သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္ဒိုနီးရွား ကိုဗစ္ကူးစက္မႈ ၁ သန္းေက်ာ္သြားၿပီ


(Zawgyi/Unicode)

အေရွ႕ေတာင္အာရွေဒသက ကမၻာ့ စတုတၳ လူဦးေရ အမ်ားဆုံးနိုင္ငံ ျဖစ္တဲ့ အင္ဒိုနီးရွားနိုင္ငံမွာ COVID-19 ကူးစက္ခံရသူ ၁ သန္း ေက်ာ္သြားၿပီျဖစ္ပါတယ္။ မေန႔ အဂၤါေန႔က တရက္တည္း ကူးစက္သူခံရသူ ၁၃,၀၉၄ ေယာက္ရွိေၾကာင္း ေၾကညာခ်ိန္နဲ႔ တနိုင္ငံလုံးက အထူးၾကပ္မတ္ကုသေဆာင္ေတြမွာ အေရးေပၚလူနာလက္ခံနိုင္တဲ့ အတိုင္းအတာျပည့္လုနီးပါး ျဖစ္ေနခ်ိန္မွာ ကူးစက္သူ ၁ သန္း ေက်ာ္သြားတာ ျဖစ္ပါတယ္။ ေဆး႐ုံေတြရဲ့ ၇၀ ရာခိုင္ႏႈန္းမွာ လူနာေတြနဲ႔ အျပည့္ျဖစ္ေနတယ္လို႔ က်န္းမာေရးဌာန စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။ အေနာက္ဂ်ာဗား၊ အေရွ႕ဂ်ာဗားနဲ႔ ယိုဂ်ာကာတာ ေဒသေတြမွာလိုပဲ လူဦးေရအထူထပ္ဆုံး ဂ်ာဗား ကၽြန္းရဲ့ တခ်ိဳ႕ေနရာေတြမွာလည္း ေဆး႐ုံေတြရဲ့ ၉၅ ရာခိုင္ႏႈန္းလူနာေတြနဲ႔ ျပည့္ေနၿပီ ျဖစ္ပါတယ္။

“အခုအေျခအေနကတကယ့္ကို စိုးရိမ္စရာပါ။ လူထုက သိပ္သတိမထားမိတာလည္းပါပါလိမ့္မယ္။ လူေတြက အေျခအေနမွန္ကို မသိ ခ်င္ၾကတာ ဒါမွမဟုတ္ လုံးဝဂ႐ုမစိုက္ၾကတာလို႔လည္း ထင္ပါတယ္။ ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္ဖို႔၊ လက္ေဆးဖို႔ေတြကို မလုပ္မေနရ အမိန္႔ထုတ္သင့္ပါတယ္။ ၿမိဳ႕ႀကီးေတြမွာေတာင္ ဒါေတြကို လုပ္ရမယ္ဆိုတာကို မစဥ္းစားၾကဘူး” လို႔ ေဒသခံတဦးက Reuters သတင္းဌာနကို ေျပာသြားတာပါ။

အင္ဒိုနီးရွားမွာ အခုအခ်ိန္အထိ COVID-19 ေၾကာင့္ ေသဆုံးသူေပါင္း ၂,၉၀၀၀ နီးပါးရွိၿပီး အဲဒီအထဲ က်န္းမာေရး ဝန္ထမ္း ၆၀၀ ေက်ာ္ ပါဝင္ပါတယ္။

သမၼတ Joko Widodo က တနိုင္ငံလုံးအတိုင္းအတာနဲ႔ ကာကြယ္ေဆးထိုးေပးမယ့္ အစီအစဥ္ အရ အင္ဒိုနီးရွားလူဦးေရ သန္း ၂၇၀ ထဲက အနည္းဆုံး ၃ ပုံ ၂ ပုံကို ကာကြယ္ေဆးထိုးႏွံေပးသြားမယ္လို႔ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္က ေၾကညာထားတာပါ။ Widodo ကိုယ္တိုင္လည္း တ႐ုတ္လုပ္ Sinovac ကာကြယ္ေဆး ထိုးႏွံခဲ့ပါတယ္။

အင္ဒိုနီးရွား က်န္းမာေရး ဝန္ႀကီး Budi Gunadi Sadikin ကေတာ့ ကူးစက္သူ ၁ သန္းေက်ာ္ မွတ္တမ္းတင္ေရာက္ရွိသြားတဲ့ သေဘာက ကပ္ေရာဂါကို တိုက္ဖ်က္ဖို႔ အစိုးရက ပိုၿပီး ႀကိဳးပမ္း အားထုတ္ ဖို႔ အေရး အင္ဒိုနီးရွား ျပည္သူေတြ အားလုံး ပူးေပါင္း ေဆာင္ရြက္ ၾကရမယ့္ သေဘာလို႔ အဂၤါေန႔က ႐ုပ္သံကေန ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အင်ဒိုနီးရှား ကိုဗစ်ကူးစက်မှု ၁ သန်းကျော်သွားပြီ

(Unicode)

အရှေ့တောင်အာရှဒေသက ကမ္ဘာ့ စတုတ္ထ လူဦးရေ အများဆုံးနိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၁ သန်း ကျော်သွားပြီဖြစ်ပါတယ်။ မနေ့ အင်္ဂါနေ့က တရက်တည်း ကူးစက်သူခံရသူ ၁၃,၀၉၄ ယောက်ရှိကြောင်း ကြေညာချိန်နဲ့ တနိုင်ငံလုံးက အထူးကြပ်မတ်ကုသဆောင်တွေမှာ အရေးပေါ်လူနာလက်ခံနိုင်တဲ့ အတိုင်းအတာပြည့်လုနီးပါး ဖြစ်နေချိန်မှာ ကူးစက်သူ ၁ သန်း ကျော်သွားတာ ဖြစ်ပါတယ်။ ဆေးရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းမှာ လူနာတွေနဲ့ အပြည့်ဖြစ်နေတယ်လို့ ကျန်းမာရေးဌာန စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အနောက်ဂျာဗား၊ အရှေ့ဂျာဗားနဲ့ ယိုဂျာကာတာ ဒေသတွေမှာလိုပဲ လူဦးရေအထူထပ်ဆုံး ဂျာဗား ကျွန်းရဲ့ တချို့နေရာတွေမှာလည်း ဆေးရုံတွေရဲ့ ၉၅ ရာခိုင်နှုန်းလူနာတွေနဲ့ ပြည့်နေပြီ ဖြစ်ပါတယ်။

“အခုအခြေအနေကတကယ့်ကို စိုးရိမ်စရာပါ။ လူထုက သိပ်သတိမထားမိတာလည်းပါပါလိမ့်မယ်။ လူတွေက အခြေအနေမှန်ကို မသိ ချင်ကြတာ ဒါမှမဟုတ် လုံးဝဂရုမစိုက်ကြတာလို့လည်း ထင်ပါတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့တွေကို မလုပ်မနေရ အမိန့်ထုတ်သင့်ပါတယ်။ မြို့ကြီးတွေမှာတောင် ဒါတွေကို လုပ်ရမယ်ဆိုတာကို မစဉ်းစားကြဘူး” လို့ ဒေသခံတဦးက Reuters သတင်းဌာနကို ပြောသွားတာပါ။

အင်ဒိုနီးရှားမှာ အခုအချိန်အထိ COVID-19 ကြောင့် သေဆုံးသူပေါင်း ၂,၉၀၀၀ နီးပါးရှိပြီး အဲဒီအထဲ ကျန်းမာရေး ဝန်ထမ်း ၆၀၀ ကျော် ပါဝင်ပါတယ်။

သမ္မတ Joko Widodo က တနိုင်ငံလုံးအတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် အရ အင်ဒိုနီးရှားလူဦးရေ သန်း ၂၇၀ ထဲက အနည်းဆုံး ၃ ပုံ ၂ ပုံကို ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ကြေညာထားတာပါ။ Widodo ကိုယ်တိုင်လည်း တရုတ်လုပ် Sinovac ကာကွယ်ဆေး ထိုးနှံခဲ့ပါတယ်။

အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီး Budi Gunadi Sadikin ကတော့ ကူးစက်သူ ၁ သန်းကျော် မှတ်တမ်းတင်ရောက်ရှိသွားတဲ့ သဘောက ကပ်ရောဂါကို တိုက်ဖျက်ဖို့ အစိုးရက ပိုပြီး ကြိုးပမ်း အားထုတ် ဖို့ အရေး အင်ဒိုနီးရှား ပြည်သူတွေ အားလုံး ပူးပေါင်း ဆောင်ရွက် ကြရမယ့် သဘောလို့ အင်္ဂါနေ့က ရုပ်သံကနေ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG