သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပ်က္က်တဲ့ အင္ဒိုေလယာဥ္အပိုင္းအစမ်ား ဆယ္ယူ


ပ်က္က်ေလယာဥ္ အစိတ္အပုိင္းေတြကို ရွာေဖြ ဆယ္ယူေနတဲ့ အင္ဒုိနီးရွား ကယ္ဆယ္ေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

မေန႔ စေန႔ေနလယ္ပုိင္းက အင္ဒိုနီးရွားႏုိင္ငံၿမိဳ႕ေတာ္ ဂ်ကာတာကေန ထြက္ခြာအၿပီး ေရထဲကို ပ်က္က်သြားတဲ့ ခရီးသည္ ၆၂ ေယာက္ လုိက္ပါသြားတဲ့ အင္ဒိုနီးရွား Sriwijaya ေလေၾကာင္းလိုင္း ေလယာဥ္ကေန ေရေပၚ ေပါေလာေပၚလာတဲ့ လူ႔ခႏၶာကိုယ္ အပိုင္းအစေတြ၊ ေလယာဥ္ပ်က္ အပိုင္းအစေတြ၊ ပစၥည္းေတြ၊ အဝတ္အစားေတြကို အင္ဒိုနီးရွားစစ္တပ္ ေရငုပ္သမားေတြကေန ရွာေဖြဆယ္ယူေနပါတယ္။

Boeing 737-500 အင္ဒိုနီးရွား Sriwijaya ေလယာဥ္ဟာ စေနေန႔ ေန႔လယ္ပုိင္းက အင္ဒိုနီးရွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္က Soekarno-Hatta ႏုိင္ငံတကာေလဆိပ္ကေန ပ်ံသန္းထြက္ခြာသြားၿပီး ေလးမိနစ္အၾကာေလးမွာပဲ ေရထဲကို စိုက္ဆင္းၿပီး ပ်က္က်သြားတာျဖစ္ပါတယ္။

အခ်က္ျပအမွတ္အသားကို စစ္တပ္ေရယာဥ္ကေန ေတြ႔ရွိခဲ့ၿပီး ပင္လယ္ေရမ်က္ႏွာျပင္ေအာက္ ၂၃ မီတာ ဝန္းက်င္ေလာက္မွာ ပ်က္က်သြားတဲ့ ေလယာဥ္အပိုင္းအစကို ေရငုပ္သမားေတြက ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ အင္ဒိုနီးရွား စစ္ဦးစီးခ်ဳပ္ Hadi Tjahjanto က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

သူတို႔ဆက္သြယ္ရခဲ့တဲ့ ဒီအခ်က္ျပ Signal ကေတာ့ ပ်က္က်သြားတဲ့ ေလယာဥ္က ထြက္လာတဲ့ အသံလႈိင္းလား၊ ေလယာဥ္အခ်က္အလက္ မွတ္တမ္းကလား ဆိုတာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။

အင္ဒိုနီးရွားသမၼတ Joko Widodo ကေတာ့ သူ႔အေနနဲ႔ အလြန္အမင္း စိတ္ထိခိုက္ရပါေၾကာင္းနဲ႔ ေလယာဥ္ပ်က္က်တဲ့အထဲ ပါသြားသူေတြ ျပန္ရွာေဖြေတြ႔ႏိုင္ဖို႔ အင္ဒိုနီးရွားႏိုင္ငံသားေတြအားလုံး အတူတကြ ဆုေတာင္းေပးၾကပါလို႔ ေမတၱာရပ္ခံ တိုက္တြန္းပါတယ္။

ဒါေပမယ့္လို႔ ရဟတ္ယာဥ္ေတြနဲ႔ေရာ စစ္ေရယာဥ္ေတြနဲ႔ပါ ပိုက္စိပ္တိုက္ ရွာေဖြေနေပမယ့္လို႔ အသက္ရွင္က်န္ရစ္သူ ရွိႏိုင္ေျခ ေမွ်ာ္လင့္ခ်က္က မရွိသေလာက္ပါပဲ။ ေလယာဥ္ပ်က္က်တဲ့ေနရာက လူ႔ခႏၶာကိုယ္ အပုိင္းအစတခ်ိဳ႕ ရွာေဖြကယ္ဆယ္ေရးအဖဲြ႔ေတြက ရရွိထားပါတယ္။

ကေလးငယ္ေလးရဲ႕ ပန္းေရာင္အဝတ္အစား၊ ေနာက္ ပ်က္စီးေနတဲ့ တာယာနဲ႔ ဘီး၊ အသက္ကယ္ဝတ္စုံေတြနဲ႔ ေလယာဥ္အပိုင္းအစေတြကို ရွာေဖြဆယ္ယူ ရရွိတယ္လို႔ အဲ့ဒီ့ေနရာကို ေရာက္ရွိေနတဲ့ တာဝန္ရွိသူေတြနဲ႔ AFP သတင္းေထာက္ေတြက ေျပာပါတယ္။

ေလယာဥ္ပ်က္က်တဲ့အထဲ ပါသြားတဲ့ ခရီးသည္ဇနီးေမာင္ႏွံတစံုဟာ ေလယာဥ္စတင္ မပ်ံသန္းခင္ Selfie ကိုယ့္ကိုယ္ကို ဓာတ္ပုံ႐ိုက္ၿပီး သူတို႔ရဲ႕ သားသမီးေတြဆီေတာင္ ပုံပို႔ခဲ့ေသးတယ္လို႔ တူျဖစ္သူက AFP ကို ေျပာပါတယ္။

ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္း အပါအဝင္ ၆၂ ဦးစလုံးဟာ အင္ဒိုနီးရွားႏိုင္ငံသားေတြျဖစ္ၿပီး အဲဒီအထဲမွာ ကေလးငယ္ ၁၀ ဦး ပါတယ္လို႔ အင္ဒိုနီးရွား အာဏာပိုင္ေတြက ေျပာပါတယ္။

ဒီေလယာဥ္ဟာ ဂ်ကာတာၿမိဳ႕ေတာ္ကေန ဂ်ာဗားပင္လယ္ကို မိနစ္ ၉၀ ေက်ာ္ျဖတ္ၿပီး ဘိုနီယိုကၽြန္းေပၚက West Kalimantan ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Pontianak ကို ဦးတည္ပ်ံသန္းေနတာပါ။

ေလယာဥ္ပ်က္က်ရတာက ဆိုးဝါးလွတဲ့ ရာသီဥတုေၾကာင့္လား ေလယာဥ္ေမာင္းေၾကာင့္လား ဒါမွမဟုတ္ ေလယာဥ္ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လား ျဖစ္ႏိုင္ေျခေတြ အမ်ားႀကီးရွိေပမယ့္ အေၾကာင္းရင္းကိုေျပာဖို႔ ေစာေသးတယ္လို႔ ဂ်ကာတာအေျခစိုက္ ေလေၾကာင္းဆိုင္ရာသံုးသပ္သူ Gerry Soejatman က ေျပာဆိုထားပါတယ္။

ေလယာဥ္ရဲ႕ အခ်က္အလက္ သိမ္းဆည္းတဲ့မွတ္တမ္း Black Box ကို ရွာေဖြေတြ႔ရွိရင္ေတာ့ အေၾကာင္းရင္းကို သိႏိုင္မယ္လို႔လည္း ေျပာပါတယ္။

ပ်က္က်တဲ့ အင္ဒိုေလယာဥ္အပိုင္းအစမ်ား ဆယ္ယူ
please wait

No media source currently available

0:00 0:02:14 0:00
တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ပျက်ကျတဲ့ အင်ဒိုလေယာဉ်အပိုင်းအစများ ဆယ်ယူ

မနေ့ စနေ့နေလယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေ ထွက်ခွာအပြီး ရေထဲကို ပျက်ကျသွားတဲ့ ခရီးသည် ၆၂ ယောက် လိုက်ပါသွားတဲ့ အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်း လေယာဉ်ကနေ ရေပေါ် ပေါလောပေါ်လာတဲ့ လူ့ခန္ဓာကိုယ် အပိုင်းအစတွေ၊ လေယာဉ်ပျက် အပိုင်းအစတွေ၊ ပစ္စည်းတွေ၊ အဝတ်အစားတွေကို အင်ဒိုနီးရှားစစ်တပ် ရေငုပ်သမားတွေကနေ ရှာဖွေဆယ်ယူနေပါတယ်။

Boeing 737-500 အင်ဒိုနီးရှား Sriwijaya လေယာဉ်ဟာ စနေနေ့ နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က Soekarno-Hatta နိုင်ငံတကာလေဆိပ်ကနေ ပျံသန်းထွက်ခွာသွားပြီး လေးမိနစ်အကြာလေးမှာပဲ ရေထဲကို စိုက်ဆင်းပြီး ပျက်ကျသွားတာဖြစ်ပါတယ်။

အချက်ပြအမှတ်အသားကို စစ်တပ်ရေယာဉ်ကနေ တွေ့ရှိခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၂၃ မီတာ ဝန်းကျင်လောက်မှာ ပျက်ကျသွားတဲ့ လေယာဉ်အပိုင်းအစကို ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ် Hadi Tjahjanto က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူတို့ဆက်သွယ်ရခဲ့တဲ့ ဒီအချက်ပြ Signal ကတော့ ပျက်ကျသွားတဲ့ လေယာဉ်က ထွက်လာတဲ့ အသံလှိုင်းလား၊ လေယာဉ်အချက်အလက် မှတ်တမ်းကလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ သူ့အနေနဲ့ အလွန်အမင်း စိတ်ထိခိုက်ရပါကြောင်းနဲ့ လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားသူတွေ ပြန်ရှာဖွေတွေ့နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံသားတွေအားလုံး အတူတကွ ဆုတောင်းပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ ရဟတ်ယာဉ်တွေနဲ့ရော စစ်ရေယာဉ်တွေနဲ့ပါ ပိုက်စိပ်တိုက် ရှာဖွေနေပေမယ့်လို့ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်ခြေ မျှော်လင့်ချက်က မရှိသလောက်ပါပဲ။ လေယာဉ်ပျက်ကျတဲ့နေရာက လူ့ခန္ဓာကိုယ် အပိုင်းအစတချို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရရှိထားပါတယ်။

ကလေးငယ်လေးရဲ့ ပန်းရောင်အဝတ်အစား၊ နောက် ပျက်စီးနေတဲ့ တာယာနဲ့ ဘီး၊ အသက်ကယ်ဝတ်စုံတွေနဲ့ လေယာဉ်အပိုင်းအစတွေကို ရှာဖွေဆယ်ယူ ရရှိတယ်လို့ အဲ့ဒီ့နေရာကို ရောက်ရှိနေတဲ့ တာဝန်ရှိသူတွေနဲ့ AFP သတင်းထောက်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားတဲ့ ခရီးသည်ဇနီးမောင်နှံတစုံဟာ လေယာဉ်စတင် မပျံသန်းခင် Selfie ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ပြီး သူတို့ရဲ့ သားသမီးတွေဆီတောင် ပုံပို့ခဲ့သေးတယ်လို့ တူဖြစ်သူက AFP ကို ပြောပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း အပါအဝင် ၆၂ ဦးစလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး အဲဒီအထဲမှာ ကလေးငယ် ၁၀ ဦး ပါတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဒီလေယာဉ်ဟာ ဂျကာတာမြို့တော်ကနေ ဂျာဗားပင်လယ်ကို မိနစ် ၉၀ ကျော်ဖြတ်ပြီး ဘိုနီယိုကျွန်းပေါ်က West Kalimantan ပြည်နယ်ရဲ့ မြို့တော် Pontianak ကို ဦးတည်ပျံသန်းနေတာပါ။

လေယာဉ်ပျက်ကျရတာက ဆိုးဝါးလှတဲ့ ရာသီဥတုကြောင့်လား လေယာဉ်မောင်းကြောင့်လား ဒါမှမဟုတ် လေယာဉ်ချို့ယွင်းချက်ကြောင့်လား ဖြစ်နိုင်ခြေတွေ အများကြီးရှိပေမယ့် အကြောင်းရင်းကိုပြောဖို့ စောသေးတယ်လို့ ဂျကာတာအခြေစိုက် လေကြောင်းဆိုင်ရာသုံးသပ်သူ Gerry Soejatman က ပြောဆိုထားပါတယ်။

လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box ကို ရှာဖွေတွေ့ရှိရင်တော့ အကြောင်းရင်းကို သိနိုင်မယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG