သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်စမ်းသပ်ပစ္စည်း ပီရူးကုမ္ပဏီ ထုတ်လုပ်


Peru နိုင်ငံ Lima မြို့ရှိ ဆေးရုံတခုမှာ တွေ့ရတဲ့ ဆရာဝန်တဦး။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)
Peru နိုင်ငံ Lima မြို့ရှိ ဆေးရုံတခုမှာ တွေ့ရတဲ့ ဆရာဝန်တဦး။ (ဇန်နဝါရီ ၂၂၊ ၂၀၂၁)

[Zawgyi/Unicode]

ဗြိတိန်နိုင်ငံ၊ တောင်အာဖရိကနဲ့ ဘရာဇီးလ်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို စမ်းသပ်နိုင်တဲ့ COVID 19 စမ်းသပ်ကိရိယာ Test kit ထုတ်လုပ်ထားပြီလို့ ပီရူးအခြေစိုက်ဆေး ကုမ္ပဏီက ပြောလိုက်ပါတယ်။ အဲဒီ “CavBio” တံဆိပ် စမ်းသပ်ပစ္စည်းကနေ နှာခေါင်းတို့ဖတ် နမူနာယူပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို စမ်းသပ်ရှာဖွေနိုင်ပေမဲ့ ဘယ်လိုပိုးသစ်လဲဆိုတဲ့ အသေးစိတ်ကိုတော့ ဖော်ပြနိုင်မှာ မဟုတ်ဘူးလို့ BTS Consultores Research ဆေးသုတေသနအဖွဲ့ရဲ့ဒါရိုက်တာ Milagros Zavaleta က ဆိုပါတယ်။

ပီရူးကျန်းမာရေးဝန်ကြီးဌာန (Digemid) ဆေးဝါးနဲ့ ဆေးဝါး ကိရိယာစောင့်ကြပ်ရေးအဖွဲ့ကနေလုံခြုံစိတ်ချမှုရှိ၊ မရှိ စစ်ဆေးပြီး အဲဒီ BTC စမ်းသပ်ပစ္စည်းတွေ ထုတ်လုပ်ခွင့်ပြုလိုက်ပြီးရင်တော့ တန်ဖိုးနည်း ဒီစမ်းသပ်ပစ္စည်းတွေ ဈေးကွက်ထဲ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

မျိုးဗီဇပြောင်းပိုးတွေ့တာအပါအဝင် ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းကြုံနေရတဲ့ နိုင်ငံတော်တော်များများမှာ ဒီစမ်းသပ်ပစ္စည်းရောင်းချပေးနိုင်ဖို့ ဆွေးနွေးစကားပြောတာတွေ ရှိနေပြီလို့ BTS ဒါရိုက်တာကပြောပါတယ်။ ကုမ္ပဏီအနေနဲ့ တလကို ဒီ CavBio စမ်းသပ်ပစ္စည်းပေါင်း ၁,၀၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု Johns Hopkins University Covid Resource Center ရဲ့ ထုတ်ပြန်ချက်အရ ပီရူးနိုင်ငံမှာ အခုဆိုရင် ကိုဗစ် ၁၉ ကူးစက်သူပေါင်းက ၁,၀၀၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး လူ ၃၉,၀၀၀ ကျော်အထိ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG