သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား အစွန်းရောက်ဘာသာရေးခေါင်းဆောင် ထောင်က ပြန်လွတ်


ဂျမားအစ္စလာမ်မီးယား အကြမ်းဖက်ကွန်ရက်အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakar Bashir။ (ဇန်နဝါရီ ၀၈၊ ၂၀၂၁)
ဂျမားအစ္စလာမ်မီးယား အကြမ်းဖက်ကွန်ရက်အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakar Bashir။ (ဇန်နဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

လွန်ခဲ့တဲ့နှစ် ၂၀ လောက်က ဘာလီကျွန်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ အစွန်းရောက်ဘာသာရေးခေါင်းဆောင်ကို အင်ဒိုနီးရှားနိုင်ငံက ပြန်လွှတ်ပေးလိုက်ပါတယ်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလက ဖြစ်ခဲ့တဲ့ အဲဒီ ဗုံးခွဲတိုက်ခိုက်မှုကြောင့် နိုက်ကလပ် ၂ ခုမှာ နိုင်ငံခြားသားအများစုအပါအဝင် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ ဂျမားအစ္စလာမ်မီးယား အကြမ်းဖက်ကွန်ရက်အဖွဲ့ရဲ့ ခေါင်းဆောင် Abu Bakar Bashir ကို ဂျကာတာမြို့တော်နားက Gunung Sindur အကျဉ်းထောင်ကနေ ဒီကနေ့မနက်မှာ လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ သူ့ကို အင်ဒိုနီးရှားနိုင်ငံရဲ့ တန်ပြန်အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့တွေက ဝန်းရံပြီး သူ့ရဲ့ မိသားစုဝင်တွေ စောင့်နေတဲ့ ကားဆီကို ပို့ဆောင်ပေးခဲ့ပြီး သူဟာ ဂျာဗားကျွန်းအလယ်ပိုင်းက Solo မြို့ကို ပြန်သွားခဲ့ပါတယ်။

ဘာရှီးယားဟာ ဘာသာရေး အစွန်းရောက်တွေကြား ဆက်ပြီး သြဇာလွှမ်းမိုးမှုရှိနေတဲ့အပေါ် စိုးရိမ်နေတဲ့အတွက် အစွန်းရောက်မှု လျှော့ချရေးအစီအစဉ်မှာ ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကတော့ သူ့ကို ဘာလီဗုံးခွဲတိုက်ခိုက်မှုနဲ့ မဟုတ်ဘဲ အာချေးပြည်နယ်မှာ စစ်သွေးကြွတွေကို လေ့ကျင့်သင်တန်းပေးတာနဲ့ ဆက်နွယ်ပြီး ထောင်ဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် သူဟာ ထောင်ထဲမှာ ၁၀ နှစ်နေပြီး နေမကောင်းတာနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံတော်အားလပ်ရက်နဲ့ ဘာသာရေးပွဲတော်နေ့တွေမှာ အကျဉ်းသားတွေကို လွှတ်ပေးတဲ့အစီအစဉ်တွေနဲ့ ပြစ်ဒဏ်လျှော့ပေါ့ခံရတာဖြစ်ပါတယ်။

အခုလို Bashir နဲ့ တခြားအကြမ်းဖက်အစွန်းရောက်တွေကို လွှတ်ပေးလိုက်တဲ့အပေါ်မှာ အလွန်အမင်း စိတ်မသက်မသာဖြစ်မိတယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောပါတယ်။ ဘာလီဗုံးခွဲ တိုက်ခိုက်မှုအတွင်း သြစတြေးလျနိုင်ငံသား ၈၈ ယောက်သေဆုံးခဲ့ပြီး ဒါဟာ သေဆုံးသွားတဲ့ သြစတြေးလျနိုင်ငံသားတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေအတွက်တော့ စိတ်ပျက်စရာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG