သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးေၾကာင္႔ ကမၻာ႔စီးပါြးေရး ဦးေမာ႔လာဖို႔ IMF ေမွ်ာ္လင္႔


(Zawgyi/Unicode)

COVID-19 ကာကြယ္ေဆးေတြ ပိုမိုရရွိလာတာဟာ ကမာၻတဝွမ္း စီးပြားေရးအရ ဒီႏွစ္အတြင္း ျပန္လည္နာလန္ထူလာေစမယ္လို႔ ေမွ်ာ္လင့္ရေၾကာင္း ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က အဂၤါေန႔က ခန႔္မွန္းလိုက္ပါတယ္။

ဒီႏွစ္မွာ ကမာၻ႔စီးပြားေရးဟာ ၅.၅% တိုးလာဖို႔ရွိေနတယ္လို႔ ဆိုပါတယ္။ဒါဟာ ေအာက္တိုဘာလက IMF ခန္႔မွန္းထားတဲ့ ၅.၂%ပိုၿပီး တိုးလာတာျဖစ္ပါတယ္။ ကာကြယ္ေဆးေတြအေနနဲ႕ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔ အေထာက္အကူေပးမွာျဖစ္တဲ့အတြက္ အစိုးရေတြအေနနဲ႔ မႏွစ္က ပိတ္ဆို႕ ကန္႔သတ္ထားတာေတြကို ေျဖေလ်ာ့ေပးႏိုင္မွာျဖစ္ပါတယ္။ ၂၀၂၀ျပည့္နွစ္ ကိုဗစ္-၁၉ကပ္ေရာဂါေၾကာင့္ ထိခိုက္ခဲ့တဲ့ ကမၻာ့စီးပြားေရး က်ဆင္းမႈဟာ ဒုတိယကမၻာစစ္ေနာက္ပိုင္း အဆိုးရြားဆံုးျဖစ္ပါတယ္။

ဒီႏွစ္မွာ ကမၻာ့စီးပြားေရး ၅.၅%တိုးလာဖို႔ရွိတယ္ဆိုတဲ့ IMF ခန္႔မွန္းခ်က္ဟာ ၂၀၁၀ျပည့္နွစ္ ေငြေၾကးအက်ပ္အတည္းကေန သိသိသာသာ ျပန္လည္ နာလန္ထူလာခ်ိန္ကစၿပီး အလ်င္အျမန္တိုးတက္လာတဲ့ ႏွစ္အျဖစ္ သတ္မွတ္တာျဖစ္ပါတယ္။

ကာကြယ္ေဆးေတြဟာ ကမၻာ့စီးပြားေရးကို ျပန္လည္နာလန္ထူလာေစဖို႔ အေထာက္အကူျပဳမယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ကပ္ေရာဂါေၾကာင့္ ထိခိုက္ဆံုးရွဳံးခဲ့တဲ့ ကမၻာတ၀န္းမွာရွိတဲ့ စီးပြာေရးလုပ္ငန္းေတြဟာ သက္ဆိုင္ရာ အစိုးရေတြရဲ႕ ကူညီေထာက္ပံ့မႈကို လိုအပ္လိမ့္မယ္လို႔IMF ကသတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ်ကာကွယ်ဆေးကြောင့် ကမ္ဘာ့စီးပါွးရေး ဦးမော့လာဖို့ IMF မျှော်လင့်

(Unicode)

COVID-19 ကာကွယ်ဆေးတွေ ပိုမိုရရှိလာတာဟာ ကမ္ဘာတဝှမ်း စီးပွားရေးအရ ဒီနှစ်အတွင်း ပြန်လည်နာလန်ထူလာစေမယ်လို့ မျှော်လင့်ရကြောင်းနိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်္ဂါနေ့က ခန့်မှန်းလိုက်ပါတယ်။

ဒီနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ၅.၅% တိုးလာဖို့ရှိနေတယ်လို့ ဆိုပါတယ်။ဒါဟာ အောက်တိုဘာလက IMF ခန့်မှန်းထားတဲ့ ၅.၂%ပိုပြီး တိုးလာတာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အထောက်အကူပေးမှာဖြစ်တဲ့အတွက် အစိုးရတွေအနေနဲ့ မနှစ်က ပိတ်ဆို့ ကန့်သတ်ထားတာတွေကို ဖြေလျော့ပေးနိုင်မှာဖြစ်ပါတယ်။ ၂၀၂၀ပြည့်နှစ် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ပါတယ်။

ဒီနှစ်မှာ ကမ္ဘာ့စီးပွားရေး ၅.၅%တိုးလာဖို့ရှိတယ်ဆိုတဲ့ IMF ခန့်မှန်းချက်ဟာ ၂၀၁၀ပြည့်နှစ် ငွေကြေးအကျပ်အတည်းကနေ သိသိသာသာ ပြန်လည် နာလန်ထူလာချိန်ကစပြီး အလျင်အမြန်တိုးတက်လာတဲ့ နှစ်အဖြစ် သတ်မှတ်တာဖြစ်ပါတယ်။

ကာကွယ်ဆေးတွေဟာ ကမ္ဘာ့စီးပွားရေးကို ပြန်လည်နာလန်ထူလာစေဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ရပေမယ့် ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ စီးပွာရေးလုပ်ငန်းတွေဟာ သက်ဆိုင်ရာ အစိုးရတွေရဲ့ ကူညီထောက်ပံ့မှုကို လိုအပ်လိမ့်မယ်လို့IMF ကသတိပေးထားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG