သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စေနမနက္ လင္းအားႀကီးက ပ်က္က်ခဲ့တဲ့ အင္ဒိုနီးရွားေလယာဥ္ အစိတ္အပိုင္းေတြ ရွာေတြ႔ၿပီ


ပ်က္က်ခဲ့တဲ့ အင္ဒုိနီးရွားေလယာဥ္ကလို႔ ယူဆရတဲ့ အစိတ္အပုိင္းေတြ သယ္ေဆာင္လာတဲ့ ကယ္ဆယ္ေရးဝန္ထမ္းအခ်ဳိ႕။ (ဇန္နဝါရီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

အင္ဒိုနီးရွား Sriwijaya ေလေၾကာင္းလိုင္းရဲ႕ လူေပါင္း ၆၂ ဦး လိုက္ပါသြားတဲ့ ေလယာဥ္ရဲ႕ အပ်က္အစီးေတြကို ေတြ႔ရွိထားၿပီျဖစ္ေၾကာင္း ရွာေဖြ ကယ္ဆယ္ေရးဌာန တာဝန္ရွိသူ Bamaang Suryo Aji က အတည္ျပဳပါတယ္။

ၿမဳိ႕ေတာ္ ဂ်ကာတာကေန ပ်ံတက္သြားၿပီးေနာက္ မၾကာခင္မွာဘဲ ေလယာဥ္နဲ႔ အဆက္အသြယ္ ျပတ္သြားတာ ျဖစ္ပါတယ္။

Lancang ကၽြန္းက ေဒသဆုိင္ရာ ဌာနကေန ေလယာဥ္ပ်က္ အပိုင္းအစေတြကို ရွာေတြ႔ေၾကာင္း ပထမဆံုး အစီရင္ခံခ်က္ ရရွိခဲ့တာျဖစ္ၿပီး အဲဒီ ေလယာဥ္ပ်က္ အပုိင္းအစေတြကို သယ္ယူပို႔ေဆာင္ေရး ေဘးကင္းလံုၿခံဳမႈဆိုင္ရာ အမ်ိဳးသား ေကာ္မရွင္ထံ ပို႔ေဆာင္ထားၿပီး ျဖစ္ေၾကာင္းလည္း Aji က ေျပာပါတယ္။

ေကာ္မရွင္အႀကီးအကဲ Soerjanto Tjahjono ကေတာ့ အခ်က္အလက္ေတြ အားလံုး စုစည္းေနေၾကာင္းနဲ႔ တနဂၤေႏြေန႔ မနက္မွာ ေလယာဥ္ရဲ႕ အခ်က္အလက္ မွတ္တမ္း Black Box ကို စၿပီး ရွာေဖြမယ့္အေၾကာင္း စေနေန႔ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

လူေပါင္း ၆၂ ဦး လိုက္ပါသြားတဲ့ Flight SJ182 က ဘိုနီယိုကၽြန္းေပၚက West Kalimantan ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Pontianak ကို ဦးတည္ ပ်ံသန္းခဲ့တာလို႔လည္း ပို႔ေဆာင္ဆက္သြယ္ေရး ဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။ ဘိုးရင္း 737 ေလယာဥ္ဟာ ဂ်ကာတာကေန စတင္ပ်ံသန္းလာၿပီးေနာက္ ၄ မိနစ္ခန္႔အၾကာ ေပ ၁၀,၀၀၀ ေက်ာ္အျမင့္မွာ တမိနစ္အတြင္း ေပ်ာက္ဆံုးသြားတာလို႔ ေလယာဥ္ပ်ံသန္းမႈေတြကို ေျခရာခံေစာင့္ၾကည့္တဲ့ Flightradar24 က ေျပာဆိုထားပါတယ္။

ေပ်ာက္ဆံုးေလယာဥ္နဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္း အင္ဒိုနီးရွား အစုိးရ ေျပာခြင့္ရက ေၾကညာခ်က္ထုတ္ ေျပာဆိုထားပါတယ္။

Sriwijaya Air ေလေၾကာင္းလိုင္းရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Jefferson Irwin Jauwena ကေတာ့ ေလယာဥ္ေပ်ာက္ဆံုးခဲ့မႈအတြက္ အထူးဝမ္းနည္းေၾကာင္း ေျပာပါတယ္။

သူရထားတဲ့ အခ်က္အလက္ေတြ အရေတာ့ ေလယာဥ္ဟာ Pontianak ကေန ပ်ံသန္းလာတဲ့ အခ်ိန္တုန္းကေတာ့ ဘာခ်ိဳ႕ယြင္းမႈမွ မရွိဘဲ ေကာင္းမြန္ေနေၾကာင္း၊ အခုခရီးစဥ္က Pontianak ကို ျပန္လည္ပ်ံသန္းတဲ့ ခရီးစဥ္ျဖစ္ေၾကာင္း၊ ေလယာဥ္ ထိန္းသိမ္းမႈဆိုင္ရာ အစီရင္ခံစာေတြမွာလည္း ေလယာဥ္မွာ ဘာျပႆနာမွ မရွိဘူးလို႔ ေျပာဆိုသြားတာပါ။

မိုးသည္းထန္ေနတာေၾကာင့္ ေလယာဥ္ထြက္မယ့္အခ်ိန္ထက္ နာရီဝက္ ေနာက္က်ၿပီးမွ ထြက္ခြာသြားတာ ျဖစ္ေၾကာင္းလည္း ေလေၾကာင္းလိုင္း အမႈေဆာင္အရာရွိခ်ဳပ္က သတင္းေထာက္ေတြကို ထပ္ေလာင္း ေျပာပါတယ္။

ေပ်ာက္ဆံုးေလယာဥ္ ရွာေဖြေရးအတြက္ အနည္းဆံုး သေဘၤာ ၇ စင္း တာဝန္ခ်ထားေၾကာင္း၊ ေလယာဥ္ေတြလည္း အဆင္သင့္ ျပင္ဆင္ထားေၾကာင္း အင္ဒိုနီးရွားေရတပ္က ဗီြအိုေအကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

စနေမနက် လင်းအားကြီးက ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားလေယာဉ် အစိတ်အပိုင်းတွေ ရှာတွေ့ပြီ

အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်းရဲ့ လူပေါင်း ၆၂ ဦး လိုက်ပါသွားတဲ့ လေယာဉ်ရဲ့ အပျက်အစီးတွေကို တွေ့ရှိထားပြီဖြစ်ကြောင်း ရှာဖွေ ကယ်ဆယ်ရေးဌာန တာဝန်ရှိသူ Bamaang Suryo Aji က အတည်ပြုပါတယ်။

မြို့တော် ဂျကာတာကနေ ပျံတက်သွားပြီးနောက် မကြာခင်မှာဘဲ လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားတာ ဖြစ်ပါတယ်။

Lancang ကျွန်းက ဒေသဆိုင်ရာ ဌာနကနေ လေယာဉ်ပျက် အပိုင်းအစတွေကို ရှာတွေ့ကြောင်း ပထမဆုံး အစီရင်ခံချက် ရရှိခဲ့တာဖြစ်ပြီး အဲဒီ လေယာဉ်ပျက် အပိုင်းအစတွေကို သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ အမျိုးသား ကော်မရှင်ထံ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း Aji က ပြောပါတယ်။

ကော်မရှင်အကြီးအကဲ Soerjanto Tjahjono ကတော့ အချက်အလက်တွေ အားလုံး စုစည်းနေကြောင်းနဲ့ တနင်္ဂနွေနေ့ မနက်မှာ လေယာဉ်ရဲ့ အချက်အလက် မှတ်တမ်း Black Box ကို စပြီး ရှာဖွေမယ့်အကြောင်း စနေနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူပေါင်း ၆၂ ဦး လိုက်ပါသွားတဲ့ Flight SJ182 က ဘိုနီယိုကျွန်းပေါ်က West Kalimantan ပြည်နယ်ရဲ့ မြို့တော် Pontianak ကို ဦးတည် ပျံသန်းခဲ့တာလို့လည်း ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ဘိုးရင်း 737 လေယာဉ်ဟာ ဂျကာတာကနေ စတင်ပျံသန်းလာပြီးနောက် ၄ မိနစ်ခန့်အကြာ ပေ ၁၀,၀၀၀ ကျော်အမြင့်မှာ တမိနစ်အတွင်း ပျောက်ဆုံးသွားတာလို့ လေယာဉ်ပျံသန်းမှုတွေကို ခြေရာခံစောင့်ကြည့်တဲ့ Flightradar24 က ပြောဆိုထားပါတယ်။

ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှား အစိုးရ ပြောခွင့်ရက ကြေညာချက်ထုတ် ပြောဆိုထားပါတယ်။

Sriwijaya Air လေကြောင်းလိုင်းရဲ့ အမှုဆောင်အရာရှိချုပ် Jefferson Irwin Jauwena ကတော့ လေယာဉ်ပျောက်ဆုံးခဲ့မှုအတွက် အထူးဝမ်းနည်းကြောင်း ပြောပါတယ်။

သူရထားတဲ့ အချက်အလက်တွေ အရတော့ လေယာဉ်ဟာ Pontianak ကနေ ပျံသန်းလာတဲ့ အချိန်တုန်းကတော့ ဘာချို့ယွင်းမှုမှ မရှိဘဲ ကောင်းမွန်နေကြောင်း၊ အခုခရီးစဉ်က Pontianak ကို ပြန်လည်ပျံသန်းတဲ့ ခရီးစဉ်ဖြစ်ကြောင်း၊ လေယာဉ် ထိန်းသိမ်းမှုဆိုင်ရာ အစီရင်ခံစာတွေမှာလည်း လေယာဉ်မှာ ဘာပြဿနာမှ မရှိဘူးလို့ ပြောဆိုသွားတာပါ။

မိုးသည်းထန်နေတာကြောင့် လေယာဉ်ထွက်မယ့်အချိန်ထက် နာရီဝက် နောက်ကျပြီးမှ ထွက်ခွာသွားတာ ဖြစ်ကြောင်းလည်း လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်က သတင်းထောက်တွေကို ထပ်လောင်း ပြောပါတယ်။

ပျောက်ဆုံးလေယာဉ် ရှာဖွေရေးအတွက် အနည်းဆုံး သင်္ဘော ၇ စင်း တာဝန်ချထားကြောင်း၊ လေယာဉ်တွေလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း အင်ဒိုနီးရှားရေတပ်က ဗွီအိုအေကို ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG