သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက်ထည်နှာခေါင်းစည်း ဆက်တပ်ဖို့ WHO အကြံပေး


ဆန်ဖရန်စစ္စကိုမြို့မှာ နှာခေါင်းစည်းတပ် သွားလာဖို့ သတိပေးချက်အနီး ဖြတ်သွားသူတဦး။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)
ဆန်ဖရန်စစ္စကိုမြို့မှာ နှာခေါင်းစည်းတပ် သွားလာဖို့ သတိပေးချက်အနီး ဖြတ်သွားသူတဦး။ (နိုဝင်ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကူးစက်မြန် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်တွေ တွေ့လာရပေမယ့် ဒီပိုးသစ်ကလည်း အရင်ပိုးလိုပဲ ကူးစက်မှုပုံစံတူတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရက်ထည်နှာခေါင်းစည်း တပ်ဆင်သင့်ကြောင်း အကြံပေး လမ်းညွှန်ချက်ကို ပြင်ဆင်ဖို့ အစီအစဉ် မရှိဘူးလို့ WHO က သောကြာနေ့မှာ ပြောပါတယ်။

ဂျာမနီနဲ့ သြစတြီးယားနိုင်ငံတွေမှာတော့ ကူးစက်မြန်ပိုးသစ် အန္တရာယ်ကို စိုးရိမ်တဲ့အတွက် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ဈေးဆိုင်တွေမှာ ရက်ထည်နှာခေါင်းစည်းအစား ခွဲစိတ်ခန်းသုံး FFP2 နှာခေါင်းစည်းကိုပဲ သုံးဖို့ ပြဋ္ဌာန်းထားတာပါ။

WHO ရဲ့ COVID-19 ဆိုင်ရာ ဦးဆောင် သုတေသနပညာရှင် Maria Van Kerkhove ကတော့ ဗြိတိန်နဲ့ တောင်အာဖရိကက ဗီဇပြောင်းမျိုးသစ်တွေကို လေ့လာတဲ့အခါမှာ ပိုးမျိုးသစ်တချို့ဟာ ကူးစက်မှုနှုန်း သိပ်မြန်တတ်ပေမယ့် ကူးစက်တဲ့ပုံစံကတော့ အရင်ပိုးပုံစံပဲတွေ့ရပြီး ပြောင်းလဲတာမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။

အသက် ၆၀ အောက်နဲ့ တခြားရောဂါအခံ မရှိသူတွေအတွက် လူအများကြား သွားလာတဲ့အခါမှာ ခွဲစိတ်ခန်းသုံးမဟုတ်တဲ့ ရက်ထည်နှာခေါင်းစည်းကို သုံးနိုင်ကြောင်း အကြံပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးလုပ်သားတွေ၊ နေထိုင်မကောင်း ဖြစ်လာသူတွေ၊ ဒီရောဂါပိုးရှိမရှိ စမ်းသပ်ထားပြီး အဖြေစောင့်နေသူတွေနဲ့ သံသယ ဒါမှမဟုတ် အတည်ပြုလူနာကို ပြုစုနေသူတွေအတွက်တော့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားပါတယ်။

ရက်ထည်နှာခေါင်းစည်းကလည်း ဒီရောဂါအတွက် ကာကွယ်မှု ကောင်းကောင်းပေးနိုင်ဖို့ အလွှာ ၃ လွှာနဲ့ လုပ်ထားတာမျိုး ဖြစ်သင့်ကြောင်းလည်း ပြောပါတယ်။ အတွင်းသားက ရေစုပ်တဲ့ချည်ထည်ကို သုံးပြီး အလယ်လွှာအတွက် Polypropylene လို ရက်ထည်မဟုတ်တဲ့အသားကို သုံးမှ သူက ရေစစ်လို လုပ်ပေးနိုင်မှာဖြစ်ကြောင်းနဲ့ အပြင်ဆုံးအလွှာကတော့ Polyester လို ရေမစိုတဲ့ အသားမျိုး ဖြစ်သင့်တယ်လို့ WHO က အကြံပေးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)







XS
SM
MD
LG