သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ကိုဗစ္ကူးစက္မႈ ၂၅ သန္းေက်ာ္ၿပီ


ကယ္လီဖိုးနီးယား ေဆး႐ုံတခုမွာ ကိုဗစ္လူနာကို ျပဳစုကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၈၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္ႏိုင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၂၅ သန္းေက်ာ္ေနၿပီလို႔ Johns Hopkins တကၠသိုလ္ရဲ႕ တနဂၤေႏြေန႔ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ ကမာၻမွာေတာ့ ဒီေရာဂါကူးစက္ခံရသူက သန္း ၁၀၀ နီးပါးရွိေနၿပီး ေသဆံုးရသူက ၂ သန္းေက်ာ္ေနပါၿပီ။

ဒီေရာဂါကူးစက္မႈ စတင္တာ တႏွစ္တင္းတင္းျပည့္ခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံက ကမာၻမွာ ကူးစက္မႈအမ်ားဆံုးျဖစ္ၿပီး ေသဆံုးရသူကလည္း ၄ သိန္းေက်ာ္ ရွိေနပါတယ္။ ဒါေပမယ့္ ဒီသီတင္းပတ္ေတြမွာေတာ့ အနည္းငယ္ ေလ်ာ့က်လာခဲ့တာျဖစ္ၿပီး ႏုိင္ငံတြင္း ေန႔စဥ္ကူးစက္မႈႏႈန္းကိုၾကည့္ရင္ ဇန္နဝါရီလ အေစာပိုင္းမွာ တေန႔ကို ၂ သိန္းခြဲနီးပါး ရွိေနရာကေန ၿပီးခဲ့တဲ့သီတင္းပတ္ထဲမွာေတာ့ ၁၇၀,၀၀၀ ေက်ာ္ေလာက္ပဲ ပ်မ္းမွ်ရွိေတာ့တာ ေတြ႔ရပါတယ္။

သမၼတသစ္ Joe Biden က သူ သမၼတတာဝန္ ယူခ်ိန္ကစၿပီး ရက္ေပါင္း ၁၀၀ အတြင္း ဒီေရာဂါကာကြယ္ေဆး အလံုးေပါင္း သန္း ၁၀၀ ျပည္သူေတြကို ထိုးေပးဖို႔ ရည္မွန္းထားတာေၾကာင့္ ဒါဟာ အဲဒီအခ်ိန္အတြင္း အေမရိကန္ ၆၇ သန္းေလာက္အတြက္ COVID-19 ေရာဂါ ကာကြယ္မႈရမယ့္သေဘာ ေတြ႔ရေၾကာင္း ကူးစက္ေရာဂါဆိုင္ရာ အေမရိကန္ ထိပ္တန္းပညာရွင္ ေဒါက္တာ Anthony Fauci က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

သမၼတရဲ႕ ရည္မွန္းခ်က္က ေဆးအလံုးေပါင္း သန္း ၁၀၀ အတြက္ျဖစ္ၿပီး လူေပါင္း သန္း ၁၀၀ ကို ဆိုလိုတာမဟုတ္ဘူးလို႔လည္း ေျပာပါတယ္။ အခုထိုးေပးေနတဲ့ ကာကြယ္ေဆးေတြက ၂ ႀကိမ္ထိုးရတာ ျဖစ္ပါတယ္။

ပထမအႀကိမ္ ေဆးကို ေဆး႐ုံေတြ၊ ေစာင့္ေရွာက္ေရးေဂဟာေတြမွာ မဟုတ္ဘဲ ျပင္ပမွာ ထိုးေပးတာဟာ ဒုတိယအႀကိမ္ထိုးဖို႔လုပ္ရင္ အခက္အခဲ ျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ တရက္အတြင္း ႏုိင္ငံတြင္းလူဦးေရ ၁ သန္းကို ကာကြယ္ေဆး ထိုးေပးႏုိင္တဲ့ အေနအထား ရွိသည့္တိုင္ေအာင္ သမၼတရဲ႕ ရည္မွန္းခ်က္ ျပည့္ဖို႔ ခက္ခဲႏိုင္တယ္လို႔လည္း သတိေပးခဲ့တာပါ။

ကန္ ကိုဗစ္ကူးစက္မႈ ၂၅ သန္းေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကန် ကိုဗစ်ကူးစက်မှု ၂၅ သန်းကျော်ပြီ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅ သန်းကျော်နေပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကမ္ဘာမှာတော့ ဒီရောဂါကူးစက်ခံရသူက သန်း ၁၀၀ နီးပါးရှိနေပြီး သေဆုံးရသူက ၂ သန်းကျော်နေပါပြီ။

ဒီရောဂါကူးစက်မှု စတင်တာ တနှစ်တင်းတင်းပြည့်ချိန်မှာပဲ အမေရိကန်နိုင်ငံက ကမ္ဘာမှာ ကူးစက်မှုအများဆုံးဖြစ်ပြီး သေဆုံးရသူကလည်း ၄ သိန်းကျော် ရှိနေပါတယ်။ ဒါပေမယ့် ဒီသီတင်းပတ်တွေမှာတော့ အနည်းငယ် လျော့ကျလာခဲ့တာဖြစ်ပြီး နိုင်ငံတွင်း နေ့စဉ်ကူးစက်မှုနှုန်းကိုကြည့်ရင် ဇန်နဝါရီလ အစောပိုင်းမှာ တနေ့ကို ၂ သိန်းခွဲနီးပါး ရှိနေရာကနေ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာတော့ ၁၇၀,၀၀၀ ကျော်လောက်ပဲ ပျမ်းမျှရှိတော့တာ တွေ့ရပါတယ်။

သမ္မတသစ် Joe Biden က သူ သမ္မတတာဝန် ယူချိန်ကစပြီး ရက်ပေါင်း ၁၀၀ အတွင်း ဒီရောဂါကာကွယ်ဆေး အလုံးပေါင်း သန်း ၁၀၀ ပြည်သူတွေကို ထိုးပေးဖို့ ရည်မှန်းထားတာကြောင့် ဒါဟာ အဲဒီအချိန်အတွင်း အမေရိကန် ၆၇ သန်းလောက်အတွက် COVID-19 ရောဂါ ကာကွယ်မှုရမယ့်သဘော တွေ့ရကြောင်း ကူးစက်ရောဂါဆိုင်ရာ အမေရိကန် ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သမ္မတရဲ့ ရည်မှန်းချက်က ဆေးအလုံးပေါင်း သန်း ၁၀၀ အတွက်ဖြစ်ပြီး လူပေါင်း သန်း ၁၀၀ ကို ဆိုလိုတာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ အခုထိုးပေးနေတဲ့ ကာကွယ်ဆေးတွေက ၂ ကြိမ်ထိုးရတာ ဖြစ်ပါတယ်။

ပထမအကြိမ် ဆေးကို ဆေးရုံတွေ၊ စောင့်ရှောက်ရေးဂေဟာတွေမှာ မဟုတ်ဘဲ ပြင်ပမှာ ထိုးပေးတာဟာ ဒုတိယအကြိမ်ထိုးဖို့လုပ်ရင် အခက်အခဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် တရက်အတွင်း နိုင်ငံတွင်းလူဦးရေ ၁ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ အနေအထား ရှိသည့်တိုင်အောင် သမ္မတရဲ့ ရည်မှန်းချက် ပြည့်ဖို့ ခက်ခဲနိုင်တယ်လို့လည်း သတိပေးခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG