သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပ်က္က်သြားတဲ့ အင္ဒိုေလယာဥ္ ပ်ံသန္းမႈမွတ္တမ္းတင္ Black Box ကို မၾကာခင္ ဆယ္ယူႏိုင္ေတာ့မည္


ပ်က္က်ေလယာဥ္အစိတ္အပုိင္းေတြ ရွာေဖြေနတဲ့ အင္ဒုိနီးရွား ေရတပ္စစ္သည္မ်ား။ (ဇန္နဝါရီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

အင္ဒိုနီးရွားႏိုင္ငံမွာ စေနေန႔က ပင္လယ္ထဲ ပ်က္က်ခဲ့တဲ့ ခရီးသည္တင္ေလယာဥ္ရဲ႕ အခ်က္အလက္ သိမ္းဆည္းတဲ့မွတ္တမ္း Black Box စက္ေတြ တည္ရွိတဲ့ေနရာကို ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း အင္ဒိုနီးရွား အာဏာပိုင္ေတြက တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

စေနေန႔က ၿမိဳ႕ေတာ္ ဂ်ကာတာကေန ထြက္ခြာၿပီး မၾကာခင္ ပင္လယ္အတြင္း ပ်က္က်ခဲ့တဲ့ Sriwijaya ေလေၾကာင္းလိုင္းရဲ႕ SJ 182 ခရီးသည္တင္ေလယာဥ္ရဲ႕ Black Box ႏွစ္လုံး တည္ရွိတဲ့ေနရာကို ရွာေတြ႔ခဲ့တာနဲ႔ ပတ္သက္လို႔ အင္ဒိုနီးရွားစစ္တပ္ အႀကီးအကဲ Hadi Tjahjanto က အခုလို ေျပာၾကားခဲ့ပါတယ္။

“Black Box ကေန signal အခ်က္ျပခ်က္ႏွစ္ခ်က္ ထုတ္လႊင့္ခဲ့ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔အေနနဲ႔ စဥ္ဆက္မျပတ္ ေစာင့္ၾကည့္ႏိုင္ၿပီး အဲဒီစက္ ဘယ္ေနရာမွာ ရွိေနတယ္ဆိုတာ အတိအက် မွတ္သားႏိုင္မွာျဖစ္ပါတယ္။ မၾကာခင္ အဲဒီစက္ေတြကို ျပန္လည္ရယူႏိုင္ၿပီး ေလယာဥ္ပ်က္က်တဲ့ အေၾကာင္းရင္းကို သိႏိုင္ဖို႔ ႏိုင္ငံပို႔ေဆာင္ေရး လုံၿခဳံေရးေကာ္မတီကို ပို႔ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ဒါေပမယ့္ ဘယ္အခ်ိန္မွာ ဆယ္ယူရရွိမလဲ ဆိုတာကိုေတာ့ သူက အတိအက် ေျပာမသြားပါဘူး။

အေနာက္ဘက္ Kalimantan ျပည္နယ္က Pontianak ကို ျပည္တြင္းေလေၾကာင္းခရီးစဥ္အျဖစ္ ခရီးသည္ ၆၂ ဦးနဲ႔ ေလယာဥ္အမႈထမ္းေတြ ပါတဲ့ Boeing 737-500 ဂ်က္ေလယာဥ္ အမ်ိဳးအစားဟာ ဂ်ကာတာေလဆိပ္ကေန ထြက္ခြာၿပီး ေလးမိနစ္အၾကာမွာ ေရဒါဖန္သားျပင္ကေန ေပ်ာက္ကြယ္သြားတာပါ။

ရွာေဖြေရးလုပ္ငန္းေတြကို ညပိုင္းအထိ ဆက္လက္ျပဳလုပ္သြားမွာ ျဖစ္ေပမယ့္ သေဘၤာေတြကေန သမုဒၵရာၾကမ္းျပင္ထိ စက္ကိရိယာေတြနဲ႔ စမ္းသပ္ရွာေဖြတဲ့ ေနရာမွာေတာ့ အကန႔္အသတ္ေတြ ရွိမွာျဖစ္ေၾကာင္း ရွာေဖြေရးနဲ႔ ကယ္ဆယ္ေရး တာဝန္ရွိသူတဦးက ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံမွာ ၂၀၁၈ ခုနွစ္က ခရီးသည္ ၁၈၉ ဦးနဲ႔ ေလယာဥ္အမႈထမ္းေတြ လိုက္ပါလာတဲ့ Lion ေလေၾကာင္းလိုင္းရဲ႕ Boeing 737 Max ေလယာဥ္ဟာ Soekarno-Hatta ႏုိင္ငံတကာေလဆိပ္ကေန ထြက္ခြာၿပီး မၾကာခင္ ဂ်ာဗားပင္လယ္ထဲ ပ်က္က်ခဲ့တဲ့ ႀကီးမားလွတဲ့ ေလယာဥ္ပ်က္က်မႈ အျဖစ္အပ်က္ေနာက္ပိုင္း ဒီတႀကိမ္ဟာ အဆိုးရြားဆံုးျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ် ပျံသန်းမှုမှတ်တမ်းတင် Black Box ကို မကြာခင် ဆယ်ယူနိုင်တော့မည်

အင်ဒိုနီးရှားနိုင်ငံမှာ စနေနေ့က ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ခရီးသည်တင်လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box စက်တွေ တည်ရှိတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

စနေနေ့က မြို့တော် ဂျကာတာကနေ ထွက်ခွာပြီး မကြာခင် ပင်လယ်အတွင်း ပျက်ကျခဲ့တဲ့ Sriwijaya လေကြောင်းလိုင်းရဲ့ SJ 182 ခရီးသည်တင်လေယာဉ်ရဲ့ Black Box နှစ်လုံး တည်ရှိတဲ့နေရာကို ရှာတွေ့ခဲ့တာနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားစစ်တပ် အကြီးအကဲ Hadi Tjahjanto က အခုလို ပြောကြားခဲ့ပါတယ်။

“Black Box ကနေ signal အချက်ပြချက်နှစ်ချက် ထုတ်လွှင့်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ပြီး အဲဒီစက် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မှတ်သားနိုင်မှာဖြစ်ပါတယ်။ မကြာခင် အဲဒီစက်တွေကို ပြန်လည်ရယူနိုင်ပြီး လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ နိုင်ငံပို့ဆောင်ရေး လုံခြုံရေးကော်မတီကို ပို့နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဒါပေမယ့် ဘယ်အချိန်မှာ ဆယ်ယူရရှိမလဲ ဆိုတာကိုတော့ သူက အတိအကျ ပြောမသွားပါဘူး။

အနောက်ဘက် Kalimantan ပြည်နယ်က Pontianak ကို ပြည်တွင်းလေကြောင်းခရီးစဉ်အဖြစ် ခရီးသည် ၆၂ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ ပါတဲ့ Boeing 737-500 ဂျက်လေယာဉ် အမျိုးအစားဟာ ဂျကာတာလေဆိပ်ကနေ ထွက်ခွာပြီး လေးမိနစ်အကြာမှာ ရေဒါဖန်သားပြင်ကနေ ပျောက်ကွယ်သွားတာပါ။

ရှာဖွေရေးလုပ်ငန်းတွေကို ညပိုင်းအထိ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပေမယ့် သင်္ဘောတွေကနေ သမုဒ္ဒရာကြမ်းပြင်ထိ စက်ကိရိယာတွေနဲ့ စမ်းသပ်ရှာဖွေတဲ့ နေရာမှာတော့ အကန့်အသတ်တွေ ရှိမှာဖြစ်ကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ခရီးသည် ၁၈၉ ဦးနဲ့ လေယာဉ်အမှုထမ်းတွေ လိုက်ပါလာတဲ့ Lion လေကြောင်းလိုင်းရဲ့ Boeing 737 Max လေယာဉ်ဟာ Soekarno-Hatta နိုင်ငံတကာလေဆိပ်ကနေ ထွက်ခွာပြီး မကြာခင် ဂျာဗားပင်လယ်ထဲ ပျက်ကျခဲ့တဲ့ ကြီးမားလှတဲ့ လေယာဉ်ပျက်ကျမှု အဖြစ်အပျက်နောက်ပိုင်း ဒီတကြိမ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG