သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျအင်ဒိုလေယာဉ်ရဲ့ black box ကို ဆယ်ယူရရှိထားပြီ


ပျက်ကျအင်ဒိုလေယာဉ်ရဲ့ black box
ပျက်ကျအင်ဒိုလေယာဉ်ရဲ့ black box

(Zawgyi/Unicode)

အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box စက်ကို ရေငုပ်သမားတွေက ဆယ်ယူရရှိခဲ့ပြီ ဖြစ်ကြောင်း အင်ဒိုနီးရှား ခရီးသွား ဝန်ကြီး က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ပျက်ကျခဲ့တဲ့ Sriwijaya လေကြောင်းလိုင်းရဲ့ခရီးသည်တင်လေယာဉ်မှာ လူပေါင်း ၆၂ ဦး လိုက်ပါလာခဲ့တာပါ။

ရှာဖွေ ဆယ်ယူနိုင်ခဲ့တဲ့ Black Box ကို ဂျကာတာဆိပ်ကမ်းကို သယ်ဆောင်ခဲ့ပြီး သတင်းမီဒီယာတွေကိုလည်း ပြသခဲ့ပါတယ်။ လေယာဉ် အချက်အလက်သိမ်းဆည်းတဲ့မှတ်တမ်းစက်ကိုတွေ့ရှိချိန်မှာ pings အချက်ပြအသံနှစ်ချက်ကို ရေငုပ်သမား ကတွေက ကြားခဲ့ရတယ်လို့ သယ်ယူပို့ဆောင်ရေးအန္တရာယ်ကင်းရှင်းရေးကော်မတီအကြီးအကဲ Soerjanto Tjahjono က သတင်းထောက်တွေကို ပြောပါတယ်။

ဒါအပြင် လေယာဉ်မှူးမှတ်တမ်းစက်ဟာ အနီးအနားမှာ ရှိနေတယ်ဆိုတာ ပြသနေတာကြောင့် မကြာခင် စက်တွေအားလုံး ပြန်လည်ကောင်းမွန်လာဖို့ ယုံကြည်မှုအပြည့်ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

လေယာဉ်မှတ်တမ်းသိမ်းဆည်းတဲ့ စက်နဲ့လေယာဉ်မှူးမှတ်တမ်း စက် နှစ်မျိုးလုံးကနေ လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ စုံစမ်းစစ်ဆေးသူတွေကို အထောက်အကူပြုမယ်လို့ မျှော်လင့်ရပါတယ်။ Boeing 737-500 လေယာဉ်ဟာ ဂျကာတာလေဆိပ်ကနေ ထွက်ခွာပြီး လေးမိနစ်အကြာမှာ ဂျာဗားပင်လယ်ထဲ ထိုးဆင်းသွားခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ မြို့တော် ဂျကာတာကနေ ကီလိုမီတာ ၇၄၀ အကွာမှာရှိတဲ့ နိုင်ငံအနောက်ဘက် ဘော်နီယိုကျွန်းက Pontianak ကို ဦး တည်ပျံသန်းခဲ့တာပါ။ သူတို့ရဲ့ ကနဦးအစ စုံစမ်းစစ်ဆေးမှုတွေအရ လေယာဉ်ဟာ ပေါက်ကွဲတာမျိုးမရှိခဲ့ပဲ ရေထဲကျသွားချိန်မှာ လေယာဉ် နဂို အစိတ်အပိုင်းတွေအတိုင်း ပြန်တွေ့ရတယ်လို့ Tjahjono ကပြောပါတယ်။ ဒါအပြင် လေယာဉ်ထိုးကျတဲ့အချိန်မှာ အင်ဂျင်စက်တလုံးဟာ အလုပ်လုပ်နေဆဲဖြစ်တယ်လို့ သုံးသပ်ကြောင်းလည်း သူကဆိုပါတယ်။

ပြန်လည်တွေ့ရှိခဲ့တဲ့ လူသေအလောင်းတွေကို အိတ်တွေထဲထုတ်ပိုးပြီး ကျွမ်းကျင်သူတွေအနေနဲ့ မည်သူမည်ဝါဖြစ်တာကို စုံစမ်းဖို့ ရဲတပ်ဖွဲ့ကို ပေးပို့ထားပါတယ်။ ပထမဆုံး သိရှိခဲ့တဲ့ အလောင်းကတော့ အသက် ၂၉နှစ်အရွယ် လေယာဉ်မယ် Okky Bisma ဖြစ်တယ်လို့အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ပျက်ကျအင်ဒိုလေယာဉ်ရဲ့ black box ကို ဆယ်ယူရရှိထားပြီ
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်


.................

(Unicode)







XS
SM
MD
LG