သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပန္၀င္လာတာကုိ WHO တရား၀င္ႀကိဳဆုိ


WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီး Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးမွာ အေမရိကန္ျပန္လည္ပါဝင္ဖို႔ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္က လက္မွတ္ေရးထိုးခဲ့တဲ့ ေနာက္ ေသာၾကာေန႔မွာ WHO က အေမရိကန္ႏိုင္ငံ အဖြဲ႔ထဲ ျပန္ဝင္လာတာကို တရားဝင္ႀကိဳဆိုလိုက္ပါတယ္။

အေမရိကန္ျပည္ေထာင္စုဟာ ၁၉၄၈ ခုႏွစ္ WHO အဖြဲ႔ကို စတင္တည္ေထာင္တဲ့ အဖြဲ႕ဝင္ ႏိုင္ငံျဖစ္ၿပီး ကမာၻ႔က်န္းမာေရးကိစၥရပ္ေတြမွာ အေရးပါတဲ့ က႑ကေန ႏွစ္ေပါင္းတာရွည္ ပါဝင္လာခဲ့တာ ျဖစ္ေၾကာင္း္ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus က ေျပာပါတယ္။

ဒါ့အျပင္ အခုလို သမၼတဘိုင္ဒန္ရဲ့ သႏၷိ႒ာန္ခ်မႈအတြက္ ႀကိဳဆိုလိုက္ၿပီး ဒါဟာ WHO မိသားစုထဲ ျပန္ဝင္လာတာတင္မကပဲ က်န္းမာေရးဆိုင္ရာစိန္ေခၚခ်က္ အမ်ားအျပားနဲ႔ ကမာၻႀကီး ရင္ဆိုင္ေနရတာေတြကို ထုတ္ေဖၚေျပာၾကားၿပီး COVID 19 ကပ္ေရာဂါအဆံုးသတ္ေရး အတြက္ WHO၊ အဖြဲ႔ဝင္ႏိုင္ငံေတြ၊ ႏိုင္ငံစံုပါဝင္တဲ့စနစ္ေတြနဲ႔ အျပဳသေဘာေဆာင္ လုပ္ေဆာင္ဖို႔ျဖစ္ေၾကာင္း လည္း ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုက WHO မွာ ျပန္ဝင္လာတာတင္မကပဲ ကာကြယ္ေဆး ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္တဲ့ ႏိုင္ငံတကာ အဖြဲ႔ ျဖစ္တဲ့ COVAX မွာလည္း ျပန္လက္တြဲလာတယ္လို႔ သိရေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ ဒုသမၼတ တာဝန္ကို တရက္အျပည့္ စထမ္းေဆာင္တဲ့ ၾကာသပေတးေန႔မွာပဲ ႏႈတ္ဆက္စကားေျပာၾကားခြင့္ရတဲ့ Kamala Harris ကို ေက်းဇူးတင္ေၾကာင္းနဲ႔အခု အစိုးရသစ္အဖြဲ႔ အေနနဲ႔ အမ်ိဳးသမီး ထု က်န္းမာေရးတိုးတက္လာဖို႔ အျပင္ ဥတုရာသီ ေျပာင္းလဲမႈ ဆိုင္ရာ အတြက္ ပါအေရးယူ လုပ္ေဆာင္ဖို႔ သႏၷိ႒ာန္ခ်ထားတာ အတြက္ သူ ဝမ္းေျမာက္ေၾကာင္းလည္း WHO အႀကီးအကဲ ကေျပာပါတယ္။

အေမရိကန္ျပန္၀င္လာတာကုိ WHO တရား၀င္ႀကိဳဆုိ
please wait

No media source currently available

0:00 0:00:51 0:00
တိုက္႐ိုက္ လင့္ခ္


.........

အမေရိကန်ပြန်ဝင်လာတာကို WHO တရားဝင်ကြိုဆို

(Unicode)

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှာ အမေရိကန်ပြန်လည်ပါဝင်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့တဲ့ နောက် သောကြာနေ့မှာ WHO က အမေရိကန်နိုင်ငံ အဖွဲ့ထဲ ပြန်ဝင်လာတာကို တရားဝင်ကြိုဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၈ ခုနှစ် WHO အဖွဲ့ကို စတင်တည်ထောင်တဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးကိစ္စရပ်တွေမှာ အရေးပါတဲ့ ကဏ္ဍကနေ နှစ်ပေါင်းတာရှည် ပါဝင်လာခဲ့တာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောပါတယ်။

ဒါ့အပြင် အခုလို သမ္မတဘိုင်ဒန်ရဲ့ သန္နိဋ္ဌာန်ချမှုအတွက် ကြိုဆိုလိုက်ပြီး ဒါဟာ WHO မိသားစုထဲ ပြန်ဝင်လာတာတင်မကပဲ ကျန်းမာရေးဆိုင်ရာစိန်ခေါ်ချက် အများအပြားနဲ့ ကမ္ဘာကြီး ရင်ဆိုင်နေရတာတွေကို ထုတ်ဖေါ်ပြောကြားပြီး COVID 19 ကပ်ရောဂါအဆုံးသတ်ရေး အတွက် WHO၊ အဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံစုံပါဝင်တဲ့စနစ်တွေနဲ့ အပြုသဘောဆောင် လုပ်ဆောင်ဖို့ဖြစ်ကြောင်း လည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက WHO မှာ ပြန်ဝင်လာတာတင်မကပဲ ကာကွယ်ဆေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာ အဖွဲ့ ဖြစ်တဲ့ COVAX မှာလည်း ပြန်လက်တွဲလာတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။

အမေရိကန် ဒုသမ္မတ တာဝန်ကို တရက်အပြည့် စထမ်းဆောင်တဲ့ ကြာသပတေးနေ့မှာပဲ နှုတ်ဆက်စကားပြောကြားခွင့်ရတဲ့ Kamala Harris ကို ကျေးဇူးတင်ကြောင်းနဲ့အခု အစိုးရသစ်အဖွဲ့ အနေနဲ့ အမျိုးသမီး ထု ကျန်းမာရေးတိုးတက်လာဖို့ အပြင် ဥတုရာသီ ပြောင်းလဲမှု ဆိုင်ရာ အတွက် ပါအရေးယူ လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားတာ အတွက် သူ ဝမ်းမြောက်ကြောင်းလည်း WHO အကြီးအကဲ ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG