သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ စစ်သွေးကြွ ၉ ဦး အိန္ဒိယဖမ်းဆီး


အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)
အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

အိန္ဒိယနိုင်ငံမှာ နယူးဒေလီမြို့တော် အပါအဝင် နေရာအများအပြားကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အယ်လ်ခိုင်းဒါး စစ်သွေးကြွ ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယ အမျိုးသားစုံစမ်းထောက်လှမ်းရေးအဖွဲ့ (NIA) က စနေနေ့မှာ ကြေညာပါတယ်။

အဲဒီထဲက ၆ ဦးကို အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ကျန် ၃ ဦးကိုတော့ တောင်ပိုင်း Kerala ပြည်နယ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ NIA က ဆိုပါတယ်။ ဒီလူတွေဟာ ပါကစ္စတန်က အားပေးနေတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ခွဲနဲ့ ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးရုံးကတော့ ဒီဖြစ်ရပ်ပေါ်မှာ ချက်ချင်း မှတ်ချက်ပေး ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ စစ်သွေးကြွတွေကို ရုပ်ဝတ္ထုအရ ထောက်ခံအားပေးနေတယ်ဆိုတဲ့ အချက်ကို မကြာခန ငြင်းဆန်လေ့ရှိပါတယ်။

အိန္ဒိယဟာ မွတ်စလင်အများစု နေထိုင်ရာ ကက်ရှ်မီးယားနယ်နဲ့ ကျန်နေရာအနှံ့မှာ စစ်သွေးကြွတွေကို အရှိန်မြှင့် တိုက်ခိုက်နေတာဖြစ်ပြီး မနှစ်တုန်းကဆိုရင် ကက်ရှ်မီးယားနယ်က အယ်လ်ခိုင်းဒါး အဆက်အနွယ် စစ်သွေးကြွ ခေါင်းဆောင်တဦးကို သုတ်သင်ခဲ့တဲ့အတွက် အဲဒီဒေသမှာ ကန့်ကွက်ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့တာပါ။

ဒီစစ်သွေးကြွ ၉ ဦးကို ရဲက ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနိုင်ဖို့အတွက် ရုံးထုတ်သွားမယ်လို့ NIA က ပြောကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)







XS
SM
MD
LG