့်အခြေဆိုက်နေပြီလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အကြီးအကဲက ကြာသပတေးနေ့ကမှာ သတိပေးလိုက်ပါတယ်။ အဲဒီလိုလူတွေ အသက်ရှင်သန်နိုင်ရေး အလှူငွေထည့်ဝင်ကြဖို့ အလှူရှင်နိုင်ငံတွေ၊ သန်းကြွယ်သူဌေးကြီးတွေကိုလည်း WFP အကြီးအကဲ David Beasley က တိုက်တွန်းခဲ့ပါတယ်။

ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်ခြေရှိတဲ့အကြောင်း လွန်ခဲ့တဲ့ ၅ လက သူသတိပေးခဲ့သလို အဲဒီလောက်ထိ အခြေအနေမဆိုးပေမဲ့ အကူအညီ လိုအပ်နေသူတွေ အများအပြား ကျန်နေသေးတယ်လို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Mr. Beasley ကတင်ပြခဲ့ပါတယ်။ WFP နဲ့ မိတ်ဖက်အဖွဲ့တွေရဲ့အားထုတ်မှုနဲ့ ဒီနှစ်အတွက်လူပေါင်း ၃၈ သန်းလောက်ထိ ကူညီပေးခဲ့ပေမဲ့ ကမ္ဘာတဝန်းက လူဦးရေသန်းပေါင်း ၂၇၀ လောက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရတော့မယ့် အခြေဆိုက်နေပြီလို့လည်း Beasley က သတိပေးခဲ့တာပါ။

WFP ကထောက်ပံ့တဲ့ စားနပ်ရိက္ခာတွေနဲ့ အသက်ဆက်နေရတဲ့လူ သန်းပေါင်း ၃၀ လောက်ရှိပြီး အကူအညီမရရင် အသက်ဆုံးရှုံးလိမ့်မယ်လို့ လည်းပြောပါတယ်။ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်ခြေရှိတဲ့နိုင်ငံပေါင်း ၃ ဒါဇင်လောက်ထိရှိပြီး စစ်ရေးပဋိပက္ခတွေပေါ်ပေါက်နေတဲ့နိုင်ငံတွေမှာ အခြေအနေဆိုးနေပြီလို့လည်း WFP အကြီးအကဲက သတိပေးခဲ့ပါတယ်။

လူသားချင်စာနာမှုအကြပ်အတည်း အဆိုးဆုံးရင်ဆိုင်နေရတဲ့ ယီမင်နိုင်ငံအပါအဝင် စစ်ရေးမတည်မငြိမ်ဖြစ်နေတဲ့ ကွန်ဂို၊ နိုင်ဂျီးရီးယားနဲ့ တောင်ဆူဒန်လိုနိုင်ငံတွေမှာ လူပေါင်း သန်းနဲ့ချီ စားနပ်ရိက္ခာရှားပါးမှုနဲ့ ရင်ဆိုင်နေရတယ်လို့လည်း မစ္စတာ Beasley က ကုလလုံခြုံရေးကောင်စီကို တင်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



ယီမင်နိုင်ငံ Sana'a မြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကူညီထောက်ပံ့ပေးတဲ့ ရိက္ခာထုပ်တွေကို သယ်နေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)
ယီမင်နိုင်ငံ Sana'a မြို့မှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ကူညီထောက်ပံ့ပေးတဲ့ ရိက္ခာထုပ်တွေကို သယ်နေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၇၊ ၂၀၂၀)




XS
SM
MD
LG