သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ကိုဗစ္ကာကြယ္ေဆး ထိုင္းႏိုင္ငံမွာ ေနာက္လ စတင္ ထိုးႏွံမည္


Samut Sakhon က ငါးေစ်းကို သန္႔ရွင္းေရးလုပ္ေန

(Zawgyi/Unicode)

ထိုင္းႏုိင္ငံတြင္းက ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ႏုိင္ေျခမ်ားတဲ႔ အစုအဖြဲ႔ေတြကို ေရွ႕လထဲ AstraZeneca ရဲ႕ COVID 19 ကာကြယ္ေဆး စတင္ထိုးႏွံေပးမယ့္ အေၾကာင္း အစိုးရက ေျပာဆိုထားပါတယ္။ ထိုင္းအစိုးရဘက္က COVID 19 ကာကြယ္ေဆး ရရွိေရး ေဆာင္ရြက္ဖို႔ ေႏွးေကြးလြန္းေနတယ္လို႔ ေ၀ဖန္ခံေနရခ်ိန္မွာဘဲ ေရွ႕လထဲ ကာကြယ္ေဆး စထိုးမယ့္ အေၾကာင္း တနလာၤေန႔မွာဘဲ အစိုးရက ထုတ္ျပန္တာ ျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ အခ်က္အခ်ာ ျဖစ္ေနတဲ႔ စမြတ္စခြန္ ခရိုင္တြင္းက က်န္းမာေရး လုပ္သားေတြ အတြက္ ကာကြယ္ေဆး အလံုးေရ ၅၀၀၀၀ ကနဦးပို႔ေဆာင္ၿပီး ဦးစားေပး ထိုးႏွံေပးမွာပါ။ နာတာရွည္ ေရာဂါအခံ ရွိသူေတြနဲ႔ သက္ႀကီးပိုင္း ပုဂၢိဳလ္မ်ားကိုလည္း ဦးစားေပးၿပီး ကာကြယ္ေဆးထိုးမယ့္ အေၾကာင္း အာဏာပိုင္တို႔က ေျပာပါတယ္။

ထိုင္းႏုိင္ငံရဲ႕ အစားအေသာက္နဲ႔ ေဆး၀ါးကြပ္ကဲေရးဌာန က ၿပီးခဲ႔တဲ႔ သီတင္းပတ္ထဲမွာဘဲ AstraZeneca ရဲ႕ COVID ကာကြယ္ေဆးကို အေရးေပၚ အသံုး အျဖစ္ခြင့္ျပဳခဲ႔တာပါ။ တရုတ္ထုတ္ Sinovac Biotech COVID ကာကြယ္ေဆး အလံုးေရ ၂ သန္းကို ထိုင္းအစိုးရက ႀကိဳတင္ မွာယူထားေပမယ္လို႔လည္း အသံုးျပဳခြင့္ မေပးေသးပါဘူး။ ထိုင္းႏုိင္ငံက AstraZeneca ၇ဲ႕ COVID ကာကြယ္ေဆး ၂ သိန္းမွာယူတာမွာ ၁၅၀,၀၀၀ ဘဲ ပို႔မယ့္ အေၾကာင္း AstraZeneca က အေၾကာင္းျပန္ေၾကာင္းလည္း ထိုင္းက်န္းမာေရး ၀န္ႀကီး Anutin Charnvirakul က တနလာၤေန႔မွာ ေျပာပါတယ္။ ထိုင္းဘက္က ေဆးအလံုးေရ ၁ သန္းထိ မွာယူခဲ႔တာလို႔လည္း ၀န္ႀကီးက ထပ္ေလာင္း ေျပာပါတယ္။ ျမန္မာ အပါအ၀င္ အိမ္နီးခ်င္း ႏုိင္ငံေတြမွာ COVID ကာကြယ္ေဆး စတင္ ထိုးႏွံေရး ဒါမွမဟုတ္လည္း ေဆး၀ါး ကုမၸဏီေတြထံကေန ကာကြယ္ေဆး ၀ယ္ယူ ရရွိေရး အင္တိုက္ အားတိုက္ ေဆာင္ရြက္ေနခ်ိန္မွာ ထိုင္းအစိုးရဘက္က အခ်ိန္ဆြဲေနတယ္လုိ႔ ေ၀ဖန္ခံေနရတာပါ။

ထိုင္းအစိုးရဘက္ကေတာ့ ေ၀ဖန္မႈေတြကို ျငင္းဆိုထားပါတယ္။ ႏုိင္ငံတြင္း ကူးစက္မႈ အမ်ားဆံုး စမြတ္စခြန္းက ပုစြန္ေစ်းကိုလည္း တနလာၤေန႔က ေဆးျဖန္းၿပီး သန္႔ရွင္းေရး လုပ္ေနပါတယ္။

“ဗိုင္းရပ္စ္ ကူးစက္ခံရသူေတြနဲ႔ ထိေတြ႔သူေတြကို သီးျခားခြဲ ေဆးစစ္ေပးေနတဲ႔ အတြက္ ထုိင္းအစိုးရကို ေက်းဇူးတင္ေၾကာင္း၊ ပုစြန္ေစ်းမွာ ကူးစက္မႈ ကင္းရွင္းသြားရင္ အလုပ္အကိုင္ ျပန္လုပ္ခြင့္ရမွာ ျဖစ္တယ္” လို႔ ျမန္မာေရႊ႕ေျပာင္ ဦးေက်ာ္သန္း ေျပာသြားတာပါ။

ျမန္မာ ေရႊ႕ေျပာင္းေတြ အမ်ားစု ရွိရာ စမြတ္စခြန္ ခရိုင္ တခုတည္းမွာဘဲ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၉၁၄ ဦး ရွိေနပါတယ္။ တနလာၤေန႔မွာ ထိုင္းႏုိင္ငံတြင္း ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္သူ ၁၈၇ ဦး ထပ္ေတြ႔ခဲ႔တာေၾကာင့္ စုစုေပါင္း ၁၃၆၈၇ ဦးနဲ႔ ေသဆံုးသူ စုစုေပါင္း ၇၅ ဦး ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုဗစ်ကာကွယ်ဆေး ထိုင်းနိုင်ငံမှာ နောက်လ စတင် ထိုးနှံမည်

(Unicode)

ထိုင်းနိုင်ငံတွင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများတဲ့ အစုအဖွဲ့တွေကို ရှေ့လထဲ AstraZeneca ရဲ့ COVID 19 ကာကွယ်ဆေး စတင်ထိုးနှံပေးမယ့် အကြောင်း အစိုးရက ပြောဆိုထားပါတယ်။ ထိုင်းအစိုးရဘက်က COVID 19 ကာကွယ်ဆေး ရရှိရေး ဆောင်ရွက်ဖို့ နှေးကွေးလွန်းနေတယ်လို့ ဝေဖန်ခံနေရချိန်မှာဘဲ ရှေ့လထဲ ကာကွယ်ဆေး စထိုးမယ့် အကြောင်း တနလာၤနေ့မှာဘဲ အစိုးရက ထုတ်ပြန်တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အချက်အချာ ဖြစ်နေတဲ့ စမွတ်စခွန် ခရိုင်တွင်းက ကျန်းမာရေး လုပ်သားတွေ အတွက် ကာကွယ်ဆေး အလုံးရေ ၅၀၀၀၀ ကနဦးပို့ဆောင်ပြီး ဦးစားပေး ထိုးနှံပေးမှာပါ။ နာတာရှည် ရောဂါအခံ ရှိသူတွေနဲ့ သက်ကြီးပိုင်း ပုဂ္ဂိုလ်များကိုလည်း ဦးစားပေးပြီး ကာကွယ်ဆေးထိုးမယ့် အကြောင်း အာဏာပိုင်တို့က ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာဘဲ AstraZeneca ရဲ့ COVID ကာကွယ်ဆေးကို အရေးပေါ် အသုံး အဖြစ်ခွင့်ပြုခဲ့တာပါ။ တရုတ်ထုတ် Sinovac Biotech COVID ကာကွယ်ဆေး အလုံးရေ ၂ သန်းကို ထိုင်းအစိုးရက ကြိုတင် မှာယူထားပေမယ်လို့လည်း အသုံးပြုခွင့် မပေးသေးပါဘူး။ ထိုင်းနိုင်ငံက AstraZeneca ရဲ့ COVID ကာကွယ်ဆေး ၂ သိန်းမှာယူတာမှာ ၁၅၀,၀၀၀ ဘဲ ပို့မယ့် အကြောင်း AstraZeneca က အကြောင်းပြန်ကြောင်းလည်း ထိုင်းကျန်းမာရေး ဝန်ကြီး Anutin Charnvirakul က တနလာၤနေ့မှာ ပြောပါတယ်။ ထိုင်းဘက်က ဆေးအလုံးရေ ၁ သန်းထိ မှာယူခဲ့တာလို့လည်း ဝန်ကြီးက ထပ်လောင်း ပြောပါတယ်။ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေမှာ COVID ကာကွယ်ဆေး စတင် ထိုးနှံရေး ဒါမှမဟုတ်လည်း ဆေးဝါး ကုမ္ပဏီတွေထံကနေ ကာကွယ်ဆေး ဝယ်ယူ ရရှိရေး အင်တိုက် အားတိုက် ဆောင်ရွက်နေချိန်မှာ ထိုင်းအစိုးရဘက်က အချိန်ဆွဲနေတယ်လို့ ဝေဖန်ခံနေရတာပါ။

ထိုင်းအစိုးရဘက်ကတော့ ဝေဖန်မှုတွေကို ငြင်းဆိုထားပါတယ်။ နိုင်ငံတွင်း ကူးစက်မှု အများဆုံး စမွတ်စခွန်းက ပုစွန်ဈေးကိုလည်း တနလာၤနေ့က ဆေးဖြန်းပြီး သန့်ရှင်းရေး လုပ်နေပါတယ်။

“ဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ ထိတွေ့သူတွေကို သီးခြားခွဲ ဆေးစစ်ပေးနေတဲ့ အတွက် ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း၊ ပုစွန်ဈေးမှာ ကူးစက်မှု ကင်းရှင်းသွားရင် အလုပ်အကိုင် ပြန်လုပ်ခွင့်ရမှာ ဖြစ်တယ်” လို့ မြန်မာရွှေ့ပြောင် ဦးကျော်သန်း ပြောသွားတာပါ။

မြန်မာ ရွှေ့ပြောင်းတွေ အများစု ရှိရာ စမွတ်စခွန် ခရိုင် တခုတည်းမှာဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၁၄ ဦး ရှိနေပါတယ်။ တနလာၤနေ့မှာ ထိုင်းနိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ ၁၈၇ ဦး ထပ်တွေ့ခဲ့တာကြောင့် စုစုပေါင်း ၁၃၆၈၇ ဦးနဲ့ သေဆုံးသူ စုစုပေါင်း ၇၅ ဦး ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG